← Chapters

အတုနှင့် အစစ်

Vol. 67 Ch. 1003

အတုနှင့် အစစ်

Vol. 67 Ch. 1003

မည်ကာမတ္တ တပည့်သုံးယောက်သည် ဖိုခနောက်ဆိုင် နေရာယူထားကြလေသည်။

ဆူဇီမိုသည် တာအိုသက်ရှိ မိုးကြိုးလေပြေထံသို့ လျှောက်လှမ်းသွားသောအခါ သူသည် သူတို့သုံးယောက်၏ အလယ်သို့ အလိုလိုရောက်ရှိသွားပေလိမ့်မည်။

သူတို့၏ အကွာအဝေးကို ချုံ့ပြီး ဆူဇီမိုအပေါ် ဖိအားပေးလိုက်ကြလေသည်။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက.. နတ်ဘုရားမျိုးနွယ်နှင့် ယက္ခမျိုးနွယ်တို့နှင့် ရင်ဆိုင်ခဲ့ရတုန်းကတောင် သူသည် ဤကဲ့သို့သော ဖိအားမျိုးကို မခံစားခဲ့ရပေ။

ထိုအခိုက်အတန့်တွင် သူ၏ အာရုံခံသတိစိတ်ကို ဆက်လက်၍ အသုံးမပြုနိုင်တော့ပေ။

မည်ကာမတ္တ တပည့်သုံးယောက်က သူ့ကိုဝန်းရံ၍ သတ်ဖြတ်ချင်နေသည်မှာ သိသာလေသည်။ သူ၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲ သတိပေးနေလျှင်တောင် သူက နတ်ဆိုးမကျိကို မဖြစ်မနေ ကယ်ထုတ်ရပေမည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ဆူဇီမိုသည် တစ်ခုခုလွဲမှားနေသလို ခံစားရလေသည်။

အဲဒါကြောင့် သူသည် ကောင်းကင်ဖြိုခွဲသူကို ဆုပ်ကိုင်ကာ အလွန်တရာ နှေးကွေးစွာဖြင့် လျှောက်လှမ်းနေလေသည်။ သူက တာအိုသက်ရှိ မိုးကြိုးလေပြေကို စိုက်ကြည့်ရင်း ထိုကိစ္စကို အလေးအနက် စဉ်းစားတွေးတောနေလေသည်။

ဆူဇီမိုနှင့် တာအိုသက်ရှိ မိုးကြိုးလေပြေက တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။

ပေ ၃၀..

ပေ ၂၀..

သိပ်မကြာမီ သူတို့နှစ်ယောက်က ၁၀ပေပင် မကွာဝေးတော့ပေ။

ထိုအကွာအဝေး၌ ဆူဇီမိုက ရုတ်တရက် ရပ်တန့်လိုက်လေသည်။

သူ၏အကြည့်က နတ်ဆိုးမကျိ၏ မျက်နှာပေါ် ဆင်းသက်သွားခဲ့လေသည်။

နောက်ဆုံးမှာတော့ ဘာမှားနေသလဲ သူက နားလည်သွားခဲ့လေသည်။

အဲဒါက တာအိုသက်ရှိ မိုးကြိုးလေပြေ မဟုတ်သလို.. တာအိုသက်ရှိ ကောင်းကင်စင်ရော်လည်း မဟုတ်ပေ။ အဲဒါက ကိုယ်တော်သဏ္ဌာန်မဲ့လည်း မဟုတ်ပေ။

အဲဒါက နတ်ဆိုးမကျိ ဖြစ်လေသည်။

သူမ၏ အနှိုင်းမဲ့ လှပသော မျက်နှာ၊ ဖမ်းစားနိုင်သော ခန္ဓာကိုယ်နှင့် သူမ၏ ချိုသာသော အသံကပင်လျှင် နတ်ဆိုးမကျိနှင့် အတိအကျ တူနေလေသည်။

သို့သော်လည်း.. သူ့ရှေ့မှ အမျိုးသမီးသည် လူတိုင်းကို ညို့ငင်ဖမ်းစားနိုင်သော နတ်ဆိုးမကျိ၏ ညို့ငင်ဓာတ်မျိုး ရှိမနေပေ။

နတ်ဆိုးမကျိသည် ပင်ကိုယ်ညို့ငင်ဓာတ်ဖြင့် မွေးဖွားလာပြီး ဟန်ဆောင်မှု လုံးဝမရှိပေ။ သူမ၏ စကားလုံးတိုင်း.. အပြုအမူတိုင်းနှင့် အပြုံးတစ်ခုစီတိုင်းက သက်ရှိအားလုံးကို ညို့ငင်ဖမ်းစားနိုင်ဖို့ လုံလောက်လေသည်။

သို့သော်လည်း သူ့ရှေ့မှ အမျိုးသမီး၏ ညို့ငင်ဖမ်းစားဓာတ်သည် အကန့်အသတ်ရှိလေသည်။ သူမက နတ်ဆိုးမကျိနှင့် နှိုင်းယှဉ်လျှင် အတော်လေး နိမ့်ကျနေသေးလေသည်။

ပို၍ အရေးကြီးသည်မှာ သူ၏ အာရုံခံသတိစိတ်ထံမှ သတိပေးချက်သည် သူနှင့် ရင်းနှီးကျွမ်းဝင်နေသလို ခံစားရလေသည်။

အဲဒါသည် လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် တိုက်ခိုက်တော့မည့် အချိန်တိုင်း ထွက်ပေါ်လာတတ်သော ခံစားချက်မျိုး ဖြစ်လေသည်။

သူ့ရှေ့မှလူ၏ သရုပ်သကန်က သိသာလာခဲ့လေပြီ။

လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပြီး သူ့ကိုယ်သူ အခြားသူများအဖြစ် ဟန်ဆောင်နိုင်လေသည်။ သို့သော်လည်း မည်သို့ပင်ဆိုစေ.. သူသည် စင်ကြယ်အပျိုစင်ဂိုဏ်းမှ လျှို့ဝှက်ပညာရပ်များကို ကျင့်ကြံမထားသည့်အတွက် စင်ကြယ်အပျိုစင်တစ်ယောက်၏ ညို့ငင်ဓာတ်မျိုးကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိပေ။

သူသည် သဏ္ဌာန်အရ တုပနိုင်သော်လည်း စိတ်ဝိညာဉ်ကို မတုပနိုင်ပေ။

တကယ်တော့ ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် အရူးလုပ်ခံရလုနီးပါးဖြစ်လေသည်။

ဆူဇီမိုရှေ့မှ လူက လျှို့ဝှက်မရဏဂိုဏ်းမှ မည်ကာမတ္တ တပည့်တစ်ယောက် ဖြစ်မည်ဆိုလျှင် သူတို့လေးယောက်က သူ့ကို ပူးပေါင်း၍ တိုက်ခိုက်တော့မည်ဟု ဆိုလိုလေသည်။

“ဇီမို သတိထား.. သူက အတုပဲ”

ရုတ်တရက်.. အော်သံတစ်သံက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာလေသည်။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား​ပြီး ဆက်လက်၍ သံသယမရှိတော့ပေ။

“လျှို့ဝှက်မရဏ.. မင်းကတော့ သေချင်နေပြီပဲ”

ဆူဇီမိုသည် ဟိန်းဟောက်၍ လက်ပြန်လွှဲယမ်းကာ သူ့ရှေ့ရှိ နတ်ဆိုးမကျိထံသို့ တန်ပြန်စီးကြောင်း ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်လိုက်လေသည်။

ဤနတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှု တစွန်းတစက ထွက်ပေါ်လာခဲ့လေသည်။

နောက်ဆုံးအခိုက်အတန့်တွင် သူ၏အစီအစဉ်က ကျရှုံးသွားလိမ့်မည်ဟု သူက မျှော်လင့်မထားမိပေ။

သူ၏ အစစ်အမှန် သရုပ်သကန်က လျှို့ဝှက်မရဏဂိုဏ်းမှ မည်ကာမတ္တတပည့် ဖြစ်လေသည်။

သိပ်မကြာမီ.. တာအိုသက်ရှိ လျှို့ဝှက်မရဏက သူ၏စိတ်ကို တည်ငြိမ်စေလိုက်လေသည်။

မည်သို့ပင်ဆိုစေ.. ဆူဇီမိုသည် သူတို့၏ကြားထဲမှာ ရောက်ရှိနေလေပြီ။ သူ၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက ကျဆုံးသွားမည်ဆိုလျှင်တောင် ထိုသူက သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

တာအိုသက်ရှိ လျှို့ဝှက်မရဏက နူးညံ့ချိုသာစွာဖြင့် ရယ်မောလိုက်လေသည်။

“ဇီမို.. နင်က ငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရက်တာလဲ”

ရွှစ်..

ဖျတ်ခနဲဆို သူ၏ပုံရိပ်က ဘေးဘက်သို့ ယိုင်ကျသွားပြီး လူတိုင်း၏ ရှေ့မှောက်ကနေ ပျောက်ကွယ်သွားခဲ့လေသည်။

လျှို့ဝှက်မရဏဂိုဏ်းက ဖုံးကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းမှာ အထူးပြုကြလေသည်။

သူ၏ သရုပ်မှန်က ပေါ်ပေါက်သွားပြီဖြစ်တာကြောင့် သူသည် ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်စရာ အကြောင်းမရှိပေ။ သူ၏ ပုံရိပ်က တစွန်းတစမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

အဲဒါက လျှို့ဝှက်မရဏဂိုဏ်း၏ ကြောက်စရာအကောင်းဆုံး ပညာရပ်တစ်ခုလည်း ဖြစ်လေသည်။

ပျောက်ကွယ်သွားခြင်းက ထွက်ခွာသွားခြင်းနှင့် မတူညီပေ။

အဲဒါထက်.. သူက ထွက်ခွာသွားတာလား.. ဤအနီးနားတစ်ဝိုက်မှာ ရှိနေသေးတာလား.. မည်သူကမှ မသိကြပေ။

သူက ဘယ်အချိန်မှာ တိုက်ခိုက်လာမလဲ မည်သူကမှ မသိရပေ။

အဲဒါက ကျင့်ကြံသူများအပေါ် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာဖိအားကို ဖြစ်ပေါ်စေပေလိမ့်မည်။ သူတို့က တစ်ချိန်လုံး စိုးထိတ်နေရပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့၏ စိတ်အာရုံတစ်ဝက်ကို လျှို့ဝှက်မရဏဂိုဏ်းမှ ကျင့်ကြံသူ တိုက်ခိုက်လာမည့်အချိန်ကို ကာကွယ်ရန် ခွဲဝေပေးထားရပေမည်။

လူအုပ်ကြီးက ထိုသည်ကိုကြည့်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

“စောစောက စင်ကြယ်အပျိုစင်က တာအိုသက်ရှိ လျှို့ဝှက်မရဏ ရုပ်ဖျက်ထားတာတဲ့လား.. အဲဒါက အရမ်းကို အစစ်အမှန်ဆန်လွန်းမနေဘူးလား.. သူမက မိစ္ဆာဂိုဏ်းတွေရဲ့ နတ်ဆိုးမနဲ့ အတိအကျကို တူညီနေတာပဲ”

“လျှို့ဝှက်မရဏဂိုဏ်းရဲ့ အမွေခံတပည့်တွေက တကယ်အံ့မခန်းပဲ.. ဘယ်သူကမှ သူတို့ရဲ့ အစစ်အမှန်သွင်ပြင်ကို မသိရဘူး.. သူက လျှို့ဝှက်မရဏဂိုဏ်းရဲ့ မည်ကာမတ္တ တပည့်တစ်ယောက်ဆိုမှတော့ သူ့ရဲ့နည်းလမ်းတွေက ပိုပြီးတော့ အဆင့်မြင့်မှာပဲ”

“အဲ့လိုသာဆိုရင် မည်ကာမတ္တ တပည့်လေးယောက်က တကယ်ပဲ ပူးပေါင်းပြီးတော့ ဆူဇီမိုကို တိုက်ခိုက်တော့မှာပေါ့”

“ကြည့်ရတာတော့ သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားက ဒီနေ့ ဒီနေရာမှာ သေရတော့မယ် ထင်ပါရဲ့”

မည်ကာမတ္တ တပည့်လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို မည်သူကမှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဟု ကျင့်ကြံသူများ အားလုံးက ယုံကြည်ထားကြလေသည်။

ယခုအချိန်တွင် အကျော်ကြားဆုံးဖြစ်သော သီယင်းပင်လျှင် အဲဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

တိုက်ပွဲနယ်မြေက အဆက်မပြတ် ပြောင်းလဲနေလေသည်။

တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုသည် စတင်တိုက်ခိုက်ပြီး တာအိုသက်ရှိ လျှို့ဝှက်မရဏက ပျောက်ကွယ်သွားခဲ့လေသည်။ သူ၏ရှေ့တွင် တာအိုသက်ရှိ မိုးကြိုးလေပြေသာလျှင် ကျန်ရစ်ခဲ့လေသည်။

ဖျောက်..

မသိလိုက် မသိဘာသာနှင့်ပင်.. တာအိုသက်ရှိ မိုးကြိုးလေပြေ၏ လက်ဖဝါးထဲတွင် အစိမ်းရောင်လျှပ်စီးများဖြင့် တောက်ပနေသော ဧရာမတူတစ်လက်က ထွက်ပေါ်လာခဲ့လသည်။

မူလဓမ္မလက်နက်၊ မိုးကြိုးလေပြေတူ..

ဆူဇီမိုထံမှ ဝင်ရောက်လာသော ခုတ်ချက်ကို ရင်ဆိုင်ရချိန်တွင် တာအိုသက်ရှိ မိုးကြိုးလေပြေက လုံးဝ ထိတ်လန့်သွားခြင်း မရှိပေ။ သူကလည်း ရှေ့သို့တက်လှမ်းပြီး ဝင်ရောက်လာသော ဆေဘာဆီသို့ သူ၏ မိုးကြိုးလေပြေတူကို လွှဲယမ်းလိုက်လေသည်။

တူများကို အသုံးပြုသော ကျင့်ကြံသူများ အားလုံးက ခန္ဓာမီးဆေးခြင်းမှာ အထူးပြုကြလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေအတွက်လည်း ထို့အတူပေ။

သူ့ထက် အဆင့်ကြီးတစ်ဆင့်နိမ့်ပြီး ထိုသူ၏သွေးချီက ဖိနှိမ်ခံထားရသောကြောင့် ဆူဇီမိုသည် သူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူက မယုံကြည်ပေ။

ဘုန်း..

ဆေဘာနှင့် တူက ထိတွေ့ရိုက်ခတ်သွားပြီး မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွား​ပြီး ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက မိုးကြိုးလေပြေတူမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာသည်ဟု သူက ခံစားရလေသည်။ အဲဒါက သူ၏အသက်ဓာတ်ကို ဖြတ်တောက်ဖို့ ကြိုးစားနေသည့်အလားပင်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာပြီး သူ၏သွေးချီက ရုန်းကြွလာကာ ထိုစွမ်းအားကို ဖိနှိမ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် ကိုယ်တော်သဏ္ဌာန်မဲ့တို့၏ တိုက်ခိုက်မှုများကလည်း ရောက်ရှိလာခဲ့လေသည်။

“မင်းကလည်း ဆေဘာအသုံးပြုတဲ့သူလို့ ငါကြားတယ်.. ကျေးဇူးပြုပြီး ငါ့ကို လမ်းညွှန်ပေးပါဦး”

တာအိုသက်ရှိ ကောင်းကင်စင်ရော်က ကြယ်တာရာစွမ်းအင်ဖြင့် ပြည့်နှက်နေသော ဆေဘာတစ်လက်ကို ကိုင်ထားပြီး ရှေ့သို့ခုတ်ပိုင်းလိုက်လေသည်။ ကြယ်ရောင်အလင်းများက ပြန့်ကျဲသွားပြီး သူ၏ ဆေဘာစိတ်ဆန္ဒက ဆင်းသက်လာခဲ့လေသည်။

ဆူဇီမိုက ဆေဘာနည်းစနစ်ချင်း ယှဉ်ပြိုင်မှုတွင် ကြောက်လန့်ခြင်း လုံးဝမရှိပေ။

သူ၏အကြည့်က အေးစက်နေပြီး လက်ပြန်လွှဲယမ်း၍ ခုတ်ပိုင်းလိုက်လေသည်။ ငရဲခန်းတစ်ခုက ထွက်ပေါ်လာပြီး ကြယ်အလင်းကို လွှမ်းခြုံကာ တာအိုသက်ရှိ ကောင်းကင်စင်ရော်ဆီသို့ ဆင်းသက်လာခဲ့လေသည်။

ဒေါင်…

ရုတ်တရက်ဆိုသလို.. လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့် အသံတစ်သံက လေထဲကနေ ထွက်ပေါ်လာပြီး ဆူဇီမိုကို ရင်တစ်ချက်ထိတ်သွားစေလေသည်။

သူ၏လှုပ်ရှားမှုက ခဏမျှ ရပ်တန့်သွားလေသည်။

ယခုတင် စုဖွဲ့လာသော ငရဲခန်း ဆေဘာစိတ်ဆန္ဒကလည်း ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေသည်။

ချွမ်း..

ဆေဘာနှစ်လက်က ထိတွေ့ရိုက်ခတ်သွားလေသည်။

ဆူဇီမိုသည် တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာစိတ်ဆန္ဒကို ရှုံးနိမ့်သွားပြီး ခပ်သဲ့သဲ့ ညည်းညူကာ ဒယီးဒယိုင် ဆုတ်သွားရလေသည်။

သူက တစ်ချက်ဝှေ့ကြည့်လိုက်လေသည်။

ကိုယ်တော်သဏ္ဌာန်မဲ့သည် ဘယ်ဘက်လက်မှာ သစ်သားငါးရုပ်နှင့် ညာဘက်လက်မှာ သစ်သားလက်ရိုက်တံကို ဆုပ်ကိုင်ကာ ဆူဇီမိုကို စိုက်ကြည့်နေလေသည်။

စောစောက ထွက်ပေါ်လာသော ထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်သည့် အသံက ကိုယ်တော်သဏ္ဌာန်မဲ့၏ သစ်သားငါးရုပ်ထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

အဲဒါက အသံပိုင်းဆိုင်ရာ လျှို့ဝှက်အတတ်တစ်ခု ဖြစ်လေသည်။

သို့သော်လည်း ဤအသံပိုင်းဆိုင်ရာ လျှို့ဝှက်အတတ်က ပို၍ပင် ကြောက်စရာကောင်းလေသည်။

အဲဒါက ဓမ္မစွမ်းအားတစ်ခု၏ အကူအညီဖြင့် အဆက်မပြတ် ထုတ်ဖော်နိုင်လေသည်။

ဖျောက်..

သူ၏မျက်လုံးရှေ့တွင် လျှပ်စီးရောင်က ဖြာလက်သွားလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေသည် နောက်တစ်ဖန် ရှေ့သို့ပြေးဝင်လာပြီး သူ၏ ဧရာမ မိုးကြိုးလေပြေတူကို လွှဲယမ်းကာ ဆူဇီမို၏ ဦးခေါင်းကို ချိန်ရွယ်လိုက်လေသည်။

ဆူဇီမိုသည် ကောင်းကင်ဖြိုခွဲသူကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ငရဲခန်း ဆေဘာစိတ်ဆန္ဒကို တစ်ဖန်ထုတ်ဖော်လိုက်လေသည်။ သွေးချီက လေထဲမှာ ပြည့်နှက်သွားပြီး အဲဒါက တာအိုသက်ရှိ မိုးကြိုးလေပြေထံသို့ ပစ်ဝင်သွားလေသည်။

ဒေါင်..

သစ်သားငါးရုပ်ထံမှ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာပြန်လေသည်။

ဆူဇီမိုသည် ဆတ်ခနဲ တုန်ယင်သွားပြီး ငရဲခန်း ဆေဘာစိတ်ဆန္ဒက တစ်ဖန်ပျက်ပြယ်သွားရပြန်လေသည်။

ချွမ်း..

တစ်ချိန်တည်းမှာပင် မိုးကြိုးလေပြေတူနှင့် ကောင်းကင်ဖြိုခွဲသူက ထိတွေ့ရိုက်ခတ်သွားပြီး စူးစူးရှရှ ကျယ်လောင်သည့်အသံက ထွက်ပေါ်လာခဲ့လေသည်။

သစ်သားငါးရုပ်ထံမှ အသံ၏ သက်ရောက်မှုကြောင့် ဆူဇီမို၏ခွန်အားက လျော့ကျသွားပြီး တာအိုသက်ရှိ မိုးကြိုးလေပြေ၏ တူရိုက်ချက်တွင် သူက လွင့်စင်ထွက်လုနီးပါးပင်။

ကြယ်အလင်းရောင်က ပြန့်ကျဲသွားလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်က နောက်တစ်ဖန် တိုက်ခိုက်လာလေသည်။

ကိုယ်တော်သဏ္ဌာန်မဲ့ကလည်း သူ၏ သစ်သားလက်ရိုက်တံကို ဆန့်ထုတ်ပြီး ဆူဇီမို၏ဦးခေါင်းကို ချိန်ရွယ်တိုက်ခိုက်လိုက်လေသည်။

မည်ကာမတ္တ တပည့်သုံးယောက်သည် အတူပူးပေါင်း၍ ဆူဇီမိုကို အသက်ရှူချိန်ပင် လုံးဝ ခွင့်မပေးပေ။ သူတို့သည် နှစ်ပေါင်းများစွာ အတူတွဲဖက်၍ လေ့ကျင့်လာခဲ့သည့်အလား တစ်ယောက်ပေါ်တစ်ယောက် အလိုလို နားလည်မှုရှိနေပြီး တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်ဖော်လာလေသည်။

ချက်ချင်းပင် ဆူဇီမိုက အလွန်တရာ အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့လေသည်။

All Chapters