← Chapters

အားလုံးရဲ့ ထိပ်ဆုံးမှာ ဒါပေမဲ့ တစ်ယောက်

Vol. 43 Ch. 636

အားလုံးရဲ့ ထိပ်ဆုံးမှာ ဒါပေမဲ့ တစ်ယောက်

Vol. 43 Ch. 636

*ဒီလူရဲ့ ခံနိုင်ရည် လေ့ကျင့်ရေးက မြင့်လွန်းတာပဲ*

အကြီးအကဲဖန် တစ်ချက်မျှ ရင်တုန်သွားသည်။ သူ၏ အားအပြင်းဆုံးနီးပါး တိုက်ခိုက်မှုက အလီကို လုံလုံလောက်လောက် ဒဏ်ရာမရစေခဲ့ပေ။ ထို့အပြင် အလီနှင့် တစ်ကြိမ် တိုက်ခိုက်ပြီးတိုင်း လက်များက ထုံသွားရသည်။ အကယ်၍ တစ်ယောက်ချင်းစီ တိုက်ခိုက်မှုသာ ဖြစ်ပါက သူ ကြာကြာ ခံနိုင်မည် မဟုတ်လောက်ပါ။

အကြီးအကဲစွန်းက အတွင်းအားသုံး၍ တိုက်ခိုက်ကာ သူ့အား ဆက်တိုက် ကာထားပေး၍ တော်သေးတော့သည်။ သူတို့ နှစ်ယောက် အတူ ပူးပေါင်းလိုက်လျင် အလီအား ဖိနှိပ်နိုင်ပေမည်။

“ဟမ့်”

အလီက ညည်းတွားနေပြီး သူ၏ အရှိန်အဝါက အားနည်းလာသည်။

သူသည် ခန္ဓာကိုယ်ကို ထိန်း၍ အကြီးအကဲဖန်နှင့် ဆက်၍ တိုက်ခိုက်နေသည်။ သို့သော် သူ၏ သွေးထွက်နေသော ညာလက်မောင်းမှ အားသည် ယခင်ထက် ပို၍ အားနည်းနေသည်။

အကြီးအကဲစွန်းသည် သူ့အား အတွင်းအားနှင့် ဖိနှိပ်၍ အကြီးအကဲဖန်က သူ့အား လက်သည်းသိုင်းဖြင့် တိုက်ခိုက်သောကြောင့် အလီ၏ ခန္ဓာကိုယ်တွင် လက်သည်းရာများ ဆက်တိုက် ကျန်ခဲ့လေသည်။ သူတို့က အလီကို အချိန်တိုအတွင်း အနိုင်မယူနိုင်သော်လည်း ထိုဒဏ်ရာလေးများ ထပ်မံ များလာပါက အလီ၏ အခြေအနေက ပို၍ ဆိုးရွားလာပေလိမ့်မည်။

“ဘယ်လိုလဲ မစ္စတာဝိုင်၊ မင်း စိတ်မပြောင်းချင်သေးဘူးလား”

စုအန်းရွှမ်က အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌ ရှိနေသကဲ့သို့ ပြုံးနေသည်။

ထိုသို့သောအချိန်၌ တစ်ဖက် လူနှစ်ယောက်၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်၌ အလီသည် ကြိုးအဆုံးကို ရောက်နေသကဲ့သို့ ဖြစ်နေသည်။

“မစ္စတာဝိုင်၊ မင်း အရှုံးပေးသင့်ပြီ၊ ပညာရှိတဲ့လူက ဘယ်အချိန် အရှုံးပေးရမလဲ သိသင့်တယ်၊ ငါတို့ စုမိသားစုက မင်းကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမှာပါ”

စုချင်းယောင်က ထပ်ပြောသည်။

စုမိသားစုမှ အခြားသော သိုင်းပညာရှင်များကလည်း ပြုံးနေကြသည်။

“မင်း ထိုက်နဲ့ မင်းကံပဲ၊ စုမိသားစုရဲ့ နယ်မြေထဲမှာ တစ်မိသားလုံးကို ရင်ဆိုင်ဖို့ မင်း ဘယ်လိုတောင် တွေးမိတာလဲ”

“အရှုံးပေးရမယ် ဟုတ်လား”

ရဲ့လင်းချန်၏ အသံက တည်ငြိမ်မြဲ တည်ငြိမ်နေကာ ခေါင်းခါ၍ ရယ်ချင်နေပုံရသည်။

ဆေးညွှန်းက အစကတည်းက သူ့အပိုင် ဖြစ်သော်လည်း သူတို့က သူနှင့် အပေးအယူ လုပ်နေသကဲ့သို့ ပြုမူကာ စီးပွားရေးပင် လုပ်ချင်နေသေးသည်။

“မင်းက ဟန်လုပ်ဖို့ ကြိုးစားချင်နေသေးတာလား၊ မင်း သေချင်နေတာပဲ”

တစ်စုံတစ်ယောက်က အော်ငေါက်လာသည်။

ရဲ့လင်းချန်က အလီအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူသည် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေးကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ ထို့အပြင် အလီ၏ သိုင်းပညာက သူ သင်ပေးထားခြင်း ဖြစ်သည်။ အလီ၏ အစွမ်းအစက ဘာလဲ ဆိုသည်ကို သူ အပြည့်အဝ နားလည်ပေသည်။

ခံနိုင်ရည် လေ့ကျင့်ရေး သိုင်းပညာ ဖြစ်သော်လည်း ၎င်း၌ တိုက်ခိုက်သည့် သိုင်းကွက်များ မရှိသည်တော့ မဟုတ်ချေ။ တိုက်ခိုက်သည့် သိုင်းကွက်များ များများစားစား မရှိခြင်းသာ ဖြစ်သည်။

ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေးက ရှစ်ဆပြင်းထန် လက်သီးမှ အဆင့်မြင့်သွားခြင်း ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် အလီ၏ မျက်လုံးက ရုတ်တရက် ကျယ်ဝန်းလာပြီး ခပ်တိုးတိုး မာန်ဖီလေသည်။ သူတို့ စိတ်ထင်လေသလားဟု မသေချာ ဖြစ်နေသော်လည်း အလီ၏ ခန္ဓာကိုယ်က အနည်းငယ် ပိုကြိးလာသည့်ပုံပင်။ ထို့နောက် သူသည် မြေကြီးကို ခြေဆောင့်နင်းပြီး အကြီးအကဲဖန်ထံသို့ တောင်တစ်လုံးသဖွယ် အရှိန်ဖြင့် ပြေးဝင်သွားသည်။

ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးနှင့်ဆိုလျင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သူ့လက်သီး ဖြစ်သည်။ ယင်းက လက်သီးတစ်လုံးက လူတစ်ယောက်၏ အရွယ်အစားအဖြစ် ကြီးသွားသည်နှင့် အတူတူပင် ဖြစ်ကာ သူ့အား ပို၍ အားကောင်းလာစေသည်။ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်က လျင်မြန်လှသော အရှိန်ဖြင့် ရွေ့လျား သွားသည်။

*သံတောင်ခွင်း လက်သီး”

အကြီးအကဲဖန်၏ မျက်နှာအမူအရာက အသည်းအသန် ပြောင်းလဲသွားသည်။ သူသည် ထိုတိုက်ကွက်အား ရှောင်တိမ်းနိုင်စွမ်း မရှိချေ။

“အား….”

နာကျင်နေသော အော်သံနှင့်အတူ အကြီးအကဲဖန်သည် အလီကြောင့် လွင့်ထွက်သွားလေသည်။ သူ၏ ခန္ဓာကိုယ်က မြားတစ်စင်းအလား လေထဲ လွင့်ပျံ၍ လမ်းတစ်လျှောက်၌ သွေးများ တတောက်တောက် ကျဆင်းသွားနေသည်။

အခြေအနေက သာမန်လူတစ်ယောက်ကို ကားတစ်စီးက အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်လိုက်သဖြင့် လွင့်သွား သလိုပင်။

“ဘုန်း”

အကြီးအကဲဖန်သည် မြေကြီးပေါ်သို့ ပြန်ကျလာပြီးနောက် တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေကာ မြေကြီးပေါ်၌ ပျော့ခွေစွာ လဲကျနေသည်။ လက်သည်းသိုင်းကို လေ့ကျင့်သော ပညာရှင်တစ်ယောက်က အလီထံ၌ ဤသို့ အသတ်ခံ ရလိုက်လေပြီ။

ခံနိုင်ရည် လေ့ကျင့်ရေး သိုင်းပညာရှင်တစ်ယောက်၏ သိုင်းပညာက ကြောက်စရာ ကောင်းလှပေသည်။

ဘေးလူများ မှင်တက်နေချိန်တွင် အလီက အကြီးအကဲစွန်းထံသို့ နွားရိုင်းတစ်ကောင်ကဲ့သို့ ပြေးဝင်သွားသည်။

“ဝုန်း၊ ဝုန်း၊ ဝုန်း”

သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက သုံးမီတာ ကွာခြားသည်။ သူ လှမ်းလိုက်သည့် နေရာတွင် ခြေရာက အထင်းသား ကျန်ခဲ့သည်။ မြေကြီးက နွားတိုက်ကွင်းထဲကကဲ့သို့ တုန်ခါနေသည်။

အကြီးအကဲစွန်း၏ မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။ သူသည် အော်ဟစ်၍ အလျင်အမြန် နောက်ဆုတ် လေသည်။

သို့သော် ထိုအခိုက်မှာပင် အလီသည် သူ၏ ကြွက်သားများကို စုစည်းလိုက်ပြီး အရှိန်အား သုံးဆ ပိုမြှင့်လိုက်သည်။

ခြေလှမ်းငါးလှမ်းတည်းနှင့် အလီက အကြီးအကဲစွန်းရှေ့သို့ ရောက်သွားလေသည်။

အကြီးအကဲစွန်းသည် အံကြိတ်ကာ အကြည့်များက ကြမ်းကြုတ်လာပြီး သူ၏ အတွင်းအားအားလုံးကို လက်သီးဆီသို့ ပို့လွှတ်လိုက်သည်။

သူ ထိပ်တိုက် ပြန်ရင်ဆိုင်လိုက်သည်။

“ဝုန်း”

လက်သီးချင်း ထိုးမိသောအခါ အကြီးအကဲစွန်း၏ အတွင်းအားက ချက်ချင်း လွှမ်းမိုးခံလိုက်ရသည်။ ပြင်းထန်သော စွမ်းအင်က သူ၏ လက်အတွင်းသို့ တိုးဝင်လာသည်။ ကျိုးကြေသော အသံများနှင့်အတူ သူ၏ ခန္ဓာကိုယ်မှ အရိုးများ ကြေမွလာသဖြင့် သူ နာကျင်စွာ အော်ဟစ်နေရသည်။

သို့သော် အလီက မပြီးသေးပေ။ အလီသည် အကြီးအကဲစွန်း၏ လက်ကိုကိုင်၍ လိမ်ချိုးလိုက်သည်။ လက်မောင်းက အဝတ်စသဖွယ် လိမ်သွားလေသည်။ ထို့နောက် အလီသည် အကြီးအကဲစွန်းအား တိရစ္ဆာန် အသေတစ်ကောင် သဖွယ် ကန်ထုတ်လိုက်သည်။

တိတ်ဆိတ်မှုက သူတို့အား လွှမ်းမိုးလာသည်။ ရလဒ်က ထိုသို့ ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပေ။

စုချင်းရွှယ်သည် မှင်တက်နေပြီး ရဲ့လင်းချန်အား ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။ ရဲ့လင်းချန်က လေကြီးနေသည်ဟု သူမ အမြဲတမ်း ထင်ခဲ့မိသည်။ သူတို့သည် သူ့ကြောင့် တစ်ဖန်ပြန်၍ အံ့ဩသွားရလေသည်။

စုအန်းရွှယ်၏ မျက်လုံးများက မယုံနိုင်ခြင်းတို့နှင့်အတူ ပြူးကျယ်နေ၏။

တစ်ဖက်တွင်မူ စုချင်းယောင်သည် ပင့်သက်ရှိုက်မိနေ၏။ သူမသည် ကြောက်စိတ်ကြောင့် တောင့်တင်းကာ လှုပ်ပင် မလှုပ်နိုင်ချေ။ သူမ၏ အမူအရာများက အဆက်မပြတ် ပြောင်းလဲနေကာ သူမ၏ အတွေးအမြင်တို့က အလီ၏ ကြမ်းကြုတ်မှုကြောင့် ပျက်စီးသွားလေသည်။

စုမိသားစုမှ အခြားသူများသည်လည်း ကြက်သေ သေကာ လက်တွေ့အား လက်မခံနိုင် ဖြစ်နေကြသည်။ ရုတ်တရက် ပြောင်းလဲမှုက သူတို့အား သတိလက်လွတ် ဖြစ်သွားစေသည်။

စုမိသားစုမှ ပညာရှင် နှစ်ယောက်လုံးသည် သူတို့ မိသားစု၏ ကျောထောက်နောက်ခံများဟု သတ်မှတ်နိုင်သည်။ သို့သော် သူတို့၏ မျက်စိရှေ့မှာပင် အလီက သူတို့ နှစ်ယောက်အား အညှာအတာ ကင်းမဲ့စွာ နင်းချေခဲ့လေပြီ။

သခင်ကြီးစု အပါအဝင် စုမိသားစုမှ လူများအားလုံး ယင်းကို လက်မခံနိုင်ပေ။

သိုင်းပညာရှင်များသည် အစကတည်းက ရှားပါးပေသည်။ ထို့အပြင် ထိုနှစ်ယောက်သည် သိုင်းပညာရှင်များ ကြားထဲ၌ အကျော်အမော်များ ဖြစ်ကြသည်။ သူတို့သည် စုမိသားစုအား ပြဿနာ တော်တော်များများကို ကူညီ ဖြေရှင်းပေးခဲ့သည်။ သူတို့သည် မိုမိသားစုမှ ကျားနက်ထက် ပို၍ အရေးပါသည်။

စုမိသားစုသည် မိုမိသားစုကို မယှဉ်နိုင်ချေ။ ထိုအကြီးအကဲ နှစ်ယောက်ကို ဆုံးရှုံးပြီးနောက် သူတို့၏ အင်အားက သိသိသာသာ နိမ့်ကျသွားလေပြီ။

လက်ရှိတွင် အမြဲ ယုံကြည်မှုရှိနေသော သခင်ကြီးစုတောင်မှ စိုးရိမ်ပူပန်ကာ ကြံရာမရ ဖြစ်နေ၏။

သူတို့ကို သူ ကယ်ချင်လျင်တောင်မှ အချိန်နှောင်းသွားလေပြီ။ အရာအားလုံးက ဆယ့်ငါးစက္ကန့်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။ ဆယ့်ငါးမိနစ်အတွင်း စုမိသားစုက ပညာရှင်နှစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။

“စုမိသားစုလူ၊ မင်း ငါ့ဆေးညွှန်းကို ယူဖို့ ဆက်ကြိုးစားချင်သေးလား”

ရဲ့လင်းချန်က အေးအေးလူလူ မေးလိုက်သည်။

“မင်းက ငါတို့ကို ရန်စနေတာပဲ”

စုထျန်းရှုံးသည် အံကြိတ်၍ ခပ်အုပ်အုပ် ပြောလိုက်သည်။ သူ၏ မျက်လုံးများက ရဲ့လင်းချန်အပေါ် ကျရောက်နေပြီး သူ၏ လူသတ်ချင်စိတ်ကို အစွမ်းကုန် ချိုးနှိမ်နေရသည်။

စုမိသားစုသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရလေပြီ။ ထိုဆုံးရှုံးမှုအတွက် သူ ပြန်အဖတ်မဆယ်နိုင်ပါက သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပါ။ ယခု အရာအားလုံးက ရဲ့လင်းချန်အပေါ် မူတည်နေလေပြီ။

ရဲ့လင်းချန်သာ စုမိသားစုနှင့် အလုပ်လုပ်ချင်သည်ဆိုလျင် သူတို့သည် ခံနိုင်ရည် လေ့ကျင့်ရေး ပညာရှင် တစ်ယောက်နှင့် နတ်ဆေးဆရာဝိုင်ကို ရရှိမည် ဖြစ်သည်။ ယနေ့ည သူတို့ ခံစားရသော ဆုံးရှုံးမှုက ဘာမှ မဟုတ်တော့ပါ။

စုအန်းရွှယ်နှင့် စုချင်ယောင်တို့၏ အမူအရာက အမှတ်တမဲ့ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ သူတို့ နှစ်ယောက်လုံး ခန္ဓာကိုယ်က တောင့်တင်းလာသည်ကို ခံစားမိသည်။ လက်ရှိတွင် သူတို့၌ စကားပြောပိုင်ခွင့် မရှိချေ။

“ခင်ဗျားကို ရန်စတော့ရော ဘာဖြစ်လဲ”

ရဲ့လင်းချန်က ရယ်၍ ပြောလိုက်သည်။

စုမိသားစု၏ သခင်ကြီးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်စွာပင် စုထျန်းဟုန်သည် သူ၏ ဒေါသကို ထိန်းချုပ်ရာ၌ တော်ပေသည်။ သူသည် အသက်ပြင်းပြင်းရျူလိုက်ပြီးနောက် ယဉ်ကျေးစွာ ပြောလိုက်သည်။

“မစ္စတာဝိုင်၊ ဒါက ငါတို့ဘက်က အမှားပါ၊ ငါတို့ မင်းကို ဖိအားမပေးခဲ့သင့်ဘူး၊ ချင်းရွှယ်ရဲ့ မျက်နှာကို ထောက်ပြီး မင်း ဒါကို ဒီအတိုင်း ထားပေးမယ်လို့ မျှော်လင့်ပါတယ်၊ မစ္စတာဝိုင်သာ ငါတို့ မိသားစုနဲ့ ပူးပေါင်းချင်စိတ် ရှိမယ်ဆိုရင် မင်းကို အားလုံးရဲ့ အထက်က ဒါပေမဲ့ စုမိသားစုထဲက တစ်ယောက် ဖြစ်စေရမယ်လို့ ငါ ကတိပေးနိုင်ပါတယ်”

“အားလုံးရဲ့အထက်က ဒါပေမဲ့ တစ်ယောက် ဟုတ်လား”

ရဲ့လင်းချန်က သရော်လိုက်သည်။

အခြားသူများအတွက် ယင်းက မက်လောက်စရာ ကမ်းလှမ်းမှု ဖြစ်လောက်သော်လည်း ရဲ့လင်းချန်အတွက် ယင်းက တန်ဖိုးမရှိချေ။

All Chapters