လောကကို တုန်လှုပ်သွားစေခြင်း
Vol. 68 Ch. 1018
မိုးကောင်းကင်ထက်တွင် လျှပ်စီးကန်က လွင့်မျောနေလေသည်။ အဲဒါသည် အစကတော့ မည်သည့် လှိုင်းဂယက်မှ မရှိဘဲ တည်ငြိမ်နေလေသည်။
သို့သော်လည်း ဆူဇီမိုက မိုးကြိုးကပ်ဘေးနယ်မြေထဲသို့ လှမ်းဝင်လိုက်သည့် အချိန်မှာပင် လျှပ်စီးကန်က တစ်စုံတစ်ရာ၏ နှိုးဆွခြင်းကို ခံလိုက်ရပုံပင်။ ချက်ချင်းပင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ လှိုင်းလုံးများက ပြင်းထန်စွာ တလိပ်လိပ် တက်လာခဲ့လေသည်။
ဝုန်း.. ဝုန်း.. ဝုန်း..
ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် မိုးခြိမ်းသံများက တဝုန်းဝုန်း မြည်လာခဲ့လေသည်။
ရုတ်တရက်ဆိုသလို..
တဖျပ်ဖျပ် တလက်လက် ဝင်းထိန်နေသော လျှပ်စီးရောင်တစ်ခုက ဖြာလက်သွားပြီး လေထဲတွင် ဧရာမ မိုးကြိုးလျှပ်စီးလုံးတစ်လုံး ပေါ်လာကာ ဆူဇီမိုပေါ်သို့ ပစ်ချလိုက်လေသည်။
ဝုန်း..
ဆူဇီမိုက မိုးကြိုးထိမှန်၍ နောက်ပြန်လွင့်စင်သွားလေသည်။ သူက လေထဲမှာ ကျွမ်းထိုးမှောက်ခုံဖြစ်၍ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရလေသည်။
နာကျင်မှုက ဖော်မပြတတ်အောင်ပင်။
မိုးကြိုးလျှပ်စီးကန်အောက်တွင်.. ဆူဇီမိုသည် အချိန်မရွေး တစ်စစီ ဖျက်ဆီးခံရနိုင်သည်ဟု ခံစားရလေသည်။
ကြောက်စရာကောင်းသည့် ထိုခံစားချက်က တဖြည်းဖြည်း ကြီးထွားလာခဲ့လေသည်။
သို့သော်လည်း ဆူဇီမို၏ တာအိုနှလုံးသားက အဲဒါကို ချက်ချင်းပင် ဖိနှိမ်လိုက်လေသည်။
ဆူဇီမိုသည် မတ်တတ်ရပ်၍ အံကိုကြိတ်ကာ ရှေ့သို့ ဆက်တက်လိုက်လေသည်။
ဝုန်း..
မိုးကြိုးသံက ဝုန်းခနဲ မြည်ဟည်းလာလေသည်။
နီရဲနေသော မိုးကြိုးတစ်စင်းသည် ဆူဇီမို၏ ဦးခေါင်းကို ပစ်ချလိုက်ပြီး သူ့ကို နောက်ပြန်လန်ကျကာ သတိလစ်လုနီးပါး ဖြစ်သွားစေလေသည်။
လေကပ်ဘေးနှင့် မီးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သူ၏ခန္ဓာကိုယ်က ချုံးချုံးကျနေခဲ့လေပြီ။
ယခု မိုးကြိုးနှစ်စင်း၏ ထိခတ်ခြင်း ခံရပြီးနောက်.. သူ၏ အသက်ဓာတ်က တစ်စတစ်စ ယုတ်လျော့လာခဲ့လေသည်။
ဤတိုင်းသာ ဆက်သွားလျှင် သူက အမှန်တကယ်ပင် သေဆုံးရပေလိမ့်မည်။
ဆူဇီမိုသည် သူ့ရှေ့တွင်ရှိသော အကန့်အသတ်မဲ့သည့် မိုးကြိုးကပ်ဘေးနယ်မြေကို ငေးကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် ငိုင်ကျသွားလေသည်။
သူက ရှေ့ဆက်တက်သင့်သလား.. ဒါမှမဟုတ် နောက်ပြန်ဆုတ်သင့်သလား.. ။
ထိုအတွေးက သူ့စိတ်ထဲသို့ ဝင်ရောက်လာပြီးနောက် အဆက်မပြတ် ကြီးထွားလာခဲ့လေသည်။
ဆူဇီမို၏ စိတ်ထဲတွင် သူ့ကို ရှေ့ဆက်မတက်ဘဲ နောက်ပြန်ဆုတ်ဖို့ ပြောနေသည့် အသံများကို နေရာတိုင်းကနေ ကြားလာရလေသည်။
သူက ဆက်လက်၍ ခေါင်းမာနေမည်ဆိုလျှင် သေရပေလိမ့်မည်။
ထိုစဉ်မှာပင် ကပ်ဘေးသုံးဆင့်နယ်မြေ အပြင်ဘက်ရှိ မရေမတွက်နိုင်သော အမွေအနှစ်များက လှုပ်ရှားလာပြီး သူတို့၏ အမွေအနှစ်ဖြစ်စဉ်များကို ထုတ်ဖော်ပြသလာကြလေသည်။
အမွေအနှစ်ဖြစ်စဉ်များ၏ အလင်းရောင်က ကပ်ဘေးသုံးဆင့်နယ်မြေပေါ်မှာ တောက်ပလာပြီး ဆူဇီမိုအပေါ် လွှမ်းခြုံလာခဲ့လေသည်။
အဲဒါက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ အမွေအနှစ်များ အားလုံး ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် သူသည် လက်လျှော့၍ ခေါင်းညိတ်လိုက်သည်နှင့် အမွေအနှစ်များထဲမှ တစ်ခုကို ရွေးချယ်ကာ ကပ်ဘေးသုံးဆင့်နယ်မြေထဲကနေ ထွက်ခွာနိုင်မည် ဖြစ်လေသည်။
သူက ဆင်းရဲဒုက္ခများစွာဖြင့် ဖိစီးနှိပ်စက်နေသော နာကျင်မှုများကို ဆက်လက်၍ ခံစားစရာ မလိုတော့ပေ။
တကယ်ဆို ကပ်ဘေးသုံးဆင့်နယ်မြေ အပြင်ဘက်ရှိ အမွေအနှစ်များက အရမ်းကို စွမ်းအားကြီးမားလေသည်။
သူတို့က ကပ်ဘေးသုံးဆင့်နယ်မြေ အတွင်းမှာရှိသည့် အမွေအနှစ်များထက် ပို၍ အားနည်သည့်ပုံပေါက်မနေပေ။
ကမ္ဘာ့ကွန်ချာ အမွေအနှစ်ဆိုလျှင်လည်း အပြင်ဘက်မှာ တည်ရှိလေသည်။
စင်ကြယ်အပျိုစင်ဂိုဏ်း၏ အမွေအနှစ်သည်လည်း အပြင်ဘက်မှာပင် ရှိလေသည်။
သမိုင်းတစ်လျှောက်တွင် မည်သူကမှ ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်မကျော်ခဲ့ဖူးပေ။
သူက ဘာကြောင့် ဒီလောက်ထိ ခေါင်းမာနေရမှာလဲ..။
ကပ်ဘေးသုံးဆင့်နယ်မြေ၏ ဒဏ္ဍာရီများက လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းတစ်ခုပင် ဖြစ်ကောင်းဖြစ်နေနိုင်လေသည်။
သူက ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်ပြီးလျှင်တောင် အထဲမှာ ဘာမှရှိမနေတာလည်း ဖြစ်နိုင်လေသည်။
သူသည် မဟာကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု လင်းရွှမ်ကျီ၏ ဆရာက ပြောခဲ့လေသည်။
သူ့ရှေ့တွင်ရှိသော မိုးကြိုးကပ်ဘေးက သူတွေ့ကြုံရမည့် မဟာကပ်ဘေး ဖြစ်နေနိုင်လေသည်။
သူက နောက်ဆုတ်လိုက်သည်နှင့်အမျှ ဤကပ်ဘေးကို ရှောင်လွှဲနိုင်ပေလိမ့်မည်။
ဆူဇီမို၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများက ဝင်ရောက်လာခဲ့လေသည်။
သူ၏စိတ်က စတင်၍ ယိမ်းယိုင်လာခဲ့လေသည်။
ခဏကြာပြီးနောက်.. သူသည် ဆိုးရွားသော ဤနေရာကနေ ထွက်ခွာပြီး အမွေအနှစ်တစ်ခုကို ခေါင်းညိတ်လက်ခံလုနီးပါး ဖြစ်လာခဲ့လေသည်။
သို့သော်လည်း နောက်ဆုံးမှာတော့ သူက ထိုသို့ မလုပ်ခဲ့ပေ။
ဆူဇီမိုသည် မိုးကြိုးကပ်ဘေးနယ်မြေထဲမှာ မလှုပ်မယှက် ရပ်နေလေသည်။
သူက နေရာမှာပင် ရပ်တန့်၍ ရှေ့ဆက်မတက်သည်နှင့်အမျှ မိုးကြိုးကပ်ဘေးကလည်း ဆင်းသက်လာလိမ့်မည် မဟုတ်ပေ။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့လေသည်။
ဆူဇီမိုသည် သူ၏ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူ့မျက်လုံးထဲရှိ တွေဝေရှုပ်ထွေးမှုများက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့လေသည်။
သူ၏ခန္ဓာကိုယ်က ချုံးချုံးကျနေပြီ ဖြစ်သော်လည်း သူ၏မျက်လုံးများက ခိုင်မာပြတ်သားသော အကြည့်နှင့်အတူ တောက်ပသည်ထက် တောက်ပလာခဲ့လေသည်။
ရုတ်တရက်ဆိုသလို.. ဆူဇီမိုသည် လှုပ်ရှားလိုက်ပြီး ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း တိုးလိုက်လေသည်။
ဘုန်း..
မိုးကြိုးကပ်ဘေးတစ်ခုက ဆင်းသက်လာခဲ့လေသည်။
“ဝှီး..”
ဆူဇီမိုသည် ထိုတိုက်ခိုက်မှုဖြင့် မြေပြင်ပေါ်မှာ ပြိုလဲကျသွားပြီး သူ၏ အသက်ဓာတ်က ပိုမို၍ အားနည်းလာခဲ့လေသည်။ သို့သော်လည်း သူက လူးလဲ၍ ကျုံးလိုက်ပြီး ရှေ့သို့ ဆက်တက်လိုက်လေသည်။
ဝုန်း..
မိုးကြိုးကပ်ဘေးတစ်ခု ဆင်းသက်ပြီးတိုင်း သူက တစ်ဖန်ပြန်လည်ထ၍ ရှေ့သို့ ဆက်တက်နေသည်။
ထိုဖြစ်စဉ်က ထပ်ဖန်တလဲလဲ ဖြစ်ပွားနေလေသည်။
ဆူဇီမို၏ အစက ယိမ်းယိုင်နေသော နှလုံးသားသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့လေသည်။
ရှေ့တွင် လေကပ်ဘေးနှင့် မီးကပ်ဘေးသည် သူ့ကို အလျှော့ပေးခဲ့ရလေသည်။ ယခုအခါ.. သက်ရှိအားလုံးကို ဖျက်ဆီးနိုင်သော မိုးကြိုးကပ်ဘေးသည်ပင်လျှင် သူ၏ နှလုံးသားကို မယိမ်းယိုင်စေနိုင်တော့ပေ။
သူသည် ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်ချင်သည်မှာ အထဲမှာရှိသော အမွေအနှစ်များအတွက်သာလျှင် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်တာအိုနှလုံးသားကို တည်ဆောက်ချင်သောကြောင့်လည်း ဖြစ်လေသည်။
သူ၏တာအိုက ရှေ့သို့သာ ဆက်၍ တက်လှမ်းရမည် ဖြစ်လေသည်။ အဲဒါက သူ့ကို နောက်ဆုတ်ခွင့် ပေးမထားပေ။
မိုးကြိုးကပ်ဘေးတစ်ခု ဆင်းသက်လာတိုင်း အဲဒါက ဆူဇီမို၏အသက်ကို ခြိမ်းခြောက်သည်ထက် ခြိမ်းခြောက်လာခဲ့လေသည်။
သို့သော်လည်း သူက နောက်ဆုတ်ခြင်း မရှိပေ။
သူ၏ သန်မာသော စိတ်စွမ်းအားနှင့် ခိုင်မာပြတ်သားသော တာအိုနှလုံးသားအပေါ် မှီခိုရင်း တစ်ခါလဲကျပြီးတိုင်း ထပ်ခါတလဲလဲ ပြန်ထလာခဲ့လေသည်။
သူ၏ ဦးခေါင်းထက်တွင် မိုးကြိုးလျှပ်စီးကန်သည် ဧရာမ မျက်လုံးတစ်စုံအဖြစ် အသွင်ပြောင်းလဲသွားသည် ထင်ရပြီး ဒယီးဒယိုင်ဖြင့် ရှေ့သို့ တက်လှမ်းလာနေသော ပုံရိပ်ကို ငုံ့ကြည့်နေလေသည်။
နောက်ဆုံးမှာတော့…
ရုတ်တရက် ခံ့ညားထည်ဝါသော အသံတစ်သံက မိုးကြိုးကပ်ဘေးနယ်မြေအတွင်းကနေ ထွက်ပေါ်လာခဲ့လေသည်။
“မင်းက ဘာလို့ကျင့်ကြံတာလဲ”
“ကျုပ်က တာအိုတစ်ခုကို တည်ဆောက်ချင်လို့ပဲ”
ဆူဇီမိုက သူ၏ခေါင်းကို မော့ပြီး တောက်ပသော အကြည့်နှင့်အတူ စကားကို တစ်လုံးချင်း ပြောလိုက်လေသည်။
“အဲဒီတာအိုက အင်မော်တယ်၊ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေနဲ့ ကွဲပြားခြားနားရမယ်”
“အဲဒါက ဘာတာအို ဖြစ်မလဲ”
ခံ့ညားထည်ဝါသော အသံက စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် မေးလိုက်လေသည်။
“ကျုပ်က အဲဒါကို သိုင်းတာအိုလို့ခေါ်မယ်”
“ဘာလို့ သိုင်းတာအိုလဲ”
“သိုင်းတာအိုက လူတစ်ယောက်ကို ရဲဝံ့စွာနဲ့ ရှေ့ကို တက်လှမ်းစေမယ်”
ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။
“သိုင်းတာအိုက လူတစ်ယောက်ရဲ့ အစစ်အမှန် နှလုံးသားကို ရည်ညွန်းတယ်”
သူက နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်လေသည်။
“သိုင်းတာအိုက လူတစ်ယောက်ကို လက်စားချေခွင့်ပေးပြီး သူတို့ အလိုရှိတဲ့အတိုင်း ကျေးဇူးတရားကို ပြန်လည်ပေးဆပ်နိုင်စေရမယ်”
နောက်ထပ်ခြေတစ်လှမ်း တိုးလိုက်လေသည်။
စကားတစ်ခွန်းပြောပြီးတိုင်း ဆူဇီမိုက ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့လေသည်။
သူ ခြေတစ်လှမ်း လှမ်းတိုင်း သူ၏အော်ရာက မြင့်မားလာခဲ့ပြီး သူ၏ တာအိုနှလုံးသားကလည်း ပိုမိုခိုင်မာလာကာ မကိုင်လှုပ်နိုင်တော့ပေ။
“သိုင်းတာအိုက လူတစ်ယောက်ကို သတ်ဖြတ်ရာမှာ ပြတ်သားစေမယ်”
“သိုင်းတာအိုက ယိမ်းယိုင်ခြင်း မရှိဘဲ ပြန်လည်ခုခံတိုက်ခိုက်နိုင်ရမယ်”
“သိုင်းတာအိုက လူသန်းပေါင်းများစွာကို ရင်ဆိုင်နိုင်တဲ့ ရဲစွမ်းသတ္တိကို ပေးစွမ်းနိုင်ရမယ်”
“သိုင်းတာအိုက အင်မော်တယ်နဲ့ ဗုဒ္ဓတွေကို ရင်ဆိုင်နိုင်တဲ့ သတ္တိကို ပေးနိုင်ရမယ်.. အဲဒီသတ္တိက လူတစ်ယောက်ရဲ့ ကံကြမ္မာအတွက် ကောင်းကင်ကိုတောင် ဆန့်ကျင်တိုက်ခိုက်နိုင်ရမယ်”
“ကျုပ်ရဲ့ တာအိုဘွဲ့က အခုကစပြီး အထီးကျန်သိုင်းဘုရင် ဖြစ်လာမယ်.. ကျုပ်က သိုင်းတာအိုကို ဖန်တီးတည်ဆောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံး ကျင့်ကြံနိုင်ပြီး အင်မော်တယ်တွေ ဖြစ်လာစေဖို့အတွက် သက်ရှိအားလုံးရဲ့ အချုပ်အနှောင်ကို ဖျက်ဆီးပေးချင်တယ်”
အထီးကျန်ဆိုသော စကားလုံးသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးနှင့် မဟာအရိုင်းကမ္ဘာမှလာခြင်း ဖြစ်လေသည်။
သိုင်းဘုရင်ဟူသော အဓိပ္ပါယ်ကတော့ သိုင်းတာအိုထံမှလာခြင်း ဖြစ်လေသည်။
ဆူဇီမို၏ နောက်ဆုံးစကားသည် လျှပ်စီးကန်ကို ချက်ချင်းပင် ဆူပွက်လာစေလေသည်။ အဲဒါက ပြင်းထန်စွာ ကိုင်လှုပ်ခံလိုက်ရသည့်အလား ကြီးမားသည့် လှိုင်းလုံးကြီးများက ဖြစ်ပေါ်လာခဲ့လေသည်။
ခံ့ညားထည်ဝါသော အသံက တစ်ဖန်ထွက်ပေါ်လာပြီး လောကကို တုန်လှုပ်သွားစေလေသည်။
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
. . . .
အလယ်ပိုင်းတိုက်၊ အသွန်းတစ်ရာဂိုဏ်းတွင်..
အဆုံးစွန်မီးနှင့် အခြားသူများသည် ခန်းမထဲမှာ ထိုင်နေရင်း ဂိုဏ်းသားတစ်ယောက်ထံမှ သတင်းစကားကို နားထောင်နေကြလေသည်။
“လက်ရှိအခြေအနေကတော့ ဘာမှန်းမသိရသေးဘူး.. သီယင်းနဲ့ အခြားမည်ကာမတ္တ တပည့်ခြောက်ယောက်က ကပ်ဘေးသုံးဆင့်နယ်မြေထဲကို ဝင်ရောက်သွားခဲ့ပြီးတော့ အခုတော့ ပြန်ထွက်လာကြပြီ.. ဒါပေမဲ့လို့ ဆရာဘိုးလေးရဲ့ သတင်းကိုတော့ အခုချိန်ထိ မသိရသေးဘူး”
အသွန်းတစ်ရာဂိုဏ်းသား ကျင့်ကြံသူက ပြောလိုက်လေသည်။
အဆုံးစွန်မီးနှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ပြီးနောက်.. သူတို့သည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် စိုးရိမ်ပူပန်မှုကို မြင်နေရလေသည်။
သမိုင်းတစ်လျှောက်တွင် မည်သူကမှ ကပ်ဘေးသုံးဆင့်နယ်မြေကို မဖြတ်ကျော်နိုင်ခဲ့ဖူးပေ။
ဆူဇီမိုသည် တဇွတ်ထိုး ခေါင်းမာ၍ ကပ်ဘေးသုံးဆင့်နယ်မြေကို အတင်းဝင်ရောက် ဖြတ်ကျော်ပြီး ထိုအထဲမှာ အဆုံးသတ်သွားမည်ကို သူတို့က စိုးရိမ်နေကြလေသည်။
ထိုစဉ်မှာပင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အထက်ကောင်းကင်ကနေ ခံ့ညားထည်ဝါသော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားခဲ့လေသည်။
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
“အထီးကျန်သိုင်းဘုရင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”
ထိုစကားလုံးများက သုံးကြိမ်တိတိ ထွက်ပေါ်လာခဲ့လေသည်။
နောက်တစ်ကြိမ် ထွက်ပေါ်လာတိုင်း ယခင်တစ်ကြိမ်ကထက် ပိုမိုကျယ်လောင်၍ ပီသရှင်းလင်းနေလေသည်။
အဆုံးစွန်မီးသည် မိုးကောင်းကင်ကို မော့ကြည့်ရင်း စိတ်ခံစားချက်များ ပြည့်နှက်လာလေသည်။ သူ၏ ခန္ဓာကိုယ်က အထိန်းအချုပ်မဲ့စွာ တုန်ရီလာပြီး သူက ရွှင်လန်းတက်ကြွစွာဖြင့် အံ့အားတသင့် ပြောလိုက်လေသည်။
“အဲဒါ ဇီမိုပဲ.. ဇီမိုက သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်လိုက်ပြီ”
. . . . .
တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ယောက်သည် သူ၏လက်ထဲတွင် ဆေဘာတစ်လက်နှင့်အတူ သူ၏ လှိုဏ်ဂူခန်းဝါထဲကနေ ခုန်ထွက်လိုက်လေသည်။ သူက လေထဲမှာ မတ်တတ်ရပ်၍ အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ရင်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
“အထီးကျန်သိုင်းဘုရင်.. အထီးကျန်သိုင်းဘုရင်.. ဇီမို.. မင်းက မင်းရဲ့ သိုင်းတာအိုကို တည်ထောင်တော့မှာလား”
ယခင်က မင်းကျန်သည် ကမ္ဘာ့ကွန်ချာအမွေအနှစ်ကို ရရှိခဲ့သောအခါ.. အဲဒါကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို လှုပ်ခတ်သွားစေခဲ့လေသည်။
သို့သော်လည်း ထိုအသံက အလွန်တရာ ဖျော့တော့ပြီး တစ်ကြိမ်သာလျှင် ထွက်ပေါ်လာခဲ့လေသည်။ ကျင့်ကြံသူများကလွဲလျှင် အခြားမည်သူကမှ အဲဒါကို သတိမထားမိကြပေ။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ အထီးကျန်သိုင်းဘုရင်၏ သိုင်းတာအိုက လောကကို တုန်လှုပ်သွားစေလေသည်။
အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ သားရဲနယ်မြေ ၈ခွင်၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်း၊ ဗုဒ္ဓကျောင်းတော် ၆ကျောင်း၊ မိစ္ဆာဒိဋ္ဌိ ၅ဝါဒီ၊ တစ်သီးပုဂ္ဂလ ၄အုပ်စုနှင့် ရှေးတော်ဝင်မိသားစုများပါမကျန် တုန်လှုပ်သွားကြလေသည်။
တံခါးပိတ်ကျင့်ကြံနေသော ပညာရှင်များသည်လည်း ထိတ်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြလေသည်။