← Chapters

တာအိုသက်ရှိအဆိပ်

Vol. 68 Ch. 1011

တာအိုသက်ရှိအဆိပ်

Vol. 68 Ch. 1011

တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိမိုးကြိုးလေပြေတို့သည် တစ်ဘက်တစ်ချက်စီကနေ ဝင်ရောက်လာကြလေသည်။

“သတ်....”

ရုတ်တရက်.. ဆူဇီမိုက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို နောက်တစ်ဖန် ထုတ်ဖော်လိုက်လေသည်။

မိုးချိန်းသံများက တဝုန်းဝုန်းမြည်လာပြီး လူတိုင်းကို တုန်လှုပ်သွားစေလေသည်။

ဆူဇီမိုက ဖန်တီးခြင်းကြာပဒုမ္မာကို သူ၏လက်ထဲမှာဆုပ်ကိုင်ပြီး ဝင်ရောက်လာသော ဆေဘာဆီသို့ ပြေးဝင်သွားလေသည်။

သူက ညာဘက်လက်ဖြင့် လက်သီးဆုပ်ပြီး ဝင်ရောက်လာသော မိုးကြိုးလေပြေတူကို ထိပ်တိုက်ရင်ဆိုင်ပြေးထိုးလိုက်လေသည်။

ဘုန်း....

ကျယ်လောင်သောမြည်သံနှင့်အတူ တာအိုသက်ရှိကောင်းကင်စင်ရော်က လွင့်စင်ထွက်သွားလေသည်။

အဲ့ဒီမှာ ဆူဇီမို၏ ညာဘက်လက်ပေါ်တွင် အသားများက ကြေမွသွားပြီးနီရဲနေသော နတ်ဖီးနစ်အရိုးက ထွက်ပေါ်လာခဲ့လေသည်။ သို့သော်လည်း သူက မိုးကြိုးလေပြေတူကို လွင့်စင်ထွက်သွားစေခဲ့လေသည်။

ယခုအချိန်တွင် ဆူဇီမိုသည် စွန့်လွှတ်အနစ်နာခံခြင်းဟုခေါ်သောအရာ သို့မဟုတ် နတ်ဆိုးမကျိ သူ့ကိုပေးခဲ့သော အရာနှင့်ပတ်သက်၍ ဘာမှမသိပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ကိုယ်ထဲမှ အကန့်အသတ်မဲ့သောစွမ်းအားများက တရုန်းရုန်းကြွနေလေသည်။

ထိုစွမ်းအားများက သူပိုင်ဆိုင်သောအရာမဟုတ်ပေ။ သို့သော်လည်း ထိုစွမ်းအားနှင့်အတူ သူသည် မည်ကာမတ္တတပည့်များကို ယာယီအားဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး ထွက်ပြေးဖို့အခွင့်အရေးတစ်ခုကို ရရှိခဲ့လေသည်။

“နတ်ဆိုးစိတ်ဆန္ဒ ဝါးမြိုခြင်း....”

တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်နှစ်ယောက် အနီးကပ်တိုက်ခိုက်ရည်မှာ အရေးနိမ့်နေသည်ကို တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ မြင်သောအခါ သူသည် ထိပ်တန်းအဆင့် ဓမ္မအတတ်တစ်ခုကို ဆင့်ခေါ်ပြီး ဆူဇီမိုထံသို့ ပစ်ထုတ်လိုက်လေသည်။

အကန့်အသတ်မဲ့သော အနက်ရောင်ဆိုးယုတ်ချီများက သူ၏ လက်ချောင်းထိပ်ကနေ ဖြာထွက်လာပြီး ဧရာမအနက်ရောင်ဦးခေါင်းတစ်လုံးကို လေထဲတွင် စုဖွဲ့သွားစေလေသည်။

၎င်းက မာန်ဖီအော်ဟစ်၍ ဆူဇီမိုကို ဝါးမြိုဖို့အတွက် ပြေးဝင်လာခဲ့လေသည်။

ဆူဇီမို၏ မျက်လုံးက ဝင်းလ​က်သွားပြီး အတွေးတစ်ချက်နှင့်အတူ သူ၏ခြေထောက်အောက်တွင် အလွန်ကြီးမားသည့် သတ္တဝါတစ်ကောင်က ပေါ်ထွက်လာခဲ့လေသည်။

ခြေလေးဖက်နှင့် ဦးခေါင်းနှစ်လုံးရှိသော အလွန်ကြီးမားသည့် သတ္တဝါသည် လျှို့ဝှက်ဆန်းကြယ်သောကျမ်းစာများဖြင် ပြည့်နှက်နေသည့် ဧရာမအုပ်ခွံတစ်ခုကို ကျောပေါ်မှာသယ်ဆောင်ထားလေသည်။ အဲ့ဒါက အလွန်ရှေးကျ၍ လောက၏ လျှို့ဝှက်ချက်များအားလုံးကို နားလည်သဘောပေါက်နေသည့်အလား ထင်ရလေသည်။

၎င်း၏ အုပ်ခွံက မိုးကောင်းကင်ကို ထမ်းပိုးထားပြီး ၎င်း၏ ခြေထောက်များက ကောင်းကင်ထောက်တိုင်များကဲ့သို့ စီးဆင်းနေသော ရေလှိုင်းများကြားမှာ မားမားမတ်မတ်ရပ်တည်နေလေသည်။

“ဂါး.....”

မြွေနှင့်လိပ်တို့သည် သူတို့၏ ဦးခေါင်းများကိုမော့၍ လေထဲသို့ မာန်ဖီဟိန်းဟောက်လိုက်လေသည်။

မဟူရာကုန်းလိပ်၏ ရောက်ရှိလာမှုက လောကကို တုန်ခါသွားစေလေသည်။

တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ ဆင့်ခေါ်လိုက်သော ဓမ္မအတတ်သည် ဘယ်လိုပင်သန်မာပါစေ အဲ့ဒါက မဟူရာကုန်းလိပ်ကို ဝါးမျိုနိုင်ခြင်းမရှိပေ။

မည်ကာမတ္တတပည့်လေးယောက်သည် ဆူဇီမို၏ လက်ချက်ဖြင့် နောက်ပြန်လွင့်ထွက်သွားပြီး တာအိုသက်ရှိ လျှို့ဝှက်မရဏက သူ့ကိုယ်သူ ထုတ်ဖော်ပြသရဲခြင်းမရှိပေ။

ဆူဇီမိုက ထိုအခွင့်​အရေးကို ချိန်ဆပြီး ဒဏ်ရာအပြင်းအထန်ရရှိနေသော မင်းကျန်ကို ဆွဲယူကာ လျှပ်စီးထွက်ပြေးခြင်းနည်းစနစ်နှင့်အတူ အရပ်တစ်ဖက်သို့ ပျံသန်းထွက်ခွာလိုက်လေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တုန်လှုပ်သွားရ​လေသည်။

မိစ္ဆာဂိုဏ်းများမှာ စင်ကြယ်အပျိုစင်၏ စွန့်လွှတ်အနစ်နာခံမှုသည် ဆူဇီမိုကို အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးလာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားပေ။

သူသည် မည်ကာမတ္တတပည့်ငါးယောက်၏ ဝန်းရံတိုက်ခိုက်ပိတ်ဆို့မှုအောက်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပေတော့မည်။

ဆူဇီမိုက ပြေးဝင်လာနေသည်ကိုမြင်သောအခါ လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကြောက်ရွံ့မှုဖြင့် ရှောင်တိမ်းလိုက်ကြလေသည်။

အေးစက်စက်အမူအရာရှိသော ကျင့်ကြံသူတစ်ယောက်သည် လူအုပ်ကြီးထဲမှာ ပုန်းကွယ်နေပြီး အခြားသူများနှင့်အတူ လိုက်ပါရှောင်တိမ်းလိုက်လေသည်။ သို့သော်လည်း သူ၏ အကြည့်က ဆူဇီမိုအပေါ်တွင် တစ်ချိန်လုံး မမှိတ်မသုန် ကျရောက်နေလေသည်။

ဆူဇီမို၏ သူ့ဦးခေါင်းပေါ်ကနေ ဖြတ်သန်းသွားသည့်အချိန်တွင် သူ၏ မျက်လုံးက အေးစက်စက်အလင်းဖြင့် ဖျပ်ခနဲလက်သွားလေသည်။ ရုတ်တရက် သူက တိုက်ခိုက်လိုက်ပြီး နက်မှောင်သိပ်သည်းသော အရိပ်တစ်ခုက ပေါ်ထွက်လာကာ ဆူဇီမို၏ နောက်ကျောဆီသို့ ချက်ချင်းပစ်ဝင်သွားလေသည်။

“ဟမ်....”

ဆူဇီမိုက ကြီးမားစွာ တုန်လှုပ်သွားရလေသည်။

သူ၏ စိတ်အာရုံအားလုံးကို မည်ကာမတ္တတပည့်ငါးယောက်ပေါ်မှာ စူးစိုက်ထားရလေသည်။ လူအုပ်ကြီးထဲမှ ချောင်းမြောင်းနေသည့် နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မည်ဟု သူကထင်မှတ်မထားပေ။

တာအိုအမွေအနှစ်ကုန်းမြေတွင် သူ့ကိုသတ်ဖြတ်ချင်သော လူများက များပြားလွန်းလေသည်။

“ချပ်ဝတ်ပေါက်ကွဲ အရိုးတိုက်စားအပ်”

လူအုပ်ကြီးက အံ့အတသင့်ရေရွတ်လိုက်ကြလေသည်။

အဆိပ်ဂိုဏ်း....

ချပ်ဝတ်ပေါက်ကွဲ အရိုးတိုက်စားအပ်သည် အဆိပ်ဂိုဏ်း၏ မရဏ ၇ ဖော်ထဲမှဖြစ်ပြီး အလွန်တရာကြောက်စရာကောင်းလေသည်။ ၎င်း၏ ထိုးဖောက်စွမ်းအားက တုန်လှုပ်စရာကောင်းပြီး ၎င်း၏ အဆိပ်ဓာတ်က ပြင်းထန်လွန်း၍ အရိုးထဲထိ စိမ့်ဝင်နိုင်ကာ အဲ့ဒါကို ဖယ်ထုတ်နိုင်သည့် နည်းလမ်းမရှိပေ။

ဆူဇီမို၏နောက်ဘက်ကနေ ပစ်ဝင်လာသော ချပ်ဝတ်ပေါက်ကွဲအရိုးတိုက်စားအပ်များစွာရှိပြီး အဲ့ဒါက သူ၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့ထားလေသည်။

အဲ့ဒါက အဆိပ်ဂိုဏ်းမှ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးဖြစ်လေသည်။

အဲ့ဒီမှာ မင်းကျန်ကို ချိန်ရွယ်လာသော ချပ်ဝတ်ပေါက်ကွဲအရိုးတိုက်စားအပ် အချို့လည်းရှိလေသည်။

​ဆူဇီမိုက မင်းကျန်ကို ရှေ့သို့တွန်းထုတ်ပြီး သူ၏သေကွင်းသေကွက်များသို့ မထိမိစေရန် အတတ်နိုင်ဆုံး ရှောင်ရှားလိုက်လေသည်။ သို့သော်လည်း သူသည် ချပ်ဝတ်ပေါက်ကွဲအရိုးတိုက်စားအပ် အချို့ကို ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိပေ။

ဖောက်.. ဖောက်....ဖောက်...

သူတို့ထဲမှ အချို့က သူ၏ ကိုယ်ကျပ်ချပ်ဝတ်ကို ထိတွေ့ရိုက်ခတ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

သို့သော်လည်း အဆိပ်အပ် ၇ ချောင်းက သူ၏ ခြေထောက်များဆီသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။

သူ၏ ခန္ဓာကိုယ်က သန်မာပြီး ချပ်ဝတ်ပေါက်ကွဲအရိုးတိုက်စားအပ်သည် သူ၏အသားကို မထိုးဖောက်နိုင်သော်လည်း အပ်ပေါ်တွင်သုတ်လူးထားသော အဆိပ်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

“ကောင်းကင်ဘုံကတောင် သူ့ကို သတ်ဖြတ်ဖို့ အစီအစဥ်ချပြီးသွားပြီပဲ...”

“အမှန်ပဲ... အခုတိုက်ခိုက်လိုက်တဲ့သူက အဆိပ်ဂိုဏ်းက မည်ကာမတ္တတပည့်တစ်ယောက် ဖြစ်လိမ့်မယ်ထင်တယ်... ဒီလောက်များတဲ့လူတွေက သူ့ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာမှတော့ သူက မသေဘူးဆိုရင် တကယ့်ကို အံ့ဖွယ်သရဲဖြစ်နေပြီ”

တာအိုသက်ရှိအဆိပ်အပါအဝင် ဤတိုက်ပွဲမှာ ပါဝင်ပတ်သက်လာသော မည်ကာမတ္တတပည့် ၆ ယောက်ထိရှိလာခဲ့လေပြီ။

ဆူဇီမို၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခြေထောက်ပေါ်ရှိ အဆိပ်အပ်များက ပြုတ်ကျသွားလေသည်။ သူက လူအုပ်ကြီးထဲရှိ တာအိုသက်ရှိအဆိပ်ကို စိမ်းစိမ်းဝါးဝါးလှည့်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်က ဝင်ရောက်လာပြီး သူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“မင်းကတော့..... သေ ချင် နေ ပြီပဲ....”

မလှမ်းမကမ်းတွင် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားသူများက သူတို့ရှိရာသို့ ပြေးလာနေကြလေပြီ။ သူသည် တာအိုသက်ရှိအဆိပ်ကို လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ရပေလိမ့်မည်။ မဟုတ်ပါက သူသည် တာအိုသက်ရှိအဆိပ်နှင့် ကြန့်ကြာနေလျှင် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားလူများက သူ့ကိုလိုက်မီပြီး ဝန်းရံပိတ်ဆို့လိုက်သည်နှင့် သူ၏ယခင်ကြိုးစားအားထုတ်မှုများက အလဟဿဖြစ်သွားရပေလိမ့်မည်။

ဆူဇီမို၏ မျက်လုံးထဲတွင် မီးတောက်နှစ်ခုက လောင်ကျွမ်းလာပြီး သူက လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်လိုက်လေသည်။

ရွှေရောင်မီးတောက်လုံးတစ်လုံးက အဆိပ်ဂိုဏ်းကျင့်ကြံသူဆီသို့ လွင့်မျောပျံသန်းသွားလေသည်။ ထို့နောက် ချက်ချင်းပင် ဆူဇီမိုက နောက်ထပ်ဓမ္မအတတ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး သွေးနီရောင်မီးတောက်တစ်ခုက သူ၏လက်ချောင်းထိပ်ကနေ ထွက်ပေါ်လာကာ ပျံသန်းသွားခဲ့လေသည်။

ဗုဒ္ဓတာအိုမီးနှင့် အင်မော်တယ်တာအိုမီး....

မီးတောက်လုံးနှစ်လုံးက တာအိုသက်ရှိအဆိပ်ဆီသို့ ရှေ့ဆင့်နောက်ဆင့် ပစ်ဝင်သွားလေသည်။

အစကတော့ တာအိုသက်ရှိအဆိပ်က ရှောင်ရှားချင်လေသည်။ သို့သော်လည်း ထိုမီးတောက်နှစ်ခုမှ ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိသောအခါ သူက လှောင်ရယ်လိုက်လေသည်။

မီးတောက်နှစ်ခု၏ စွမ်းအားက မသေးငယ်သော်လည်း အဲ့ဒါက သူ့ကိုဘာမှလုပ်နိုင်ခြင်း မရှိပေ။

ယခုအခါလူတိုင်းက စောင့်ကြည့်နေကြပြီး မည်ကာမတ္တတပည့်တစ်ယောက်အနေဖြင့် သူက သူ၏အစွမ်းအစကို ထုတ်ဖော်ပြသရပေမည်။

ထိုသို့အတွေးဖြင့် တာအိုသက်ရှိအဆိပ်က လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်ပြီး အရောင်အသွေးစုံလင်သော ဓမ္မစွမ်းအား စပါးအုံးမြွေတစ်ကောင်ကို ဖန်တီးကာ ဝင်ရောက်လာသော မီးတောက်များကို ဝါးမြိုစေလိုက်လေသည်။

ထိုသည်ကိုမြင်သောအခါ ဆူဇီမို၏အကြည့်က အေးစက်လာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က အနည်းငယ်လှုပ်ရှားသွားလေသည်။

အစက နောက်ကနေလိုက်လာသော အင်မော်တယ်တာအိုမီးသည် ရုတ်တရက်အရှိန်တက်လာပြီး ဗုဒ္ဓတာအိုမီးနှင့် ထိတွေ့သွားလေသည်။

အဲ့ဒါက မီးယဥ်ပါးခြင်းပညာရပ်ဖြင့် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် ဒေဝဓိတာအိုမီးကို ချက်ချင်လက်ငင်းထုတ်ဖော်လိုက်မည်ဆိုလျှင် တာအိုသက်ရှိအဆိပ်က စိုးရိမ်ထိတ်လန့်သွားပြီး သတိကြီးကြီးထားလာနိုင်လေသည်။

တာအိုမီးနှစ်ခုက အတူတကွ ပေါင်းစည်းသွားပြီး သူတို့၏ အရည်အသွေးနှင့် စွမ်းအားက တစ်ဟုန်ထိုးမြင့်မားလာခဲ့လေသည်။

ဒေဝဓိတာအိုမီး...

တာအိုသက်ရှိအဆိပ်၏ ဓမ္မစွမ်းအားများနှင့် အဆိပ်စပါးအုံးမြွေက သူ့အနားသို့ရောက်မလာခင်မှာပင် သူတို့သည် ဒေဝဓိတာအိုမီးဖြင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွားခဲ့လေသည်။

တာအိုသက်ရှိအဆိပ်၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွားခဲ့လေသည်။

ထိုအကွာအဝေး၌ သူက ရှောင်တိမ်းဖို့အတွက် နောက်ကျသွားခဲ့လေပြီ။ ဆူဇီမိုက လှေင်ရယ်လိုက်ပြီး တာအိုသက်ရှိအဆိပ်ကို ဆက်လက်၍ ကြည့်မနေတော့ပေ။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်လျှပ်စီးများက တဖျပ်ဖျပ်လက်လာပြီး သူ၏ နောက်ကျောတွင် ဓမ္မစွမ်းအားတောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့လေသည်။သူက မင်းကျန်ကို သယ်ပိုးပြီး သူ၏အစွမ်းကုန်ကို ထုတ်ဖော်၍ အရပ်တစ်ဖက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

ဒေဝဓိတာအိုမီးသည် တာအိုသက်ရှိအဆိပ်ကို ထိတွေ့ရိုက်ခတ်ပြီး မီးတောက်များက တဟုန်းဟုန်းလောင်ကျွမ်းလာခဲ့လေသည်။

“အား....အား...”

မီးတောက်များက လောင်ကျွမ်းနေပြီး မီးခိုးများက အူထွက်လာခဲ့လေသည်။

​တာအိုသက်ရှိအဆိပ်သည် ဧရာမမီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်နှစ်ဖက်ကို ရူးသွပ်စွာခါယမ်း၍ ကြိုးစားရုန်းကန်နေလေသည်။ သူ၏သွေးချီက တလိပ်လိပ်တက်လာပြီး ဓမ္မစွမ်းအားများက ရုန်းကြွလာကာ ဒေဝဓိတာအိုမီးကို ငြှိမ်းသတ်ဖို့ကြိုးစားလိုက်လေသည်။

ကင်းမြီးကောက် ၊ ဖားပြုတ်နှင့် ပင့်ကူတို့ကဲ့သို့သော အဆိပ်ရှိသတ္တဝါများစွာသည် သူ၏ ခန္ဓာကိုယ်ကနေ ပြုတ်ကျလာပြီး စူစူးဝါးဝါးအော်မြည်လိုက်ကြလေသည်။ သိပ်မကြာမီ သူတို့က ပြာအဖြစ် လောင်ကျွမ်းလာခဲ့လေသည်။

တာအိုသက်ရှိအဆိပ်က မသေခင်မှာပင် သူသယ်ဆောင်ထားသော အဆိပ်ရှိသောသတ္တဝါများသည် ဒေဝဓိတာအိုမီးဖြင့် လောင်ကျွမ်းခံနေရပြီး သူတို့အားလုံးက သူတို့၏ သခင်ကို ကိုက်ခဲလိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင် အဆိပ်ကောင်များစွာက တာအိုသက်ရှိ အဆိပ်ကို ကိုက်ခဲထားကြလေသည်။

ဒေဝဓိတာအိုမီးက တာအိုသက်ရှိအဆိပ်ကို သေသည့်တိုင်အောင် မလောင်ကျွမ်းစေနိုင်ဘူးဆိုရင်တောင် ထိုအဆိပ်ရှိသတ္တဝါများက သူ့ကိုသတ်ဖြတ်ဖို့ လုံလောက်လေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်သည် တဝုန်းဝုန်းတောက်လောင်နေသော မီးတောက်များကြားကနေ လွတ်မြောက်နိုင်ခြင်းမရှိပဲ သေသည့်တိုင်အောင် လောင်မြိုက်ခံလိုက်ရလေသည်။

အဆိပ်ဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက်က တာအိုအမွေအနှစ်ကုန်းမြေမှာ ကျဆုံးသွားခဲ့ရလေပြီ။

All Chapters