← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ဒီနေ့ Ace မြစ်ပန်းမြို့၏ အပြင်ပိုင်းဒေသမှ ဆေးမားကတ်သို့ Alina အတွက် ဆေးဝယ်ရန် သွားလေသည်။

နာမည်ကြီးသော ဆေးဆိုင်မှ အနက်ရောင်ဆေးနှစ်လုံးကို ရွှေဒင်္ဂါးရှစ်ပြားဖြင့် သူဝယ်ခဲ့လိုက်သည်။ ထို‌ဆေးမားကတ်၏ ပတ်ဝန်းကျင်တွင် အနည်းငယ်လိုက်မေးခဲ့ကာ ဤဆိုင်ကိုရှာတွေ့ခဲ့တာကြောင့် ဤဆိုင်မှပင် ဝယ်ခဲ့လိုက်၏။

ဆင်းရဲသားရပ်ကွက်မှ တဲအိမ်လေးအတွက် ရွှေဒင်္ဂါး၁ပြားပေးခဲ့ရတာကြောင့် ယခု သူ့တွင် ရွှေဒင်္ဂါး၁ပြားသာ ကျန်တော့သည်။ သူ၏ညီမလေးကို ကယ်တင်ရန် ဆုံးဖြတ်ထားတာကြောင့် ဘယ်လောက်ကုန်ကုန် အရေးမကြီးပေ။

သူထိုဆေးနှစ်လုံးကို ဝယ်သောအချိန်တွင် ဆေးဆိုင်ပိုင်ရှင်၏ မျက်လုံးများထဲမှ စက်ဆုပ်စရာကောင်းသော တစ်လျှပ်လျှပ်တောက်ပနေမှုကို သတိထားမိပေသည်။ သူဆိုင်မှ ထွက်လာခဲ့ပြီးနောက် ဆေးဆိုင်ပိုင်ရှင်၏ နှုတ်ခမ်းသည် အပေါ်သို့ ကွေးညွှတ်သွားကာ ကောက်ကျစ်စွာ ပြုံးလိုက်၏။

ထိုဝယ်လာသောဆေးကို Alinaကို တိုက်ပြီးနောက် သူမကိုအနားယူခိုင်းလိုက်သည်။

သူစိုးရိမ်ပူပန်မှုကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ထိုသို့အိပ်မပျော်သည်မှာ ၃ညရှိပြီ ဖြစ်သည်။ ၁၀ကြိမ်မြောက် Alinaကို ထပ်မံ၍ စစ်ဆေးလိုက်ပြန်သည်။ သို့သော် သူတုန်လှုပ်ခြောက်ခြားသွား၏။ သူမ၏အခြေနေသည် အနည်းငယ်လေးပင် တိုးတက်မလာခဲ့ပေ။

ထိုအနက်ရောင်ဆေးနှစ်လုံးနှင့် ပတ်သတ်၍ တစ်ခုခုမှားနေပြီဟု သူယူဆလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူအိမ်မရောင်းခင်တွင် ထိုမှော်ဆေးလုံးများနှင့်ပတ်သတ်၍ စုံစမ်းမေးမြန်းခဲ့ပြီး ထိုမှော်ဆရာပြုလုပ်သော ဆေးများသည် အလွန်အံ့အားသင့်ဖွယ်ကောင်းအောင် စွမ်းဆောင်ရည်ရှိသည်ကို သိပေသည်။ ထိုဆေးလုံးများသည် သူ၏ညီမလေးထက် ပိုဆိုးရွားသော အခြေနေများကိုပင် ကုသနိုင်စွမ်း ရှိ၏။ သို့သော် ဒီဆေးများသည် သူ့ညီမလေးပေါ်တွင်တော့ အလုပ်ဖြစ်မနေပေ။ ဤဆေးများသည် အခြားရိုးရိုးသာမန်ဆေးများလိုပင် အလုပ်မဖြစ်သည်ကို သူမယုံပေ။

သူဆေးမားကတ်သို့ ထပ်သွားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ အရမ်းနာမည်မကြီးသော ဆေးဆိုင်တစ်ခုသို့ သွားမည်ဖြစ်သည်။

သူအရင်တစ်ခေါက်က သွားခဲ့သည့်ဆေးဆိုင်ထက် ပိုအဆင်ပြေမည်ထင်သည့် ဆေးဆိုင်သို့ အရိပ်အခြေကြည့်ကာ ဝင်သွားခဲ့သည်။ ထိုနေရာတွင် ကောင်တာသေးသေးလေးနောက်မှ ထိုင်ခုံရှည်တွင် ထိုင်နေသော အဖိုးအိုတစ်ယောက်ရှိ၏။ ထိုအဖိုးအိုသည် ပါးရည်များတွန့်နေပြီး ဆံပင်တိုများဖြူနေကာ မုတ်ဆိတ်မွှေးရှည်များ ရှိ၏။

Ace၏ ပိန်ပါးနေသော ခန္ဓာကိုယ်နှင့် အနည်းငယ်စုတ်ပြဲနေသော အဝတ်တို့ကို ထိုအဖိုးအို မြင်သည့်အခါ သူသည် ဆင်းရဲသည့်ကလေးမှန်း တန်းသိလိုက်၏။ ထိုဆိုင်ရှင်အဖိုးအိုသည် ကြင်နာတတ်သော သဘာဝရှိကာ သူ့ကို မောင်းမထုတ်ခဲ့ပေ။

သဘောကောင်းသောအပြုံးမျက်နှာဖြင့် သူ့ကို မေးလိုက်သည်။ “ကောင်လေး၊ ဘာလိုချင်လို့လဲ။”

ထိုအဖိုးအို၏ ကြင်နာသော အပြုံးနှင့် ရင်းနှီးသော စကားအပြောအဆိုကို ကြားလိုက်ရကာ သူ၏တင်းကြပ်နေသော စိတ်အခြေနေ အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် ထိုဆေးဆိုင်ပိုင်ရှင်အဖိုးအိုကို ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“ကျွန်တော် မနေ့က ဒီမှော်ဆေးလုံးကို ဒီနားလေးက နာမည်ကြီးတဲ့ဆေးဆိုင်ကနေ ကျွန်တော့်ညီမလေးအတွက် ဝယ်ခဲ့တယ်။ ဒါပေမယ့် ညီမလေး‌ဒီ‌ဆေးကိုသောက်ပြီးတာတောင် တစ်ညလုံး ဘာအကျိုးသက်ရောက်မှုမှ မပြခဲ့ဘူး။။ ဒီဆေးလုံးကို စစ်ဆေးပေးနိုင်မလားဗျ။ ဒီဆေးက ကျွန်တော့်ညီမလေးအတွက် သင့်တော်တဲ့ဆေးမဟုတ်ဘဲ တစ်ခြားဆေးတစ်ခုလိုအပ်တာလားဆိုတာ ပြောပြပေးနိုင်မလားဗျ။” သူ၏တောင်းဆိုမှုကို ပြုလုပ်ပြီးနောက် ကျန်နေသေးသော ဆေးတစ်လုံးကို အိတ်ထောင်ထဲမှထုတ်ယူကာ ထိုဆိုင်ရှင်အဖိုးအိုကို ပြလိုက်သည်။

Ace၏ တောင်းဆိုမှုကို ကြားသောအခါ အဖိုးအိုပြုံးလိုက်ကာ ဆေးလုံးကို သူ့လက်ထဲမှ ယူလိုက်သည်။ ထို့နောက် အလေးအနက်စစ်ဆေးပေး၏။ ထို‌ဆေးလုံး၏အနံ့အသက်အနည်းငယ်ကို ရှူကြည့်ကာ ထိုအဖိုးအို၏ အပြုံးသည် အေးခဲသွားသည်။

ထိုအဖိုးအိုဆေးကိုတည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး‌နောက် လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ စောင့်ဆိုင်းနေသော Aceကို ကြည့်လိုက်သည်။

‘ဟူး…..’ အဖိုးအိုသည် သူ့ကိုကြည့်ရင်း သနားစိတ်ဖြင့် သက်ပြင်းချလိုက်သည်။ ထိုဆင်းရဲသောကောင်လေးအတွက် အလွန်စိတ်မကောင်းဖြစ်မိရ၏။

အဖိုးအို၏ အမူရာကို Aceတွေ့ကာ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိလိုက်ပြီး သူ့နှလုံးသည် ရင်ဘတ်ထဲမှ ထွက်ကျလာတော့မလိုပင်။

ခဏတာ တိတ်ဆိတ်နေပြီးနောက် ရက်စက်စွာဖြင့် အဖိုးအိုပြောလိုက်သည်။ “ဒီဆေးက ကျရှုံးထားတဲ့ဆေးပဲ။ ဆိုလိုတာက သူ့မှာ ရောဂါတွေကို ကုသနိုင်စွမ်းမရှိဘူး။ ရှင်းရှင်းပြောရရင် ဒါက အမှိုက်ပဲ။ ဟူး…”

အဖိုးအို၏စကားကို Ace ကြားသောအခါ သူ၏ကမ္ဘာတစ်ခုလုံး နက်မှောင်သွားသည်ဟု ထင်ရပြီး သူ့ခံစားချက်များ ပျောက်ဆုံးလုနီးနီးဖြစ်သွား၏။ သို့သော် သူ့ကိုယ်သူ တည်ငြိမ်နေဖို့ ဖိအားပေးလိုက်ကာ သူ့ကို ဆေးရောင်းလိုက်သော မျိုးမစစ်ကောင်သည် သူ့ကို လိမ်သွားပြီမှန်း သိလိုက်သည်။ သို့သော် သူအမုန်းဆုံးအပိုင်းသည် သူဘာမှမတတ်နိုင်ခြင်းပင်။ ထို့ကြောင့် သူသွေးဆူပေါက်ကွဲနေ၍ ဘာမှထူးမလာပေ။ သူ့ညီမလေး၏အခြေနေကို မသိသေးသော ဤအခြေနေတွင် သူစိတ်ပျက်အားလျော့နေ၍လည်း မရပေ။

‘အဲ့ဒီ အဆီပိတ်နေတဲ့ လူဝကြီး’ သူ့နှလုံးသားထဲမှ အကြိမ်ပေါင်းသန်းချီ ထိုဆေးဆိုင်ပိုင်ရှင်ကို ဆဲလိုက်သည်။ တိတ်ဆိတ်စွာဆဲနေရုံမှတစ်ပါး သူဘာမှမတတ်နိုင်ပေ။

သူအသက်ပြင်းပြင်းရှူလိုက်ပြီး ဆူပွက်နေသော ဒေါသများကို ထုတ်ပစ်လိုက်သည်။ ယခုဒီလူအိုကြီးသည် ကြင်နာတတ်သောနှလုံးသားရှိမှန်း သူခန့်မှန်းမိသည်။ ဆေးလုံးကိုစစ်ဆေးပေးကာ သူ့ဆီက ဘာမှပြန်မတောင်းဆိုပေ။ ထိုအဖိုးအို၏နေရာတွင် အခြားတစ်ယောက်ယောက်သာဆိုလျှင် သူ၏တောင်းဆိုမှုကြောင့် သူ့ကို ကန်ထုတ်ပေလိမ့်မည်။ သို့မဟုတ် လက်ခံခဲ့လျှင်ပင် ငွေတောင်းခံပေလိမ့်မည်။

ဆေးမားကတ်မှ ချမ်းသာသော ကုန်သည်များသည် သူတို့ဆိုင်ထဲသို့ ဆင်းရဲသားဖြစ်သော သူဝင်လာသည်ကို မကြိုက်ကြပေ။ သူတို့သည် ဆင်းရဲသားသာမန်လူဖြစ်သော သူ့ကို အထင်သေးစက်ဆုပ်ကြ၏။

“ကျေးဇူးတင်ပါတယ်ဗျာ။ ဒီကျေးဇူးကို နှလုံးသားထဲကနေ မှတ်ထားပါ့မယ်။” ထိုသို့ရိုးသားစွာ ပြောပြီးနောက် အဖိုးအိုကို လေးလေးနက်နက်ဦးညွှတ်လိုက်ကာ ဆုံးဖြတ်ထားသော‌လေသံဖြင့် အသနားခံလိုက်၏။ “ကျွန်တော့်ညီမလေးရဲ့ ‌အဖျားပျောက်ဖို့အတွက် ဘာဆေးလိုအပ်သလဲဆိုတာ ကျွန်တော်သိပါရစေ။ ပြောပြပေးပါ။”

သူ့ညီမလေး၏အဖျားပျောက်ဖို့အတွက် ဘယ်လိုဆေးမျိုးလိုအပ်သည်နှင့် ဈေးနှုန်းကိုအထူးသဖြင့် သူသိလိုပေသည်။ သူ၏ဆုံးရှုံးသွားသောပိုက်ဆံများအတွက် မြို့စောင့်တပ်သို့ သတင်းပို့လျှင်ပင် ပြန်ရမည်မဟုတ်ပေ။ အခြားနည်းလမ်းတစ်ခုဖြင့် သူပိုက်ဆံရှာရပေမည်။

အဖိုးအိုအလွန်အံ့အားသင့်သွားကာ Ace၏ ဆုံးဖြတ်ထားပြီးသော မျက်လုံးများနှင့် ခိုင်မာသောသဘောထားတို့မှ အကြည့်လွှဲလိုက်ကာ ပြောလိုက်သည်။ “မင်းပြောပြပုံအရ မင်းညီမလေးရဲ့အဖျားက အာရုံကြောအအေးမိသွားတယ်နဲ့ တူတယ်။ အဲ့တာက မြင်ရခဲတဲ့အခြေနေပဲ။ ဆိုတော့ မင်းလိုအပ်တဲ့ဆေးက အာရုံကြောကိုကုသနိုင်တဲ့ဆေးပဲ။ အာရုံကြောကုသတဲ့ဆေးက အရမ်းဈေးကြီးတယ်။ ဈေးက ပတ္တမြားဒင်္ဂါး၁ပြား ရှိလိမ့်မယ်။ “

{ပတ္တမြားဒင်္ဂါး ၁ပြား = ရွှေဒင်္ဂါး ၁၀၀ပြား}

အာရုံကြောကုသဆေးလုံး၏ ဈေးကို Aceကြားသောအခါ သူပြိုလဲကျသွားလုနီးပါးပင်။ ‘$ရမ်းဈေးကြီးလွန်းတယ်။’

သူ့တွင် ရွှေဒင်္ဂါး ၁၀ပြားရှိလျှင်ပင် ရွှေဒင်္ဂါး ၉၀ပြား လိုနေသေး၏။ ထိုဈေးနှုန်းက သူ့လိုဆင်းရဲသားတစ်ယောက်အတွက် သူ့ခန္ဓာကိုယ်ကိုရောင်းလျှင်ပင် မဖြစ်နိုင်သောငွေပမာဏဖြစ်သည်။

သူအံကြိတ်လိုက်ကာ မေးလိုက်၏။ “အဲ့ဒီဆေးက ကျွန်တော့်ညီမလေးကို ကုသနိုင်တာသေချာလားဗျ။” နောက်ဆုံးအကြိမ်သေချာခြင်း အတည်ပြုရန် သူမေးလိုက်သည်။

Ace၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို အဖိုးအိုမြင်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ အခြားသာမန်လူသာဖြစ်ခဲ့လျှင် ပတ္တမြားဒင်္ဂါးတစ်ပြားဆိုသည့် ဈေးနှုန်းကို ကြားသည့်အချိန်တွင် စိတ်ပျက်အားငယ်သွားပေလိမ့်မည်။ ဤကောင်လေး၏ စိတ်အားထက်သန်မှုသည်တော့ အခြားအဆင့်တွင်ရှိ၏။

အဖိုးအိုပေါ်ပေါ်လွင်လွင်ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ “ငါ့ရဲ့ Gale Galos ဆိုတဲ့ နာမည်ကို တိုင်တည်ပြီးပြောမယ်။ အဲ့ဒီအာရုံကြောကုသဆေးက မင်းညီမလေးရဲ့အဖျားကို ၉၉% ကုသနိုင်လိမ့်မယ်။”

အဖိုးအို Galeကို Aceကြည့်လိုက်ကာ အဖိုးအို၏အပြုံးကို မြင်လိုက်ရပြီး စိတ်သက်သာရာ ရသွား၏။ လေးနက်စွာ သူခေါင်းငြိမ့်လိုက်ကာ အဖိုးအို၏ဆေးဆိုင်မှ လှည့်ထွက်လာတော့သည်။

ဆင်းရဲသားရပ်ကွက်သို့ ပြန်ရာလမ်းတွင် အဆီပိတ်နေသည့် မျိုးမစစ်ကောင်ဆိုင်ကို မြင်ကာ ထိုမျိုးမစစ်သောကောင်သည် ရွှေဒင်္ဂါးပြားများကို နားရွက်တက်ချိတ်မတတ်ပြုံးကာ ရေတွက်နေသည်ကို မြင်ရ၏။

‘ကောင်းကင်ဘုံရဲ့ လက်စားပြန်ချေခြင်းကို တစ်နေ့မှာ သူခံရလိမ့်မယ်။’ သူဒေါသဖြင့် သွားကြိတ်ကာ ပို၍ပြင်းထန်စွာ ဆဲလိုက်၏။ ထိုအဆီပိတ်နေသည့် မျိုးမစစ်ကောင်၏ ရွှေဒင်ဂါးပြားများကို သူခိုးယူနိုင်ရန် မျှော်လင့်၏။

ထိုမျိုးမစစ်ကောင်ကို ဆဲဆိုကာ သူ့ဆီမှ ခိုးယူရန်တွေးနေပြီး အိမ်ပြန်ရောက်လာ၏။

သူတံခါးကို ဖွင့်လိုက်သည့်အခါ Alina၏ တုန်ယင်နေသောအခြေနေကို မြင်လိုက်ရ၏။ သူမ၏အခြေနေ ပိုဆိုးလာသည်ကို သူနားလည်သွားသည်။ သူမ၏ဘေးနားဆီသို့သွားကာ လျှင်မြန်စွာတင်းတင်းကြပ်ကြပ် ဖက်ပေးလိုက်သည်။ သူဖက်လိုက်သည့်အခါ သူမအေးခဲနေခဲ့၏။

Alinaသည် အလွန်အမင်း အေး‌နေမှုကြောင့် နာကျင်နေရလေသည်။ ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရသည့်အခါ သူမ၏အစ်ကိုကြီးပြန်ရောက်ပြီဖြစ်သည်ကို သိလိုက်သည်။ အားနည်းနေသော အပြုံးလေးသည် နတ်သမီးကဲ့သို့ ချစ်စဖွယ်မျက်နှာလေး‌ပေါ်တွင် ပေါ်လာကာ အနည်းငယ် သက်သာလာသလိုပင် ခံစားရ၏။

သူမ၏အားနည်းနေသော အပြုံးလေးကို Aceမြင်ရကာ သူ့မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် သူတွေးလိုက်သည်။

‘ဘဝက ငါ့အပေါ်မှာ မတရားဘူး။ ပထမဆုံး ငါ့မိဘတွေ၊ ပြီးတော့ အဖိုးနဲ့အဖွား၊ အခု ငါ့ရဲ့တစ်ဦးတည်းသော ညီမလေးကလည်း ငါ့ကို ထားသွားတော့မယ်။’

“မဖြစ်ရဘူး!” သူ၏ မသိစိတ်မှ ကျယ်လောင်စွာ အော်ငိုလိုက်သည်။

ထို့နောက် မိုက်မဲစွာ ရေရွတ်လိုက်သည်။ “ငါချစ်ရတဲ့သူတွေကို ထပ်ပြီး မသေစေချင်တော့ဘူး။”

သူ၏အသံကို မြင့်လိုက်ပြန်ကာ “ဒီမတရားတဲ့ဘဝကို ငါဆန့်ကျင်ပြီး တိုက်ခိုက်ချင်တယ်။ ဒီမမျှတပြီး ယိုယွင်းပျက်စီးနေတဲ့ကမ္ဘာကြီးကိုလည်း ဆန်ကျင်တိုက်ခိုက်ချင်တယ်။ ဒီမမျှတတဲ့ ကောင်းကင်ဘုံကို‌တောင် ငါဆန့်ကျင်ပြီး‌တော့ တိုက်ခိုက်ချင်တယ်။”

အဆုံးတွင်တော့ ဘာမှဖြစ်မလာဘဲ ခါးသီးမှုနှင့် မကျေနပ်ချက်များသာ နှလုံးသားထဲတွင် ကျန်ရစ်ခဲ့၏။

“ငါ့မှာသာ စွမ်းအားရှိရင် ငါ့ညီမလေးကို ငါ့ဆီကနေ ခိုးယူချင်‌နေတဲ့ဘယ်သူ့ကိုမဆို တိုက်ထုတ်ပစ်မယ်။”

Alina၏ ငြိမ်းချမ်းနေသော်လည်း အသက်မပါသော အပြုအမူကို မြင်ပြီးနောက် သူ့စိတ်သည် ပရမ်းပတာဖြစ်နေ၏။ သူမ၏ ထိုပုံစံသည် လွန်ခဲ့သောနှစ်များစွာအကြာက သူ၏အဖိုးအဖွားများအလောင်းကို ကြည့်နေရသလိုပင်။ ဒီနှစ်များတွင် သူ၏နှလုံးသားထဲမှ နက်ရှိုင်းစွာ ပုံးကွယ်နေခဲ့သည့် မကျေနပ်မှု၊ နာကျင်မှုနှင့် အထီးကျန်မှုများသည် မရပ်တန့်နိုင်သော ရေတံခွန်လို သွန်ကျ‌လာတော့သည်။

ထိုမမျှတမှုကို စိန်ခေါ်ပြီး ကျိန်ဆဲနေချိန် သူ၏စိတ်ထဲတွင် ထူးဆန်းသောအတွေးတစ်ခု ပေါ်လာသည်။ ထိုအရာသည် တုံးအသော အတွေးဖြစ်ကာ ရူးမိုက်ပြီး ရယ်စရာကောင်းတာကြောင့် သူ့မျက်လုံးများမှ မျက်ရည်များဖြင့်ပင် ရယ်မောလိုက်သည်။

သူ၏အတွေးမှာ “လူတိုင်းက ငါ့ဆီကနေ ခိုးယူနေကြတယ်။ ဘယ်အရာမဆို ကောင်းကင်ဘုံကနေတောင် ခိုးယူနိုင်တဲ့အစွမ်း ငါ့မှာရှိလာခဲ့ရင် ဘယ်လိုနေမလဲ။”

“ကောင်းကင်ဘုံရဲ့ အပြစ်သားဖြစ်လာရင်တောင်၊ ဒီကမ္ဘာကြီးရဲ့ အပြစ်သားဖြစ်လာရင်တောင်၊ ငါချစ်ရတဲ့သူ ပျော်ရွှင်နိုင်မယ်ဆိုရင် အရာအားလုံးဆီက‌နေ ငါခိုးယူနေဦးမှာပဲ။”

“ဒီမျှတမှုမရှိတဲ့ ဘဝကနေ စက်ဆုပ်ရွံ့ရှာစရာကောင်းတဲ့ လူတွေဆီကနေ၊ မတရားတဲ့ ကောင်းကင်ဘုံကနေတောင် ငါခိုးယူမယ်။”

ရုတ်တရက် ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ ရွှေရောင်ကောင်းကင်သည် မှောင်မဲသွားပြီး အလင်းရောင်တစ်စက်မှ မကျန်တော့ဘဲ အရာအားလုံး အမှောင်ထဲသို့ ကျရောက်သွားသည်။ အမှောင်ဟာ ဤကမ္ဘာထဲသို့ လာရောက်လည်ပတ်နေသလိုပင်။

ထိုရုတ်တရက်မှောင်မဲသွားမှုသည် ဤကမ္ဘာထဲမှ မျိုးနွယ်စုများအားလုံးကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ကပ်ဘေးတစ်ခုခု ကျရောက်တော့မည်ဟု လူတိုင်းက တွေးတောနေကြသည်။

ရုတ်တရက်ကောင်းကင်ပေါ်မှ နက်မှောင်နေသော လျှပ်စီးတိမ်များ ပေါ်ထွက်လာသည်။ ကြီးမားသော လျှပ်စီးကြောင်းကြီးကို လူတိုင်းမြင်နိုင်ကာ နားလေးနေသောသူပင် ကြားရလောက်‌အောင် ကျယ်လောင်သော မိုးကြိုးသံများကို ကြားနေရ‌၏။

ထိုအရာသည် ကမ္ဘာပျက်ကိန်း၏ မြင်ကွင်းတစ်ခုလိုပင်။

ထိုခန့်မှန်းချက်က ရွှေရောင်ကောင်းကင်ကမ္ဘာကြီး၏ ထိပ်သီးမျိုးနွယ်တိုင်းကို ထိတ်လန့်စေသည်။

အလွန်ကြီးမားသော အနက်ရောင်အပေါက်ကြီးထဲမှ မှောင်မဲနေသော တိမ်တိုက်များ!!

ထိုကြီးမား‌သောအရာကြီးသည် ဘာမှန်း မည်သူမှ မသိပေမယ့် လူတိုင်းတစ်ခုခုကို တွေးမိလေသည်။ “ကပ်ဘေးသည် ကျရောက်လာတော့မည်။”

လူတိုင်း တွေးထင်ထားသလိုပင် နက်ပြာရောင် မိုးကြိုးတစ်စင်းသည် ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ကျဆင်းလာတော့သည်။

ဘွန်းးးးးးးးးးးးးးးးးးးးးးးးးးး

မိုးခြိမ်းသံသည် ကမ္ဘာကြီး၏ နေရာအနှံ့သို့ ပဲ့တင်ထပ်သွား၏။

ပို၍ပင် ဖြစ်နိုင်ချေမရှိသော တစ်စုံတစ်ခုဖြစ်သွားသည်။ ထိုနက်ပြာရောင် လျှပ်စီးကြောင်းသည် ပုံမှန်လျှပ်စီးကြောင်းလို မှေးမိန်မသွားဘဲ ချက်ချင်းတိကျသော နေရာတစ်ခုဆီသို့ ကြယ်ကြွေသလို ဦးတည်သွား၏။ ထိုအရာသည် လူတိုင်းမြင်ရရန် ရှင်းလင်းလွန်း၏။ ထိုနက်ပြာရောင် လျှပ်စီးကြောင်းသည် အသက်ရှိနေသလိုပင်။

ထိုအလင်းတန်းသည် အလွန်လျှင်မြန်စွာ ကျဆင်းလာကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ဤရုတ်တရက် အလှည့်အပြောင်းကြောင့် လူတိုင်း အံ့ဩသွားကြသည်။ လူတိုင်း၏မြင်ကွင်းထဲမှ ထိုနက်ပြာရောင်အလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် ဖြစ်သည်။ အနက်ရောင်ကောင်းကင်နှင့် တိမ်မဲများသည်လည်း တစ်ခါကမှ မရှိခဲ့ဖူးသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ထိုထူးဆန်းသော မိုးကြိုးသည် မည်သည့်အရာဖြစ်သည်ကို မည်သူမှမသိသော်လည်း တစ်ကမ္ဘာလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံမှ ကျဆင်းလာသော ကောင်းကင်ရတနာဖြစ်မည်ဟု ချက်ချင်းတွေးလိုက်ကြသည်။

မျိုးနွယ်စုတိုင်း၏ ကျွမ်းကျင်ပညာရှင်များသည် လျှပ်စီးကြောင်း၏ ဦးတည်ရာသို့ မျက်နှာမူလိုက်သော်လည်း လျှပ်စီးကြောင်းသည် လျှင်မြန်လွန်းတာကြောင့် မည်သူမှ မည်သည့်နေရာသို့ ကျသွားကြောင်း ဖမ်းမမိလိုက်ပေ။

၎င်း၏နောက်ဆုံးဦးတည်ချက်မှာ လူသားများ နေထိုင်သော မိုးပြာရောင်လေတိုက်ကြီးဆီသို့ ဦးတည်သွားခြင်းဖြစ်သည်။

မိုးပြာရောင်လေတိုက်ကြီးမှ ဂိုဏ်းများသည်လည်း ထိုအရာကို သတိပြုမိပေသည်။ ထို့ကြောင့် ရှေးဂိုဏ်းများမှ ကျွမ်းကျင်ပညာရှင်များသည် သူတို့ဆီသို့ ဦးတည်နေကြောင်း သိသွားကြသောအခါ ချက်ချင်း ပျော်ရွှင်သွားကြပေသည်။ သိုသော် ထိုလျှပ်စီးကြောင်းမည်သည့်နေရာသို့ အတိအကျ ကျသွားကြောင်း မည်သူမှ ဖမ်းမမိလိုက်ပေ။

ထိုအရာသည် အဆင့်နိမ့်နယ်မြေများဆီသို့ ဦးတည်ကာ လျှင်မြန်စွာ ပျောက်သွားခဲ့သည်။

ထိုအချိန် မြစ်ပန်းမြို့ ဆင်းရဲသားရပ်ကွက်ထဲတွင်

Aceသည် သူ့စိတ်ခံစားချက်များ ပေါက်ထွက်ခဲ့ပြီးနောက် နောက်ဆုံးတွင် စိတ်ငြိမ်သွားသည်။ သူ၏ မဖြစ်နိုင်ဖွယ် ကောင်းကင်ဘုံမှပင် ခိုးယူမည့်စိတ်ကူးမှာ တော်တော်လေး ရယ်ဖွယ်ရာကောင်းနေခဲ့သည်။

‘ဘယ်သူမှ ကောင်းကင်ဘုံကနေ မခိုးယူနိုင်ဘူး’ သူအကူညီမဲ့စွာ သက်ပြင်းချလိုက်သည်။

နက်ပြာရောင်လျှပ်စီးကြောင်းသည် တစ်ခဏအတွင်း မြစ်ပန်းမြို့သို့ ဝင်ရောက်လာသည်။

သူ၏ဦးတည်ရာသည် ကြောက်စရာကောင်းစွာ ဆင်းရဲသားရပ်ကွက်ထဲသို့ ဖြစ်သည်။ ထိုအရာသည် အလွန်ကို မြန်ဆန်သောကြောင့် မည်သူမှ သတိမထားမိလိုက်ပေ။ လျှပ်တစ်ပြတ်အတွင်း ဆင်းရဲသားရပ်ကွက်ထဲသို့ ဝင်ရောက်လာကာ သူ၏ ပစ်မှတ်မှာ တဲစုတ်လေးတစ်ခု၏ ခေါင်မိုးပေါ်မှ အပေါက်သို့ဖြစ်သည်။

ထိုတဲစုတ်လေး၏ အမိုးပေါ်တွင် ထိုအရာသည် ရပ်တန့်သွားကာ အထဲမှ ချောမောလှပ‌သော ကောင်မလေးတစ်ယောက်ကို ပွေ့ဖက်ထား‌သော ငိုယိုနေပြီး ကောင်ကင်ဘုံကို ကျိန်ဆဲနေ‌သော ကောင်လေးကို ကြည့်နေပုံရသည်။

နက်ပြာရောင်မိုးကြိုးသည် ‌လင်းလက်သွားကာ ကောင်လေး၏ ခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ ထို့နောက် ထိုမိုးကြိုးသည် ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားသည်။

ထိုကောင်လေးသည် Aceပင် ဖြစ်သည်။

ရုတ်တရက် Aceသည် အလွန်ပူပြင်းသောအရာဖြင့် ပြင်းထန်စွာ အရိုက်ခံလိုက်ရကာ ခေါင်းကွဲသွားသလို ခံစားလိုက်ရသောအချိန်တွင် သူသည် အပြင်ထွက်ကာ ပတ္တမြားဒင်္ဂါး ၁ပြားရှာဖွေရန် နည်းလမ်းသွားရှာတော့မလို့ပင်။

နာကျင်မှုကို သူခံနိုင်ရည်မရှိဘဲ မူးလဲ‌သွားတော့သည်။ သူသတိမလစ်ခင် မှတ်မိသော နောက်ဆုံးအရာသည် သူ၏ခေါင်းထဲတွင် သာယာငြိမ့်ညောင်းသော အသံတစ်ခုကို ကြားနေရခြင်းပင်။

“စနစ်၏ လုပ်ဆောင်ချက် စတင်ခဲ့ပါပြီ….”

All Chapters