← Chapters

ကြမ္မာမီးတောက် လောင်ကျွမ်းခြင်း

Vol. 68 Ch. 1017

ကြမ္မာမီးတောက် လောင်ကျွမ်းခြင်း

Vol. 68 Ch. 1017

ကပ်ဘေးသုံးဆင့်နယ်မြေ၏ အပြင်ဘက်တွင် ကျင့်ကြံသူများက ပို၍ပို၍ စုဝေးလာပြီး အထဲသို့ လှမ်းမျှော်ကြည့်နေကြလေသည်။

“သူတို့က အထဲကို ရောက်နေတာ တစ်နာရီလောက်တောင် ရှိသွားပြီလေ… ဟုတ်တယ်မလား.. ဘယ်သူမှလည်း ထွက်မလာကြသေးဘူး..ဆိုတော့.. ဆူဇီမိုက အခုချိန်ထိ အသက်ရှင်နေတုန်းလား”

“အဲ့ဒီ မည်ကာမတ္တတပည့်တွေက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ.. ငါတို့က အထဲမှာ အသက်တစ်ရှိုက် နှစ်ရှိုက်စာတောင် တောင့်မခံနိုင်ဘူး.. သူတို့ကတော့ အခုချိန်ထိ ပြန်ထွက်မလာကြသေးဘူး”

“ကြည့်စမ်း.. ဟိုမှာ တစ်ယောက်ယောက်တော့ ထွက်လာနေပြီ”

ပုံရိပ်တစ်ခုသည် ပို၍ပို၍ ရှင်းလင်းလာပြီး ကပ်ဘေးသုံးဆင့်နယ်မြေထဲကနေ လျှောက်လှမ်းထွက်လာလေသည်။ သူက နှင်းခဲများဖြင့် ဖုံးအုပ်နေသော တာအိုသက်ရှိ လျှို့ဝှက်မရဏ ဖြစ်လေသည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏသည် ကပ်ဘေးသုံးဆင့်နယ်မြေ၏ အစပ်မှာ အမူအရာကင်းမဲ့စွာဖြင့် မတ်တတ်ရပ်နေပြီး သူ၏သွေးချီကို လှည့်ပတ်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေလေသည်။ သူက ဆေးလုံး အချို့ကို မျိုချပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်လေသည်။

အတန်ကြာအောင် တည်ငြိမ်စေပြီးနောက်.. သူ၏ပုံရိပ်က ယိမ်းထိုးသွားပြီး တဖြည်းဖြည်းနှင့် လူတိုင်း၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့လေသည်။

လူအုပ်ကြီးထဲကနေ တုန်လှုပ်မှုနှင့် အံ့အားသင့်မှု အသံများကို ကြားလိုက်ရလေသည်။

ဤဖုံးကွယ်ခြင်း နည်းစနစ်က တကယ့်ကို အံ့မခန်းဖြစ်ပြီး ကောင်းကင်ကိုပင် လှည့်ဖြားနိုင်သည်ဟု သူတို့က ဝန်ခံရပေလိမ့်မည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏက ထွက်ခွာမသွားခဲ့ပေ။ သူက နောက်ဆုံးရလဒ်အတွက် စောင့်ဆိုင်းနေဆဲ ဖြစ်လေသည်။

နောက်ထပ် ၁၅မိနစ် ကြာပြီးနောက်.. ကပ်ဘေးသုံးဆင့်နယ်မြေထဲကနေ နောက်ထပ် ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ..

သူကလည်း အခြေအနေ သိပ်ကောင်းလှသည် မဟုတ်ပေ။ သူသည် ပြင်းထန်စွာ ခံစားခဲ့ရသည့်အလား တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ ဝင်သက်ထွက်သက်မှာပင် နှင်းခဲများက ပါဝင်နေလေသည်။

သူက အမှန်တကယ်ပင် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် အခြားသူများက ဆက်လက်၍ ထိန်းထားနိုင်ကြသည်မှာ သူတို့၏ နှလုံးသားထဲတွင် ပြင်းပြသော စိတ်ဆန္ဒများ ရှိနေသေးသောကြောင့်ပင်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်က ဆူဇီမို၏ နတ်ဖီးနစ်အရိုးကို လိုချင်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေက ဆူဇီမို၏ ခရမ်းရောင်မိုးကြိုးကျမ်းကို လိုချင်လေသည်။

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ဆူဇီမို၏ တာမင်းအစစ်အမှန်သုတ္တန်ကို လိုချင်လေသည်။

သီယင်းကတော့ ဆူဇီမိုကို ကိုယ်တိုင်သတ်ဖြတ်ချင်လေသည်။

သီယင်းနှင့် အခြားသူများ၏ စွဲလမ်းမှုမျိုးကို တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ နှလုံးသားထဲမှာ မရှိပေ။

သူသည် သူ၏ တာအိုနှလုံးသားကို အချိန်အတန်ကြာကတည်းက တည်ဆောက်ပြီးသွားပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အမွေအနှစ်ကို ရရှိခဲ့ပြီးလေပြီ။ သူက ထိုကဲ့သို့သော နာကျင်မှုကို ဆက်လက်၍ မခံစားလိုတော့ပေ။

တာအိုအမွေအနှစ်ကုန်းမြေတွင် တစ်စုံတစ်ယောက်သည် သူတို့၏ တာအိုနှလုံးသားကို တည်ဆောက်ပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ထံမှ အမွေအနှစ်ကို လက်ခံရရှိပြီးသည်နှင့် သူတို့က ဆက်လက်၍ လက်ခံရရှိတော့မည် မဟုတ်ပေ။

“မည်ကာမတ္တ တပည့်ခြောက်ယောက်ထဲက နှစ်ယောက်ကတော့ ထွက်လာခဲ့ပြီ.. ဆူဇီမိုက အသက်ရှင်နေတုန်းပဲလား”

“သူက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ငါတကယ်ကို သိချင်နေပြီ”

များစွာသော ကျင့်ကြံသူများက စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေကြဆဲ ဖြစ်လေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေအတွင်းတွင်..

ဆူဇီမိုသည် မြောက်ဝင်ရိုးစွန်းယင်လေကို ဖြတ်ကျော်၍ ပို၍ပို၍ နက်ရှိုင်းသော နေရာဆီသို့ ရောက်လာခဲ့လေသည်။

သူ၏ခန္ဓာကိုယ်က ယင်လေကြောင့် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး မူလက သူ၏ နုနယ်၍ ချောမောသော ရုပ်ရည်သွင်ပြင်က ယခုအခါ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့လေပြီ။

ဆူဇီမိုသည် အဲဒါကို လျစ်လျူရှုထားပြီး သူ၏အကြည့်က ပြတ်သားနေလေသည်။ သူ၏စိတ်က လုံးဝ ယိမ်းယိုင်ခြင်း မရှိပေ။

သူ၏ခြေထောက်ထဲရှိ အရိုးတိုက်စားအဆိပ်သည် မြောက်ဝင်ရိုးစွန်းယင်လေကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်လေသည်။

သို့သော်လည်း မြောက်ဝင်ရိုးစွန်းယင်လေသည် သူ၏ခြင်ဆီထဲသို့ မထိုးဖောက်နိုင်ဘဲ ထိုအထဲသို့ စိမ့်ဝင်နေသော အရိုးတိုက်စားအဆိပ်များကို ဖယ်ထုတ်နိုင်ခြင်း မရှိပေ။

ဆူဇီမိုသည် စိုးရိမ်ပူပန်နေခြင်း မရှိပေ။ အဲဒါအတွက် နောက်ဆုံးမှာ အဖြေတစ်ခု ရှိလိမ့်မည်ဟု သူက ယုံကြည်လေသည်။

သူ့နောက်တွင် သီယင်းအပြင် တာအိုသက်ရှိ ကောင်းကင်စင်ရော်၊ တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့တို့က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေဆဲ ဖြစ်လေသည်။

သူတို့သုံးယောက်သည် မုန်းတီးမှုများ၊ မကျေမချမ်းမှုများနှင့်အတူ အေးစက်လေပြင်းများကြားမှာ မှုန်ရီဝေဝါးနေသော ဆူဇီမို၏ပုံရိပ်ကို စိုက်ကြည့်နေကြလေသည်။

အေးစက်ယင်လေ၏ အရိုးထိအောင် ထိုးဖောက်သော နာကျင်မှုကို လူတိုင်းက တောင့်ခံနိုင်ကြမည် မဟုတ်ပေ။

ယခုအခါ သူတို့သုံးယောက်သည် သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေခဲ့လေပြီ။

တာအိုသက်ရှိ မိုးကြိုးလေပြေသည် သုန်မှုန်နေသော အမူအရာဖြင့် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။

ဤနေရာအရောက်တွင် သူက ခရမ်းရောင်မိုးကြိုးကျမ်းကို လက်လျှော့ရုံသာ တတ်နိုင်တော့ပေမည်။

မည်ကာမတ္တ တပည့်တစ်ယောက်အနေဖြင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုအတွက်ကြောင့် သူက ဤနေရာမှာ သေဆုံးရမည်ဆိုလျှင် လူတိုင်း၏ ဟားတိုက်စရာ ဖြစ်လာပေလိမ့်မည်။

သူက နောက်ဆုတ်ဖို့သာ ရွေးချယ်ရတော့လေသည်။

ခဏကြာ ဆက်လက်လျှောက်လှမ်းလာပြီးနောက်.. ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည်လည်း ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ လှည့်ထွက်လိုက်လေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေထဲတွင် လူသုံးယောက်သာလျှင် ကျန်ရှိခဲ့လေသည်။

ဆူဇီမို၊ သီယင်းနှင့် တာအိုသက်ရှိ ကောင်းကင်စင်ရော်..

နောက်ဆုံး လေးနာရီကြာပြီးနောက်.. ပထမဆုံးကပ်ဘေးကို ဖြတ်ကျော်တော့ပေမည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မြင်ကွင်းထဲမှာ.. သူ့ရှေ့တွင် အော်မြည်တိုက်ခတ်နေသော ယင်လေများက ဆက်လက်၍ ရှိမနေတော့ပေ။ ထိုအစား အဲဒီမှာ တစပြင် ကုန်းမြေတစ်ခုကိုသာလျှင် တွေ့ရလေသည်။

တစပြင်ကုန်းမြေ၏ အစပ်သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက တွေဝေခြင်း မရှိဘဲ ဆက်လက်လှမ်းဝင်သွားလေသည်။

သူက ဝင်ရောက်လိုက်သည့် ခဏမှာပင် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

ရုတ်တရက်.. သူ၏ခန္ဓာကိုယ်က ပူပြင်းလာပြီး အပူချိန်က အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။ သူ၏ အရိုးများက ပေါက်ကွဲထွက်တော့မည့်အလား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တကျွိကျွိမြည်လာလေသည်။

ကြာပန်းနီ ကြမ္မာမီးတောက်သည် ကျင့်ကြံသူတစ်ယောက်၏ ရမ္မက်၊ အမျက်နှင့် ဥပါဒါန်တို့၏ နှိုးဆွခြင်းကို ခံရပြီး သူတို့၏ ခန္ဓာကိုယ် အတွင်းအပြင် တောက်လောင်လာပေလိမ့်မည်။

ရွှစ်..

ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းကနေ မီးလုံးတစ်လုံးက ထွန်းတောက်လာပြီး တဖြည်းဖြည်း ကြီးမားလာကာ သူ၏ ခြေလက်အင်္ဂါများနှင့် အရေပြားပေါ်ကနေ ထွက်ပေါ်လာလေသည်။

သူ၏ မျက်လုံးများ၊ နားများ၊ ပါးစပ်နှင့် နှာခေါင်းပေါက်တို့မှလည်း မီးတောက်များ လျှံထွက်လာလေသည်။

အလွန်တရာ အေးစက်နေရာကနေ ရုတ်တရက် အလွန်တရာ ပူပြင်းလာသောကြောင့် ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှာ မတူညီသော ထိုစွမ်းအင်နှစ်ခုက ရိုက်ခတ်နေကြလေသည်။

အဲဒါသည် စောစောက ခံစားခဲ့ရသော အရိုးထိုးဖောက်ယင်လေထက် များစွာပို၍ နာကျင်ရလေသည်။

တစပြင်ကုန်းမြေတွင် မီးများ တောက်လောင်နေသော လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသော ဆူဇီမိုကို ကြည့်ရင်း တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ထိတ်လန့်ချောက်ချားသွားသော အမူအရာတစ်ခုဖြင့် ရပ်တန့်လိုက်ရလေသည်။ သူက ရှေ့သို့ အမှန်တကယ်ပင် ဆက်မတက်ရဲတော့ပေ။

ဤလူက တကယ့်ကို သောက်ရူးနားကန်းတစ်ယောက် ဖြစ်လေသည်။

သူက လက်လျှော့ရုံသာ တတ်နိုင်တော့လေသည်။

မည်ကာမတ္တ တပည့်ခြောက်ယောက်ကြားတွင် သီယင်းတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့တော့လေသည်။

တစပြင်ကုန်းမြေ၏ အစပ်မှာရပ်ရင်း သီယင်းသည် မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဆူဇီမိုကို ကြည့်ကာ အံကို တင်းတင်းကြိတ်၍ ရှေ့သို့ တက်လှမ်းလိုက်လေသည်။

ရွှစ်..

သူ၏ ခန္ဓာကိုယ်အတွင်းကနေ မီးတောက်လုံးတစ်လုံးက ထွက်ပေါ်လာခဲ့လေသည်။

ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှုကာလတစ်လျှောက် ရမ္မက်၊ အမျက်နှင့် ဥပါဒါန်တို့ကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်များက သူတို့ပြုသော ကံနှင့် ပြန်ရောက်လာသော ကြမ္မာတို့ဖြင့်​ စွန်းထင်းနေခဲ့လေသည်။

မည်သူကမှ ကြမ္မာမီးတောက်များကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပေ။

“အား..”

သီယင်းက ညည်းတွားအော်ဟစ်လိုက်လေသည်။

ကြမ္မာမီးတောက်ကနေ လာသော နာကျင်မှုက သူ့ကို လှည့်ထွက်စေလုနီးပါးပင်။

သို့သော်လည်း.. အဲဒီနောက် သူက မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိတ်မှိတ်တောင့်ခံရင်း ရှေ့သို့ လျှောက်လှမ်းလိုက်လေသည်။ သူက ဆူဇီမိုနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။

ကြမ္မာမီးတောက်များက ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ အအေးဓာတ်များကို ဖယ်ထုတ်ပစ်လိုက်လေသည်။

အစက အေးခဲနေသော သွေးများက စတင်၍ အရည်ပျော်လာခဲ့လေသည်။ ကြမ္မာမီးတောက်၏ ချစ်ချစ်တောက် အပူအောက်တွင် သူ၏ အသွေးနှင့် အသားတို့က တစ်ခုပြီးတစ်ခု ပွင့်ကန်ထွက်လာလေသည်။ ခပ်ဝေးဝေးကကြည့်လျှင် သူသည် တုန်လှုပ်စရာကောင်းသော သွေးနီရောင်ကြာပန်းတစ်ခုနှင့် တူနေလေသည်။

ဆူဇီမိုသည် တစပြင်ကုန်းမြေကို ဖြတ်ကျော်လာရင်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ အနီရောင်ကြာပန်းများစွာက ဖူးပွင့်လာလေသည်။

သူ၏ အသားနှင့် စိတ်ဝိညာဉ်ချီတို့သည် စတင်၍ ညိုးခြောက်လာပြီး ကြမ္မာမီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံရလေသည်။

ဆူဇီမိုသည် သူ၏ သို​လှောင်အိတ်ကို သူ၏ ညာဘက်လက်ထဲမှာ တင်းတင်းဆုပ်ထားလေသည်။

နတ်ဖီးနစ်အရိုး၏ ကာကွယ်မှုဖြင့် သူ၏ သိုလှောင်အိတ်က အကောင်းအတိုင်း ကျန်ရှိနေလေသည်။

အကန့်အသတ်မဲ့သော နာကျင်မှုကို ရင်ဆိုင်ရင်း ဆူဇီမိုသည် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းကာ သူ၏နောက်တွင် သွေးနီရောင်ခြေရာများကို ကျန်ရစ်ခဲ့စေလေသည်။

သူသည် တစပြင်ကုန်းမြေ၏ အနက်ပိုင်းထဲသို့ ရောက်လာလေလေ.. ကြမ္မာမီးတောက်များက ပို၍တောက်လောင်လာလေလေ ဖြစ်လေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နီရဲနေသော ဧရာမ မီးလုံးတစ်လုံးအဖြစ် လောင်ကျွမ်းလာခဲ့လေသည်။

ကြမ္မာမီးတောက်များက သူ၏ အသွေးအသားကိုသာမက သူ၏ အရိုးများကိုပါ လောင်ကျွမ်းလာခဲ့လေသည်။

သူ၏ အရိုးများက လောင်ကျွမ်းနီရဲ၍ ကြည်လင်လာခဲ့လေပြီ။ ကြမ္မာမီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် အရိုးထဲရှိ ခြင်ဆီများက ဆူပွက်လာခဲ့လေသည်။

အစက သူ၏ ခြင်ဆီထဲတွင် စိမ့်ဝင်နေခဲ့သော အရိုးတိုက်စားအဆိပ်သည် ကြမ္မာမီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံရလေသည်။

အရိုးထိ ထိုးဖောက်လာသော ယင်လေနှင့် ကြမ္မာမီးတောက်၏ လောင်ကျွမ်းမှုဖြင့် ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ အရိုးတိုက်စားအဆိပ်များက လုံးလုံးလျားလျား ဖယ်ရှားသွားခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုကို ခံစားမိပြီး ဆူဇီမိုသည် စိတ်အားမာန် တက်ကြွလာကာ ကောင်းကင်ထက်သို့ မာန်ဖီဟိန်းဟောက်လိုက်လေသည်။

သူ၏ ပါးစပ်ထဲကနေ ကြမ္မာမီးတောက်များက လျှံထွက်လာပြီး အဲဒါသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်ဟု ထင်ရလေသည်။

လေကပ်ဘေးနှင့် မီးကပ်ဘေး၏ မီးဆေးမှုသည် ဆူဇီမို၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို ပိုမိုကြံ့ခိုင်လာစေလေသည်။ သူက ဆက်လက်၍ ကြောက်ရွံ့နေခြင်း မရှိတော့ပေ။

သီယင်း၏ ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးလာခဲ့လေသည်။

သူက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

သူသည် ရှေ့သို့ တက်လှမ်းနေသော ဆူဇီမိုကို ကြည့်ရင်း သူ၏ အမူအရာက အေးစက်လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ တောက်လောင်နေသော ကြမ္မာမီးတောက်ပင်လျှင် သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို လောင်ကျွမ်းစေနိုင်ခြင်း မရှိပေ။

“မင်းက လေကပ်ဘေးနဲ့ မီးကပ်ဘေးမှာ ရှင်သန်နိုင်ခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ.. မင်းက တာအိုနှလုံးသား မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့တော့ ငါ လုံးဝမယုံဘူး”

သီယင်းသည် စိတ်ထဲကနေ ရေရွတ်ပြီး သူ၏ရင်ထဲရှိ မကျေမချမ်းမှုများကို ဖိနှိမ်ကာ လှည့်ထွက်လိုက်ရလေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေတွင် ဆူဇီမိုတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့လေသည်။

အချိန်ကာလတစ်ခု ကြာမြင့်သွားပြီးနောက်.. သူ၏ ရှေ့တည့်တည့်တွင် ဧရာမ မိုးကြိုးလျှပ်စီးကန်တစ်ခုကို ကောင်းကင်ထက်နေ ချိတ်ဆွဲထားသည့်အလား တွေ့မြင်လိုက်ရလေသည်။ အဲဒါက ဝင်းထိန်တောက်ပနေပြီး တုန်လှုပ်စရာကောင်းလောက်အောင် မိုးကြိုးသံများက တဝုန်းဝုန်း မြည်ဟည်းနေလေသည်။

ဆူဇီမိုသည် နောက်ဆုံးကပ်ဘေးဆီသို့ ရောက်ရှိလာခဲ့လေပြီ။

သူသည် သူ့ရှေ့တွင် ရှိသော မိုးကြိုးလျှပ်စီးကန်ကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လျှောက်လှမ်းဝင်ရောက်လိုက်လေသည်။

All Chapters