အခန်း (၄၁၄)
Vol. 34 Ch. 414
ဂိုဏ်းတော်တော်များများသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ လုယက်ခြင်းကို ခံခဲ့ရပါသည်။ ကျန်းဟယ်စံအိမ်တော် ကဲ့သို့သော ဂိုဏ်းပင်လျှင် ဂိုဏ်းလုံးကျွတ် သုတ်သင်ခံခဲ့ရပါသည်။ အပြန်လမ်းတွင် လမ်းတစ်ဝက်၌ ရွှယ်ချမ်းပိုင်သည် လီချန်ချင်းနှင့် လမ်းခွဲခဲ့ပါသည်။ သူက တစ်စုံတစ်ခုကို လုပ်စရာရှိသည်ဟု အကြောင်းပြခဲ့၏။
လီချန်ချင်းက မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ ပြန်ရောက်သောအခါတွင် ထိုနိုင်ငံတော်၌ ပြဿနာများစွာ တက်နေသည်ကို သိခဲ့ရသည်။ ကျောက်ပိုင်မင်သည် သေဆုံးသွားပါသည်။ အသတ်ခံခဲ့ရသည်။ ထိုသတင်းက ကျန်းယွမ်ကျိကို ထိတ်လန့်သွားစေခဲ့ပါ၏။
လီချန်ချင်းသည်လည်း ထိတ်လန့်သွားခဲ့သည်။ ကျောက်ပိုင်မင်လို့ စွမ်းအားကြီးမားလှသော လူသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရမည်ကို သူမမျှော်လင့်ခဲ့ပါ။ ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်များသည် မြေကြွက်များကဲ့သို့ ဖြစ်သည်။ သူတို့သည် နေရာတိုင်း၌ ရှိ၏။ သို့သော် ဖမ်းဆီးရန်အတွက်မူ ခက်ခဲလွန်းလှပါသည်။ သူတို့၏ထွက်ပေါ်လာခြင်းက မြင်လိုက်ရသူတိုင်းကို ရွံရှာသွားစေခဲ့၏။
ယခုအကြိမ်တွင်တော့ သူတို့၏လုပ်ဆောင်ချက်များသည် လွန်စွာမှကို ရက်စက်ကြမ်းကြုတ်လွန်းလှပါ၏။ အင်အားစုတော်တော်များများကို ပြိုလဲလုနီးပါးအထိ သူတို့က လုပ်ဆောင်ခဲ့ပါသည်။ မရေမတွက်နိုင်သော အသက်များကလည်း သူတို့၏လုပ်ဆောင်မှုကြောင့် ပေးဆပ်ခဲ့ရပါ၏။
ကျောက်ပိုင်မင်သေဆုံးမှုသည် မြောက်ပိုင်းအေးခဲနိုင်ငံတော်ကို ကြီးမားလှသော ထိုးနှက်မှု တစ်ခု ဖြစ်စေခဲ့သည်။ ကျောက်ပိုင်မင်သည် နိုင်ငံတော်ကို ကာကွယ်ပေးသော စစ်နတ်ဘုရားတစ်ပါးဟု သတ်မှတ်၍ ရသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ သတ်ဖြတ်မှုကြောင့် သူ၏ သေဆုံးမှုသည် နိုင်ငံတော် တစ်ခုလုံးကို ပူဆွေးမှုများနှင့် ပြည့်နှက်စေခဲ့ပါသည်။ လီချန်ချင်း ပြန်လာပြီးသောအခါတွင် ယင်ချန်းလီက လီချန်ချင်းလက်မောင်းကြားထဲသို့ မျက်ရည်လည်ရွှဲနှင့် ပစ်ဝင်လိုက်ပါတော့သည်။
“လူကြီးမင်း ချန်ချင်း”
ယင်ချန်းလီက မျက်လုံးများ နီရဲလျက် ငိုကြွေးနေခဲ့ပါသည်။
“မင်း အသက်ရှိနေသေးတာလား”
လီချန်ချင်းက အံ့ဩတကြီးနှင့် မေးလိုက်ပါသည်။ အနည်းငယ်ပင် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သူမှတ်မိတာသာ မှန်မယ်ဆိုရင် ယင်ချန်းလီကလည်း ထာဝရရှင်သန်ခြင်းဂိုဏ်း လိုအပ်နေသော သော့ဟူသော စာရင်းထဲမှ တစ်ယောက်ပင် ဖြစ်ပါသည်။
“ကျောက်ပိုင်မင်လိုလူတောင် သေသွားရတာကို ယင်ချန်းလီက ဘယ်လိုဖြစ်ပြီးတော့ အသက်ရှင်နေရတာလဲ”
“ကျွန်တော် အသက်ရှင်နေတာကို မြင်ပြီးတော့ ဘာလို့ အံ့အားသင့်သွားတာလဲ”
ယင်ချန်းလီက စိတ်ထဲမှာ နာကျင်ထိခိုက်သွားဟန်နဲ့ မေးလိုက်ပါသည်။
“လူကြီးမင်း ပြန်လာပြီးလား”
ထိုအခိုက်မှာပင် ကျန်းဖုကွမ်းကလည်း အပြင်သို့ ထွက်လာခဲ့သည်။ လီချန်ချင်းကို လေးစားသော အမူအရာနှင့် အရိုအသေပြုလိုက်ပါ၏။ ကျန်းဖုကွမ်းကို မြင်သောအခါမှ လီချန်ချင်းက နားလည်သွားပြီးနောက် မေးလိုက်ပါသည်။
“ယင်ချန်းလီကို မင်းကာကွယ်ခဲ့တာလား”
“ဟုတ်ပါတယ်”
ကျန်းဖုကွမ်းက ဝန်ခံလိုက်သည်။
“လူကြီးမင်း ချန်ချင်း ကျွန်တော့်ကို လာသတ်ကြတဲ့ လူသတ်သမားတွေမှ အများကြီးပဲ..။ စီနီယာကျန်းဖုကွမ်းရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော်သေသွားတာဖြင့် ကြာလှပြီ”
ယင်ချန်းလီသည် ယခုထက်ထိပင် ကြောက်ရွံ့နေခဲ့ပါသေးသည်။
“မင်းလူဘယ်နှယောက် သတ်လိုက်လဲ”
လီချန်ချင်းက မေးလိုက်၏။
“ခုနှစ်ယောက်”
ကျန်းဖုကွမ်းက အေးဆေးစွာ ဖြေလိုက်သည်။ စစချင်းတုန်းက လူသတ်သမားများက ကိုင်တွယ်ရ လွယ်ကူလှပါသည်။ နောက်ပိုင်းတွင်တော့ အဆင့်မြင့်ဆရာသခင်အဆင့်ရှိသော လူသတ်သမားများ ရောက်လာခဲ့ပါ၏။ သူတို့အတွက် ကံဆိုးသွားတာက ကျန်းဖုကွမ်းက ကိုင်တွယ်နိုင်ခဲ့သောကြောင့်ပင် ဖြစ်သည်။
နောက်ဆုံးတွင်တော့ မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူများပါ ပေါ်လာခဲ့ပါသည်။ သို့သော် လီချန်ချင်း ပေးအပ်ခဲ့သော ဗုဒ္ဓမီးအိမ် ရတနာရှိသောကြောင့် ဝင်ရောက်ကျူးကျော်လာသည့် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါသည်။
“ဒီလူခုနှစ်ယောက်ကို မသတ်သင့်ဘူးလို့ လူကြီးမင်းက တွေးတယ်ဆိုရင် ဒီခုနှစ်ယောက်ကို စာရင်းထဲက ဖယ်ထားလိုက်လို့ရပါတယ်”
ကျန်းဖုကွမ်းက ရိုးသားစွာ ပြောလိုက်သည်။
“ဒီတစ်ခါမှာ လူသတ်တဲ့အခြေအနေက လူကြီးမင်းရဲ့ အမိန့်အတိုင်း ဆောင်ရွက်ခဲ့တာမှ မဟုတ်တာ”
“မဟုတ်သေးဘူး..။ ဒီလူခုနှစ်ယောက်ကိုပါ ထည့်တွက်ရမယ်..။ မင်းက ယင်ချန်းလီကို ကာကွယ်ပေးခဲ့တာပဲလေ”
လီချန်ချင်းက ပြုံးရင်းနှင့် ပြောလိုက်ပါသည်။ ထို့နောက် သူက တွေးတောလိုက်သည်။ အတိတ်တုန်းက ကျန်းဖုကွမ်းက သူ့အတွက် လူလေးယောက်သတ်ခဲ့ဖူးပါသည်။ ယခုတွင် နောက်ထပ် ခုနှစ်ယောက် ထပ်သတ်ခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် ကျန်းဖုကွမ်းအား နောက်ထပ်လူသတ်ရန် တစ်ကြိမ်သာ သူတောင်းဆိုနိုင်တော့မည် ဖြစ်သည်။ လီချန်ချင်းက အနည်းငယ်တော့ နောင်တ ရနေခဲ့ပါ၏။ ဒါပေမဲ့ ယင်ချန်းလီ အသက်ရှင်နေသေးတာက ရလဒ်ကောင်းလို့ပဲ ပြောလို့ရတယ်မဟုတ်ဘူးလား..။ ယင်ချန်းလီကလည်း မူချင်းကောရဲ့ အခြေအနေကို မေးမြန်းခဲ့ပါသည်။
ဒါပေမဲ့ လီချန်ချင်းက မူချင်းကောသည် လောလောဆယ်၌ ကိစ္စတစ်ခုကြောင့် မရောက်လာနိုင်သေးဟုသာ ဖြေကြားခဲ့ပါသည်။ ထိုသို့ဆိုလျှင်တော့ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ကျူးကျော်မှုက လီချန်ချင်းကို ဒေါသပုန်ထစေခဲ့ပါသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ နည်းလမ်းများသည် လွန်စွာမှကို ကောက်ကျစ်ယုတ်မာလွန်းလှပါသည်။ ယခုလိုမျိုး အကြီးအကျယ် လှုပ်ရှားပြီးသည့်နောက်တွင် သူတို့သည် ပြန်လည်၍ ငုပ်လျှိုးကာ ပုန်းလျှိုသွားတော့မည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့အပြင် ထာဝရရှင်သန်ခြင်းဂိုဏ်းသည် စိတ်ဝိဉာဉ်များကို စုဆောင်းနေခဲ့သည်။
“သူတို့က စိတ်ဝိဉာဉ်တွေကို စုဆောင်းနေတယ်ဆိုမှတော့ ရက်စက်ယုတ်မာတဲ့ တစ်ခုခုကို ပြုလုပ်ဖို့ပဲ ဖြစ်ရလိမ့်မယ်..။ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ နောက်ကို ခြေရာခံလိုက်ဖို့အတွက်က မူဟမ်ရှန်းက အကောင်းဆုံးသော သဲလွန်စပဲဖြစ်လိမ့်မယ်”
ဒါပေမဲ့ မူဟမ်ရှန်းက မူချင်းကောရဲ့ ဖခင်ဖြစ်နေတာကြောင့် မူချင်းကောကို လေးစားတဲ့အနေနဲ့ လီချန်ချင်းက မူဟမ်ရှန်းကို အသက်အန္တရာယ် မပေးလိုပါ။
မြွေဖြူလမ်းကြောင်း၌ လီဟမ်ရှန်းကလည်း ထိုသတင်းများကို ရရှိခဲ့ပါသည်။ “လီရွှမ်းရှီက ရှုံးနိမ့်သွားခဲ့တယ်တဲ့” ထိုသတင်းက လီဟမ်ရှန်းကို တခဏသာ တုံ့ဆိုင်းသွားစေခဲ့ပြီးနောက်တွင် သူက အာရုံမထားတော့ပါ။ လုချောင်းချောင်းရော လီရွှမ်းရှီပါ လီဟမ်ရှန်းအတွက်တော့ အရေးမပါတော့ပါချေ။
သို့ပေမဲ့ ချင်းလဲ့ဓားသခင်နဲ့ ချင်းရွှယ်အာဏာဓားသခင်တို့ရဲ့ လှုပ်ရှားမှုက လီဟမ်ရှန်းကို အားရကျေနပ်စေခဲ့ပါသည်။ ဓားသခင်နှစ်ပါးသည် ပူးပေါင်းပြီးတော့ မြေလျှောက်အင်မော်တယ် တစ်ပါးကို ပြန်လည်ပြီး ခုခံနိုင်ခဲ့သည်။ ထိုကဲ့သို့သော အဖြစ်အပျက်က အမှန်အကန်ကို မှတ်တမ်းတင်လောက်ပါသည်။ လီဟမ်ရှန်းကတော့ အပျော်လွန်နေခဲ့သည်။ ချင်းလဲ့ဓားသခင်သည် သူ၏ အိုင်ဒေါတစ်ယောက်ဖြစ်ပါသည်။
ချင်းလဲ့ဓားသခင်က ကျော်ကြားနေသောကြောင့် လီဟမ်ရှန်းမှာ သူကိုယ်တိုင် ကျော်ကြားတာထက်ကိုပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့၏။ သတင်းအချက်အလက်စာရွက်ကို ဖတ်နေရင်းနှင့် လီဟမ်ရှန်းသည် လင်းချီကျိုးနှင့်အတူ ရယ်မောနေခဲ့ပါသည်။
“ဟားဟား. ကျူးရွှမ်းမိသားစုက အရမ်းကို မာနကြီးလွန်းနေတာ ကြာပြီ..။သူတို့ရဲ့ ပါရမီရှင် သမီးတော်က ဘဝတစ်လျှောက်လုံးမှာ အလိုလိုက်ခံထားရတာ.. ဝမ်ကျိမြို့ကိုများ သူတို့ရဲ့ အိမ်နောက်ဖေးခြံလို့များ ထင်နေတာလား မသိဘူး..။
ချင်းလဲ့ဓားသခင်က ကောင်းကင်နတ်သမီးဓားကို တကယ်ကြီး သူတောင်းသလို ပေးမယ်လို့များ ထင်နေတာလားမသိဘူး..။ သူတို့ဆီမှာ မြေလျှောက်အင်မော်တယ်ရှိတော့ရော ဘာဖြစ်လဲ..ချင်းလဲ့ဓားသခင်က အကုန်လုံးကို နိုင်တယ်လေ.. ဟာသပဲ..။
ချီကျိုး … ကျုပ်ခင်ဗျားကို ပြောမယ် မြေလျှောက်အင်မော်တယ်ကိုယ်တိုင် လာမယ်ဆိုရင်တောင်မှ ချင်းလဲ့ဓားသခင်က မြေလျှောက်အင်မော်တယ်ကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်နိုင်မှာ”
လီဟမ်ရှန်းက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
“လူကြီးမင်း… လူကြီးမင်း အရမ်းကို စိတ်လှုပ်ရှားနေပြီ”
လင်းချီကျိုးက ရယ်မောလိုက်ပါသည်။
“ကျုပ်က ပျော်နေတာပါ”
လီဟမ်ရှန်းက အပြုံးနှင့် ပြောလိုက်၏။
“ချင်းလဲ့ဓားသခင်သာ မဟာလွတ်မြောက်ခြင်းအဆင့်ကို ချိုးဖျက်နိုင်တယ်ဆိုရင်တော့ မြေလျှောက်အင်မော်တယ်နဲ့ တကယ်ပဲ လက်ရည်တူ တိုက်ခိုက်နိုင်ပြီ”
“အဲ့ဒါကတော့ ခက်ခဲလွန်းတယ်”
လင်းချီကျိုးက ခေါင်းခါလိုက်ပါသည်။
“စန်းယွမ်နယ်မြေကြီးမှာ ပန်းချီသူတော်စင်တွေက အများကြီး ရှိတယ်..။ ဒါပေမဲ့ မဟာလွတ်မြောက်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်တာက နည်းနည်းပဲရှိတယ်”
“ချင်းလဲ့ဓားသခင် လုပ်နိုင်မယ်လို့ ကျုပ်ယုံတယ်”
လီဟမ်ရှန်းက သက်ပြင်းချလိုက်ပါသည်။
“ဒါပေမဲ့ လူကြီးမင်း စန်းယွမ်နယ်မြေသခင်နဲ့ လီရွှမ်းရှီတို့ကြားက တိုက်ပွဲက စန်းယွမ်နယ်မြေသခင် အနိုင်ရသွားတာနဲ့ အဆုံးသတ်သွားတယ်လေ..။ အခုအခြေအနေကို ကြည့်ရတာက အသက်ပိုကြီးပြီးတော့ ကျင့်ကြံမှုပိုသာတဲ့သူက ပိုပြီး စွမ်းအားကြီးတဲ့ အလားအလာရှိတယ်”
လင်းချီကျိုးက ဝေဖန်ပိုင်းခြားပြီးတော့ တွက်ချက်ပြလိုက်သည်။
“အွင်း…”
လီဟမ်ရှန်းက အသံတစ်ချက်ပြုကာ တုန့်ပြန်လိုက်သည်။ ထို့နောက်တွင်တော့ သူက ဘာတစ်ခွန်းမှ ဆက်မပြောတော့ပါချေ။ သူက မတ်တပ်ရပ်လိုက်ပြီး နောက်ဖေးခြံဝန်းသို့ သွားကာ ကျင့်ကြံရန်အတွက် ဟန်ပြင်လိုက်ပါသည်။ ယခုတလောတွင် လီဟမ်ရှန်းက အဆင့်တက်တော့မည်ဟု ခံစားနေရသည်။
ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ နှောင်းပိုင်းအဆင့်ကနေ အထွဋ်အထိပ်အဆင့်ကို အဆင့်ဖြတ်ကျော်ဖို့က လီဟမ်ရှန်းအတွက်တော့ အခက်အခဲကြီး တစ်ခု မဟုတ်ပါ။
ဒါပေမဲ့ သူ့ရဲ့စွမ်းအားက တဖြည်းဖြည်း ကြီးလာတာနဲ့ သူ့စိတ်ထဲမှာ မသက်မသာ ခံစားချက်တစ်ခုက ထူးထူးဆန်းဆန်း ရရှိနေခဲ့ပါတော့သည်။ သူက ဒီလိုမျိုး မသက်မသာ ခံစားချက် ဘာလို့ရနေတာလဲဆိုတာကို မရှင်းပြတတ်ပါ
။ ထို့ကြောင့် လီချန်ချင်းထံသို့ စာတစ်စောင် ရေးခဲ့ပါသည်။ ဒါပေမဲ့ လီချန်ချင်းက စိတ်မပူဖို့နဲ့ ကျင့်ကြံမှုကိုသာ အာရုံစိုက်ပြီး ကျင့်ကြံရန်အတွက်သာ စာပြန်ရေးခဲ့၏။ စာထဲတွင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ပင် သားဖြစ်သူကို ချော့မော့ထားပါသည်။ ထိုစာကို ဖတ်ပြီးသွားသောအခါမှသာ လီဟမ်ရှန်းက စိတ်အခြေအနေ အဆင်ပြေသွားခဲ့ပါတော့သည်။