← Chapters

အခန်း (၄၁၂)

Vol. 34 Ch. 412

အခန်း (၄၁၂)

Vol. 34 Ch. 412

လီရွှမ်းရှီမှာ အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏ ကောင်းကင် နတ်သမီးဓားပင်လျှင် ပျောက်ဆုံးခဲ့ပါသည်။ ယခုအချိန်၌ ကောင်းကင် နတ်သမီးဓားသည် လီချန်ချင်း၏ လက်ထဲ၌ ရှိနေပါပြီ။ ကြည့်နေသော လူတိုင်းကလည်း အလွန်အင်မတန်မှကို မနာလို ဖြစ်နေခဲ့သည်။

လီချန်ချင်း၌ လရိပ်ဓားသွားကဲ့သို့ ဓားမျိုး ရှိနေမည်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပါ။ ချင်းလဲ့ဓား ၇လက်နှင့် အတူ လရိပ်ဓားသွားနှင့် ကောင်းကင် နတ်သမီး ဓားသွားပါ ထည့်ပေါင်းလိုက်ရင် လီချန်ချင်းတွင် နတ်ဘုရားအဆင့် ဓားလက်နက် ၉ချောင်း တိတိ ရှိနေပြီ ဖြစ်ပါသည်။

သူတို့ မသိသည်က လီချန်ချင်း၌ နတ်ဘုရားအဆင့် ဓား၉ချောင်း ရှိယုံတင်မကချေ။ သွေးနီရောင် ဓားသွားလည်း ရှိပါသေးသည်။ ယခု၌ နတ်ဘုရားအဆင့် နံပါတ် ၄တွင် ရှိနေသော ကောင်းကင် နတ်သမီးဓားသည် လီချန်ချင်း၏ လက်ထဲ၌ ရောက်သွားပြီ ဖြစ်သောကြောင့် ဓားကျင့်ကြံသူများသည် အလွန်အမင်းကို မနာလိုဖြစ်ပြီး လုချင်နေပါသည်။

ကောင်းကင် နတ်သမီးဓားသည် အမျိုးသမီး ကိုင်ဆောင်သော ဓားဖြစ်သော်လည်း နတ်ဘုရားအဆင့် နံပါတ် ၄တွင် ရှိသောကြောင့် လူတိုင်းက ငမ်းငမ်းတက် လိုချင်တုန်းပင် ဖြစ်ပါ၏။ အချိန်ကြာမြင့်သည် အထိ လူတိုင်း၏ လိုချင်ရမ္မက် ဖုံးလွှမ်းနေသော အကြည့်များက မပျောက်ကွယ်သွားပါချေ။

“ချင်းလဲ့ ဓားသခင် မင်းရဲ့လက်ထဲက ဓားကို အခုချက်ချင်း ပေးလိုက်စမ်း”

ထိုအခိုက်မှာပင် ပြင်းထန်သော လေပြင်းက တိုက်ခတ်လာ၏။ ပုံရိပ်တစ်ခုက ကောင်းကင်သို့ ထိုးတက်လာသည်။ ထိုပုံရိပ်သည် ချက်ချင်းပင်လျှင် ဧရာမပုံရိပ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပါသည်။ သူသည် လူသားမှ ချက်ချင်းပင်လျှင် စိတ်ဝိဉာဉ် သားရဲအဖြစ်သို့ ပုံစံ ပြောင်းလဲသွားပါသည်။

သူအသွင် ပြောင်းလဲလိုက်သော ပုံစံသည် မျောက်ဝံသားရဲ ဖြစ်ပါသည်။ ကြီးမားလှသော မျောက်ဝံသားရဲသည် တစ်ဆယ်မီတာခန့် မြင့်ပါ၏။ တောင်ကုန်းငယ်လေး တစ်ခုနှင့်ပင် တူနေပါ၏။ လီချန်ချင်းသည် ထိုမျောက်ဝံကြီးနှင့် နှိုင်းယှဉ်လျှင် ပုစွန်ဆိတ်ပမာသာ ဖြစ်နေခဲ့ပါသည်။

“သူက ထျန်ချင်း နန်းတော်က ဘိုးဘေးကြီးလေ။ ထျန်ချင်း နန်းတော်က တောင်ဘက် လွင်ပြင်ဒေသမှာ ရှိတယ်”

“သူက ဧရာမသားရဲ နတ်ဘုရားအတတ်ကို ဒီလောက်အဆင့်ထိ ရောက်အောင် ကျင့်ကြံထားမယ်လို့ မထင်ထားဘူး”

“ငါကြားဖူးတာကတော့ အဲ့ဒီသိုင်းပညာကို အသုံးပြုလိုက်ရင် သူ့ရဲ့ ခန္ဓာကိုယ်က စိတ်ဝိဉာဉ်သားရဲတွေနဲ့တောင်မှ နှိုင်းယှဉ်လို့ ရသွားတယ်လို့ ပြောကြတယ်”

“သူ့ရဲ့ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းရော တိုက်ခိုက်နိုင်စွမ်းပါ အဆမတန်ကို ထိုးတက်သွားတယ်တဲ့”

“သူက အဆင့်တူ ကျင့်ကြံသူ တစ်ဦးကို ပါးတစ်ချက် ရိုက်လိုက်တာနဲ့တင် အသက်ထွက်အောင် လုပ်နိုင်စွမ်း ရှိတယ်လို့လဲ ပြောတယ်”

“ထျန်ချင်းနန်းတော်က သူတို့ရဲ့ မျောက်ဝံသားရဲ ဘိုးဘေးကို မှီခိုပြီး နေနေတာ။ အဲ့ဒီဘိုးဘေးက အဆင့်မြင့် ဆရာသခင် အဆင့်မှာပဲ ရှိပေမဲ့ တောင်ဘက် လွင်ပြင်ဒေသမှာ နေရာတစ်နေရာ ရအောင် ယူဆောင်နိုင်စွမ်း ရှိခဲ့တယ်လေ”

လူတိုင်းက ထိုအကြောင်းကို ပြောနေကြပါသည်။ သူတို့ကလည်း လီချန်ချင်း ဘယ်လိုမျိုး ရင်ဆိုင်မလဲ ဆိုတာကို သိချင်နေကြပါ၏။

“မင်းက ဓားအင်မော်တယ် နတ်သမီးဆီကနေ ဓားကို ဆွဲလုနိုင်တယ်ဆိုတော့ ထားပါတော့။ အဲ့ဒီဓားကို ထိန်းသိမ်းနိုင်စွမ်း ရှိမှပဲ အဲ့ဒီဓားကို မင်းယူသွားလို့ ရမှာလေ”

“ထွီ”

လီချန်ချင်းက ဒေါသတကြီးနှင့် တံထွေးတစ်ချက် ထွေးလိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်နှင့် စိုက်ကြည့်လိုက်ပါသည်။ သူသိတာက တစ်ခုပဲ ရှိပါသည်။ သူသာ ယနေ့၌ သူ၏ ခွန်အားကို မပြသပါက ပြသနာ တက်တော့မည် ဖြစ်သည်။

ထျန်ချင်း နန်းတော်မှ ဧရာမမျောက်ဝံ ဘိုးဘေးကြီးက ကိုယ့်သေတွင်းကိုယ် တူးနေမှတော့ လီချန်ချင်းက သူ့ကို အသုံးချဖို့အတွက် မနှောင့်နှေးခဲ့တော့ချေ။ လီချန်ချင်းက ကျန်းရွှမ်စင်မြင့်ကို ထုတ်ယူလိုက်သည်။ ကျန်းရွှမ်စင်မြင့် ပေါ်လာသည်နှင့် လီချန်ချင်းက လက်တစ်ချက် ဝှေ့လိုက်ပါ၏။ သူ၏ လက်တစ်ချက် အဝှေ့တွင် ဓား၄လက်က ကျန်းရွှမ်စင်မြင့်ထက်တွင် ရောက်ရှိသွားပါသည်။

ကျန်းရွှမ်စင်မြင့်၏ သတ်ဖြတ်ခြင်း အစီအရင်သည် ချက်ချင်းပင် အသက်ဝင်လာခဲ့ပါသည်။ လေနဲ့ တိမ်တိုက်များက ပြောင်းလဲသွား၏။ ဓားအစီအရင်၏ ဓား၄လက်က စတင်၍ တုန်ခါလာခဲ့သည်။ အဆုံးအစမဲ့သော ဓားချီများက သမုဒ္ဒရာ တစ်ခုကဲ့သို့ ထိုးထွက်လာခဲ့သည်။ ဧရာမ လူဝံပုံရိပ်ကြီးသည် ဓားအစီအရင်၏အောက်တွင် ချက်ချင်းကို ဖုံးလွှမ်းထားခဲ့ပါသည်။ သတ်ဖြတ်လိုသော စိတ်များသည် နေရာအနှံ့ကို ပျံ့နှံ့နေခဲ့၏။

ဧရာမ လူဝံဘိုးဘေးသည် ချက်ချင်းပင်လျှင် အသက် အန္တရာယ် ကျရောက်နေပြီဟု ခံစားလိုက်ရ၏။ ထိုသေလုမြောပါး အန္တရာယ်က သူ့စိတ်ထဲကို လွှမ်းမိုးကာ ခြောက်ခြားစေခဲ့ပါသည်။ ထိုအခိုက်မှာပင် သူက လူဝံခန္ဓာကိုယ်ကို ပို၍ ကြီးထွားအောင် ပြုလုပ်လိုက်ပါ၏။ ထိုခန္ဓာကိုယ်၏ ခွန်အားသည် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ပင် ရပါ၏။

သို့သော် ထိုဓားအစီအရင်နှင့် ရင်ဆိုင်ရသော အခါတွင် သူ၏ခန္ဓာကိုယ်ကကြီးမားနေသည့်တိုင် သေးငယ်လှသည်ဟု သူက ခံစားနေခဲ့ရသည်။ အချိန်မရွေးပင် သူက သေဆုံးသွားတော့မည့် အလားပင် ဖြစ်နေခဲ့၏။ သူက အားပါးတရ ဟိန်းဟောက်လိုက်၏။ သူ၏ မျက်လုံးများက သွေးနီရောင်များ ရဲရဲတောက်နေခဲ့၏။

သူက ကျန်းရွှမ်ဓားအစီအရင်ကို ခွန်အား အသုံးပြုပြီး ချိုးဖျက်ရန် ကြံရွယ်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ချိုးဖျက်ခဲ့သည့် လက်သီးချက်က ကျရောက်လာသည်။ သူ၏ လက်သီးချက်ကို ဓားစွမ်းအားများက စောင့်ကြိုလိုက်ပါ၏။ သို့သော် ကံဆိုးသွားသည်က သူက ကျန်းရွှမ်ဓားအစီအရင်ကို အထင်သေးလွန်းသွားခဲ့ပါ၏။

ကျန်းရွှမ်ဓား အစီအရင်၏ လက်ချက်အောက်တွင် သူသည် အသက်ရှူရှိုက်ချိန် တစ်ချိန်မှကိုပင် တောင့်မခံနိုင်ခဲ့ပါချေ။ လီချန်ချင်း၏ ဓားချီများအောက်တွင် သူ၏ခန္ဓာကိုယ်သည် ဓားမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါ၏။

“ဘိုးဘေးကြီး”

ထျန်ချင်းနန်းတော်က မြောက်များစွာသော စွမ်းအားရှင်များက ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူတို့ရဲ့ မျက်လုံးများက ရဲရဲတောက် သွားခဲ့ပါသည်။ သူတို့ရဲ့ ဘိုးဘေးကြီးက ဒီတိုင်းပဲ သေဆုံးသွားတာလား။ မဟာသိုင်းဂိုဏ်း အဆင့် ကျင့်ကြံသူနဲ့တောင် ယှဉ်နိုင်တဲ့ စွမ်းအားရှင်က ချင်းလဲ့ဓားသခင်နဲ့ ရင်ဆိုင်တွေ့တဲ့အခါမှာ အသက်ရှူချိန် တစ်ချိန်လောက်တောင် တောင့်မခံနိုင်ဘူးတဲ့လား။

ပြီးတော့ သူတို့ကို ပိုပြီးစိုးရိမ်သွားစေသည်မှာ သူတို့၏ ဘိုးဘေးကြီးက ဒီတိုင်းသာ သေဆုံးသွားသောကြောင့် သူတို့သည် တောင်ပိုင်း လွင်ပြင်ဒေသ၌ အင်အားကြီးမားသော အင်အားစု အဖြစ်မှ လျှောကျသွားပြီ ဖြစ်ပါသည်။

သူတို့အား ထောက်ပံ့ပေးမည့် စွမ်းအားကြီးမားသော သူက မရှိတော့ပါချေ။ အရင်က သူတို့နှင့် ရန်ငြိုးရန်စရှိသော သူများက ယခုအချိန်တွင် သူတို့ကို ကလဲ့စားချေတော့မည် ဖြစ်၏။

“ရွှစ်…”

လီချန်ချင်းသည် ဓားအစီအရင်ကို ရုတ်သိမ်းလိုက်ပြီး ဘေးပတ်ပတ်လည်ကို စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်ကို ရင်ဆိုင်ရသော အခါတွင် ဝမ်ကျိမြို့ တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။ ချင်းလဲ့ဓားသခင်သည် စွမ်းအားကြီးမားသည်ကို သူတို့သိကြပါ၏။ သို့သော် ယခုလောက် စွမ်းအားကြီးမားမည်ကိုတော့ သူတို့လုံးဝ မသိကြပါချေ။

ချင်းလဲ့ ဓားသခင်၏ စွမ်းအားက မဟာသိုင်းဂိုဏ်း အဆင့်နှင့် ညီမျှသည်ဟုသာ သူတို့က သိကြပါ၏။ သို့သော် ထျန်းချင်း နန်းတော်၏ ဧရာမ လူဝံဘိုးဘေးကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်ကို မြင်ပြီးသည့်နောက်တွင် သူတို့အားလုံးက အလွန်ပင် ထိတ်လန့်နေပြီ ဖြစ်ပါသည်။

ယခုရောက်ရှိနေကြသော မဟာသိုင်းဂိုဏ်းအဆင့် ကြင့်ကြံသူများသည် ဧရာမ လူဝံဘိုးဘေး၏ နေရာတွင် ရောက်နေရင် ချင်းလဲ့ဓားသခင်၏ ဓားချက်ကို သူတို့လည်း ခုခံနိုင်မည် မဟုတ်မှန်း သူတို့လည်း သိကြပါသည်။

ထို့အပြင် ဧရာမ လူဝံဘိုးဘေး၏ ခန္ဓာကိုယ်သည် လွန်စွာမှကို စွမ်းအားကြီးပါ၏။ လူသားတစ်ယောက်ထက်ပင် စွမ်းအားကြီးသော ခန္ဓာကိုယ်မှာ ထိုဓားအစီအရင်၏ အောက်တွင် တစ်ချက်တည်း အသတ်ခံခဲ့ရပါ၏။

“အဲ့လောက်တောင် စွမ်းအားကြီးမားရတာ ဒီဓားအစီအရင်က ဘယ်လို မကောင်းဆိုးဝါး ဓားအစီအရင်မလို့လဲ”

တိုက်ပွဲကို တိတ်တဆိတ် ကြည့်ရှုနေသော လင်းချင်းကျီပင်လျှင် အံ့အားသင့်သွားခဲ့ပါသည်။ လီချန်ချင်း၏ ဓားအစီအရင်မှ ကြောက်ရွံ့ဖွယ်ဖိအားကို သူလည်း ခံစားခဲ့ရပါ၏။

နောက်ဆုံးအကြိမ်တုန်းက ချင်းလဲ့ဓားသခင်ကို တွေ့တုန်းက သူက စွမ်းအားကြီးတဲ့လူဆိုတာ ငါသိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခွန်အားက ဒီတစ်ခေါက်မှာ ပိုပြီးတော့ ကြီးမားလာသေးတယ်။ သူက ကျင့်ကြံပြီးတော့ အဆင့်တက်သွားလို့ စွမ်းအားကြီးသွားတာလား ဒါမှမဟုတ် အရင်တစ်ခေါက်တည်းက သူ့ရဲ့ ခွန်အားကို လျှိုထားတာများလား။

လင်းချင်းကျီက သူ၏မေးစေ့ကို ပွတ်သပ်ရင်းနှင့် တွေးတောလိုက်ပါသည်။ ထို့နောက် သူ၏မျက်ဝန်းများက မူလအတိုင်း ပြန်လည်၍ ပျင်းရိသွားသော ဟန်ပန်သို့ ပြောင်းလဲသွားပါ၏။ ခုနတုန်းက အဖြစ်အပျက်များက သူနှင့် မဆိုင်တော့သည့် အလား ဖြစ်ပျက်သွားခဲ့ပါသည်။

လီချန်ချင်း လှုပ်ရှားလိုက်သော အခါတွင် ရောက်ရှိနေသော လူတိုင်းကို ထိတ်လန့်ကြောက်ရွံ့ သွားစေခဲ့ပါ၏။ သို့ပေမဲ့ ထိုအခိုက်မှာပင် ကောင်းကင်ထက်သို့ ရွှေရောင်တိမ်တိုက် တစ်ခုက ပျံသန်းလာခဲ့သည်။ ရွှေရောင် တိမ်တိုက်ထက်တွင်တော့ အမျိုးသမီးငယ်လေး တစ်ဦး ရှိပါသည်။

ထိုမိန်းမငယ်လေးသည် ရွှေရောင်ဆံပင်ရှိပြီး သူမ၏ မျက်ဝန်းများက အပြာရောင် ဖြစ်နေ၏။ သူမသည် လွန်စွာမှကို ကြီးမြတ်သော မျိုးရိုးမှ ဆင်းသက်လာပြီး အထက်တန်းလွှာ မိသားစုမှ သမီးတော် ဖြစ်မှန်း သိသာလှပါသည်။ သူမ၏ ပုံစံနှင့် လှုပ်ရှားမှုများက မျိုရိုးမြင့်ကာ အထက်တန်းကျလွန်းလှပါ၏။

သူမ၏ အပြာရောင် မျက်ဝန်းများသည် လီချန်ချင်း၏ လက်ထဲတွင် ရှိသော ကောင်းကင် နတ်သမီးဓားကို စိုက်ကြည့်နေပါ၏။

“ အဲ့တာက ကျူးရွှမ်းမိသားစုက မင်းသမီးငယ်လေး မဟုတ်ဘူးလား”

လူတိုင်းသည် ထိုအမျိုးသမီးငယ်လေးကို ကြည့်လိုက်ပါ၏။

“ငါအဲ့ဓားကို လိုချင်တယ်”

ကလေးမလေးက လီချန်ချင်း လက်ထဲတွင် ရှိသော ကောင်းကင် နတ်သမီးဓားကို ညွှန်ပြပြီး အမိန့်ပေးသည့် လေသံနှင့် ပြောလိုက်ပါသည်။ သူမ၏ လေသံမှာ လီချန်ချင်းက သူမ၏ အစေခံအလားပင် ဖြစ်နေခဲ့သည်။ အစေခံတစ်ဦးကို အမိန့်ပေးလိုက်သည့် လေသံ ဖြစ်နေခဲ့ပါ၏။

“ဒီဓားကို လိုချင်တဲ့သူက အခုလေးတင်ပဲ သေသွားပြီ ဆိုတာကို နင်မမြင်ဘူးလား”

လီချန်ချင်းကလည်း ယဉ်ကျေးမနေပါ မျက်မှောင်ကြုတ်လျက် ထိုကောင်မလေးကို အေးစက်စွာ ပြောလိုက်ပါသည်။ ထိုကောင်မလေးသည် လှပသော်လည်း သူမ၏ လေသံက စိတ်ရှုပ်စရာ ကောင်းသည်ဟု လီချန်ချင်းက ခံစားရပါသည်။ ကလေးမလေးသည် မျက်မှောင်ကို ကြုတ်လျက် ဆက်ပြော၏။

“ငါလိုချင်တာကို ငါအမြဲတမ်းရတယ်။ ဘိုးဘေးကြီးရှင့် ယွင်အာက ဒီဓားကို လိုချင်တယ်”

အမျိုးသမီးလေးက ကောင်းကင်ကို ကြည့်လျက် လေသံမြှင့်ကာ ပြောလိုက်သည်။ ကောင်မလေး၏ စကားက အဆုံးသတ်သွားသော အခါတွင် မိုးကြိုးပစ်သလိုမျိုး အသံတစ်သံ ထွက်ပေါ်လာ၏။

“ဓားကို ထားခဲ့လိုက်စမ်း”

ထိုအသံသည် တိမ်ပင်လယ်ကြီးကို ဖြတ်သန်းလျက် ရောက်လာခြင်း ဖြစ်၏။ အသံလှိုင်း၏ ခွန်းအားကြောင့်ပင်လျှင် ရောက်ရှိနေသော လူများက အနောက်သို့ ခြေလှမ်း တော်တော်များများ ဆုတ်လိုက်ကြရ၏။

လူတိုင်းက ထိတ်လန့်တကြီး မော့ကြည့်လိုက်သော အခါတွင် ကောင်းကင်ထက်မှ ရွှေရောင်လက်ကြီး တစ်ခုကျဆင်းလာပါသည်။ လက်ကြီးသည် တိမ်ပင်လယ်ကြီးကို ဖြတ်သန်းလျက် နေနဲ့လတို့ကို ဖုံးအုပ်ကာ လီချန်ချင်းထံသို့ အုပ်စိုးလာခဲ့၏။

“မြေလျှောက်အင်မော်တယ်ပဲ”

လူတိုင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားခဲ့ပါ၏။ ကျူးရွှမ်းမိသားစုရဲ့ စွမ်းအားကြီးတဲ့ မြေအင်မော်တယ်က လှုပ်ရှားလာခဲ့ချေပြီ။ ကျူးရွှမ်း မိသားစုရဲ့ မင်းသမီးငယ်လေးကြောင့် ဘိုးဘေးကြီးက ဂုဏ်သိက္ခာကို အကျဆင်းခံပြီးတော့ ဂျူနီယာ တစ်ယောက်ကို စတင်ပြီး တိုက်ခိုက်နေပြီတဲ့လား။

လက်ဝါးချက် ကျလာသည်နှင့် လောကကြီး တစ်ခုလုံးသည် ထိုလက်ဝါးချပ်ပေါ်တွင် တည်ရှိနေသည့် အလားပင် ဖြစ်သည်။ လက်ဝါးချပ်သည် လီချန်းချင်းကို ဖိနှိပ်တော့ပေမည်။ လီချန်ချင်းသည်လည်း ထိုလက်ဝါးချက်၏ ဖိအားအောက်တွင် အသက်ရှူကျပ်နေခဲ့သည်။

လက်ဝါးချက်၏ ဖိအားက သမုဒ္ဒရာ တစ်ခုလိုမျိုး သူ့အပေါ် လွှမ်းခြုံထားပါ၏။ မြေလျှောက် အင်မော်တယ် တစ်ပါးက ယခုလိုမျိုး စည်းမျဉ်းကို ဖောက်ဖျက်ပြီး သူ့ကို တိုက်ခိုက်မည်ဟု လီချန်ချင်းက မထင်ထားခဲ့မိပါ။ သို့သော် မြေလျှောက် အင်မော်တယ်သည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့ခြင်း မဟုတ်ပါ။

သူက သဘာဝ တရား၏ စွမ်းအားများကို ဖွဲ့စည်းပြီး လက်တစ်ဖက်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်ပါ၏။ သူ၏ ခန္ဓာကိုယ် အစစ်အမှန်မှာ လွန်စွာဝေးကွာသော နေရာ၌ ရှိရပေမည်။ ထိုသို့ဆိုလျှင်တောင်မှ မြေလျှောက် အင်မော်တယ်၏ လှုပ်ရှားမှုက သာမန်လူတစ်ဦး ခုခံနိုင်သည့် အရာမျိုး မဟုတ်ပါ။

“မင်းက ငါ့ဓားကို လိုချင်တယ်ပေါ့ ဟုတ်လား။ လက်ဖဝါး တစ်ချက်တည်းနဲ့ ဓားကို လုယူဖို့ မထိုက်တန်သေးဘူး”

လီချန်ချင်းက အမှန်တကယ်ကို ဒေါသထွက်နေပြီ ဖြစ်သည်။

“မြေလျှောက် အင်မော်တယ် ဖြစ်တာနဲ့ အခြားသူတွေကို အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား”

All Chapters