← Chapters

တာအိုသက်ရှိ ဖန်သား

Vol. 67 Ch. 996

တာအိုသက်ရှိ ဖန်သား

Vol. 67 Ch. 996

တိုက်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

တူကူကျန့်သည် ဆူဇီမိုကို ကြည့်ပြီး ဘာစကားမှ ပြောဆိုခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်လေသည်။

သူက မည်သူ့ကိုမှ စကားမပြောဘဲ တသီးတခြား နေတတ်လေသည်။ သူ၏ ထိုကဲ့သို့သော အပြုအမူက ဆူဇီမိုအပေါ် ကျေးဇူးတင်ကြောင်း ပြသလိုက်ခြင်းပင်။

ဆူဇီမိုက နားလည်ပြီး ပြုံးပြလိုက်လေသည်။

တစ်ဘက်တွင်တော့ သူသည် တူကူကျန့်အတွက် တိုက်ခိုက်ခြင်းဖြစ်လေသည်။ အခြားတစ်ဘက်မှာတော့ ဓားဂိုဏ်းမှ ပကတိမူလနတ္ထိ ၇ယောက်သည် အစကတည်းက သူ့အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်လေသည်။

ဤဓားကျင့်ကြံသူများကို သတ်ဖြတ်လိုက်ခြင်းဖြင့် သူ၏ အနာဂတ်ပြဿနာ တချို့ကို ဖြေရှင်းပြီးသား ဖြစ်သွားခဲ့လေပြီ။

တူကူကျန့်သည် ဓားဂိုဏ်းမှ ကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို လျစ်လျူရှုပြီး ဧရာမ ဓားခြေရင်းဆီသို့ လျှောက်လှမ်းသွားလေသည်။ သူက ခေါင်းကိုမော့ပြီး အစက ဗလာကျင်းနေသော သူ၏မျက်လုံးများသည် တဖြည်းဖြည်းနှင့် တောက်လောင်ပြင်းပြလာခဲ့လေသည်။

သူ၏ အထီးကျန်နေသော မျက်လုံးများထဲတွင် အသက်ဓာတ် တစွန်းတစက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။

အခြားသော ကျင့်ကြံသူများနှင့်မတူဘဲ တူကူကျန့်သည် မည်သည့် တာအိုနှလုံးသားကိုမှ တည်ဆောက်ခြင်း မရှိပေ။ သူက သူ့ရှေ့ရှိ ဧရာမဓားကို ငေးကြည့်နေရုံမျှသာ ဖြစ်လေသည်။

သူ၏အကြည့်က ကြည်လင်ရှင်းသန့်နေလေသည်။

တူကူကျန့်၏ မျက်လုံးထဲတွင် ဓားတာအိုမှလွဲပြီး တခြားဘာမှမရှိပေ။ စကားသံဖြင့် ပြောဆိုခြင်း မရှိဘဲ တူကူကျန့်၏ တာအိုနှလုံးသားကို လက်ရှိကျင့်ကြံသူများက ခံစားမိလိုက်ကြလေသည်။

အဲဒါက ဓားတစ်လက်မျှသာ ဖြစ်လေသည်။

ရွှစ်..

ဧရာမဓား၏ ပတ်လည်တွင် ကြောက်စရာကောင်းသည့် မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်လိုက်လေသည်။

တုန်လှုပ်စရာ အကောင်းဆုံးအချက်မှာ.. မုန်တိုင်းထဲကနေ အလွန်တရာ ထက်ရှသည့် ဓားချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လေဟာနယ်ကို အပိုင်းပိုင်း ချေမွဖျက်ဆီးလိုက်လေသည်။

အမွေအနှစ်ဖြစ်စဉ်တစ်ခုက ပေါ်ထွက်လာခဲ့လေပြီ။

မုန်တိုင်းက တဝီဝီအော်မြည်နေပြီး တူကူကျန့်ကို သဲ့ယူကာ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့လေသည်။

တူကူကျန့် ပျောက်ကွယ်သွားသည့် အချိန်ထိ ဆူဇီမိုက စောင့်ဆိုင်းနေပြီး.. အဲဒီနောက် မြေပြင်ပေါ်တွင် ကျနေသော ဓားဂိုဏ်းကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို ကောက်ယူလိုက်လေသည်။

ထိုသိုလှောင်အိတ်များထဲတွင် ထိပ်တန်းအဆင့်ရတနာများ မရှိနိုင်သော်လည်း အဲဒီမှာ အသုံးဝင်သော ဆေးလုံးတချို့ သေချာပေါက် ရှိပေလိမ့်မည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက လူစုခွဲခြင်း မရှိပေ။ သူတို့က ခပ်လှမ်းလှမ်းကနေ ရပ်နေပြီး ဆူဇီမိုကို တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြလေသည်။ အဲဒီမှာ စိတ်လှုပ်ရှားခြင်း၊ သတိထားခြင်း၊ ရန်လိုခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရှိနေလေသည်။

တာအိုအမွေအနှစ်ကုန်းမြေက ကြီးမားကျယ်ပြန့်သော နေရာတစ်ခု မဟုတ်ပေ။

သိပ်မကြာမီ.. ဤတိုက်ပွဲ၏ သတင်းက တာအိုအမွေအနှစ်ကုန်းမြေတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး သူရောက်ရှိလာသည်ကို လူတိုင်းက သိရှိသွားပေလိမ့်မည်။

ထိုအချိန်ကျမှ သူ့အတွက် စမ်းသပ်မှုက အမှန်တကယ် စတင်ပေလိမ့်မည်။

ဆူဇီမိုသည် သီယင်းနှင့် မြန်မြန်ဆန်ဆန် တိုက်ခိုက်လိုခြင်း မရှိသေးပေ။

သူသည် တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာခဲ့လျှင်တောင် သူ၏ အကန့်အသတ်ကို သူသိလေသည်။ သူ၏ သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်နှင့် မျိုးဆက်သွေးက ကန့်သတ်ချုပ်နှောင်ခံထားရသည့်အတွက် သီယင်းကို အနိုင်ရဖို့ သူ၏အခွင့်က နည်းပါးလေသည်။

အဲဒါကြောင့် သူသည် ကပ်ဘေးသုံးဆင့်နယ်မြေသို့ အရင်သွားရောက်ပြီး သူလိုချင်သည့် အမွေအနှစ်တချို့ကို ရရှိနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။

သူသည် မူလနတ္ထိအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်မည် မဟုတ်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက တိုးပွားလာပေလိမ့်မည်။

ဖျတ်ခနဲဆို ဆူဇီမိုက လျှပ်စီးထွက်ပြေးခြင်း နည်းစနစ်ကို အသက်သွင်း​ပြီး ခရမ်းရောင် လျှပ်စီးတန်းတစ်ခုအသွင်ပြောင်းကာ အဝေးတစ်နေရာသို့ ပျံသန်းသွားလေသည်။

“ဆူဇီမိုက သွားပြီဟေ့”

“သူ့နောက်ကို မြန်မြန်လိုက်ဟေ့.. အဲဒီမှာ သေချာပေါက် ပြပွဲတစ်ခု ရှိလာလိမ့်မယ်”

များစွာသော ကျင့်ကြံသူများက နောက်ကနေ လိုက်ပါလာကြလေသည်။

ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က မမြင့်မားသော်လည်း အနက်ရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်၏ စွမ်းအားက မူလနတ္ထိတစ်ယောက်ထက် အားနည်းခြင်း မရှိပေ။

လျှပ်စီးထွက်ပြေးခြင်း နည်းစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနိုင်သော ကျင့်ကြံသူက အနည်းအကျဉ်းသာ ရှိလေသည်။

ထိုသို့ဆိုလျှင်တောင် အဲဒီမှာ ခြေရာကောက်ခြင်းတွင် အထူးတလည် ကျွမ်းကျင်သော မူလနတ္ထိအချို့ရှိပြီး သူတို့က နောက်ကနေ လိုက်လာနိုင်ခဲ့လေသည်။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။ သူက သူ၏ လမ်းကြောင်းကို စောစောစီးစီး ထုတ်ဖော်ပြသလိုခြင်း မရှိသေးပေ။ ရုတ်တရက်.. ဓမ္မစွမ်းအားများဖြင့် ပြုလုပ်ထားသော ဧရာမ တောင်ပံတစ်စုံက သူ၏ကျောထက်တွင် ထွက်ပေါ်လာလေသည်။

သူ၏တောင်ပံများကို တဖျပ်ဖျပ် ခတ်ပြီး သူ၏ အမြန်နှုန်းက တိုးလာခဲ့လေသည်။

ဝှစ်..

ခရမ်းရောင်လျှပ်စီးတန်းက လေထုကို ဆုတ်ဖြဲ​ပြီး လူတိုင်း၏ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့လေသည်။

သူ့နောက်ရှိ ကျင့်ကြံသူများကို ခါချပြီးနောက်.. ဆူဇီမိုသည် ကပ်ဘေးသုံးဆင့်နယ်မြေဆီသို့ ဦးတည်လိုက်လေသည်။ သူက လမ်းတစ်လျှောက်တွင် မည်သည့် အမွေအနှစ်အတွက်မှ ရပ်တန့်ခြင်း မရှိခဲ့ပေ။

တစ်ရက်ကြာပြီးနောက်..

ဆူဇီမိုသည် သူ၏အရှိန်ကို တဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီး သူ၏ သက်လုံအားကို ဖြည့်တင်းဖို့အတွက် ဆေးလုံးတချို့ကို စားသုံးလိုက်လေသည်။

သိပ်မကြာမီ.. သူ့နောက်ဘက် ကောင်းကင်ယံကနေ ရွှေရောင်အလင်းတန်းတစ်ခုက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပျံသန်းလာလေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။ သူ၏ လျှပ်စီးထွက်ပြေးခြင်း နည်းစနစ်ကို ဆန်းကြယ်တောင်ပံများနှင့် ပေါင်းစပ်ထားသောအခါ.. သူက အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားသွားလာနိုင်လေသည်။

အဲဒါက တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာပြီးကတည်းက သူ ပထမဆုံးကြုံတွေ့ရသည့် ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်လေသည်။

ရွှေရောင်အလင်းတန်းက ရပ်တန့်ခြင်းမရှိဘဲ သူ၏ ဦးခေါင်းပေါ်ကနေ ပျံသန်းသွားလေသည်။

သိပ်မကြာမီ.. ရွှေရောင်အလင်းတန်းက ရပ်တန့်သွားပြီး ကျင့်ကြံသူတစ်ယောက်၏ ရုပ်လုံးက ထွက်ပေါ်လာခဲ့လေသည်။ သူက တောက်ပသော ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မြင့်မားသော အရပ်အမောင်း ရှိလေသည်။ သူ၏ ဆံပင်ရှည်များက သူ၏ ပခုံးပေါ်မှာ ပြန့်ကျနေလေသည်။

ရွှေရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုဘက်သို့လှည့်ပြီး ပြုံးပြကာ မေးလိုက်လေသည်။

“တာအိုရောင်းရင်း.. ဒီနားမှာ ခရမ်းရောင် လျှပ်စီးတန်းတစ်ခု ဖြတ်သွားတာ မြင်လိုက်မိသေးလား”

“အမ်.. “

ဆူဇီမိုက ထိုလူ၏ အင်္ကျီလက်မောင်းကို တစ်ချက်ကြည့်လိုက်လေသည်။

ဖန်သားနန်းတော်၏ အမှတ်တံဆိပ်..

တာအိုအရှင် အဆုံးစွန်မီးနှင့် အခြားသူများ တွေးထင်ထားခဲ့သလိုပင်။ ကစဉ့်ကလျားအမြုတေဂိုဏ်း၊ ဓားဂိုဏ်း၊ ကောင်းကင်စင်ရော်ဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်တို့အပြင် အခြားသော ထိပ်သီးဂိုဏ်းကြီးများကလည်း သူတို့၏ ပညာရှင်များကို တကယ်ပဲ စေလွှတ်ခဲ့ကြလေသည်။

ရွှေရောင်ဝတ်ကျင့်ကြံသူက ဆူဇီမို၏ ပုံပန်းသွင်ပြင်ကို မြင်သောအခါ.. သူကလည်း အနည်းငယ် မှင်တက်သွားခဲ့လေသည်။

ဆူဇီမို၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးပြီးနောက်.. ရွှေရောင်ဝတ်ကျင့်ကြံသူသည် သူ၏အပြုံးကို ဖြည်းဖြည်းချင်း ရုတ်သိမ်းပြီး အေးစက်စက် အလင်းတစ်ချက်နှင့်အတူ သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။

ပြောစရာမလိုအောင်ပင်.. သူက ဆူဇီမို၏ သရုပ်သကန်ကို ခန့်မှန်းမိသွားလေပြီ။

သူတို့နှစ်ယောက်သည် ပေ ၃၀သာ ကွာဝေးပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြလေသည်။ သူတို့နှစ်ယောက်က အမူအရာ ကင်းမဲ့၍ မလှုပ်မယှက် ရှိနေကြလေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်၏ အားနည်းချက်ကို တစ်ယောက်ရှာဖွေရင်း လေထုက တင်းကျပ်လာခဲ့လေသည်။

သတ်ဖြတ်လိုစိတ်က လေထဲမှာ ပျံ့နှံ့လာခဲ့လေသည်။

လှုပ်ရှားမှု တစ်စုံတစ်ရာ ပြုလုပ်လိုက်သည်နှင့် မဟာတိုက်ပွဲတစ်ပွဲက ဖြစ်ပွားလာပေတော့မည်။

“ငါထင်တာ မမှာဘူးဆိုရင် မင်းက ဆူဇီမိုပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

ရွှေရောင်ဝတ်ကျင့်ကြံသူက ပထမဆုံး စတင်၍ စကားပြောဆိုလိုက်လေသည်။

ဆူဇီမိုက ပြန်မေးလိုက်လေသည်။

“မင်းက ဘယ်သူလဲ”

“ငါ့ရဲ့ တာအိုဘွဲ့က.. “

ရွှေရောင်ဝတ်ကျင့်ကြံသူသည် ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်လေသည်။

“ဖန်သား”

သူ၏ တာအိုအမည်က ဖန်သားဆိုမှတော့ သူက မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်လေသည်။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။

ဤနေရာသို့ ဝင်ရောက်လာပြီးနောက်.. သူ ပထမဆုံး ကြုံတွေ့ရသည့် မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်လေသည်။

ဝုန်း..

ဆူဇီမိုက စိတ်အာရုံ အနည်းငယ် ပျက်ယွင်းသွားသည့် အချိန်မှာပင်.. တာအိုသက်ရှိဖန်သား၏ မျက်လုံးက ဝင်းလက်သွားပြီး ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

သူ၏ ချိန်သားကိုက် လှုပ်ရှားမှုက ပြီးပြည့်စုံနေလေသည်။

ပေ ၃၀ အကွာအဝေးက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ဖန်သားနန်းတော်သည် ကျင့်ကြံရေးလောကရှိ အသန်မာဆုံး ခန္ဓာမီးဆေးဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။ သူတို့က အရမ်းကို နာမည်ကြီးကျော်ကြားပြီး ပဒေသရာဇ်နန်းတော်နှင့် စိန်ကျောင်းတော်တို့နှင့် ယှဉ်နိုင်လေသည်။

ဖန်သားနန်းတော် ကျင့်ကြံသူများသည် အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာပြီး သားရဲတောကောင်များနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။

တာအိုသက်ရှိဖန်သားက ဤနေရာမှာ ပို၍ပင် ကြောက်စရာကောင်းနေလသည်။

ဝေါ..

ဆူဇီမို၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းက ဖြန့်ကြက်သွားသည်ကို မြင်ရ​ပြီး သူ၏နားထဲတွင် ဆူနာမီအသံကို ကြားလိုက်ရလေသည်။

တာအိုသက်ရှိဖန်သားသည် သူ၏ မျိုးဆက်သွေးကို ဆူနာမီသွေးအဆင့်ထိ ကျင့်ကြံထားပြီးလေပြီ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ ဆူဇီမိုသည် သူတို့၏ မျိုးဆက်သွေးကို ဤအဆင့်ထိ ကျင့်ကြံထားနိုင်သောလူ ၅ယောက်ထက် ပိုမတွေ့ဖူးပေ။

တာအိုသက်ရှိဖန်သား၏ ထိုးချက်သည် သူ၏ မျိုးဆက်သွေးနှင့်အတူ တရှိန်ထိုး ပစ်ဝင်လာခဲ့လေသည်။ အဲဒီမှာ ခြစ်ခြစ်တောက် ပူလောင်၍ ပြင်းထန်ကြမ်းကြုတ်သော အော်ရာတစ်ခုကလည်း ထွက်ပေါ်လာခဲ့လေသည်။

အစစ်အမှန် ပညာရှင်တစ်ယောက်..

ဆူဇီမိုက လှုပ်ရှားကွက်တစ်ကွက်နှင့်အတူ အရေးနိမ့်သွားခဲ့ရလေပြီ။

သူသည် စိတ်အာရုံ အနည်းငယ် ပျက်ယွင်းသွားပြီး စဦးအရေးနိမ့်မှုကို ကြုံတွေ့လိုက်ရလေသည်။

ယခု တာအိုသက်ရှိဖန်သားက သူ၏ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီး သူက သိုလှောင်အိတ်ကိုထိကာ ကောင်းကင်ဖြိုခွဲသူကို ဆင့်ခေါ်ထုတ်ဖို့ အချိန်မရတော့ပေ။

ဆူဇီမိုသည် သူ၏ ညာဘက်လက်ကို မြှောက်ပြီး လက်သီးဆုပ်ကာ တာအိုသက်ရှိဖန်သား၏ လက်သီးနှင့် ဆိုင်ထိုးလိုက်လေသည်။

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားလေသည်။

ဘုန်း..

အဲဒီမှာ အလွန်ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

နှစ်ယောက်စလုံးက ဆတ်ခနဲ တုန်ယင်သွားကြလေသည်။

ဆူဇီမိုသည် နောက်သို့ခြေလှမ်းဝက်ဆုတ်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။

သူ၏ ညာဘက်လက်က နတ်ဖီးနစ်အရိုးနှင့်အတူ အဆင်ပြေဟန်ရသော်လည်း သူ၏ ညာဘက်လက်တစ်ခုလုံးက ထုံကျင်သွားလေသည်။ သူလက်ခံရရှိသော ထိုးနှက်ချက်က ဘယ်လောက်တောင် ပြင်းထန်လဲ သိသာလေသည်။

သူက သူ၏ မျိုးဆက်သွေးကို အသက်မသွင်းနိုင်သောကြောင့် သူ၏ ညာဘက်လက်ထဲရှိ နတ်ဖီးနစ်အရိုး၏ အကူအညီနှင့်ပင်လျှင် သူက တာအိုသက်ရှိဖန်သား၏ စွမ်းအားကို မခုခံနိုင်ခဲ့ပေ။

တာအိုသက်ရှိဖန်သား၏ သူငယ်အိမ်ကလည်း တင်းကျပ်သွားခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်လာပြီးနောက်.. ဆူဇီမို၏ သားရဲမျိုးဆက်သွေးသည် ဖိနှိမ်ခံထားရပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျနေသည်ဟု သူက ကြားသိထားရလေသည်။

ထိုသို့ဆိုလျှင်တောင်.. သူက အရင်ဦးစွာ စ၍တိုက်ခိုက်ခဲ့တာတောင်.. အပြတ်အသတ် အသားစီးရရှိနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်မထားမိပေ။

All Chapters