← Chapters

ရက်စက်ကြမ်းကြုတ်သော

Vol. 67 Ch. 998

ရက်စက်ကြမ်းကြုတ်သော

Vol. 67 Ch. 998

“ဖန်သားမျက်လုံး”

တာအိုသက်ရှိဖန်သားသည် အချိန်မီ တုံ့ပြန်​ပြီး သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်လေသည်။

ချက်ချင်းပင်.. သူ၏မျက်လုံးက လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုဖြင့် တောက်ပလာပြီး တဖျပ်ဖျပ် တလက်လက် တောက်ပနေသော ကျောက်မျက်နှစ်ခုနှင့် တူလာလေသည်။ သူ၏ မျက်လုံးကနေ သက်တံနတ်ဘုရား အလင်းတန်းနှစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး ဝင်ရောက်လာသော ဓားပျံ ၃၆လက်ကို လွှမ်းခြုံသွားခဲ့လေသည်။

ဓားပျံ ၃၆လက်သည် ရွှံ့ညွန်တောထဲသို့ ဝင်ရာက်သွားသည့်အလား.. သက်တံနတ်ဘုရားအလင်း၏ လွှမ်းခြုံမှုတွင် အရှိန်လျော့ကျကာ ရှေ့ဆက်မတိုးနိုင်တော့ပေ။

ဖန်သားနတ်ဘုရားအလင်း၏ စွမ်းအားသည် တုန်လှုပ်စရာကောင်းပြီး ၎င်း၏ လွှမ်းခြုံခြင်းခံရပါက သာလွန်အဆင့် ဓမ္မလက်နက်များပင်လျှင် သတ္တုပျက်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်လေသည်။

ဓားပျံ ၃၆လက်သည် ဓမ္မလက်နက်များ မဟုတ်သော်လည်း.. သူတို့ကို မီးပဒေသာကျောက်တုံးကနေ ဖန်တီးပြုလုပ်ထားခြင်း ဖြစ်လေသည်။

မူလနတ္ထိတစ်ယောက် ဆင့်ခေါ်ထားသော ဖန်သားနတ်ဘုရားအလင်းကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် မီးပဒေသာကျောက်တုံးကို တိုက်စားနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက သူ၏အတွေးဖြင့် ထိန်းချုပ်လိုက်လေသည်။

ဓားပျံ ၃၆လက်သည် သူတို့၏ လမ်းကြောင်းကို ရပ်တန့်၍ ရုတ်တရက်​ နောက်သို့ ဆုတ်ခွာလိုက်လေသည်။ သူတို့က လေထဲမှာ ယှက်ဖြာ၍ ဓားချီလမ်းကြောင်းများကို ချန်ရစ်ကာ ကြောက်စရာကောင်းသည့် ဓားဝင်္ကပါတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ချွင်း.. ချွင်း..

မီးပဒေသာ ဓားဝင်္ကပါက ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့သို့ ပစ်ဝင်သွားလေသည်။

ရှဲ.. ရှဲ..

သက်တံနတ်ဘုရားအလင်းသည် မီးပဒေသာ ဓားဝင်္ကပါ၏ ဖြိုခွဲခြင်းကို ခံရ​ပြီး ဓားချီများက အလွန်တရာ ထက်ရှနေလေသည်။ ရုတ်တရက် အဲဒါက ပေါက်ကွဲထွက်သွားပြီး တာအိုသက်ရှိဖန်သား၏ မျက်လုံးထဲသို့ ဝင်ရောက်သွားလေသည်။

“အား..”

တာအိုသက်ရှိဖန်သားသည် ရုတ်တရက် ပြောင်းလဲမှုတွင် နာကျင်မှုဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

သူ၏မျက်လုံးကနေ သွေးများက စီးကျလာပြီး သူက မျက်စိကွယ်သွားခဲ့လေသည်။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။

စောစောကတင်.. ဆူဇီမိုသည် တာအိုသက်ရှိဖန်သား၏ အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံထားရလေသည်။ လျှပ်တပြက်အတွင်းမှာ တိုက်ပွဲ၏ အလှည့်အပြောင်းက ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။ ဆူဇီမိုသည် ဤအခွင့်အရေးကို လက်လွှတ်ခံစရာ အကြောင်းမရှိဘဲ မီးပဒေသာ ဓားဝင်္ကပါကို တာအိုသက်ရှိဖန်သား၏ ဦးခေါင်းဆီသို့ ပစ်ထုတ်လိုက်လေသည်။

“ဖန်သားလို ခန္ဓာကိုယ်..

အတွင်းအပြင် ကြည်လင်..

အညစ်အကြေးများကို သန့်စင်..

မဖျက်ဆီးနိုင်သော အသွင်”

တာအိုသက်ရှိဖန်သားသည် မျက်စိကွယ်သွားသော်လည်း.. သူ၏စိတ်ကို ချက်ချင်းပင် တည်ငြိမ်စေပြီး ဖန်သားနှလုံးသားသုတ္တန်မှ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။ ရုတ်တရက်.. စွမ်းအားကြီးသော အားလှိုင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။

ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ဖန်သားကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုက လွှမ်းခြုံသွားပြီး.. အဲဒါက အနာအဆာ ကင်းစင်၍ ဖျက်ဆီးလို့ မရနိုင်ပေ။

ချွမ်း..

သူက ဖန်သားနှလုံးသားသုတ္တန်မန္တန်ကို ထုတ်ဖော်ပြီးသည့် အချိန်မှာပင် မီးပဒေသာ ဓားဝင်္ကပါက ဆင်းသက်လာပြီး စူးစူးဝါးဝါး သတ္တုချင်း ထိခတ်သံကို ထွက်ပေါ်လာစေလေသည်။

မီးပဒေသာ ဓားဝင်္ကပါ၏ ထက်ရှမှုနှင့် ရင်ဆိုင်ရချိန်တွင် တာအိုသက်ရှိဖန်သား၏ ဦးခေါင်းက အကောင်းအတိုင်း ကျန်ရှိခဲ့လေသည်။

ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ မီးပဒေသာ ဓားဝင်္ကပါသည် တန်ပြန်ကန်အားဖြင့်​ ချက်ချင်းပင် ပြိုကွဲသွားပြီး ဆက်လက်၍ မစုဖွဲ့နိုင်တော့ပေ။

သူက မျက်စိကွယ်နေလျှင်တောင် တာအိုသက်ရှိဖန်သား၏ တိုက်ခိုက်ရည်ခွန်အားက အလွန်တရာ ကြောက်စရာကောင်းနေဆဲ ဖြစ်လေသည်။

သို့သော်လည်း ထိုတိုက်ခိုက်ဖလှယ်မှုအပြီး၌ တာအိုသက်ရှိဖန်သား၏ အားသာချက်က ပျောက်ဆုံးသွားပြီး ဆူဇီမိုက အသာစီး ရရှိလာခဲ့လေသည်။

“ဖန်သား.. မင်းက ရှုံးသွားပြီ”

ဆူဇီမိုက ဟိန်းဟောက်၍ အလွန်ကြီးမားသော အော်ရာတစ်ခုနှင့်အတူ ရှေ့သို့ လှမ်းတက်လိုက်လေသည်။ သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး တာအိုသက်ရှိဖန်သား၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်လေသည်။

“တန်တစ်ထောင် လက်ညိုး”

တာအိုသက်ရှိဖန်သားက သူ၏လက်ညိုးကို ဆန့်ထုတ်ပြီး ဓမ္မစွမ်းအားများကို ရုန်းကန်ထွက်ပေါ်လာစေလေသည်။ သူ၏လက်ညိုးတစ်ခုလုံးက ကျောက်စိမ်းတစ်ခုအသွင် ပြောင်းလဲသွားသည်ဟု ထင်ရပြီး အလွန်ကြီးမားပြင်းထန်သည့် ခွန်အားနှင့်အတူ ဆူဇီမို၏ ရင်အုပ်ဆီသို့ တိုးဝင်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင်.. သူ၏နှာရောင်က တောက်ပသွားပြီး သက်တံရောင် စိတ်ဝိညာဉ်အလင်းတန်းတစ်ခုကို ထုတ်ဖော်ကာ ဆူဇီမို၏ နှာရောင်ဆီသို့ ပစ်သွင်းလိုက်လေသည်။

အဲဒါက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ဖြစ်လေသည်။

တာအိုသက်ရှိဖန်သားသည် မျက်စိကွယ်နေလျှင်တောင် သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ပေါ် မှီခို၍ တိုက်ခိုက်နိုင်နေဆဲ ဖြစ်လေသည်။

သို့သော် ယခုအခါ သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုပင် ထုတ်ဖော်လာရပေပြီ။ တာအိုသက်ရှိဖန်သားသည် သွေးရူးသွေးတန်း ဖြစ်နေပြီး ဆူဇီမိုကို သတ်ဖို့အတွက် သူ့မှာရှိသမျှ အရာရာတိုင်း ထုတ်သုံးလာရသည်မှာ သိသာလေသည်။

“ဒါက မူလနတ္ထိတစ်ယောက်ရဲ့ အစစ်အမှန် ဝှက်ဖဲပဲ”

“အဲဒါက တစ်ချက်တည်းနဲ့ အပြီးသတ်သွားနိုင်တဲ့ လှုပ်ရှားကွက်ပဲ.. တာအိုသက်ရှိဖန်သားက စောစောကတည်းက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့မယ်ဆိုရင် သူက အခုလို အခြေအနေမျိုးတောင် ရောက်ရမှာ မဟုတ်ဘူး”

“အခုလည်း သူက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ပြီဆိုတော့.. တိုက်ပွဲရဲ့ ရလဒ်က မကြာခင် ဆုံးဖြတ်ပြီးသား ဖြစ်သွားလိမ့်မယ်”

လူအုပ်ကြီးက ဆွေးနွေးနေစဉ်မှာပင်.. ဆူဇီမို၏ ဘယ်ဘက် လက်ကောက်ဝတ်ကနေ မြင့်မြတ်ထည်ဝါသော ဗုဒ္ဓအလင်းရောင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားခဲ့လေသည်။

မင်းဝမ်ဆုတောင်းပုတီး..

သက်တံရောင် ဖန်သားအလင်းက ဗုဒ္ဓအလင်းရောင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ခဏမျှ ရပ်တန့်ပြီးနောက်.. ဗုဒ္ဓအလင်းရောင်က ကြေမွပျက်စီးသွားလေသည်။

တကယ်တော့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ စွမ်းအားအများစုကလည်း ဗုဒ္ဓအလင်းရောင်၏ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရလေသည်။

ကြွင်းကျန်နေသော စိတ်ဝိညာဉ်အသိစိတ်သည် ဆူဇီမို၏ အသိစိတ်ထဲသို့ တိုးဝင်သွား​ပြီးနောက်.. အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာမှ ကြာစေ့များ၏ ထိုးဖောက်လှီးဖြတ်ခြင်းကို ခံရကာ ဘာမှမကျန်ရှိတော့ပေ။

“အဲဒါက အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုပဲ”

“မည်ကာမတ္တ တပည့်တစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုတောင် ခုခံနိုင်တယ်ဆိုတော့.. အဲဒါက ဘယ်လို အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်မျိုးပါလိမ့်”

“ဆူဇီမိုက နဖူးက ခြေဖျားအထိ ရတနာတွေနဲ့ တကယ်ပဲ ပြည့်နှက်နေတာပဲ”

များစွာသော ကျင့်ကြံသူများသည် ဆူဇီမို၏ ဘယ်ဘက် လက်ကောက်ဝတ်ကို တောက်လောင်ပြင်းပြသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုက ပိုလို့ပင် တုန်လှုပ်သွားရလေသည်။

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာတုန်းက.. မူလနတ္ထိ ၅ယောက်သည် ပူးပေါင်း၍ သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့စဉ်ကပင်.. သူက ဒဏ်ရာ လုံးဝ မရရှိနိုင်ခဲ့ပေ။

သို့သော် ယခုအခါမှာတော့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုက မင်းဝမ်ဆုတောင်းပုတီးကနေ ဖြစ်ပေါ်လာသော အကာအရံအလွှာကို ချက်ချင်းပင် ကြေမွသွားစေခဲ့လေသည်။

တူညီသော စွမ်းအားနှင့် နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခု ထွက်ပေါ်လာမည်ဆိုလျှင် အဲဒါက သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပင် ခြိမ်းခြောက်နိုင်ဖို့ လုံလောက်လေသည်။

အဲဒါက မည်ကာမတ္တတပည့်တစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်၏ စွမ်းအားဖြစ်လေသည်။ မင်းဝမ်ဆုတောင်းပုတီးနှင့် ဖန်တီးခြင်းကြာပဒုမ္မာထံမှ ကြာစေ့များကြောင့်သာ မဟုတ်လျှင် သူက ထိုလှုပ်ရှားကွက်တစ်ကွက်တည်းနှင့် သတ်ဖြတ်ခံရပေလိမ့်မည်။

အဲဒါက ယခုအချိန်တွင် သူ၏ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်လေသည်။

မူလနတ္ထိအဆင့်သို့ ရောက်အောင် မကျင့်ကြံနိုင်သေးသရွေ့ သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို မထုတ်ဖော်နိုင်ဘဲ ခုခံရုံသာ တတ်နိုင်လေသည်။

ဆူဇီမိုက တုန်လှုပ်သွားရလေသည်။

ထိုအခိုက်အတန့်တွင်.. တာအိုသက်ရှိဖန်သားက ပို၍ပင် တုန်လှုပ်မှင်တက်သွားရလေသည်။

ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် ဖန်သားနန်းတော်၏ အထူးသီးသန့် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး အရမ်းကို ကြမ်းကြုတ်ခက်ထန်လေသည်။

နိုးထဝိညာဉ်တစ်ယောက်ကို မပြောနှင့်.. အဆင့်တူချင်းမှာရှိသော မူလနတ္ထိများပင်လျှင် ထိုပညာရပ်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံရနိုင်လေသည်။

တာအိုသက်ရှိဖန်သားသည် မျက်စိကွယ်သွားတာတောင် ချက်ချင်း ထွက်မပြေးသည့် အကြောင်းရင်းမှာ သူသည် ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ဖြင့် ဆူဇီမိုကို သတ်ဖြတ်ချင်သောကြောင့် ဖြစ်လေသည်။

သူက ဆူဇီမိုကို နေရာမှာပင် မသတ်ဖြတ်နိုင်လျှင်တောင် သူက ထိုသူကို ဒဏ်ရာအပြင်းအထန် ရရှိစေချင်လေသည်။

သို့သော်လည်း.. ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို လက်ခံရရှိပြီးတာတောင် အကောင်းပကတိ ရပ်တည်နိုင်ဦးမည်ဟု သူက ထင်မှတ်မထားမိပေ။

တိုက်ပွဲ၏ ဤနေရာအရောက်၌ တာအိုသက်ရှိဖန်သားက နောက်ဆုတ်ဖို့ တွေးလာခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုက သူ့ကို ထွက်ခွာဖို့ အခွင့်အရေး မပေးပေ။

တာအိုသက်ရှိဖန်သား၏ တန်တစ်ထောင် လက်ညိုးသည် ချဉ်းကပ်လာခဲ့ပြီ​ ဖြစ်လေသည်။ ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား​ပြီး သူ၏ ညာဘက်လက်သီးကို ဆုပ်ကာ တန်တစ်ထောင် လက်ညိုးဆီသို့ ပစ်ထိုးချလိုက်လေသည်။

တစ်ချိန်တည်းမှာပင်.. သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး နူးညံ့ပျော့ပြောင်းသော ပုံစံဖြင့် တာအိုသက်ရှိဖန်သား၏ လက်ကို ရစ်ပတ်ကာ ဆွဲခါလိုက်လေသည်။

ဘန်း..

ပထမဆုံး သူတို့၏ လက်သီးနှင့် လက်ညိုးက ထိတွေ့သွားပြီး ထုံထိုင်းထိုင်း အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ဆူဇီမို၏ ညာဘက်လက်သည် တန်တစ်ထောင် လက်ညိုးကို ခုခံလိုက်နိုင်သော်လည်း အပေါ်ယံ အရေပြားက စုတ်ပြဲသွားခဲ့လေသည်။

နတ်ဖီးနစ်အရိုးကြောင့်သာ မဟုတ်လျှင်.. ထိုလက်ညိုး၏ တိုက်ခိုက်မှုက သူ၏လက်သီးကို ကြေမွသွားစေနိုင်လေသည်။

အဲဒါက မည်ကာမတ္တ တပည့်တစ်ယောက်၏ ကြောက်စရာကောင်းမှု ဖြစ်လေသည်။

တာအိုသက်ရှိဖန်သားက မျက်စိကန်းနေလျှင်တောင် သူထုတ်ဖော်သော စွမ်းအားက ဆူဇီမို၏အသက်ကို ခြိမ်းခြောက်ဖို့အတွက် လုံလောက်လေသည်။

အနည်းငယ် မှားယွင်းသွားသည်နှင့် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။

တန်တစ်ထောင် လက်ညိုးကို ထုတ်ဖော်ပြီးနောက်.. တာအိုသက်ရှိဖန်သားက နောက်သို့ဆုတ်၍ လှည့်ထွက်ပြေးချင်လေသည်။ မမျှော်လင့်ထားစွာပင်.. ဆူဇီမို၏ ဘယ်ဘက်လက်က သူမတုံ့ပြန်နိုင်ခင်မှာပင် သူ၏ လက်ကို ရစ်ပတ်၍ ဆွဲခါလိုက်လေသည်။

အလွန်တရာ ကြီးမားသည့် စွမ်းအင်လှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာလေသည်။

သူ၏ လက်သည် ထိုစွမ်းအားဖြင့် ဖျစ်ညှစ်၍ ဆုတ်ဖြဲခံလိုက်ရသည်ဟု ထင်လိုက်ရလေသည်။

ဖောင်း..

သူ့လက်ပေါ်ရှိ အသားများသည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။

“အား.. “

တာအိုသက်ရှိဖန်သားသည် နောက်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်ရလေသည်။

ထူးဆန်းသော ထိုစွမ်းအားက သူ၏ အရိုးများကို ကြိတ်ချေနေသည့်အလား ခံစားရလေသည်။

သူက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက သူ၏လက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ပြီး သူ့ကို လေထဲမှာ လွှဲယမ်း၍ မြေပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်လေသည်။

ဘုန်း..

မြေပြင်က လှုပ်ခါသွားလေသည်။

ကျင့်ကြံသူများ အားလုံးသည် ရင်ထဲမှာ ဒိန်းခနဲ ဆောင့်တက်သွားပြီး သူတို့၏ မျက်ရစ်က တဆတ်ဆတ် လှုပ်သွားလေသည်။

ဘုန်း..

သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုသည် တာအိုသက်ရှိဖန်သား၏ လက်ကို ဆုပ်ကိုင်ပြီး အခြားတစ်ဘက်သို့ နောက်တစ်ဖန် ကိုင်ပေါက်လိုက်လေသည်။

ကျင့်ကြံသူများ အားလုံးသည် တုန်လှုပ်မှုဖြင့် မျက်လုံးများ ပြူးကျယ်နေကြလေသည်။

ဖန်သားနန်းတော်မှ မည်ကာမတ္တ တပည့်တစ်ယောက်သည် လုံးဝ ခုခံတိုက်ခိုက်နိုင်ခြင်း မရှိသော ဤအခြေအနေထိ ကျရောက်သွားသည်ဆိုတော့… ။

All Chapters