← Chapters

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်သွားစေခြင်း

Vol. 68 Ch. 1012

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်သွားစေခြင်း

Vol. 68 Ch. 1012

ဆူဇီမိုသည် မင်းကျန်ကို သယ်ပိုးပြီး အဝေးတစ်နေရာသို့ ပြေးထွက်လာခဲ့လေသည်။

မင်းကျန်၏ ဒဏ်ရာများက အရမ်းကြီး ပြင်းထန်သည်တော့ မဟုတ်ပေ။ အဲဒါသည် သူက ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တိုက်ခိုက်နေစဉ်အတွင်း သူတို့သည် ဗုဒ္ဓဝါဒနှင့် ပတ်သက်သည့် အယူအဆများကို ယှဉ်ပြိုင်ခဲ့ကြပြီး သူသည် အရေးနိမ့်ကာ ထိုသူ၏ ဖိနှိမ်ခြင်းကို ခံခဲ့ရလေသည်။

စုဖွဲ့လာတော့မည့် သူ၏ တာအိုနှလုံးသားမှာ လဲပြိုကျဆင်းလာတော့မည့် အရိပ်လက္ခဏာများ ပြသလာခဲ့လေသည်။

သူ၏ တာအိုနှလုံးသားက လဲပြိုသွားမည်ဆိုလျှင် သူ၏ ယခင်ကျင့်ကြံမှုများ အားလုံးက အလဟဿ ဖြစ်သွားရပေလိမ့်မည်။

အဲဒါသည် မည်သူမှ သူ့ကို အကူအညီမပေးနိုင်သည့် တစ်စုံတစ်ရာ ဖြစ်လေသည်။

ကျင့်ကြံသူများအတွက်တော့ သူတို့၏ တာအိုနှလုံးသားအပေါ် စမ်းသပ်ချက်က ကပ်ဘေးတစ်ခု ဖြစ်လေသည်။

သူတို့သည် ထိုကပ်ဘေးကို ကျော်လွှားနိုင်သည့်နှင့်အမျှ နောင်အနာဂတ်တွင် သူတို့၏ အတွင်းနတ်ဆိုးကို နှိမ်နင်းသွားနိုင်ပေလိမ့်မည်။

သူတို့က အဲဒါကို မကျော်ဖြတ်နိုင်ဘူးဆိုလျှင် အရာရာတိုင်းက ပြီးဆုံးသွားပေလိမ့်မည်။

“ငါက ဘာအတွက် ကျင့်ကြံနေတာလဲ”

မင်းကျန်သည် ငေးငိုင်နေသော အမူအရာတစ်ခုဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

“အဲဒါက အသက်ရှည်ခြင်းလမ်းစဉ်ကို လိုက်ဖို့အတွက်လား.. ဒါမှမဟုတ် မဟာသန့်စင်မြေကို ဝင်ရောက်ဖို့အတွက်လား”

သူသည် ခေါင်းခါ၍ ထိုအတွေးကို ပယ်ချလိုက်လေသည်။

သူက ဗုဒ္ဓဝါဒကို ကျင့်ကြံရတဲ့ အကြောင်းရင်းက သတ္တဝါအားလုံးကို ကယ်ချွတ်ပေးနိုင်ဖို့ပင်။

“ဒါပေမဲ့လို့ လောကမှာ လူတွေက မရေမတွက်နိုင်အောင် များပြားပြီး ဆင်းရဲဒုက္ခတွေကလည်း အဆုံးမရှိဘူးလို့ ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ငါ့ကိုပြောတယ်.. နောက်ပြီး လူတစ်ယောက်ရဲ့ ခွန်အားကလည်း အကန့်အသတ်ရှိတယ်.. ငါက သူတို့အားလုံးကို ဘယ်လိုလုပ် ကယ်ချွတ်ပေးနိုင်ပါ့မလဲ”

“အဲဒါ အမှန်ပဲ.. သက်ရှိတွေက မရေမတွက်နိုင်အောင်ပဲ.. ငါက သူတို့အားလုံးကို ဘယ်လိုလုပ် ကယ်ချွတ်ပေးနိုင်ပါ့မလဲ”

“ငါ့ရဲ့တာအိုက မှားနေတာများလား”

“ငါက ငါ့ရဲ့ ကိုယ်ပိုင်တာအိုနောက်ကိုလိုက်ပြီး ဗုဒ္ဓတစ်ပါးဖြစ်အောင် ကျင့်ကြံပြီးမှပဲ လူတိုင်းကို ကယ်ချွတ်ပေးနိုင်မယ်ဆိုတာ အမှန်ပဲလား”

မင်းကျန်သည် သူ့ဘာသာသူ တီးတိုးရေရွတ်၍ သူ၏ တာအိုနှလုံးသားအပေါ် ကြိမ်ဖန်များစွာ မေးခွန်းထုတ်နေခဲ့လေသည်။

ထိုဖြစ်စဉ်တစ်ခုလုံးတွင် သူ၏ တာအိုနှလုံးသားသည် ကြိမ်ဖန်များစွာ ယိမ်းယိုင်ခဲ့ပြီး နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်လာခဲ့သည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိနေလေသည်။

ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ မင်းကျန်၏ မျက်လုံးထဲရှိ အလင်းရောင်က ပိုမိုတောက်ပလာခဲ့လေသည်။

သူ၏အကြည့်က သန့်စင်၍ အပြစ်ကင်းစင်လာခဲ့လေသည်။

“ငါက ဗုဒ္ဓတစ်ပါး မဖြစ်ချင်တော့ဘူး”

သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အလား မင်းကျန်၏ မျက်လုံးနှစ်ဖက်က ဝင်းလက်သော အလင်းရောင်ဖြင့် တောက်ပလာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“သတ္တဝါအားလုံးကို ကယ်ချွတ်ပြီးမှပဲ ငါက နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်.. ငရဲက ဗလာမကျင်းသရွေ့ ငါက ဗုဒ္ဓတစ်ပါး ဖြစ်မလာစေရဘူးလို့ ကျိန်ဆိုတယ်” (မဟာယာန)

မင်းကျန်သည် သစ္စာတစ်ခုကို ကျိန်ဆိုပြီး သူ၏ တာအိုနှလုံးသားကို တည်ဆောက်လိုက်လေသည်။

ဘုန်း..

လောကတစ်ခုလုံးက တသိမ့်သိမ့် လှုပ်ခါသွားလေသည်။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

အဲဒီနောက် ချက်ချင်းပင်.. နက်မှောင်၍ ဆိုးယုတ်သော ငရဲဘုံလောကသို့ ဦးတည်နေသည့်အလား သူ၏ခြေထောက်အောက်တွင် ဧရာမ အက်ကွဲကြောင်းတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

ဆူဇီမိုက တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်လေသည်။

ငရဲဘုံလောကတွင် မရေမတွက်နိုင်သော အငြိုးအတေးကြီးသည့် စိတ်ဝိညာဉ်များနှင့် ဆိုးယုတ်တစ္ဆေများသည် လွတ်မြောက်ချင်သည့်အလား သူတို့၏လက်များကို ဆန့်တန်းနေကြလေသည်။

သို့သော်လည်း အငြိုးအတေးကြီးသော စိတ်ဝိညာဉ်များနှင့် ဆိုးယုတ်တစ္ဆေများ၏ ဦးခေါင်းထက်တွင် ဗုဒ္ဓကျောင်းတော်များမှ ဘုန်းကြီးတစ်ပါးက မတ်တတ်ရပ်နေလေသည်။ သူ၏ခန္ဓာကိုယ်က မြင့်မြတ်ထည်ဝါသော ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး သူ၏ အမူအရာက စေတနာသဒ္ဒါတရားဖြင့် ပြည့်နှက်နေလေသည်။ သူ၏မျက်လုံးများက လောက၏ ဆင်းရဲဒုက္ခများ အားလုံးကို လွန်မြောက်နိုင်သည့်အလား အကြင်နာ မေတ္တာ ကရုဏာဖြင့် ပြည့်နှက်နေလေသည်။

ရုတ်တရက်.. ထိုဘုန်းကြီးက သူ၏ပါးစပ်ကို ဖွင့်လိုက်လေသည်။

“သတ္တဝါအားလုံးကို ကယ်ချွတ်နိုင်မှပဲ ငါက နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်.. ငရဲက ဗလာမကျင်းသေးသရွေ့ ငါက ဗုဒ္ဓတစ်ပါး ဖြစ်မလာစေရဘူးလို့ ကျိန်ဆိုတယ်.. အဲဒီသစ္စာကို ကျိန်ဆိုတဲ့ ဘယ်သူမဆို ငါ့ရဲ့ အမွေအနှစ်ကို လက်ခံရရှိလိမ့်မယ်”

ရွှစ်..

တဖျပ်ဖျပ် တလက်လက် ရွှေရောင်အလင်းတန်းတစ်ခုက ဘုန်းကြီး၏ ခန္ဓာကိုယ်ကနေ ရုန်းကန်ထွက်ပေါ်လာပြီး မင်းကျန်အပေါ်ကို ထိုးကျလာလေသည်။

မင်းကျန်၏ မျက်လုံးများက တင်းကျပ်စွာ ပိတ်ထားပြီး သူက တည်ငြိမ်အေးချမ်းသော အမူအရာတစ်ခု ရှိနေလေသည်။ အိပ်မောကျနေသော ကလေးငယ်တစ်ယောက်ကဲ့သို့ သူသည် ရွှေရောင်အလင်းတန်းနောက်သို့ အထိန်းအချုပ်မဲ့စွာ လိုက်ပါသွားပြီး အက်ကွဲကြောင်းထဲသို့ ဆင်းသက်သွားခဲ့လေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများက ပြန်လည်ပိတ်ဆို့သွားသည့် အချိန်တွင် မင်းကျန်နှင့် ထိုဘုန်းကြီးသည် ပျောက်ကွယ်သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင်..

ရုတ်တရက်.. မိုးကောင်းကင်ထက်ကနေ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

“သတ္တဝါအားလုံးကို ကယ်ချွတ်နိုင်မှပဲ ငါက နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်.. ငရဲက ဗလာမကျင်းသေးသရွေ့ ငါက ဗုဒ္ဓတစ်ပါး ဖြစ်မလာစေရဘူးလို့ ကျိန်ဆိုတယ်”

ထိုအသံကို ကြားသောအခါ ကျင့်ကြံသူများစွာသည် တုန်လှုပ်သွားကြလေသည်။

တစ်စုံတစ်ယောက်သည် တာအိုနှလုံးသားတစ်ခုကို တည်ဆောက်ခဲ့ပြီး အဲဒါက တာအိုအမွေအနှစ်ကုန်းမြေ၏ တည်ဆောက်မှုပုံသဏ္ဌာန်ကို ထိုးဖောက်၍ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးအပေါ် သက်ရောက်လာခဲ့လေသည်။

အသွန်းတစ်ရာဂိုဏ်းတွင်..

အစက ပင်မခန်းမထဲတွင် စုဝေးနေကြသော အဆုံးစွန်မီးနှင့် အခြားသူများသည် ထိုအသံကို ကြားသောအခါ.. အပြင်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်း၍ မော့ကြည့်လိုက်ကြလေသည်။

“တစ်စုံတစ်ယောက်ကတော့ ဗုဒ္ဓဂိုဏ်းတွေက ကမ္ဘာ့ကွန်ချာဗုဒ္ဓရဲ့ အမွေအနှစ်ကို လက်ခံရရှိသွားပြီ”

ရှန်ကွမ်ကျီ၏ မျက်လုံးထဲတွင် တုန်လှုပ်မှု အရိပ်အယောင်က ပေါ်ထွက်လာခဲ့လေသည်။

အဆုံးစွန်မီးက ခေါင်းညိတ်လိုက်လေသည်။

“အဲဒါ အမှန်ပဲ.. ဒဏ္ဍာရီအရဆို အထက်ဘုံလောကက ကမ္ဘာ့ကွန်ချာဗုဒ္ဓက သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်တဲ့အခါ.. သူက ငရဲက ဗလာမကျင်းသေးသရွေ့ သူက နိဗ္ဗာန်ကို မျက်မှောက်မပြုဘူးလို့ ကျိန်ဆိုခဲ့တယ်.. ဘယ်သူကများ ကမ္ဘာ့ကွန်ချာဗုဒ္ဓရဲ့ တာအိုနှလုံးသားနဲ့ ထပ်တူညီပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်စေခဲ့တာလဲ ငါသိချင်မိတယ်”

“ကမ္ဘာ့ကွန်ချာ ရွှေရောင်ခန္ဓာ..”

အကြီးအကဲကူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား စားမြုံ့ပြန်နေသည့်ပုံပေါ်လာလေသည်။

“ခေတ်အဆက်ဆက် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ အဲဒီအမွေအနှစ်က နောက်ဆုံးမှာ ပြန်ပေါ်ထွက်လာတော့မှာပဲ.. နောက်လာမယ့် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ကို မဖြစ်မနေ သေချာပေါက် စောင့်ကြည့်ရတော့မယ်”

ထိုစဉ်မှာပင်.. သူ့နောက်ဘက်ရှိ တည်နေရာရွှေ့ပြောင်း ဂိတ်တံခါးကနေ ကျင့်ကြံသူတစ်ယောက်က ပြုတ်ကျလာပြီး သည်းထန်စွာ မောဟိုက်နေလေသည်။

ထိုသူက တာအိုအမွေအနှစ်ကုန်းမြေသို့ တာအိုသက်ရှိ ယွီတင်းနှင့်အတူ လိုက်ပါသွားသော အသွန်းတစ်ရာဂိုဏ်းသားတစ်ယောက် ဖြစ်လေသည်။

အဆုံးစွန်မီးနှင့် အခြားသူများက ပင်မခန်းမထဲသို့ အလောတကြီး ပြေးဝင်ပြီး မေးလိုက်လေသည်။

“အခြေအနေ ဘယ်လိုလဲ.. ဘာသတင်းထူးလဲ”

“အကြီးအကဲတို့.. “

ထိုကျင့်ကြံသူက တံတွေးကို မျိုချပြီး သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုများကို မဖုံးကွယ်ထားနိုင်ပေ။ သူက မောဟိုက်နေရင်း ပြောလိုက်လေသည်။

“ဆရာဘိုးလေးက တာအိုအမွေအနှစ်ကုန်းမြေကို ဝင်ရောက်သွားပြီးလို့ မကြာခင်မှာပဲ ဓားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ပြီးတော့ သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်တယ်”

ရှန်ကွမ်ကျီနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်ကြလေသည်။

ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေမှာ သူ၏ သားရဲနည်းလမ်းများကို ဖိနှိမ်ခံထားရတာတောင် ဤမျှအထိ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးခွန်အားကို ဖော်ထုတ်နိုင်ဆဲ ဖြစ်လေသည်။

အခြားတစ်ဖက်မှာတော့ အဆုံးစွန်မီးက တည်ငြိမ်သော အမူအရာတစ်ခု ရှိနေလေသည်။

ဓားဂိုဏ်းသည် ဘာပဲပြောပြော သူတို့၏ မည်ကာမတ္တ တပည့်ကို မစေလွှတ်ခဲ့ပေ။ အကျော်ဇေယျ ခုနှစ်ဖော် ဓားဝင်္ကပါနှင့်ပင်လျှင် သူတို့က ဆူဇီမိုကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

အသွန်းတစ်ရာဂိုဏ်းသား ကျင့်ကြံသူက ဆက်ပြောလိုက်လေသည်။

“တစ်ရက်ကြာပြီးတဲ့နောက် ဆရာဘိုးလေးက တာအိုသက်ရှိဖန်သားနဲ့ ပက်ပင်းတိုးပြီးတော့ သူ့ကိုလည်း သတ်ပစ်လိုက်တယ်”

ထိုနေရာအရောက်တွင် အဆုံးစွန်မီးနှင့် အခြားလူတိုင်းသည် တုန်လှုပ်သွားကြလေသည်။

ကောင်းကင်စင်ရော်ဂိုဏ်း၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားသောဂိုဏ်းများအပြင် ဖန်သားနန်းတော်ကလည်း သူတို့၏ မည်ကာမတ္တတပည့်ကို စေလွှတ်ခဲ့လေသည်။

ပို၍ပင် မထင်မှတ်ထားရသည့်အချက်မှာ ဖန်သားနန်းတော်မှ မည်ကာမတ္တတပည့်သည် တာအိုအမွေအနှစ်ကုန်းမြေမှာ ဆူဇီမို၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။

“သူက တော်တော်သန်မာတာပဲ”

အကြီးအကဲကူက လေအေးတစ်ချက်ကို ရှူရှိုက်ပြီး ပြောလိုက်လေသည်။

“ဒီကောင်လေးက မည်ကာမတ္တတပည့်တွေရဲ့ အလောင်းပေါ်ကို နင်းဖြတ်ပြီးတော့ အထွတ်အထိပ် မဟာတာအိုတစ်ခုကို ပုံဖော်ဖို့အတွက် သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်တော့မှာလား”

အသွန်းတစ်ရာဂိုဏ်းသား ကျင့်ကြံသူက ဆက်ပြောလိုက်လေသည်။

“တာအိုသက်ရှိ ကောင်းကင်စင်ရော်၊ တာအိုသက်ရှိ မိုးကြိုးလေပြေ၊ ကိုယ်တော်ပုံသဏ္ဌာန်မဲ့၊ တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာနဲ့ တာအိုသက်ရှိ လျှို့ဝှက်မရဏတို့က ဆရာဘိုးလေးကို သတ်ဖြတ်ဖို့အတွက် အတူပူးပေါင်းပြီးတော့ ထောင်ချောက်တစ်ခု ဆင်ခဲ့ကြတယ်”

“အာ.. “

အဆုံးစွန်မီးနှင့် အခြားသူများက အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။

သူတို့ စိုးရိမ်ပူပန်နေသည့်အရာက ဖြစ်ပျက်လာခဲ့လေပြီ။

မည်ကာမတ္တ တပည့်ငါးယောက်က ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် သူက သေချာပေါက် သေရပေလိမ့်မည်။

“နောက်ပိုင်းမှာတော့ ဆရာဘိုးလေးက မည်ကာမတ္တ တပည့်နှစ်ယောက်ဖြစ်တဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင်နဲ့ တာအိုသက်ရှိ ဒီပင်္ကရာရဲ့ အကူအညီကို ရရှိပြီး သူက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်.. အဲဒီနောက် သူ့ကို အဆိပ်ဂိုဏ်းက မည်ကာမတ္တတပည့်က ချောင်းမြောင်းလုပ်ကြံခဲ့တယ်.. ဒါပေမဲ့လို့ သူက တာအိုသက်ရှိအဆိပ်ကို ပြန်လည်တိုက်ခိုက်သတ်ဖြတ်ပြီးတော့ ဆက်လက်ထွက်ပြေးသွားနိုင်ခဲ့တယ်”

ထိုသတင်းကို ကြားသောအခါ လူတိုင်းက ရင်တစ်ချက်ထိတ်သွားကြလေသည်။

အဲဒါက ရိုးရှင်းသော ဖော်ပြချက်တစ်ခုသာ ဖြစ်သော်လည်း.. အကြောင်းအရာများက အလွန်တရာ တုန်လှုပ်စရာ၊ စိတ်လှုပ်ရှားစရာ ကောင်းလေသည်။ ထိုစဉ်တုန်းက အခြေအနေက ဘယ်လောက်တောင် အန္တရာယ်များခဲ့မလဲ စဉ်းစားကြည့်နိုင်လေသည်။

“မည်ကာမတ္တ တပည့်နှစ်ယောက်က တာအိုအမွေအနှစ်ကုန်းမြေမှာ ကျဆုံးသွားခဲ့ရပြီပဲ”

ရှန်ကွမ်ကျီက စိုးရိမ်ပူပန်နေသော အကြည့်ဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်လေသည်။

“အဲဒါက ကောင်းကင်ကို တော်တော့်ကို ဖီဆန်နေပြီ.. မဟာကပ်ဘေးတစ်ခုက ဆင်းသက်လာမှာကို ငါစိုးရိမ်မိတယ်”

“အခုချိန်မှာ မဟာကပ်ဘေးအကြောင်းကို ပြောနေစရာမလိုသေးဘူး”

အကြီးအကဲကောက သူ၏ခေါင်းကို ခါယမ်းလိုက်လေသည်။

“ဒီကောင်လေးက သူ့ရှေ့က အတားအဆီးတွေကိုတောင် ကျော်ဖြတ်နိုင်ချင်မှ ကျော်ဖြတ်နိုင်တော့မှာ.. အဆိပ်ဂိုဏ်းက လူတွေတောင် သူတို့ရဲ့ မရဏခုနှစ်ဖော် အဆိပ်ကို ပယ်ဖျက်နိုင်တာ မဟုတ်ဘူး.. သူက ဘယ်လောက်ဝေးဝေး ထွက်ပြေးနိုင်မှာလဲ”

“သီယင်းကလည်း အခုထိ ပေါ်ထွက်မလာသေးတာကို မမေ့လိုက်နဲ့ဦး”

အကြီးအကဲကူက သူ၏ခေါင်းကို ခါယမ်းပြီး သက်ပြင်းချလိုက်လေသည်။

လူတိုင်းသည် စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် မျက်မှောင်ကြုတ်လိုက်ကြလေသည်။

အဲဒါကို ဘယ်လိုပဲကြည့်ကြည့်.. ဆူဇီမို၏အသက်ကို ချည်မျှင်တစ်မျှင်ဖြင့် ချိတ်ဆွဲခံထားရခြင်း ဖြစ်လေသည်။

အပြောင်းအလဲတစ်စုံတစ်ရာက ထိုချည်မျှင်ကို ဖြတ်တောက်ပြီး သူ့ကို ဖျက်ဆီးပစ်နိုင်လေသည်။

တစ်ချိန်တည်းမှာပင်.. တာအိုအမွေအနှစ်ကုန်းမြေမှ သတင်းများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားပြီး ကျင့်ကြံရေးလောကတစ်ခုလုံးက အုန်းအုန်းကျက်ကျက် ဖြစ်လာခဲ့လေသည်။

ဤတစ်ခေါက်တွင် တာအိုအမွေအနှစ်ကုန်းမြေသို့ မည်ကာမတ္တ တပည့်များစွာက ဝင်ရောက်သွားခဲ့ကြသော်လည်း သူတို့ထဲမှ နှစ်ယောက်သည် နိုးထဝိညာဉ်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေပြီ။ အဲဒါက သမိုင်းတစ်လျှောက် မကြုံစဖူး အံ့မခန်း ဖြစ်ရပ်တစ်ခု သေချာပေါက် ဖြစ်လေသည်။

အဲဒါက အသွန်းတစ်ရာဂိုဏ်းသာလျှင် မဟုတ်ပေ။ ထိအခိုက်အတန့်တွင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ အဖွဲ့အစည်း အားလုံးနီးပါးသည် တာအိုအမွေအနှစ်ကုန်းမြေမှ သတင်းများကို အာရုံစိုက်၍ နားစွင့်နေကြလေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှာ သွေးလမ်းခင်းနေသော သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားသည် ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲ လူတိုင်းက သိချင်နေကြလေသည်။

All Chapters