← Chapters

အားလုံးကို သတ်ဖြတ်ခြင်း

Vol. 67 Ch. 995

အားလုံးကို သတ်ဖြတ်ခြင်း

Vol. 67 Ch. 995

ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဘာမဟုတ်သည့်သူများဟု ရှုမြင်ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

ချွမ်း..

ဆေဘာက တုန်ခါသွားပြီး တဖျပ်ဖျပ် တလက်လက် ဓမ္မအင်းကွက် ၆ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။

“အဲဒါက မူလဓမ္မလက်နက်တစ်ခုပဲ”

လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာလေသည်။

ဆူဇီမိုသည် ဆေဘာကို လွှဲယမ်းပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်လေသည်။ ဆေဘာတစ်ခုလုံးက ပြန့်ကားလာပြီး ဧရာမ ကောင်းကင်ဘုံ ဆေဘာတစ်လက်ကဲ့သို့ လေထဲကနေ ဆင်းသက်လာပြီး ဓားကျင့်ကြံသူများကို တိုက်ခိုက်လိုက်လေသည်။

ထိုခုတ်ချက်၏ အော်ရာက အရမ်းကိုသန်မာပြီး လောကကို ထက်ခြမ်းခွဲပစ်ချင်သည့်အလားပင်။

များစွာသော ဓားကျင့်ကြံသူများ၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏ ဓားများဖြင့် ခုခံလိုက်ကြလေသည်။

ဘုန်း..

ကောင်းကင်ဖြိုခွဲသူက ဆင်းသက်လာပြီး ဓားကျင့်ကြံသူများစွာ၏ ဓားများနှင့် ထိတွေ့ရိုက်ခတ်ကာ ကျယ်လောင်သော အသံဖြင့် မြေပြင်ကို တုန်ခါသွားစေလေသည်။

“ဖွီး.. “

ဓားကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဖြိုခွဲသူ၏ ကြောက်စရာကောင်းသည့် စွမ်းအားကို ခံနိုင်ရည်မရှိဘဲ လွင့်စင်ထွက်သွားပြီး စိတ်အားညိုးငယ်သော အမူအရာဖြင့် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်လေသည်။

ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာပြီး သူ၏ အသက်ဓာတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

“ဟားဟားဟား”

ဆူဇီမိုက ရယ်မောလိုက်ပြီး လူအုပ်ကြီးထဲသို့ ဖြတ်ဝင်သွားလေသည်။

“သတ်”

ကျန်ရှိနေသော ဓားကျင့်ကြံသူများသည် မာန်ဖီဟိန်းဟောက်၍ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြလေသည်။

ချက်ချင်းပင်.. တိုက်ပွဲနယ်မြေတစ်ခုလုံးသည် လေဟာနယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲမည့် ဓားချီများဖြင့် ပြည့်နှက်သွားပြီး ဆူဇီမိုအပေါ်ကို လွှမ်းခြုံကျဆင်းလာလေသည်။

“မာန်ဟုန်ပြင်း ဒီရေ..”

ဆူဇီမိုသည် သူ၏လက်ကို လွှဲယမ်း၍ ခုတ်ပိုင်းချလိုက်ပြီး ဆူနာမီအသံများက သူ့ဆေဘာထံမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုအသံက ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့လေသည်။

ဆေဘာက ဆင်းသက်လာသည့် ခဏမှာပင် တိုက်ပွဲနယ်မြေ တစ်ခုလုံးဆီသို့ ဒီရေလှိုင်းများက တလိပ်လိပ် တိုးဝင်လာခဲ့လေသည်။

မရေမတွက်နိုင်သော ဒီရေလှိုင်းများသည် တလိပ်လိပ် တက်လာပြီး ဓားကျင့်ကြံသူများကို အုပ်မိုး၍ လွှမ်းခြုံသွားခဲ့လေသည်။

ဆေဘာစိတ်ဆန္ဒ..

ဓားကျင့်ကြံသူ ၁၀ယောက်ကျော်သည် ဆူဇီမို၏ ဆေဘာစိတ်ဆန္ဒနှင့် ထိတွေ့မိသွားပြီး သူတို့သည် သူ့ကို တားဆီးဖို့နေနေသာသာ.. သူတို့ကိုယ်သူတို့ပင် အနိုင်နိုင် ခုခံကာကွယ်နေရလေသည်။

တာအိုသက်ရှိ လီချွမ်က ထိုသည်ကို မြင်သောအခါ ရင်တစ်ချက် ထိတ်သွားခဲ့လေသည်။

အစိမ်းရောင်အရိပ်က ဖျပ်ခနဲ လက်သွားပြီး ဆူဇီမိုက သူ့ထံသို့ ချဉ်းကပ်လာခဲ့လေသည်။

“မင်း.. “

ဆူဇီမို၏ ကောင်းကင်ဖြိုခွဲသူက သူ့အပေါ်သို့ ခုတ်ပိုင်းကျလာပြီ ဖြစ်သည့်အတွက် သူက ထိုစကားတစ်လုံးကိုသာ ပြောလိုက်နိုင်လေသည်။

“ဘာမဟုတ်တဲ့ လူတချို့က ငါ့ကို မတားနိုင်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ”

တာအိုသက်ရှိ လီချွမ်သည် သူ၏ သွေးချီနှင့် ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး ကောင်းကင်ဖြိုခွဲသူကို ခုခံလိုက်လေသည်။

ချွမ်း..

စူးစူးရှရှ မြည်သံတစ်သံက ထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွားလေသည်။

ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများ အားလုံးထဲတွင် တာအိုသက်ရှိ လီချွမ်က အသန်မာဆုံး ဖြစ်လေသည်။

သို့သော်လည်း.. ဆူဇီမို၏ ခုတ်ချက်ကို လက်ခံရရှိပြီးနောက် သူ၏လက်က ထုံကျင်သွားခဲ့လေသည်။ သူ၏သွေးချီက ကပြောင်းကပြန် ဖြစ်လာပြီး အော့အန်လုနီးပါး ဖြစ်သွားရလေသည်။

“ဘယ်လောက်တောင် သန်မာလိုက်သလဲ.. “

ဆူဇီမိုနှင့် ပတ်သက်သည့် ဒဏ္ဍာရီအချို့က တာအိုသက်ရှိ လီချွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

“ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ သားရဲမျိုးနွယ်ရဲ့ မျိုးဆက်သွေးက စီးဆင်းနေပြီးတော့ တာအိုအမွေအနှစ်ကုန်းမြေမှာ သူက အဲဒါကို အသုံးမပြုနိုင်ဘူးလို့ ပြောတယ်”

“သူက ကိုယ်ကာယသက်သက်နဲ့တောင် ဒီလောက်ထိ သန်မာနေပြီ.. သူ့ရဲ့ မျိုးဆက်သွေးကိုသာ အသက်သွင်းနိုင်မယ်ဆိုရင် ငါက သူ့ခုတ်ချက်တစ်ချက်ကို​တောင် ခုခံနိုင်မှာ မဟုတ်ဘူး”

တာအိုသက်ရှိ လီချွမ်၏ အတွေးများက ကဆုန်ပေါက်နေစဉ်မှာပင် ဆူဇီမို၏ ဒုတိယခုတ်ချက်က ရောက်ရှိလာခဲ့လေသည်။

“ငါ့ရဲ့ခုတ်ချက်ကို လက်ခံကြည့်လိုက်”

ရွှစ်..

ဆူနာမီအသံကို ကြားလိုက်ရလေသည်။

ချွမ်း..

ဆေဘာနှင့် ဓားက ထိတွေ့ရိုက်ခတ်သွားပြီး တာအိုသက်ရှိ လီချွမ်က တဆတ်ဆတ် တုန်ယင်သွားလေသည်။ သူသည် အဲဒါကို ဆက်လက်၍ မခုခံနိုင်တော့ဘဲ ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်လိုက်ရလေသည်။ သူ့မျက်နှာပေါ်ရှိ သွေးရောင်က ဖျော့တော့သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။

ခုတ်ချက်နှစ်ချက်..

သူက ဒဏ်ရာရရှိသွားခဲ့လေပြီ။

သို့သော်လည်း အဲဒါက အစသာရှိသေးလေသည်။

တာအိုသက်ရှိ လီချွမ် ဒဏ်ရာရရှိသွားခြင်းနှင့်အတူ ဝင်္ကပါက ရပ်တန့်သွားပြီး ၎င်း၏စွမ်းအားကလည်း လျော့ကျသွားခဲ့လေသည်။ အစက ရှောင်တိမ်းနေရသော တူကူကျန့်သည် အခွင့်အရေးကို တွက်ဆပြီး ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

ဓားအလင်းတန်းတစ်ခုက လေထုကို ဆုတ်ဖြဲလာခဲ့လေသည်။

အဲဒါက အရမ်းကို မြန်ဆန်လေသည်။

တူကူကျန့် မည်သို့မည်ပုံ တိုက်ခိုက်လိုက်သည်ကို ဆူဇီမိုကလွဲလျှင် တခြားမည်သူမှ မမြင်လိုက်ပေ။

မှင်တက်စရာကောင်းသော ဓားအလင်းတန်းက ဓားကျင့်ကြံသူတစ်ယောက်၏ နှာရောင်ထဲသို့ ဝင်ရောက်သွားသောအခါ.. တိုက်ပွဲနယ်မြေကနေ ဓားထုတ်သံတစ်သံကို ကြားလိုက်ရလေသည်။

ထိုဓားကျင့်ကြံသူ၏ နှာရောင်မှ သွေးများက စီးကျလာခဲ့လေသည်။

သူ၏ အသက်ဓာတ်က လျင်မြန်စွာ ဆုတ်ခွာသွားခဲ့လေသည်။ ထိုလူ၏ အသိစိတ်သည် တူကူကျန့်၏ ဓားချီဖြင့် ထိုးဖောက်ခြင်းခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ဖျက်ဆီးခံလိုက်ရလေသည်။

ဓားကျင့်ကြံသူ ၇ယောက်ထဲမှ ၁ယောက်က သေဆုံးသွားခဲ့လေပြီ။

အကျော်ဇေယျ ၇ဖော် ဓားဝင်္ကပါကလည်း ပြိုကွဲသွားခဲ့လေပြီ။

“အားလုံးပဲ.. အတူပူးပေါင်းပြီးတော့ ဒီမိစ္ဆာသားရဲကို သတ်ဖြတ်ကြ.. “

ဓားကျင့်ကြံသူများထဲမှ တစ်ယောက်သည် သွေးနီရောင်မျက်လုံးများဖြင့် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။

ဓားကျင့်ကြံသူ အယောက် ၂၀နီးပါးက ရှေ့သို့ ပြေးဝင်လာကြလေသည်။

“ဟမ့်.. “

ဆူဇီမိုက သူ၏ဆေဘာကို လွှဲယမ်းပြီး ခုတ်ပိုင်းချလိုက်လေသည်။

လေထဲတွင် သွေးချီများက ပြည့်နှက်သွားပြီး ဧရာမ ငရဲခန်းတစ်ခုက တိုက်ပွဲနယ်မြေတွင် ထွက်ပေါ်လာကာ ဓားကျင့်ကြံသူ အယောက်၂၀ကို လွှမ်းခြုံသွားခဲ့လေသည်။

ဆူဇီမိုသည် ပြီးခဲ့သည့် တစ်လအတွင်း လှိုဏ်ဂူထဲမှာ ကျင့်ကြံခဲ့စဉ် ဘာမှမရခဲ့သည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့.. ဆေဘာတာအိုမှာ သူက အတော်လေး တိုးတက်လာခဲ့လေသည်။ ယန်ပေးချန် ချန်ထားရစ်ခဲ့သော စကားလုံးများ၏ အကူအညီနှင့် သူသည် ကြောက်စရာကောင်းသော အဆူရာဆေဘာ စိတ်ဆန္ဒကို နားလည်ဆင်ခြင်နိုင်ခဲ့လေသည်။

သူသည် ယန်ပေးချန်နှင့် အချိန်များစွာ မနေခဲ့ရသော်လည်း ထိုသူ၏ ဆေဘာတာအိုအပေါ် သိမြင်နားလည်မှုက အလွန်တရာ နက်ရှိုင်းနေခဲ့လေပြီ။

သူ့ထံမှ ညွှန်ကြားချက် အချို့နှင့်အတူ ဆူဇီမိုသည် ဆေဘာတာအိုအပေါ် သူနားမလည်သော မေးခွန်များစွာကို ဖြေရှင်းနိုင်ခဲ့လေသည်။ သူ၏ ဆေဘာနည်းစနစ်က ပို၍သန့်စင်လာပြီး သူ၏ ဆေဘာစိတ်ဆန္ဒက ပို၍ သိပ်သည်းကျစ်လစ်လာခဲ့လေသည်။

ဆူဇီမိုသည် သူ၏ဆေဘာကို လွှဲယမ်းပြီး အချက်ရေများစွာ ခုတ်ပိုင်းချလိုက်လေသည်။

တိုက်ပွဲနယ်မြေမှ တစ္ဆေညည်းတွားသံများနှင့် ဝံပုလွေအူသံများက ထွက်ပေါ်လာခဲ့လေသည်။ အဲဒါက လူတစ်ယောက်၏စိတ်ကို လှုပ်ခတ်သွားစေနိုင်လေသည်။ စိတ်အားငယ်သော ကျင့်ကြံသူများဆိုလျှင် သူတို့၏စိတ်များက ပြိုလဲကျသွားပေလိမ့်မည်။

ဓားကျင့်ကြံသူတစ်ယောက်၏ စိတ်က လှုပ်ခတ်သွားသည့် ခဏမှာ ဆူဇီမိုသည် ထိုဟာကွက်ကို ချိန်ဆပြီး ခုတ်ချက်တစ်ချက်နှင့်အတူ ထိုလူကို သတ်ဖြတ်လိုက်လေသည်။

ငရဲခန်းထဲမှာ သွေးများက မြစ်တစ်ခုလို စီးဆင်းလာခဲ့လေသည်။

စေးပျစ်သော သွေးမြစ်နှင့်အတူ မကောင်းဆိုးဝါး အရိုးစုများက တစ်ကောင်ပြီးတစ်ကောင် ကျုံးထလာပြီး ဓားကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြလေသည်။

အဲဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။

အဲဒါက ဆေဘာစိတ်ဆန္ဒကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီး အားကောင်းသော ဓမ္မစွမ်းအားများက​နေ စုဖွဲ့ထားသော အရိုးစုများ ဖြစ်လေသည်။

အရိုးဖြူငရဲခန်း ဆင်းသက်လာပြီးနောက် ဓားဂိုဏ်းမှ ဓားကျင့်ကြံသူများ အားလုံးသည် သီးခြားခွဲထုတ်ခံရပြီး သူတို့ကိုယ်သူတို့ အနိုင်နိုင်ခုခံနေရလေသည်။

တူကူကျန့်ကဲ့သို့သော ကြောက်စရာကောင်းသည့် ဓားသမားတစ်ယောက် သူ့ဘေးမှာ ရှိနေသည့်အတွက် ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဆက်တိုက်သတ်ဖြတ်ခြင်း ခံနေရလေသည်။

တစ်ခဏအတွင်းမှာပင်.. ဓားဂိုဏ်းကျင့်ကြံသူ ၁၀ယောက်သာလျှင် ကျန်ရှိတော့လေသည်။

အခြေအနေက အလွန်တရာ အန္တရာယ်များလာပြီး ဒီတိုင်းဆက်သွားလျှင် သူတို့အားလုံး သေရတော့မည်ဆိုတာကို တာအိုသက်ရှိ လီချွမ်က သိမြင်နားလည်သွားကာ သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ခုက ဖျပ်ခနဲ လက်သွားလေသည်။

သူက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မပညာရပ်အချို့ကို ထုတ်ဖော်ပြီး သူ၏လျှာကို ညင်သာစွာ ကိုက်လိုက်လေသည်။ သူက အဆီအနှစ် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်လေသည်။

“လောင်ကျွမ်းစမ်း”

သူ၏ အဆီအနှစ်သွေးက ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် တာအိုသက်ရှိ လီချွမ်၏ အော်ရာက ထိုးတက်လာပြီး အလွန်တရာ ထက်ရှလာကာ သူ့ဘေးတွင်ရှိသော ငရဲခန်းကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေသည်။

ဘုန်း..

ငရဲခန်းက လှုပ်ခါသွား​ပြီး ရုတ်တရက် ပြိုကျလာခဲ့လေသည်။

တာအိုသက်ရှိ လီချွမ်၏ အပြုအမူနောက်ကွယ်မှ လျှို့ဝှက်ချက်ကို ဆူဇီမိုက မြင်နိုင်ပြီး သူက ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။

“မင်းက အဲဒီ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်ပြီး မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေမယ်ဆိုရင် မင်းရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး မူလနတ္ထိအဆင့်မှာပဲ ရပ်တန့်နေရလိမ့်မယ်”

တာအိုသက်ရှိ လီချွမ်နှင့် အခြားသူများသည် ငရဲခန်းကို​​ ဖောက်ထွက်၍ ချက်ချင်းပင် လှည့်ထွက်ပြေးကြလေသည်။

သူက အငြိုးအတေးကြီးသော အမူအရာဖြင့်​ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး လှည့်ကြည့်လိုက်လေသည်။ သူက အံကိုကြိတ်ပြီး ပြောလိုက်လေသည်။

“ဆူဇီမို.. အနည်းဆုံးတော့ ငါတို့က အသက်ရှင်လျက် ပြန်သွားနိုင်သေးတယ်.. မင်းကတော့ ဒီနေရာမှာ မြုပ်နှံခံရလိမ့်မယ်”

“မင်းက ဒီနေရာကို ဝင်ရောက်လာပြီးရင် အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ဖို့ကို မေ့ထားလိုက်တော့.. ဆူဇီမို.. ဒီနေရာမှာ မင်းရဲ့အသက်ကို နှုတ်ယူချင်တဲ့ ပညာရှင်တွေ အများကြီးရှိနေတယ်.. ဟားဟားဟားဟား “

“မင်းပြောတာ မှားနေတယ်”

ဆူဇီမိုက သူ၏ခေါင်းကို အနည်းငယ်ခါပြီး အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။

“မင်းတို့ အားလုံးက မလွတ်မြောက်နိုင်ဘူး”

သူ့စကားပြောလို့ မဆုံးသေးခင်မှာပင် ဆူဇီမိုသည် သူ၏လက်နှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ စုပြီး တာအိုသက်ရှိ လီချွမ်နှင့် အခြားသူများ ရှိရာဘက်သို့ ညင်သာစွာ ပစ်ထုတ်လိုက်လေသည်။

ဇီ..

အဖြူရောင်ဓားအလင်းတန်းက ဆူဇီမို၏ လက်ချောင်းထိပ်ကနေ ပစ်လွင့်ထွက်ပေါ်လာ​ပြီး တာအိုသက်ရှိ လီချွမ်ရှေ့သို့ ချက်ချင်းနီးပါး ရောက်ရှိလာခဲ့လေသည်။

ဓားကျင့်ကြံသူ ၁၀ယောက်သည် တစ်ယောက်ပြီးတစ်ယောက် လှည့်၍ သူတို့၏ ဓားများဖြင့် ခုခံလိုက်ကြလေသည်။

တာအိုသက်ရှိ လီချွမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။

သူသည် ထိုဓားချီမှ သေခြင်းအော်ရာကို ခံစားမိနေလေသည်။

ဖောက်..

ဓားချီက ဓားကျင့်ကြံသူ ၁၀ယောက်၏ ဓားများကို မည်သည့် အဟန့်အတားမှမရှိဘဲ လှီးဖြတ်ကာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်က ရုန်းကန်ထွက်ပေါ်လာပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်လေသည်။

ဓား ၁၀လက်စလုံးက ကျိုးပဲ့ကျသွားလေသည်။

ဓားကျင့်ကြံသူ ၁၀ယောက်သည် ဓားချီဖြင့် နှစ်ပိုင်းလှီးဖြတ်ခံရပြီး လေထဲတွင် သွေးများက ပျံ့နှံ့သွားခဲ့လေသည်။ သူတို့၏ အတွင်းကလီစာများက ထွက်ကျလာပြီး ညှီစို့စို့ အနံ့များက လေထဲမှာ ပြည့်နှက်သွားခဲ့လေသည်။

ဧရာမ ဓားခြေရင်းမှာ တိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ.. သူတို့၏ မျက်လုံးက ပြူးကျယ်သွားပြီး ကြက်သီးမွေးညင်းများ ထလာကြလေသည်။

All Chapters