← Chapters

အခွင့်အရေးတစ်ခု

Vol. 67 Ch. 1002

အခွင့်အရေးတစ်ခု

Vol. 67 Ch. 1002

ဆူဇီမိုသည် လျှပ်စီးလို မြန်ဆန်နေပြီး သူ၏နားထဲတွင် လေခွင်းသံများက တဝီဝီမြည်နေလေသည်။ သူ၏ အနက်ရောင်ဆံပင်က ကခုန်နေပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာလေသည်။

ရုတ်တရက်.. သူက သိုလှောင်အိတ်ထဲကနေ ဝိုင်ပြင်းတစ်ခွက်ကို ဆွဲထုတ်လိုက်လေသည်။

စာပေသမားတစ်ယောက်အနေဖြင့် သူက ဝိုင်သောက်ရသည်ကို ကြိုက်နှစ်သက်ခြင်း မရှိခဲ့ပေ။

သူ၏အစ်ကို ဆူဟုန်ကတော့ စစ်ပွဲမြေပြင်တွင် တိုက်ခိုက်ရသော စစ်သားတစ်ယောက်ဖြစ်ပြီး သူက ဝိုင်ပြင်းများ သောက်ရသည်ကို ကြိုက်နှစ်သက်လေသည်။ အဲဒါကြောင့် သူသည် သိုလှောင်အိတ်ထဲမှာ ဝိုင်ခွက်အချို့ကို အမြဲတမ်း ဆောင်ထားလေသည်။

ထိုအခိုက်အတန့်တွင် ဘာကြောင့်ရယ်မသိ သူက ရုတ်တရက် ဝိုင်သောက်ချင်စိတ်ပေါက်လာလေသည်။

ဖော့ဆို့ချိပ်စည်းကို ဖွင့်ထုတ်ပြီး ဝိုင်ရနံ့က လေထဲမှာ လှိုင်ထွက်လာလေသည်။ ဆူဇီမိုက ဝိုင်ခွက်ကိုကိုင်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ဝိုင်အချို့က သူ့နှုတ်ခမ်းထောင့်ကနေ ရင်ဘတ်ပေါ်သို့ ဖိတ်စင်ကျသွားလေသည်။

ဝိုင်ပြင်းပြင်းက သူ၏ လည်ချောင်းကနေတစ်ဆင့် သူ၏ ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားလေသည်။ သူ၏ခန္ဓာကိုယ်က ပူနွေးလာသည်ဟု ခံစားရလေသည်။

“ဟားဟားဟားဟား”

ဆူဇီမိုက ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။ သူက ဝိုင်ခွက်ကို ဒီတိုင်းပစ်ချပြီး အော်လိုက်လေသည်။

“ကောင်းလိုက်တဲ့ ဝိုင်.. ကောင်းတယ်ကွာ.. မည်ကာမတ္တ တပည့်တွေလား.. သီယင်းလား.. တိုက်ပွဲကို စလိုက်ကြတာပေါ့”

ဆူဇီမိုသည် မာန်မာနဖြင့် ပြည့်နှက်လာပြီး သူ၏မျက်လုံးများက ဝင်းလက်လာကာ ရှေ့သို့ လျှောက်လှမ်းလိုက်လေသည်။ အေးစက်သော လေများက သူ၏မျက်နှာကို တိုက်ခတ်လာသော်လည်း သူ၏ခန္ဓာကိုယ်က ပို၍ပူနွေးလာလေသည်။

သိပ်မကြာမီ.. ရှေ့မှာ ကြီးမားသည့် လူစုလူဝေးတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

အဲဒီမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက စုဝေးနေကြလေသည်။

ဆူဇီမိုသည် လေထဲကနေ ပျံသန်းလာပြီး အပေါ်ကနေ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။ လူအုပ်ကြီး၏ အလယ်တွင် အလွန်တရာ ကြီးမားသည့် မြေနေရာလွတ်ကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။

မြေနေရာလွတ်ပေါ်တွင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်၏ ကျောက်သားရုပ်တုတစ်ခု ရှိနေလေသည်။ သူမက သွယ်လျသော ခန္ဓာကိုယ်အချိုးအစား ရှိလေသည်။ သူမ၏ ပခုံးနှစ်ဖက်က ကျဉ်းပြီး သူမ၏ခါးက သွယ်လျလေသည်။ သူမ၏ မျက်ခုံးများက အပေါ်သို့ ကော့နေပြီး သူမက နတ်မိမယ်တစ်ပါး၏ သွင်ပြင်မျိုး ဖြစ်လေသည်။

အဲဒါက ကျောက်သားရုပ်တုတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ခြေရင်းတွင် ရေလှိုင်းများရှိနေပြီး အလွန်တရာ အသက်ဝင်နေလေသည်။ သူမက ရေလွှာလှိုင်းစီးနေသည့်အလားပင်။ ထိုရုပ်တုက ရေကန်တွင်းတွင် ကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ ကျက်သရေရှိ တင့်တယ်နေလေသည်။ အဲဒါက ကျက်သရေရှိမှုအရာမှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်လေသည်။

ထိုကျောက်သားရုပ်တုသည် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကနေ ချန်ထားရစ်ခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည်မှာ သိသာလေသည်။

ကျောက်သားရုပ်တု၏ ခြေရင်းတွင် ရွှေညိုရောင် တာအိုဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေလေသည်။ သူ၏လက်တစ်ဖက်ကို နောက်ပစ်ထားပြီး သူက ချောမောလှပသော သွင်ပြင်ရှိကာ ယစ်မူးနေသော အမူအရာဖြင့် နတ်မိမယ်ကျောက်သားရုပ်တုကို ငေးကြည့်နေလေသည်။

“သူမက ဘယ်လိုပုဂ္ဂိုလ် အမျိုးအစားလဲဆိုတာ ငါတကယ်မသိဘူး.. ဒါပေမဲ့ သူမရဲ့ အမွေအနှစ်ကျောက်သားရုပ်တုကတောင် ဒီလောက် ကျက်သရေရှိ တင့်တယ်နေတယ်ဆိုတော့..”

ထိုကျင့်ကြံသူက တီးတိုးရေရွတ်လိုက်လေသည်။

“ဒီလိုအမျိုးသမီးနဲ့ မျိုးဆက်တစ်ခုတည်း မွေးမလာခဲ့တာ တကယ့်ကို နောင်တရစရာပဲ”

ဆူဇီမိုသည် ထိုလူ၏ အင်္ကျီလက်မောင်းကို ကြည့်လိုက်လေသည်။ အဲဒီမှာ ကောင်းကင်စင်ရော်ဂိုဏ်း၏ အမှတ်သင်္ကေတတစ်ခု ရှိနေလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်..

ဆူဇီမို၏အကြည့်က ရွေ့လျားသွားလေသည်။ ထိုလူ၏ ရှေ့တည့်တည့်တွင် ကြီးမား၍ ချောမွတ်နေသော ကျောက်စိမ်းတုံးကြီးတစ်တုံး ရှိနေလေသည်။

ထိုကျောက်စိမ်းတုံးပေါ်တွင် ကိုယ်တော်တစ်ပါးက ထိုင်နေပြီး သူ၏မျက်လုံးကို မှေးကျဉ်း၍ မျက်လွှာချထားလေသည်။

သူက ဘယ်ဘက်လက်ကနေ သစ်သားငါးရုပ်တစ်ခုကို ကိုင်ထားပြီး ညာဘက်လက်က သစ်သားလက်ရိုက်တံတစ်ခုကို ကိုင်ကာ အဆက်မပြတ် ခေါက်နေလေသည်။

ကိုယ်တော် ပုံသဏ္ဌာန်မဲ့…

မည်ကာမတ္တ တပည့်နှစ်ယောက်ကြားတွင် နောက်ထပ်လူနှစ်ယောက် ရပ်နေလေသည်။

ရှေ့မှာက ကြိုးတစ်ချောင်းဖြင့် တုပ်နှောင်ခံထားရသော ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက် ရှိနေလေသည်။ သူမ၏ လှပသော ခန္ဓာကိုယ်က ကောက်ကြောင်းများဖြင့် ပြီးပြည့်စုံနေပြီး သူမထံမှ ညို့ငင်ဓာတ်ပြည့်ဝသော အော်ရာတစ်ခုက ဖြာထွက်နေလေသည်။

ဤမိန်းကလေးက ချောမောလှပပြီး အပြစ်ဆိုစရာ မရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် မိန်းကလေး၏ မျက်လုံးများသည် အရည်လဲ့နေပြီး သူမက ငိုချတော့မည်ကဲ့သို့ ရှိနေလေသည်။ သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်စများက အခုချိန်ထိ မခြောက်သေးဘဲ သူမကို ကြည့်ရသည်မှာ သနားစရာကောင်းနေလေသည်။

နတ်ဆိုးမ ကျိ..

ဆူဇီမိုက သူမကို ချက်ချင်းပင် မှတ်မိသွားခဲ့လေသည်။

နတ်ဆိုးမကျိ၏ နောက်တွင် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ရပ်နေလေသည်။ သူက အရပ်ရှည်၍ သူ၏ဦးခေါင်းပေါ်တွင် တာအိုသရဖူတစ်ခုကို ဆောင်းထားလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများက တဖျောက်ဖျောက်မြည်၍ လှည့်ပတ်နေပြီး ခံ့ညားသော အမူအရာတစ်ခု ရှိနေလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ..

သူတို့သုံးယောက်စလုံးက ရှိနေကြလေသည်။

“မြန်မြန်ကြည့်စမ်း.. ဆူဇီမိုက ရောက်လာပြီ”

“ဒီလူက တကယ်ပဲ ဆက်ပြီး အသက်မရှင်ချင်တော့ဘူးပဲ.. သူက ဒီနေရာအထိတောင် ရောက်လာတယ်ဆိုတော့.. မိစ္ဆာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင်နဲ့ သူနဲ့က တစ်ခုခုပဲလား”

“အဲဒါက ပြောဖို့ခက်တယ်.. ဘယ်သူသိနိုင်မလဲ.. သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားက မိစ္ဆာဂိုဏ်းတွေက စင်ကြယ်အပျိုစင်ရဲ့ အစေခံတစ်ယောက် ဖြစ်ချင်ဖြစ်နေမှာပေါ့.. ဟားဟား”

များစွာသော ကျင့်ကြံသူများက ပြောဆိုရယ်မောလိုက်ကြလေသည်။

“ဇီမို.. မြန်မြန်ထွက်သွား.. ငါ့ကို အရေးလုပ်မနေနဲ့”

နတ်ဆိုးမကျိက စိတ်ညစ်ညူးသော အမူအရာဖြင့် အော်ပြောလိုက်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေက နတ်ဆိုးမကျိ၏ နောက်မှာပေါ်လာပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။

“သူက ဒီကိုရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

အစက နတ်မိမယ်ကျောက်သားရုပ်တုကို ငေးကြည့်နေသော တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် လေထဲတွင်ရပ်နေသော ဆူဇီမိုကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများသည် တဖျတ်ဖျတ် တလက်လက် ကြယ်ရောင်အလင်းဖြင့် တောက်ပနေလေသည်။

“နံပါတ်တစ် ပကတိအရှင်ကို နှုတ်ဆက်ပါတယ်”

တာအိုသက်ရှိ ကောင်းကင်စင်ရော်က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်လေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှာ သားရဲနည်းလမ်းများကို အသုံးမပြုနိုင်ပေ။

သို့သော်လည်း ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့​ပြီး သူ၏ အမြင်အာရုံက အလွန်တရာ အားကောင်းလေသည်။ အဲဒါက မပြောင်းလဲနိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မျက်လုံးထဲရှိ ကြယ်ရောင်သည် သူ့အပေါ်ကို လုံးဝ သက်ရောက်စေနိုင်ခြင်း မရှိပေ။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်က စက္ခုနည်းစနစ်တစ်ခုခုကို တတ်မြောက်ထားသည်မှာ သေချာသလောက်နီးပါးပင်။

အဲဒါက ရိုးရှင်းသော စမ်းသပ်မှုတစ်ခု ဖြစ်လေသည်။

သူက ထိုကဲ့သို့သော စမ်းသပ်မှုတစ်ခုကိုတောင် ခံနိုင်ရည်မရှိဘူးဆိုလျှင် တာအိုသက်ရှိ ကောင်းကင်စင်ရော်က သူ့ကို တိုက်ခိုက်ပြီးနေလောက်လေပြီ။

ဧရာမ ကျောက်စိမ်းတုံးပေါ်တွင် ထိုင်နေသော ကိုယ်တော်ပုံသဏ္ဌာန်မဲ့က သူ၏ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီး ဆူဇီမိုကို ကြည့်လိုက်လေသည်။

“ဒကာဆူ.. ခင်ဗျားအကြောင်းတွေ ကျုပ် အများကြီးကြားဖူးပါတယ်.. အခုလိုတွေ့ရတာလည်း ဝမ်းသာပါတယ်”

ကိုယ်တော် ပုံသဏ္ဌာန်မဲ့၏ စကားသံက တည်ငြိမ်၍ ညင်သာနေလေသည်။ အဲဒီမှာ ယှဉ်ပြိုင်လိုမှု သို့မဟုတ် သတ်ဖြတ်လိုစိတ် တစွန်းတစမှ ရှိမနေပေ။

သို့သော်လည်း.. သူ၏ စကားလုံး တစ်လုံးချင်းစီတွင် တစ်မူထူးခြားသော စည်းချက်တစ်ခုစီ ပါရှိပြီး တစ်ဖက်လူကို မအီမသာဖြစ်စေ၍ သူတို့၏သွေးချီကို ကပြောင်းကပြန် ဖြစ်စေနိုင်လေသည်။ အဲဒါက အလွန်တရာ ကြောက်စရာကောင်းလေသည်။

ဆူဇီမိုသည် သူ၏သွေးချီကို မလှည့်ပတ်နိုင်သော်လည်း ကိုယ်တော် ပုံသဏ္ဌာန်မဲ့၏ စမ်းသပ်မှုက သူ့အပေါ်မှာ သက်ရောက်မှု မရှိသလောက်နီးပါးပင်။

သူက အမူအရာကင်းမဲ့စွာဖြင့် မြေနေရာလွတ်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်လေသည်။

“ဘယ်လောက်တောင် အမြင်ကျယ်ရသလဲ”

ဆူဇီမိုက အေးစက်စွာဖြင့် လှောင်ရယ်မောလိုက်လေသည်။

“အဲ့တော့ အင်မော်တယ်ဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းတွေရဲ့ မည်ကာမတ္တ တပည့်တွေရဲ့ နည်းလမ်းတွေက အခုလိုမျိုး အမြဲတမ်းပဲ အောက်တန်းကျတာပေါ့လေ”

သူသာလျှင် အဲဒါကို တွေးမိသည် မဟုတ်ပေ။ လက်ရှိကျင့်ကြံသူ အများစုကလည်း ထိုကဲ့သို့သော အတွေးရှိကြလေသည်။

မည်ကာမတ္တ တပည့်သုံးယောက်စလုံးသည် ကျင့်ကြံရေးလောကတွင် နာမည်ကြီးကျော်ကြားသော တည်ရှိမှုများ ဖြစ်ကြလေသည်။

ယခု သူတို့သည် နိုးထဝိညာဉ် ပကတိအရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်ကို ဓားစာခံလုပ်ထားလေသည်။ သူတို့က အဲဒါကို ဘယ်လိုပဲကြည့်ကြည့် ထိုသူတို့၏လုပ်ရပ်က အတော်လေး အောက်တန်းကျလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် တာအိုသက်ရှိ ကောင်းကင်စင်ရော်က ပြန်လည်ပြောဆိုနိုင်ခြင်း မရှိပေ။

ကိုယ်တော် ပုံသဏ္ဌာန်မဲ့က သူ့ခေါင်းကို ခါလိုက်လေသည်။

“ဒကာဆူ.. ခင်ဗျားပြောတာ မှားနေတယ်.. ရှေးဟောင်းခေတ်ကတည်းက အင်မော်တယ်နဲ့ မိစ္ဆာတွေက အတူယှဉ်တွဲနေထိုင်လို့ မရဘူး.. အထက်လမ်းဂိုဏ်းက တစ်စုံတစ်ယောက်အနေနဲ့ ဒကာမိုးကြိုးလေပြေက နတ်ဆိုးတွေကို သတ်ဖြတ်ပြီးတော့ နတ်ဆိုးမတွေကို ဖမ်းဆီးသင့်တယ်.. အဲဒါက ဘယ်လို အောက်တန်းကျပါ့မလဲ”

“နတ်ဆိုးကို သတ်ဖြတ်မတဲ့လား.. ခင်ဗျားက နတ်ဆိုးကို သတ်ဖြတ်ဖို့အတွက် ကျုပ်ကို မျှားခေါ်လိုက်တောပေါ့လေ ဟုတ်လား”

ဆူဇီမိုက လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် မေးလိုက်လေသည်။

ကိုယ်တော် ပုံသဏ္ဌာန်မဲ့က ပြန်ပြောလိုက်လေသည်။

“ဒကာဆူ.. ခင်ဗျားက နားလည်ဆင်ခြင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပဲ.. ခင်ဗျားက ခင်ဗျားရဲ့ သားသတ်ဓားကို လွှတ်ချပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းမယ်ဆိုရင် ကျုပ်က ခင်ဗျားအသက်ကို ချမ်းသာပေးနိုင်တယ်”

“ကိုယ်တော်.. ခင်ဗျားက တော်တော် လျှာစောင်းထက်တာပဲ.. ခင်ဗျားရဲ့ အစွမ်းအစ ဘယ်လောက်ရှိသလဲ ကြည့်ရသေးတာပေါ့”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာခဲ့လေသည်။

“ဒကာဆူ.. ကြိုက်သလို စမ်းကြည့်ပါလေ”

ကိုယ်တော် ပုံသဏ္ဌာန်မဲ့သည် တည်ငြိမ်၍ မောက်မာနေလေသည်။ သို့သော်လည်း သူ၏ စကားလုံးများက ထက်ရှပြီး ယိမ်းယိုင်ခြင်း မရှိပေ။

ကောင်းကင်ဖြိုခွဲသူကို သူ၏ သိုလှောင်အိတ်ထဲကနေ ထုတ်ပြီး ဆူဇီမိုက တာအိုသက်ရှိ မိုးကြိုးလေပြေကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“သူမကို လွှတ်ပေးလိုက်.. ငါက မင်းတို့နဲ့ အဆုံးထိတိုက်မယ်”

“သူမကို လွှတ်ရမတဲ့လား”

တာအိုသက်ရှိ မိုးကြိုးလေပြေက သူ၏ခေါင်းကိုခါပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။

“အခုချိန်မှာ မင်းက ငါတို့နဲ့ အပေးအယူလုပ်ဖို့ အဆင့်မမီဘူး”

တာအိုသက်ရှိ ကောင်းကင်စင်ရော်က သူ့နေရာမှာပင် သူရပ်နေပြီး ကိုယ်တော် ပုံသဏ္ဌာန်မဲ့က ကျောက်စိမ်းတုံးပေါ်မှာ မလှုပ်မယှက် ထိုင်နေလေသည်။ သူတို့က အရာရာတိုင်းကို တည်ငြိမ်စွာဖြင့် စောင့်ကြည့်နေလေသည်။

“ဇီမို.. ငါ့ကို အရေးလုပ်မနေနဲ့.. မြန်မြန်သွားတော့”

နတ်ဆိုးမကျိက မျက်ရည်များ စီးကျလာပြီး ငိုယိုတောင်းပန်လိုက်လေသည်။

“ကဲ ဘယ်လိုလဲ.. ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်”

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ဖျတ်ခနဲပေါ်လာပြီး သူက ပြုံးစစဖြင့် ပြောလိုက်လေသည်။

“ငါက ဒီနေရာမှာ ရပ်နေမယ်.. မင်းက ငါ့လက်ထဲကနေ သူမကို ကယ်ထုတ်နိုင်မယ်ဆိုရင် ငါက သူမကို မင်းနဲ့ ထည့်ပေးလိုက်မယ်”

“တကယ်လား”

ဆူဇီမိုက အာရုံစိုက်ကြည့်လိုက်လေသည်။

“ဒီနေရာမှာ ကျင့်ကြံသူတွေ အများကြီးရှိနေတာပဲ.. ငါက ငါ့စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး”

တာအိုသက်ရှိ မိုးကြိုးလေပြေက ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။

“ကောင်းပြီလေ”

ဆူဇီမိုက ကောင်းကင်ဖြိုခွဲသူကို ကိုင်ဆွဲပြီး တာအိုသက်ရှိ မိုးကြိုးလေပြေဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလေသည်။ တိုက်ပွဲက စတင်တော့ပေမည်။

ထိုအခိုက်အတန့်တွင်.. ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက အကြောအခြင်များ တောင့်တင်းလာလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် ကိုယ်တော် ပုံသဏ္ဌာန်မဲ့တို့သည် အနည်းငယ် မူမမှန်မှု ရှိနေသည်ကို မည်သူကမှ သတိမထားမိကြပေ။ သူတို့၏ မျက်လုံးထဲတွင် တစ်စုံတစ်ရာကို မျှော်လင့်စောင့်ဆိုင်းနေသည့်အလား ထူးဆန်းသည့် အကြည့်တစ်ခုစီ ရှိနေကြလေသည်။

All Chapters