ရင်ကိုထိသော စကားလုံများ
Vol. 67 Ch. 1005
မည်ကာမတ္တတပည့် ၅ ယောက်၏ ဝန်းရံတိုက်ခိုက်ခံရသည့် ခံစားချက်ကို မဘ်သူကမှ နားလည်န်ုင်လိမ့်မည်မဟုတ်ပေ။
ထိုဖိအားက မွန်းကျပ်ဖွယ်ရာကောင်းပြီး အဘက်ဘက်ကနေ ဖိစီးနှိပ်စက်လာလေသည်။
ဆူဇီမိုသည် နောက်ခဏ၌ အပိုင်းပိုင်းစုတ်ပြဲပြီး သူ၏ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်က ပျက်စီးသွားတော့မည်ဟု ခံစားရလေသည်။
သူသည် သေခြင်းအော်ရာကိုပင် ရှုရှိုက်မိနေပြီး အဆုံးမဲ့ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားတော့မည်ဆိုတာ သူက သိနေလေသည်။
ထိုအခိုက်အတန့်မှာပင် သူ၏ ဝှက်ဖဲများအားလုံးက သုံးစားမရတော့ပေ။
သူက ဖန်တီးခြင်းကြာပဒုမ္မာနှင့် မီးပဒေသာဓားဝင်္ကပါကို ဆင့်ခေါ်နိုင်မည်ဆိုလျှင်တောင် သူသည် လက်ရှိအခြေအနေကနေ ရုန်းထွက်နိုင်တော့မည်မဟုတ်ပေ။
ကြယ်အလင်းရောင်က ပျံ့ကျဲသွားပြီး ငရဲခန်းကိုထိုးဖောက်လာခဲ့လေသည်။
လခြမ်းကွေးနှင့်တူသော ဆေဘာက ငရဲခန်းတစ်ခုလုံးကို တစ်ဝက်ထိလှီးဖြတ်ပြီး ကောင်းကင်ဖြိုခွဲသူပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့လေသည်။
လေပွေမုန်တိုင်းက တဝီဝီ အော်မြည်၍ မိုးကြိုးလေပြေတူသည် နောက်တစ်ဖန်ပေါက်ကွဲ၍ ဆေဘာပေါ်သို့ ပစ်ဆောင့်လာခဲ့လေသည်။
ဆေဘာနှင့် တူသည် တစ်ချိန်တည်းမှာ ဆင်းသက်လာပြီး ကြောက်စရာကာင်းသည့် စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
ချက်ချင်းပင် သူ့လက်ဖဝါးက စုတ်ပြဲသွားပြီး သွေးများက စီးထွက်လာခဲ့လေသည်။ သူက ကောင်းကင်ဖြိုခွဲသူကို ကိုင်ထားနိုင်ခြင်းမရှိတော့ပဲ အဲ့ဒါက သူ့လက်ထဲကနေ လွင့်ပျံထွက်သွားလေသည်။
သူသည် ကျင့်ကြံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ကတည်းက သူ၏လက်နက်ကို လွတ်ထွက်သွားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
အဲ့ဒါက အစသာရှိသေးလေသည်....
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ အရိုးလှံတံနှင့် တာအိုသက်ရှိလျှို့ဝှက်မရဏ၏ ဓားက ရောက်ရှိလာခဲ့လေပြီ။
ဆူဇီမို၏ ကိုယ်ကာယက ဘယ်လောက်ပင်သန်မာပါစေ သူ၏ သွေးချီကိုအသုံးပြုနိုင်မည်ဆိုလျှင်တောင် သူသည် မူလပကတိဓမ္မလက်နက်တစ်ခု၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
သူ့ရှေ့တွင် တာအိုသက်ရှိကောင်းကင်ဇင်ယော်က ခပ်ယဲ့ယဲ့ပြုံး၍ သနားနေသော မျက်လုံးများဖြင့် သူ့ကို ငုံ့ကြည့်နေလေသည်။
တာအိုသက်ရှိမိုးကြိုးလေပြေက အမူအရာကင်းမဲ့နေပြီး ဆူဇီမို၏ ခါးပေါ်ရှိ သိုလှောင်အိတ်ကို တစ်ချိန်လုံးစောင့်ကြည့်နေလေသည်။
သူက ခရမ်းရောင်မိုးကြိးကျမ်းကို အရယူရပေမည်။
ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် သူ၏ လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီးသနားကြင်သော အမူအရာတစ်ခုကို ထုတ်ပြနေသော်လည်း တကယ်တော့ သူသည် ဖန်တီးခြင်းကြာပဒုမ္မာကို အရယူဖို့ စောင့်ဆိုင်းနေခြင်းဖြစ်လေသည်။
တစ်ခဏအတွင်းမှာပင် ဆူဇီမို၏စိတ်က လျင်မြန်စွာတည်ငြိမ်သွားခဲ့လေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်ထိ သူ၏ ဘယ်ဘက်လက်သည် လွတ်နေပြီး သူ၏ ခါးပေါ်မှာတစ်ချိန်လုံး ရှိနေလေသည်။
ယခုအချိန်တွင်တော့ သူ၏ ဘယ်ဘက်လက်သည် သူ့ခါးပေါ်ရှိ သာမန်ပုံစံ ကျောက်စိမ်းဆွဲသီးတစ်ခုကို ရုတ်တရက် ဆုပ်ကိုင်ပြီး ချိုးချေလိုက်လေသည်။
ဖောင်း....
ကျောက်စိမ်းဆွဲသီးက ကြေမွသွားပြီး တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
ချက်ချင်းပင် ဆူဇီမိုသည် ၎င်း၏လွှမ်းခြုံခြင်းကို ခံရပြီး ဧရာမအကာအရံအလွှာတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။
ဘုန်း.....
တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ၏ အရိုးလှံတံနှင့် တာအိုသက်ရှိလျှို့ဝှက်မရဏ၏ ဓားသည် အလွန်ကျယ်လောင်စွာဖြင့် အလင်းအကာအရံအလွှာပေါ်သို့ တစ်ချိန်တည်းနီးပါး ကျဆင်းလာခဲ့လေသည်။
ချက်ချင်းပင် ဆူဇီမိုသည် လွင့်စင်ထွက်သွားပြီး ဘေးဘက်သို့ လဲကျသွားလေသည်။
မည်ကာမတ္တတပည့်နှစ်ယောက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အကာအရံအလွှာပေါ်မှာ အက်ကွဲကြောင်းများက ဖြစ်ပေါ်လာပြီးနောက် လျင်မြန်စွာ ပျက်ပြယ်သွားခဲ့လေသည်။
ဟမ်.....
တာအိုသက်ရှိကောင်းကင်ဇင်ယော်နှင့် အခြားသူများက သူတို့၏ မျက်လုံးများကို မှေးကျဥ်းလိုက်လေသည်။
“ကာကွယ်ရေးဓမ္မလက်နက်လား......”
မည်ကာမတ္တတပည့်များအနေဖြင့် သူတို့သည် ထိုအလင်းအကာအရံအလွှာ၏ ဇာစ်မြစ်ကို ချက်ချင်းပင် ပြောနိုင်ကြလေသည်။
ကာကွယ်ရေးဓမ္မလက်နက်များသည် အဆောင်လက်ဖွဲ့များကဲ့သို့ ကိုယ်နှင့်မကွာသယ်ဆောင်နိုင်ပြီး အဖိုးတန်ဆုံးနှင့် အရှားပါးဆုံးဖြစ်လေသည်။
သူတို့ကို ထိပ်သီးဂိုဏ်းကြီးများ သို့မဟုတ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက သူတို့ရင်းနှီးချစ်ခင်ရသော သူများအတွက် ပြင်ဆင်ပေးထားတတ်ကြလေသည်။
အဲ့ဒါက တိုက်ပွဲတွင် အရေးမပါဟု ထင်ရသော်လည်း သေရေးရှင်ရေးအခြေအနေမှာ အသက်တစ်ခုကို အရေးပေါ် ကယ်တင်နိုင်လေသည်။
ဤကာကွယ်ရေးဓမ္မလက်နက်သည် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ရှန်ကွမ်ကျီက သူ့ကိုပေးထားခံသော ရတနာဖြစ်လေသည်။
ဆူဇီမိုသည် ထိတ်လန့်နေဆဲ ဖြစ်လေသည်။ ထိုကာကွယ်ရေးဓမ္မလက်နက်ကြောင့်သာမဟုတ်လျှင် စောစောက သူသည် သေဆုံးသွားရပေလိမ့်မည်။ သူ၏ သွေးနီရောင်ဆံပင်ယင်စိတ်ဝိညာဥ်နှင့် နဂါးအသွင်ပြောင်းလဲခြင်းကဲ့သို့သော များစွာသော နည်းလမ်းများပင်လျှင် ထိုအခြေအနေမှာ သူ့ကို ကူညီပေးနိုင်လိမ့်မည်မဟုတ်ပေ။
တကယ်တော့ ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက ဒဏ်ရာရရှိသွားဆဲဖြစ်လေသည်။
ကာကွယ်ရေးဓမ္မလက်နက်သည် မူလနတ္ထိတစ်ယောက်ထံမှ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုကို ခုခံပေးနိုင်လေသည်။
သူသည် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာနှင့် တာအိုသက်ရှိလျှို့ဝှက်မရဏတို့၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း တာအိုသက်ရှိမိုးကြိုးလေပြေနှင့် တာအိုသက်ရှိကောင်းကင်ဇင်ယော်၏ စွမ်းအားများသည် သူ၏ ကာကွယ်ရေးဓမ္မလက်နက်ကို မထုတ်ဖော်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားခဲ့လေပြီ။
ဖွီး.....
ဆူဇီမိုသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့်အတူ မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ကျပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရလေသည်။
“ဇီမို.... နင်အဆင်ပြေရဲ့လား”
ထိုစဥ်မှာပင် မွှေးပျံ့သော ရနံ့တစ်ခုက လွှမ်းခြုံလာပြိး ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက်က သူ့ဘေးမှာ ပေါ်လာခဲ့လေသည်။
ဆူဇီမိုက ဘေးတိုက်တစ်ချက်ကြည့်လိုက်လေသည်။ သူ့ဘေးရှိ မိန်းကလေးက မွေးရာပါ ညို့ငင်ဓာတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူမက သူမ၏ နှုတ်ခမ်းကိုတင်းကျပ်စွာစေ့ထားပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များက စိုစွတ်လာကာ စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့က ပြည့်နှက်နေလေသည်။
နတ်ဆိုးမိကျိ....
သူ့ရှေ့ရှိမိန်းကလေးက အစစ်အမှန်နတ်ဆိုးမကျိဖြစ်လေသည်။
သူတို့က တိုက်ခိုက်ကြတော့မည့်ဆဲဆဲအချိန်တွင် သူ့ကိုသတိပေးနေသော အသံတစ်သံကို လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာသည်ကို ကြားခဲ့ရလေသည်။
နတ်ဆိုးမကျိက ဤနေရာသို့ ရောက်ရှိနေပြီကို ဆူဇီမိုက ခန့်မှန်းမိထားခဲ့လေပြီ။
သူသည် မည်ကာမတ္တတပည့် ၅ ယောက်၏ ထောင်ချောက်ထဲသို့ ကျဆင်းခဲ့ရသော်လည်း တာအိုသက်ရှိကောင်းကင်ဇင်ယော်နှင့် အခြားသူများက ဤကိစ္စကို လုံးလုံးလျားလျား လိမ်ညာခဲ့တာတော့မဟုတ်ပေ။
“ဟားဟားဟားဟား.....”
ဆူဇီမို၏ နှုတ်ခမ်းများက သွေးများဖြင့်စွန်းပေနေပြီး သူက သူ့ဘေးတွင်ရှိသော မိန်းကလေးကို ကြည့်လိုက်လေသည်။ ရုတ်တရက် သူ့မျက်လုံးထဲရှိ ဝမ်းသာပျော်ရွှင်မှုများကို မထိန်းချုပ်နိုင်ပဲ ဟားတိုက်ရယ်မောလီုက်လေသည်။
“နင်က ဘာကိုရယ်နေတာလဲ”
သူသည် မည်ကာမတ္တတပည့် ၅ ယောက်၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံထားရပြီး သူ့အတွက် ထွက်ပြေးလွတ်မြောက်နိုင်ဖို့က မဖြစ်နိုင်တော့ပေ။ နတ်ဆိုးမကျိသည် စိုးရိမ်ပူပန်နေပြီး ငိုချတော့မတတ်ဖြစ်နေလေသည်။
“နင်က... အရူးပဲ”
သူမက ဆူဇီမို၏ ပုခုံးကိုထုရိုက်ပြီး ဆို့နင့်နေသောအသံဖြင့် ပြောလိုက်လေသည်။
“နင်က... လှည့်စားခံလိုက်ရပြီး.. နင်ဒီကိုမလာခဲ့သင့်ဘူး”
နတ်ဆိုးမိကျိသည် စိုးရိမ်ပူပန်မှုအပြင် သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရလေသည်။
သူမက ဤနေရာသို့ စောစောကြိုရောက်ပြီး ဆူဇီမိုကို တားဆီးနိုင်ခဲ့မယ်ဆိုရင် ဤကိစ္စများက ဖြစ်ပျက်လာလိမ့်မည်မဟုတ်ပေ။
“အခုလည်... အခြေအနေက မဆိုးပါဘူး”
ဆူဇီမိုက ပြုံးလိုက်လေသည်။
“အနည်းဆုံးတော့... နင်ကဘေးကင်းလုံခြုံနေတာပဲ”
နတ်ဆိုးမကျိက မှင်တက်သွားခဲ့လေသည်။
သူမမျက်လုံးထဲရှိ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ဘဲ ကြည်လင်နေသော ပုတီးစေ့များကဲ့သို့ မျက်ရည်များက တစ်ပေါက်ပေါက်ကျဆင်းလာခဲ့လေသည်။
သူမသည် ပြုံးပျော်နေသော ဆူဇီမို၏မျက်နှာကိုကြည့်ပြီး အနည်းငယ်ငေးငိုင်နေလေသည်။
သူမရှေ့မှ ဤလူသည် မည်ကာမတ္တတပည့် ၅ ယောက်၏ လှည့်ဖျားခြင်းကို ခံခဲ့ရပြီး သေအံ့ဆဲဆဲအခြေအနေမှာ ရောက်ရှိနေတာတောင် သူ ဝမ်းသာပျော်ရွှင်စွာဖြင့် ပြုံးရွှင်နိုင်သေးသည့် အကြောင်းရင်းက သူမဘေးကင်းလုံခြုံသောကြောင့်တဲ့လား...။
သို့သော်လည်း သူပေးဆပ်ရသောတန်ဖိုးက အလွန်ကြီးမားလေသည်။
နတ်ဆိုးမကျိ၏ မျက်လုံးထဲတွင် နူးညံ့ညင်သာသော အကြည့်တစ်ခုက ဖျတ်ခနဲပေါ်လာပြီး သူမက တီးတိုးပြောဆိုလိုက်လေသည်။
“အဲ့ဒါက ငါကြားဖူးသမျှ ချစ်ခြင်းမေတ္တာစကားလုံးတွေထဲမှာ ရင်ထဲကိုအထိဆုံးပဲ...”
တာအိုသက်ရှိကောင်းကင်ဇင်ယော်နှင့် အခြားသူများက စိတ်အေးလက်အေးရှိနေပြီး အလောတကြီးမရှိကြပေ။
ဆူဇီမိုက သူ၏ကာကွယ်ရေးဓမ္မလက်နက်ဖြင့် အသက်ရှင်နိုင်ခဲ့လျှင်တောင် သူက ဒဏ်ရာရရှိထားခဲ့လေပြီ။ ဒါ့အပြင် ဆူဇီမိုသည် သူတို့၅ ယောက်ထံကနေ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
တာအိုသက်ရှိလျှို့ဝှက်မရဏ၏ပုံရိပ်က တဖျပ်ဖျပ်ဖြစ်သွားပြီး တစ်ဖန်ပျောက်ကွယ်သွးခဲ့လေသည်။
မှင်သေသေမျက်နှာနှင့် အေးစက်စက်အမူအရာတစ်ခုနှင့်အတူ တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက နတ်ဆိုးမိကျိကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မိစ္ဆာဂိုဏ်းတွေက လူတစ်ယောက်အနေနဲ့ ငါက နင့်ကိုစေတနာနဲ့ သတိပေးလိုက်မယ်... နင်က သူနဲ့ဝေးဝေးနေရင် ကောင်းလိမ့်မယ်...”
“မဟုတ်ရင်တော့... တကယ့်တကယ် တိုက်ခိုက်ကြမယ်ဆိုရင် နင်ပါရောပြီး သေသွားရလိမ့်မယ်... အဲ့ဒါဆိုရင် နင်တို့ရဲ့ စင်ကြယ်အပျိုစင်ဂိုဏ်းမှာ အမွေခံမယ့်သူ ရှိမှာမဟုတ်တော့ဘူး”
ဆူဇီမိုက တာအိုသက်ရှိကောင်းကင်ဇင်ယော်နှင့် အခြားသူများကို မိုးကြိုးလျှပ်စီးကဲ့သို့ ထက်ရှသောအကြည့်တစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းမော့ကြည့်လိုက်လေသည်။
ကောင်းကင်ဖြိုခွဲသူက အခြားတစ်ဖက်သို့ ကျဆင်းသွားခဲ့လေသည်။
ဆူဇီမို၏နှာရောင်က တောက်ပသွားပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ဆင့်ခေါ်လိုက်လေသည်။
လေထဲတွင် ဖြည်းဖြည်းချင်းလည်ပတ်နေသော ဖန်တီးခြင်းကြာပဒုမ္မာကိုကြည့်ရင်း ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ မျက်လုံးများက ဝင်းလက်လာခဲ့လေသည်။
ဆူဇီမိုသည် သူ၏ ဘယ်ဘက်လက်တွင် ဖန်တီးခြင်းကြာပဒုမ္မာကို ဆုပ်ကိုင်ထားရင်း နတ်ဆိုးမကျိထံသို့ အသံတစ်ခုကို ပို့လွှတ်လိုက်လေသည်။
“ဒီနေရာကနေ အရင်ထွက်သွား... သူတို့ငါးယောက်က ငါ့ကို ထိန်းထားနိုင်မှာမဟုတ်ဘူး”
သူက ထျန်ဟွမ်ကုန်းမြေတိုက်မှာသာဆိုရင် ဤမည်ကာမတ္တတပည့် ၅ ယောက်က သူ့ကိုအမှန်တကယ်ပင် ထိန်းချုပ်ထားနိုင်လိမ့်မည်မဟုတ်ပေ။
သူက သွေးစတေးထွက်းပြေးခြင်းကို ထုတ်ဖော်သည်နှင့် ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သူ့ကို လိုက်မီချင်မှ လိုက်မီပေလိမ့်မည်။
သို့သော်လည်း ဤနေရာက တာအိုအမွေအနှစ်ကုန်းမြေဖြစ်ပြီး သွေးစတေးထွက်ပြေးခြင်းကို အသက်သွင်းနိုင်လိမ့်မည်မဟုတ်ပေ။
သူက ထိုစကားကိုပြောရသည့်အကြောင်းရင်းမှာ နဆ်ဆိုးမကျိကို ဤနေရာကနေ ထွက်ခွာစေပြီး သူမအတွက် အန္တရာယ်ကင်းစေချင်သောကြောင့်ဖြစ်လေသည်။
“တကယ်ပြောနေတာလား....”
နတ်ဆိုးမကျိက ရင်တစ်ချက်ထိတ်သွားပြီး သူမမျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပလာလေသည်။
သူမက ဆူဇီမို၏ အစွမ်းအစများကို သိထားလေသည်။ သူ့အနေဖြင့် မည်ကာမတ္တတပည့် ၅ ယောက်၏ ဝန်းရံပိတ်ဆို့မှုကနေ ကိုယ်လွတ်ရုန်းထွက်နိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်လောက်ပေ။
“တကယ် ပြောနေတာ... မြန်မြန်သွားတော့”
ဆူဇီမိုက နောက်ထပ်အသံတစ်ခုကို ပို့လွှတ်လိုက်လေသည်။
“နင်ဒီကထွက်သွားတာနဲ့... ငါက အစွမ်းကုန်ထုတ်တိုက်ခိုက်ပြီးတော့ အချိန်မရွေး ဆုတ်ခွာသွားလို့ရတယ်... ငါသာထွက်သွားချင်မယ်ဆိုရင် ဘယ်သူက ငါ့ကိုတားနိုင်ပါ့မလဲ”
“ကောင်းပြီလေ”
နတ်ဆိုးမကျိက သူ့ကိုယုံကြည်လိုက်ပြီး အံကိုကြိတ်ကာ သူမမျက်နှာပေါ်ရှိ မျက်ရည်စများကို သုတ်၍ လှည့်ထွက်သွားခဲ့လေသည်။