← Chapters

အရိုးထိုးဖောက်ယင်လေ

Vol. 68 Ch. 1016

အရိုးထိုးဖောက်ယင်လေ

Vol. 68 Ch. 1016

သူတို့သည် ထိုသည်ကိုမြင်သောအခါ ကျင့်ကြံသူများက တုန်လှုပ်သွားကြလေသည်။

“မည်ကာမတ္တတပည့် ၆ ယောက်က ဆူဇီမိုအတွက်နဲ့ ကပ်ဘေးသုံးဆင့်နယ်မြေထဲကို ဝင်ရောက်သွားကြပြီ... အဲ့ဒါက မကြုံစဖူးမြင်ကွင်းတစ်ခုပဲ”

“ဆူဇီမိုက သေရဖို့က မလွဲဧကန်ပဲ... မည်ကာမတ္တတပည့် ၆ ယောက် သူ့နောက်ကိုလိုက်သွားရတဲ့အကြောင်းရင်းက သူ့ရဲ့ရတနာတွေကို ခွဲဝေယူဖို့ပဲဖြစ်မယ်”

ကပ်ဘေးသုံးဆင့်နယ်မြေအတွင်း ကျင့်ကြံသူများတိုက်ခိုက်ခြင်းကို ခွင့်ပြုမထားသော်လည်း ကျင့်ကြံသူတစ်ယောက်က အထဲမှာ သေဆုံးသွားမည်ဆိုလျှင် သူ၏ ရတနာများက ပိုင်ရှင်မဲ့ဖြစ်လာပေလိမ့်မည်။

အဲ့ဒါကို တွေ့​မြင်သော ဘယ်သူမဆို ယူဆောင်သွားလို့ ရနိုင်လေသည်။

သိချင်စိတ်ကိုမထိန်းနိုင်သော ကျင့်ကြံသူအချို့သည် ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်လိုက်ကြလေသည်။ သို့သော်လည်း သူတို့ထဲမှအများစုသည် အထဲသို့ဝင်ရောက်ပြီးသည့်ခဏမှာပင် တုန်တုန်ယင်ယင်နှင့် ပြန်ထွက်လာကြလေသည်။

သူတို့ထဲမှ အချို့သည် ဖြူဖပ်ဖြူရော်ဖြစ်နေကြပြီး သူတို့၏ မုတ်ဆိတ်များက နှင်းများဖြင့် ရောထွေး၍ သူတို့၏ ခန္ဓာကိုယ်များက အထိန်းအကွပ်မဲ့စွာ တုန်ရီနေကြလေသည်။

ကျင့်ကြံသူအချို့သည် ဒဏ်ရာရရှိသွားပြီဖြစ်ပြီး သူတို့သည် ရေခဲစများရောနေသည့် သွေးများကို ထွေးထုတ်လိုက်ကြလေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေသည် ကျင့်ကြံသူတိုင်းခံနိုင်ရည်ရှိသော နေရာမဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် ဤနေရာမှာ ကျင့်ကြံသူများက ပို၍ပို၍ စုဝေးလာကြလေသည်။ သူတို့ထဲမှအများစုသည် အပြင်ဘက်မှာရပ်၍ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြလေသည်။

အလယ်ပိုင်းဒေသရှိ အသွန်းတစ်ရာဂိုဏ်းတွင်....

မူလနတ္ထိတစ်ယောက်သည် တာအိုအမွေအနှစ်ကုန်းမြေကနေ ပြန်ရောက်လာပြီး အထဲတွင် ဖြစ်ပျက်ခဲ့သည့် အသေးစိတ်အချက်အလက်များကို ပြန်ပြောပြနေလေသည်။

ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဆူဇီမိုသည် အဆိပ်မိထားပြီးသီယင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားလေသည်။ သူက ဆိုးဝါးသော လက်ရှိအခြေအနေဖြင့် ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ကြားရသောသတင်းများက ဆူဇီမိုအတွက် ကောင်းတာဘာတစ်ခုမှမရှိပေ။

လူတိုင်းသည် သုန်မှုန်နေသော အမူအရာဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။

ထိုအခိုက်အတန့်တွင် ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်သွားခြင်းက ဆူဇီမိုသည် သက်သက်အသေသွားခံနေခြင်းနှင့်တူကြောင်း သူတို့အားလုံးသိထားကြလေသည်။

သမိုင်းတစ်လျှောက်တွင် မည်သူကမှ ကပ်ဘေးသုံးဆင့်နယ်မြေကို မကျော်ဖြတ်နိုင်ခဲ့ဖူးပေ။ သို့သော်လည်း ဆူဇီမိုက နောက်ပြန်လှည့်စရာလမ်းမရှိပေ။

သူ၏နောက်တွင် မည်ကာမတ္တတပည့် ၆ယောက်ရှိနေလေသည်။

သူကရှေ့သို့တက်သည်ဖြစ်စေ နောက်သို့ဆုတ်သည်ဖြစ်စေ သေရပေလိမ့်မည်။

အဆုံးစွန်မီး၏ အမူအရာက ပျက်ယွင်းလာပြီး သူ၏ မျက်လုံးများကအဆုံးမဲ့သော ဒေါသဖြင့် တောက်လောင်လာခဲ့လေသည်။

ခဏကြာပြီးနောက် ရှန်ကွမ်ကျီက ညင်သာစွာပြောလိုက်လေသည်။

“အခုဆို ငါတို့က ကံကြမ္မာပေါ်ကိုပဲ ပုံအပ်ရတော့မှာပဲ....”

တစ်ချိန်တည်းမှာပင် တာအိုအမွေအနှစ်ကုန်းမြေတွင် ဖြစ်ပျက်ခဲ့သော သတင်းများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့လေသည်။

ကျင့်ကြံရေးလောကတစ်ခုလုံးက အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြလေသည်။

“သီယင်းက ဆူဇီမိုကို မသတ်လိုက်နိုင်ဘဲ... အဲ့ဒီလူက ကပ်ဘေးသုံးဆင့်နယ်မြေထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်”

“ဆူဇီမိုက တော်တော်ကံကောင်းတာပဲ....”

“ဒီတစ်ခေါက်တော့... မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး... ကပ်ဘေးသုံးဆင့်တယ်မြေထဲကို ဝင်ရောက်သွားတာနဲ့ ဆူဇီမိုက ထွက်လမ်းမရှိတော့ဘူး...သူက ရှေ့ကိုပဲ ဆက်တက်လို့ရမယ်”

“အမှန်ပဲ... သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ ရှိခဲ့ကြတယ်... ဒါပေမယ့် ဘယ်သူကများ ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်နိုင်ခဲ့ဖူးကြလို့လဲ... နောက်ပြီး သူက အဆိပ်မိထားပြီးတော့ ဒဏ်ရာအပြင်းအထန်လည်း ရရှိထားတယ်လို့ ကြားရတယ်”

“သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားက နောက်ဆုံးမှာတော့ ဒဏ္ဍာရီတစ်ပုဒ် ဖန်တီးဖို့ ကျဆုံးသွားပြီး မကြာခင် ပျောက်ကွယ်သွားရတော့မှာပဲ...”

........

ဆူဇီမိုသည် ကပ်ဘေးသုံးဆင့် နယ်မြေထဲသို့ ဝင်ရောက်လိုက်သည့်အချိန်မှာပင် အသည်းခိုက်အောင် ချမ်းစိမ့်နေသော အအေးဓာတ်ကို ခံစားရပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် နှင်းခဲတစ်လွှာက ဖြစ်ပေါ်လာလေသည်။

ဝှီ.... ဝှီ...

အေးစက်လေပြင်းများက သူ၏မျက်နှာကို တိုက်ခတ်လာလေသည်။

ထိုလေများက ဓမ္မလက်နက်များထက်ပင် ပို၍စွမ်းအားကြီးနေပြီး ဆူဇီမို၏ အသားနှင့် အရည်ပြားတို့ကို သံမဏိအပ်များကဲ့သို့ အဆက်မပြတ်ထိုးဆွနေလေသည်။

သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အံကိုကြိတ်ကာ နာကျင်မှုဖြင့် ကွေးညွတ်ကျသွားလေသည်။

သူ၏ ကိုယ်တွင်းအင်္ဂါများက အစကတည်းက ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် သူတို့ကို တိုက်ခတ်လာသော မြောက်ဝင်ရိုးစွန်းယင်လေသည် သူတို့ကိုယ်ပေါ်တွင် နှင်းခဲများကို စတင်၍ဖြစ်ပေါ်လာစေလေသည်။

ဆူဇီမိုသည် သူ၏ ခြေထောက်များမှ မည်သည့်ခံစားချက်မှာမရတော့ပေ။ သူသည် သူ့လက်နှစ်ဖက်ကို သုံး၍ သူ၏ခန္ဓာကိုယ်ကို ထူမပြီး ရှေ့သို့နည်းနည်းချင်း တွားသွားလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေသော်လည်း သူ၏အကြည့်က ပြတ်သားနေလေသည်။

သူတို့က အနက်ပိုင်းထဲသို့ ပိုရောက်လာလေလေ ယင်လေက ပို၍ ကြမ်းတမ်းပြင်းထန်လာလေလေဖြစ်လေသည်။

အစကတော့ ယင်လေသည် သံမဏိအပ်ကလေးများနှင့် ဆင်တူလေသည််။

နောက်ပိုင်မှာတော့ ယင်လေသည် ဆေဘာတစ်လက်နှင့်တူလာပြီး ထက်ရှသော ဓားသွားက ဆူဇီမို၏ ခန္ဓာကိုယ်ကို အဆက်မပြတ်လှီးဖြတ်နေလေသည်။

ယင်လေက ထက်ရှသော ဓားတစ်လက်နှင့်တူပြီး သူ့ကို သေမတက်နာကျင်ရစေလေသည်။

ထိုနာကျင်မှုက လူတိုင်းတောင့်ခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

ဆူဇီမို၏ ခန္ဓာကိုယ်သည် ယင်လေကြောင့် ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့လေသည်။ သွေးများကို ​မမြင်နိုင်ခင်မှာပင် သူ၏ဒဏ်ရာများက အေးခဲသွားခဲ့ပြီဖြစ်လေသည်။

သူပြောခဲ့သည်မှာ မှန်လေသည်။ ကပ်ဘေးသုံးဆင့်နယ်မြေ၏ မူလရည်ရွယ်ချက်သည် ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားကို စမ်းသပ်ဖို့အတွက်ဖြစ်လေသည်။ သို့သော်လည်း ပထမဆုံးစမ်းသပ်ချက်နှစ်ခုဖြစ်သော မြောက်ဝင်ရိုးယင်လေနှင့် ကြာပန်းနီကြမ္မာမီးတောက်သည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်စွမ်းအားကို စမ်းသပ်ခြင်းဖြစ်လေသည်။

အဆက်မပြတ် နာကျင်မှုကို တောင့်ခံထားနိုင်သည့် သန်မာသော ကိုယ်ကာယနှင် စိတ်စွမ်းအားမရှိပဲ မည်သူကမှ ရှေးဟောင်းခေတ် စွမ်းမားကြီးပုဂ္ဂိုလ်များ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

ပို၍ဝေးဝေးရောက်လာလေ ယင်​လေက ပို၍ပြင်းထန်လာလေဖြစ်လေသည်။

နောက်ဆုံးမှာတော့ ယင်လေသည် ဆူဇီမို၏ အသွေးအသားကို ထိုးဖောက်သွားပြီး သူ၏ အရိုးများကိုပင် စတင်လှီးဖြတ်လာလေသည်။

ယင်လေက အရိုးထိတိုင်ထိုးဖောက်လာခဲ့လေပြီ။ ဆူဇီမိုသည် အလွန်တရာနာကျင်ရသောကြောင့် သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါနေလေသည်။ ထိုသို့ ဆိုလျှင်တောင် သူက အသံတစ်ချက်မှမထွက်ပေ။

ရုတ်တရက် သူ၏မျက်လုံးက ဝမ်သာပျော်ရွှင်မှုဖြင့် ဝင်းလက်သွားလေသည်။

အစက သူ၏ခြေထောက်များသည် အရိုးတိုက်စားအဆိပ်သင့်ပြီး မည်သည့်ခံစားချက်ကိုမှ မရရှိနိုင်တော့ပေ။

သို့သော်လည်း ယင်လေသည်။ သူ၏အရိုးများကို အဆက်မပြတ် တိုက်ခတ်နေပြီး သူ၏ခြေထောက်များက နာကျင်မှုကို စတင်၍ ခံစားလာရလေသည်။ အဲ့ဒါက ပို၍ရှင်းလင်းလာပြီး ပို၍ပြင်းထန်လာလေသည်။

ဆူဇီမိုသည် အလွန်တရာနာကျင်ရသောကြောင့် သူ၏မျက်နှာက ရှုံ့မဲ့နေလေသည်။ သို့သော်လည်း သူက ထိုအချိန်မှာ ပြုံးနေလေသည်။

သူသည် မြောက်ဝင်ရိုးစွန်းယင်လေ၏ အကူအညီဖြင့် အရိုးတိုက်စားအဆိပ်ကို အမှန်တကယ်ပင် ဖယ်ထုတ်နိုင်နေပြီဟု ဆိုလိုလေသည်။

ဆူဇီမိုသည် နာကျင်မှုကို တောင့်ခံရင် မြေပြင်ပေါ်ကနေ လူးလဲ၍ ကျုံးထလိုက်လေသည်။ သူက ပြတ်သားသော အကြည့်တစ်ခုနှင့်အတူ ကပ်ဘေးသုံးဆင့်နယ်မြေအနက်ပိုင်းထဲသို့ ဦးတည်လိုက်လေသည်။

သူ၏နောက်တွင် ပုံရိပ် ၆ ခုက ခဲရာခဲဆစ်ဖြင့် ရှေ့သို့တက်လှမ်းနေကြလေသည်။

သီယင်းနှင့်အခြားသူများသည် မည်ကာမတ္တတပည့်များဖြစ်သော်လည်း ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့သည်လည်း ယင်လေ၏ ညင်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားရလေသည်။

လေပြင်းများက သူ့တို့ကို တစ်ချက်ပြီးတစ်ချက် လှီးဖြတ်နေလေသည်။

တစ်ချက်လှီးဖြတ်လိုက်တိုင်း သူတို့၏ အရိုးထိတိုင် ခိုက်လေသည်။

သူတို့ခြေတစ်လှမ်းလှမ်း လိုက်တိုင်း သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်သွားကြလေသည်။

သို့သော်လည်း သူတို့သည် အပတ်တကုတ်ဖြင့် ရှေ့ဆက်တက်နေဆဲ ဖြစ်ပြီး ရှေ့တွင် ရှေ့သို့တွားသွားနေသော ပုံရိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေကြလေသည်။

ထိုပုံရိပ် ရပ်တန့်သွားမှာကို သူတို့က စောင့်ဆိုင်းနေကြလေသည်။

အဆိပ်မိထားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသော နိုးထဝိညာဥ်တစ်ယောက်က သက်ဆိုးကြာကြာရှည်လိမ့်မည်ဟု သူတို့က မယုံကြည်ပေ။

သို့သော်လည်းသိပ်မကြာမီ သူတို့၏ စောင့်ကြည့်နေသော အကြည့်အောက်မှာပင် ထိုပုံရိပ်က အေးစက်လေပြင်းများကြားမှာ လူးလဲ၍ ကျုံးထလာပြီး ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်းသွားနေလေသည်။

“ငါ....”

တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက ဆက်လက်၍ သည်းမခံနိုင်တော့ပဲ ကျယ်လောင်စွာ ကျိန်ဆဲချင်မိလေသည်။ သို့သော်လည်း သူ့ပါးစပ်ဟလိုက်သည်နှင့် ယင်လေများက ချက်ချင်းဝင်​ရောက်လာပြိး သူ၏ အာခံတွင်းကို ပေါက်ပြဲသွားစေလေသည်။

သူသည် ကျန်ရှိနေသော စကားလုံးများကို အတင်းမျိုချလိုက်ရလေသည်။

“တကယ့်ကို သောက်ရူးနားကန်းပဲ”

သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်ခြင်းဖြစ်လေသည်။

တာအိုသက်ရှိလျှို့ဝှက်မရဏ၏ ခြေလှမ်းများက ပို၍ပို၍ နှေးကွေးလာပြီး သူက နောက်ဆုတ်ဖို့ကို စဥ်းစားလာခဲ့ပြီဖြစ်လေသည်။

သူ၏ မူလရည်ရွယ်ချက်မှာ ဆူဇီမိုကို လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်လေသည်။

သူသည် ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ လိုက်ပါဝင်ရောက်လာရသည့် အကြောင်းရင်းမှာ သူက နောက်ထပ်အနည်းငယ်အပင်ပန်းခံ၍ ဆူဇီမိုထံမှ ရတနာတစ်ခုနှစ်ခုကို ရရှိနိုင်မလား မျှော်လင့်ချက်နှင့် ဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့ သူက အဲ့ဒါကို ဆက်လက်၍ မလိုချင်တော့ပေ။

ဤတိုင်းသာ ဆက်သွားလျှင် ဆူဇီမို၏ ရတနာများကို သူမရခင်မှာပင် မြောက်ဝင်ရိုးစွန်းယင်လေကြောင့် သူက သေသွားရနိုင်လေသည်။

မည်သို့ပင်ဆိုစေ ဆူဇီမို သေဆုံးရမည်က မလွဲဧကန်ပင်။

သူ၏ ပန်းတိုင်က အထမြောက်သွားပြီဟု ဆိုနိုင်လေသည်။

ထိုသို့အတွေးဖြင့် တာအိုသက်ရှိလျှို့ဝှက်မရဏသည် သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး နောက်သို့ ဖြည်းဖြည်းချင်းပြန်ဆုတ်သွားလေသည်။

တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာသည် တာအိုသက်ရှိလျှို့ဝှက်မရဏ နောက်ဆုတ်သွားသည်ကို မြင်သောအခါ သူ၏ စိတ်ကလည်း စတင်၍ ယိမ်းယိုင်လာခဲ့လေသည်။

မည်ကာမတ္တတပည့် ၆ ယောက်ကြားတွင် သီယင်းတစ်ယောက်သာလျှင် မည်သည့်ယိမ်းယိုင်မှုမှမရှိဘဲ ရှေ့သို့ တက်လှမ်းနေဆဲ ဖြစ်လေသည်။

သူသည် ဆူဇီမို၏ ရတနာများကို အရယူဖို့က သူ၏အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်လေသည်။

ပို၍ အရေးကြီးသည်မှာ သူ စိတ်ဖြောင့်ဖြောင့်နှင့်နေရဖို့ အတွက် ဆူဇီမို၏ သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ရဖို့ လိုလေသည်။

ဤတစ်ခေါက်တွင် သူသည် တာအိုအမွေအနှစ်ကုန်းမြေဆီသို့ ဆူဇီမိုကို မျှားခေါ်နိုင်ခဲ့လေသည်။ သူက ထိုသူကို ဤနေရာမှာမသတ်နိုင်ဘူးဆိုလျှင် နောက်အနာဂတ်တွင် သူသည် ထိုအခွင့်အရေးကို ဘယ်တော့မှ ပြန်ရတော့မည်မဟုတ်ပေ။

ယင်လေက အေးစက်နေသော အော်ရာနှင့်အတူ ပြင်းထန်စွာ တိုက်ခတ်နေပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက တုန်လှုပ်စရာကောင်းလောက်အောင် ပို၍ တိုးပွားလာနေလေသည်။

သူ၏ ​ခြေထောက်ရှိ နာကျင်မှုကလည်း သိပ်သည်းစုဖွဲ့လာလေသည်။

သို့သော်လည်း ဆူဇီမိုသည် အဲ့ဒါကို မခံစားမိသည့်အလား သူ၏ခြေလှမ်းများက ပို၍ခိုင်မာလာလေသည်။

သူသည် တာအိုတစ်ခုကို တည်ထောင်ချင်သည်ဆိုလျှင် အဆုံးမဲ့သော ဆင်းရဲဒုက္ခများနှင့် အန္တရာယ်များကို သည်းခံနိုင်ရပေမည်။ ဤဆင်းရဲဒုက္ခများနှင့် အန္တရာယ်များက သူ၏တာအိုနှလုံးသားကို အဆက်မပြတ် မီးဆေးပေးပေလိမ့်မည်။

နောက်ဆုံးမှာ သူသည် ကောင်းကင်နှင့်မြေကြီးကိုပင် ကြောက်ရွံ့မှုမရှိသော အထွတ်အထိပ်တာအို နှလုံးသားတစ်ခုကို ဖွဲ့တည်စေပြီး သူက အသွင်ပြောင်းလဲ၍ ပြန်လည်မွေးဖွားလာရမည်ဖြစ်လေသည်။

All Chapters