← Chapters

ဖန်သားကို သတ်ဖြတ်ခြင်း

Vol. 67 Ch. 999

ဖန်သားကို သတ်ဖြတ်ခြင်း

Vol. 67 Ch. 999

ဘန်းဘန်းဘန်း...

ဆူဇီမိုသည် တာအိုသက်ရှိဖန်သား၏ ခန္ဓာကိုယ်ကို လွှဲယမ်းပြီးမြေပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်လေသည်။ သူတစ်ချက်ကိုင်ပေါက်လိုက်တိုင်း မြေပြင်ပေါ်တွင် လူပုံဏ္ဌာန်ကြီးမားသည့်ချိုင့်ခွက်တစ်ခုက ဖြစ်ပေါ်လာလေသည်။

သဲနှင့်ကျောက်ခဲများက လွင့်ပျံနေပြီး ရွှံ့များက လူးပေနေလေသည်။ များစွာသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး သွားများကျိန်းလာကြလေသည်။

အဲ့ဒါက သူတို့သာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က အသားပျော့ဖတ်များ ဖြစ်နေလောက်လေပြီ။

သို့သော် ယခု တာအိုသက်ရှိဖန်သား၏ ခန္ဓာကိုယ်သည် ပုံမပျက်ရှိနေသေးလေသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ချုံးချုံးကျနေပြီး ဒဏ်ရာများဖြင့် မွစာကျဲနေလေသည်။

ဆူဇီမိုသည် တာအိုသက်ရှိဖန်သားကို မြေပြင်ပေါ်သို့ ဒီတိုင်းပစ်ချပြီး ရှေ့သို့တိုးကာ ထိုသူ၏ရင်ဘတ်ကို ဖနောင့်ဖြင့် ပေါက်ချလိုက်လေသည်။

ဂျွတ်....

တာအိုသက်ရှိဖန်သား၏ ရင်ဘတ်သည် အနည်းငယ်ချိုင့်ဝင်သွားပြီး သူ၏အရိုးများက ​ကျိုးကြေသွားလေသည်။

အဲ့ဒါက အခြားမူလနတ္ထိတစ်ယောက်၏ ခန္ဓာကိုယ်သာဖြစ်မည်ဆိုလျှင် ဆူဇီမို၏ ခြေပေါက်ချက်သည် သူ၏ရင်ဘတ်ကို ကြေမွပျက်စီးသွားစေပေလိမ့်မည်။

သို့သော်လည်း တာအိုသက်ရှိဖန်သားက သေလောက်သည့်ဒဏ်ရာကို မရရှိသေးပေ။ သို့သော်လည်း သူ၏အရွတ်များနှင့် အရိုးများက ကြေမွလုနီးပါးဖြစ်နေပြီး ပြန်လည်ခုခံတိုက်ခိုက်နိုင်ခြင်းမရှိတော့ပေ။

“ဖန်သားနန်းတော်က ဘာမှလဲ မဟုတ်ပါလား”

ဆူဇီမိုက တာအိုသက်ရှိဖန်သားကို ငုံ့ကြည့်ပြီး အေးစက်စွာဖြင့်ပြောလိုက်လေသည်။

“မည်ကာမတ္တတပည့်တစ်ယောက်တောင် ငါ့​ခြေထောက်အောက်မှာ နင်းချေဖျက်စီးခံရတာပဲ”

“အဟွတ်... အဟွတ်..”

တာအိုသက်ရှိဖန်သားက သွေးချောင်းဆိုးပြီး မောဟိုက်စွာဖြင့် ပြောလာလေသည်။

“ဆူဇီမို... ငါ့ကိုလွှတ်ပေးပါ... ငါတို့ကြားမှာ ညှိနှိုင်းဆွေးနွေးလို့ရပါသေးတယ်..”

ဤနေရာအရောက်တွင် တာအိုသက်ရှိဖန်သားက သူ၏ဂုဏ်သိက္ခာကို ငဲ့ကွက်နိုင်ခြင်းမရှိတော့ပေ။

များစွာသော ကျင့်ကြံသူများက စောင့်ကြည့်နေတာကို သူကသိလျှင်တောင် သူက အသက်ရှင်နိုင်ဖို့အတွက် ဦးညွတ်၍ အသနားခံတောင်းပန်ရလေတော့သည်။

ဆူဇီမို၏ အကြည့်က အေးစက်လာပြီး ယိမ်းယိုင်သွားခြင်းမရှိပဲ သူ၏ခေါင်းကိုခါယမ်းလိုက်လေသည်။

“ငါတို့ကြားက ညှိနှိုင်းဆွေးနွေးနိုင်တဲ့လမ်းကြောင်းက ပိတ်ဆို့သွားတာ ကြာခဲ့ပြီ....”

ဖန်သားနန်းတော်သည် သူတို့၏ အမျက်ဒေါသကို ဖြေဖျောက်ဖို့အတွက် ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့မှ မော်တယ်များကို သတ်ဖြတ်ခဲ့လေသည်။ ဆူဇီမိုသည် ဖန်သားနန်းတော်နှင့် ထိုအချိန်ကတည်းက အတိုက်အခံဖြစ်ခဲ့လေသည်။

ဒါ့အပြင် ထိုအတွက်ကြောင့်ပင် ဆူဟုန်က နောင်တများဖြင့် ကွယ်လွန်သွားခဲ့ရလေသည်။

တာအိုသက်ရှိရွှမ်ယွီသည် ဆူဇီမိုကို ဒုက္ခိတဖြစ်စေပြီး နဂါးသင်္ချိုင်းတောင်ကြားအောက်​ခြေသို့ ခုန်ချစေရန် ဖိအားပေးခဲ့လေသည်။

ထိုအချိန်နောက်ပိုင်းမှာတောင် ဖန်သားနန်းတော်သည် ဆူဇီမိုကို လိုက်လံဖမ်းဆီးဖို့အတွက် လက်မလျှော့ခဲ့ပေ။

ယခု ဆူဇီမိုက အလယ်ပိုင်းတိုက်သို့ ရောက်ရှိနေသောအခါ ဖန်သားနန်းတော်သည် သူ့ကိုအမဲလိုက်ဖို့အတွက် သူတို့၏ မည်ကာမတ္တတပည့်ကိုပင် စေလွှတ်ခဲ့လေသည်။ သူတို့ကြားမှာ ဘယ်လိုလုပ် ညှိနှိုင်းဆွေးနွေးလို့ရနိုင်ပါတော့မလဲ။

ဆူဇီမိုနှင့် ဖန်သားနန်းတော်သည် တစ်ဖက်က ရှင်သန်လျှင် တစ်ဖက်က သေဆုံးရမည်ဖြစ်လေသည်။

တကယ်တော့ ဆူဇီမို၏ လက်ရှိခွန်အားသည် ဖန်သားနန်းတော်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင့်မမီသေးပေ။

သို့သော်လည်း သူက ဖန်သားနန်းတော်၏ ဂုဏ်သိက္ခာကို နင်းချေဖျက်ဆီး၍ တာအိုသက်ရှိဖန်သားကို ဤနေရာမှာ သတ်ဖြတ်ပြီးနောက် သူက ရပ်တန့်သွားလိမ့်ဦးမည် မဟုတ်ပေ။

ဆူဇီမို၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ခံစားမိပြီး တာအိုသက်ရှိဖန်သားက ရုတ်တရက် မကျေမချမ်းဖြစ်လာကာ အံကိုကြိတ်လိုက်လေသည်။

“ဆူဇီမို.... ငါက ဖန်သားနန်းတော်ရဲ့ မည်ကာမတ္တတပည့်တစ်ယောက်ပဲ... မင်းက မည်ကာမတ္တတပည့်တစ်ယောက်ကို သတ်ရဲမယ်ဆိုရင် မင်းအပေါ်ကို ကျရောက်လာမယ့် ဖိအားတွေနဲ့ နက်ရှိုင်းတဲ့ ပြဿနာတွေကို မင်းက ကိုင်တွယ်နိုင်မှာမဟုတ်ဘူး”

“နက်ရှိုင်းတဲ့ပြဿနာတွေတဲ့လား...”

ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာပြီး သူကပြောလိုက်လေသည်။

“ငါက ကောင်းကင်ကို ထိုးဖောက်ရမယ်ဆိုရင်တောင် ကြောက်နေမယ့်သူမဟုတ်ဘူး... ငါက ဒီနေရာကိုလာရဲမှတော့ ငါရင်ဆိုင်ရမယ့် မည်ကာမတ္တတပည့်တွေအကုန်လုံးကို သတ်ပစ်မယ်”

ကျင့်ကြံသူများက တုန်လှုပ်သွားရလေသည်။

သူရင်ဆိုင်ရသည့် မည်ကာမတ္တတပည့်များအားလုံးကို သတ်ပစ်လေမည်။

သမိုင်းတစ်လျှောက်တွင် မည်သူကမှ ထိုစကားကို ပြောဖို့ စိတ်ကူးယဥ်ရဲကြလိမ့်မည်မဟုတ်ပေ။

ထိုသို့ သူပြောပြီးသည့်နှင့် ဆူဇီမိုသည် သူ၏သိုလှောင်အိတ်ကိုပုတ်၍ မီးခိုးနက်ရောင် တောင်ထွတ်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။

အဲ့ဒါက အတုမရှိရတနာ ၇ မျိုးထဲမှတစ်ခုဖြစ်သော ဂမ္ဘီရသံလိုက်တောင် ဖြစ်လေသည်။

“မင်းရဲ့.. ခန္ဓာကိုယ်က သန်မာတယ်ပေါ့လေ...ဟုတ်လား”

ဆူဇီမိုက ခက်ထန်ကြမ်းကြုတ်စွာဖြင့်ပြောလိုက်လေသည်။

“ဘယ်လောက်ထိ သန်မာနိုင်မလဲ ကြည့်ရသေးတာပေါ့...”

ဆူဇီမို၏ လက်ဖဝါးပေါ်ရှိ ဂမ္ဘီရသံလိုက်တောင်က ပြန့်ကားကြီးမားလာပြီး ကောင်းကင်တစ်ခွင် အုပ်မိုး၍ တာအိုသက်ရှိဖန်သားပေါ်သို့ ဖိချေကျဆင်းလာလေသည်။

ဘုန်း....

ဂမ္ဘီရသံလိုက်တောင်က တာအိုသက်ရှိဖန်သားပေါ်သို့ပြင်းထန်စွာ ကျဆင်းလာခဲ့လေပြီ။

ဖြောက်.. ဖြောက်....ဖြောက်...

အရိုးများကျိုးပဲ့သံကို ကျောချမ်းဖွယ်ရာ ကြားလိုက်ရလေသည်။

တာအိုသက်ရှိဖန်သား၏ ခန္ဓာကိုယ်က လုံးဝပျက်စီးသွားပြီးဖြစ်ကြောင်း ကျင့်ကြံသူများအားလုံးသည် ကြည့်စရာမလိုပဲ သိလိုက်လေသည်။

ဝှစ်...

ဂမ္ဘီရသံလိုက်တောင်က အပြည့်အဝဆင်းသက်မလာခင်မှာပင် တာအိုသက်ရှိဖန်သား၏ ဦးခေါင်းမှ ရွှေရောင်လူလေးတစ်ယောက်သည် အလွန်တရာလျင်မြန်စွာဖြင့် ထွက်ပြေးလာခဲ့လေသည်။

အဲ့ဒါက သူ၏အမြုတေစိတ်ဝိညာဥ်ဖြစ်လေသည်။

ကျင့်ကြံသူများသည် နောက်ဆုံးအခြေအနေသို့မရောက်ရှိသရွေ့ သူတို့၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ကျလိမ့်မည်မဟုတ်ပေ။

သို့သော် ယခုအခါမှာတော့ သူက ချောင်ပိတ်ရိုက်ခံနေရလေသည်။

“ဆူဇီမို... ဒီနေ့ကိစ္စအတွက် ငါက သေချာပေါက်လက်စားပြန်ချေပြမယ်”

တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်က အဝေးတစ်နေရာသို့ ပြေးထွက်လိုက်လေသည်။

သူ၏ ခန္ဓာကိုယ်မရှိပဲ သူ၏အမြုတေစိတ်ဝိညာဥ်သည် အလွန်တရာပေါ့ပါးမြန်ဆန်နေလေသည်။ သူ၏ အမြန်နှုန်းအရ ဆူဇီမိုက သူ့ကိုလိုက်မီလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ထားလေသည်။

​ဆူဇီမိုက နေရာမှာပင် မလှုပ်မယှက်ရပ်နေလေသည်။

တာအိုသက်ရှိ ဖန်းသား၏ အမြုတေစိတ်ဝိညာဥ်ကို သူက လိုက်မမီနိုင်သည်မှာ အမှန်ပင်ဖြစ်လေသည်။

သို့သော်လည်း သူက သူ့နောက်ကိုလိုက်နေစရာ မလိုပေ။

ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ပြီး တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်ကို လှမ်းကြည့်လိုက်လေသည်။ သူ၏မျက်လုံးက မီးတောက်များဖြင့် တောက်လောင်လာသည်ဟုထင်ရပြီး သူက ဟိန်းဟောက်လိုက်လေသည်။

“မြင့်တက်စမ်း....”

ရုတ်တရက် ခပ်လှမ်းလှမ်းမြေပြင်မှ မီးတောက်နံရံတစ်ခုသည် ကြွတက်လာပြီး ချစ်ချစ်တောက်အပူလှိုင်းများကို ထုတ်ပေးကာ တာအိုသက်ရှိဖန်သား၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်လေသည်။

“အား...”

တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်သည် စူးစူးဝါးဝါးအော်ဟစ်ပြီး သူ၏ခြေလှမ်းကို အလျင်အမြန်ရပ်တန့်လိုက်ရလေသည်။

သူက အလွန်တရာမြန်ဆန်စွာဖြင့် ထွက်ပြေးနေပြီး အဲ့ဒါကို ပစ်တိုက်လုမတတ်ဖြစ်သွားရလေသည်။

သူ၏ ခန္ဓာကိုယ်နှင့်သာဆိုလျှင် သူသည် အဲ့ဒါကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်လေသည်။ မီးတောက်နံရံ၏ စွမ်းအားက သူ့ကိုဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။

သို့သော် ယခုအခါမှာတော့ သူ့မှာ အမြုတေစိတ်ဝိညာဥ်သာလျှင်ရှိလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်သည် မီးတောက်နံရံကနေ ထွက်ပေါ်လာသောချစ်ချစ်တောက် အပူလှိုင်းများကို ခံစားရပြီး ၎င်း၏ အရောင်အဝါက သိသိသာသာ မှေးမှိန်ကျသွားလေသည်။

သူတို့က ထိတွေ့မိသည်နှင့် အဲ့ဒါက သူ့ကိုလောင်ကျွမ်းပြာချပစ်လိုက်ပေလိမ့်မည်။

တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်သည် အချိန်မီရပ်တန့်၍ လှည့်ထွက်ပြေးချင်လေသည်။ သို့သော်လည်း ဆူဇီမိုက သူ့ကို နောက်ထပ်အခွင့်အရေးမပေးတော့ပေ။

“အသွင်ပြောင်းစမ်း....”

ဆူဇီမိုက ဟိန်းဟောက်လိုက်လေသည်။

လူတိုင်း၏ အကြည့်များအောက်မှာပင် မီးတောက်နံရံပေါ်ရှိ မီးတောက်များသည် စုဝေး၍ တစ်ခဏအတွင်းမှာပင် အတောင်ပံများပါရှိသည့် ဧရာမစပါးအုံးမြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ၏ တစ်ကိုယ်လုံး မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး အဲ့ဒါက အလွန်တရာကြမ်းကြုတ်ခက်ထန်နေလေသည်။

ကမ္ဘာဦးနတ်ဘုရားတောကောင် မိုးပျံမြွေနဂါး....

ဤအသွင်ပြောင်းလဲမှုက ရင်သပ်ရှုမောဖွယ်ရာပင် ဖြစ်လေသည်။

“တာအိုအရှင်အဆုံးစွန်မီးက တစ်ခါတုန်းက နံပါတ်တစ် မီးထိန်းချုပ်ယဥ်ပါးသူဖြစ်တယ်လို့ပြောကြတယ်... ကြည့်ရတာ ဆူဇီမိုက သူ့ဆရာဆီက အမွေအနှစ်ကို လက်ခံရရှိထားပုံပဲ”

“သူက အခုလောက်ဆို စွမ်းအားကြီးပုဂ္ဂိုလ် အဆုံးစွန်မီး ဖြစ်နေလောက်ပြီ... အဲ့ဒီလူရဲ့ မီးအပေါ်ကျွမ်းကျင်ပိုင်နိုင်မှုက ပြီးပြည့်စုံတဲ့အဆင့်ကိုရောက်နေပြီ”

လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားတသင့် ရေရွတ်သံများကို ကြားလိုက်ရလေသည်။

ကမ္ဘာဦးမိုးပျံမြွေနဂါးသည် ၎င်း၏ တောင်ပံများကို ခတ်ပြီး ရှေ့သို့ပျံသန်းလိုက်လေသည်။ ၎င်း၏ ကြီးမားသည့် ခန္ဓာကိုယ်က တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံလာခဲ့လေသည်။

တာအိုသက်ရှိဖန်သားက စူးစူးဝါးဝါး အော်ဟစ်ပြီး လှည့်ထွက်ပြေးလိုက်လေသည်။

ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ၏ပါးစပ်ကို ဖွင့်ဟပြီး ချစ်ချစ်တောက်ပူလောင်သော မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်လေသည်။ ကောင်းကင်ထင်ကနေ မရေမတွက်နိုင်သော မီးတောက်များက ကျဆင်းလာပြီး တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံသွားခဲ့လေသည်။

“အား....အား... အားအား....”

တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်က ဒေါသူပုန်ထနေသော မီးတောက်များကြားမှာ လောင်ကျွမ်းနေလေသည်။

သူက လေထဲမှာ အဆက်မပြတ် ရုန်းကန်လိုက်သော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ မီးတောက်များက ငြိမ်းသေသွားခြင်းမရှိပေ။

ကမ္ဘာဦးမိုးပျံမြွေနဂါးသည် ရှေ့သို့တိုးပြီး ၎င်း၏ပါးစပ်ကိုဖွင့်ဟကာ တာအိုသက်ရှိဖန်သား၏ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုလိုက်လေသည်။

စူးစူးဝါးဝါးအော်ဟစ်သံက ယတိပြတ်ရပ်တန့်သွားခဲ့လေသည်။

ဖန်သားနန်းတော်၏ မည်ကာမတ္တတပည့်သည် တာအိုအမွေအနှစ်ကုန်းမြေမှာ ကျဆုံးသွားခဲ့ရလေပြီ။

ထိုသည်ကိုမြင်သောအခါ ကျင့်ကြံသူများသည် တုန်လှုပ်နေသော မျက်လုံးများဖြင့် အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

အဲ့ဒါက မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်လေသည်။

သူတို့သည် သူတို့ထက် ကျင့်ကြံမှုအဆင့်မြင့်သော တည်ရှိမှုများကို သတ်ဖြတ်နိုင်သည့် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ အသန်မာဆုံး လက်ရွေးစင်တပည့်များဖြစ်လေသည်။ သူတို့၏ အနာဂတ်အလားအလာက အကန့်အသတ်မဲ့လေသည်။

သို့သော်ယခုအခါမှာတော့ မည်ကာမတ္တတပည့်တစ်ယောက်သည် အခြားကျင့်ကြံသူတစ်ယောက််၏ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ဒါ့အပြင် သတ်ဖြ​တ်လိုက်သူက နိုးထဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။

“သူက တကယ့်ကို သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားပဲ...”

“ဒီလူသာ ဆက်လက်ကြီးထွားလာရင်... နောက်နောင်သူ့ကို ဘယ်သူက တားဆီးနိုင်ဦးမှာလဲ...”

“သူက ဆက်လက်ကြီးထွားဖို့အခွင့်အရေး မရလောက်တော့ဘူးထင်တယ်...”

“တာအိုအမွေအနှစ်ကုန်းမြေမှာ သူ့ကိုသတ်ဖို့စောင့်ဆိုင်းနေတဲ့ နောက်ထပ် မည်ကာမတ္တတပည့်တွေ ရှိသေးတယ်ဆိုတာ မင်းတို့သိထားရမယ်... နောက်ပြီး ကစဉ့်ကလျားအမြုတေဂိုဏ်းက တာအိုသက်ရှိသီယင်းကိုလည်း မမေ့လိုက်နဲ့ဦး..

All Chapters