Mirror Novel MyanmarMIRRORNOVEL← All Novels
ထာဝရသူခိုး

ထာဝရသူခိုး

Eternal Thief

25 chapters· Ongoing· ★ 7.2
ActionAdventureComedyFantasyHaremRomance

ကောင်လေးတစ်ယောက်သည် ငြိမ်းချမ်းစွာ နေထိုင်နေခဲ့သည်။ သူဟာ ဆင်းရဲပြီး တစ်ယောက်တည်းဖြစ်နေသော်လည်း သူ့တွင်ရှိသည်နှင့် ပျော်အောင်နေပေသည်။ ထို့နောက် သူ၏အထီးကျန်နေသော ဘဝထဲသို့ ကောင်မလေးတစ်ယောက် ရောက်လာခဲ့ကာ သူ၏ဘဝကို နေထိုင်ရကျိုးနပ်စေခဲ့သည်။ သို့ပေမယ့်လည်း ကြာရှည်မခံခဲ့ပါ။ ကမ္ဘာကြီးထဲတွင် သူ၏တစ်ဦးတည်းသော မိသားစုဝင်ဟု သတ်မှတ်ထားသော ထိုကောင်မလေးသည် ထူးဆန်းသော အဖျားရောဂါဖြင့် ညှင်းဆဲခံရလေသည်။ အဆုံးတွင် သူ့မိဘများ၏ နောက်ဆုံးအမှတ်ရစရာဖြစ်‌ေသာ အိမ်ကို ရောင်းလိုက်ကာ သူမကို ကယ်တင်နိုင်ရန် မျှော်လင့်ခဲ့သည်။ သူမကို ကယ်တင်နိုင်မည်ဆိုလျှင် သူသည် ဆင်းရဲသားများရပ်ကွက်ထဲတွင်ပင် နေထိုင်နိုင်ပေသည်။ သူ၏ဘဝတွင် ပထမဆုံးအကြိမ် ထိုကံဆိုးမိုးမှောင်ကျမှုကို ရပ်စေချင်ခဲ့သည်။ သို့သော် ကံတရားသည် သူ့ကို ထပ်မံ၍ လှည့်စားခဲ့ပြန်သည်။လောဘကြီးသော ဆေးဆိုင်ပိုင်ရှင်သည် သူ့ကို ဆေးအတုများ ရောင်းလိုက်ကာ သူ၏မိဘအိမ်ကို ရောင်းပြီးရလာသော ငွေများအားလုံးကို လိမ်လည်သွားခဲ့သည်။ ထို့သို့ဖြစ်ပျက်ပြီးနောက် ထိုသို့လုပ်သွားသောသူများကို အလွန်မုန်းတီးခဲ့လေသည်။ သူ၏ မမျှတသောဘဝကိုလည်း မုန်းကာ ကောင်းကင်ဘုံကိုပင် မုန်းတီးခဲ့လေသည်။ အလွန်မုန်းတီးမှုနှင့် ကူကယ်ရာမဲ့မှုများ အခိုက်တန့်တွင် သူကောင်းကင်သို့ အော်ဟစ်လိုက်သည်။ "ငါ့မှာသာ စွမ်းအားရှိရင် ငါ့ဆီက အရာအားလုံးကို ခိုးယူသွားခဲ့သလိုမျိုး ကောင်းကင်ဘုံက အရာတွေကိုလည်း ခိုးယူပစ်မယ်။" ထိုဖြစ်နိုင်ချေ မရှိသောစကားသည် စနစ်ဟုခေါ်သောအရာမှ လက်ခံခဲ့လိမ့်မည်ဟု သူမသိခဲ့ပေ။ ထို့နောက် ထိုစနစ်သည် သူ့ကို 'သူခိုး'လမ်းပေါ်သို့ လျှောက်ရန် အတင်းဖိအားပေးခဲ့လေသည်။ သို့သော် အထင်မြင်သေးခံရပြီး စက်ဆုပ်ရွံရှာစရာကောင်းသောလမ်းသည် ကောင်းကင်ဘုံကိုယ်တိုင်ပင် ဖြစ်သည်။

Chapters (25)