အခန်း (၇)
Vol. 1 Ch. 7
မှော်ဆေးလုံးဖြန့်ချီရေး စီးပွားရေးလုပ်ငန်းသည် တစ်ကမ္ဘာလုံးတွင် အကြီးမားဆုံး စက်ရုံလုပ်ငန်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မှော်ဆေးလုံးများကို နေရာတော်တော်များများတွင် အသုံးပြုကြခြင်းကြောင့် ဖြစ်သည်။ ဒဏ်ရာများကို လျှင်မြန်စွာ ကုသပေးခြင်း၌သော်လည်းကောင်း၊ မထိန်းချုပ်နိုင်သော ရောဂါများကို ကုသခြင်း၌သော်လည်းကောင်း အထူးသဖြင့် ကျင့်ကြံခြင်းအတွက် အသုံးပြုကြပေသည်။ အချို့လျှို့ဝှက်ဆန်းကျယ်သော မှော်ဆေးလုံးများသည် သေရာမှပင် ပြန်ရှင်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
မှော်ဆေးလုံးများကို အဆင့်များခွဲထားသကဲ့သို့ ဆေးဆရာများကိုလည်း အဆင့်များ ခွဲခြားထားသည်။
ဆေးဆရာများကို တော်ဝင်အဆင့် နယ်မြေအောက်တွင်ရှိသော အဆင့်နိမ့်နယ်မြေများတွင် အဆင့် ၈ဆင့် ခွဲခြားထားသည်။ မြို့တော်များတွင်တော့ တတိယအဆင့် ဆေးဆရာများကိုပင် ရှာတွေ့ရန် ခက်ခဲပေသည်။ ပထမအဆင့် ဆေးဆရာများသာ ရှိကာ ထိုသူတို့ကို ‘အဖြူရောင်ဆေးဆရာ’ ဟုသိကြသည်။ ‘အစိမ်းရောင်ဆေးဆရာ’ သို့မဟုတ် ‘ဒုတိယအဆင့်ဆေးဆရာ’ တို့ကိုလည်း အဆင့်နိမ့်နယ်မြေများတွင် တွေ့ရတတ်ပေသည်။
မြစ်ပန်းမြို့တွင်တော့ အဖြူရောင်ဆေးဆရာသာ ရှိကာ ထိုသူသည် မြို့တော်သခင်ကဲ့သို့ မြို့တော်အတွင်းပိုင်းတွင်သာ နေထိုင်သည်။
ဆေးဆရာများကို ဤကမ္ဘာကြီးထဲတွင် ရှားပါးရတနာများကဲ့သို့ ဆက်ဆံကြပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် စစ်မှန်သော ဆေးဖန်တီးသူ တစ်ယောက်ဖြစ်လာရန် အယောက်တစ်သန်းတွင် တစ်ယောက်သာ ထိုအရည်အချင်းရှိသောကြောင့် ဖြစ်သည်။ မြို့တော်နယ်မြေများတွင် အဖြူရောင်ဆေးဆရာများသည် ဇာမနီငှက်မွှေးများကဲ့သို့ ရှားပါသောကြောင့် ထိုသူတို့ကို ကျောက်မြတ်ရတနာများကဲ့သို့ ဆက်ဆံကြသည်။
မြစ်ပန်းမြို့သည် အဖြူရောင်ဆေးဆရာ တစ်ယောက်ရှိသော ကြယ်နှစ်ပွင့်အဆင့် မြို့ဖြစ်သည်။ ဤအရာသည် မြို့တော်ကို ကြယ်၁ပွင့်မြို့များကြားထဲတွင် အလွန်မြင့်မားသော ဂုဏ်ပုဒ်ကို ရစေခြင်းဖြစ်သည်။
မြို့တော်၏ အပြင်ပိုင်းဒေသတွင် ဆေးလုံးများကို အတွေ့အကြုံမရှိသော ဆေးဆရာများမှ ပြုလုပ်ခြင်းဖြစ်သည်။ ထိုသူတို့ကိုပင် လေးစားစွာ ဆက်ဆံကြပေသည်။ ထိုသူများသည် အတော်လေး မာနကြီးကြပေသည်။ အတွေ့အကြုံမရှိသေးသော ဆေးဆရာတစ်ယောက်တွင် အဆင့်နိမ့်ဆေးဖော်စပ်နည်း သို့မဟုတ် ‘ အဖြူရောင်တစ်ဝက်အဆင့်’ ဆေးနှင့် ဆေးဘက်ဝင် အပင်များ ရှိလျှင် မှော်ဆေးများကို အလွယ်တစ်ကူ ပြုလုပ်နိုင်ပေသည်။
ဆေးဆိုင်တွင် ဤသို့သော အဆင့်နိမ့်ဆေးများကို ရောင်းခြင်းဖြင့်ပင် အခြားပစ္စည်းများကို ဝယ်ယူရန် လုံလောက်သော ငွေပမာဏကို ရရှိနိုင်ပေသည်။ သူတို့၏ ကျရှုံးထားသော ဆေးများကိုပင် ပိုက်ဆံအချို့အတွက် ရောင်းချကြပေသည်။ ထို့ကြောင့် တက်သစ်စဆေးဆရာများသည်ပင် မည်သူ့ကိုမှ မျက်လုံးထဲ မထည့်ထားခြင်းပင်။
အပြင်ပိုင်းဒေသဆေးမားကတ်သို့ Aceတစ်ယောက် လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။
Aline၏ ‘အထူးအခြေနေ’ကို တွေးနေသောကြောင့် သူ့မျက်နှာသည် မှောင်မဲနေ၏။ ‘အဲ့လူလိမ်ကောင်ရဲ့ဆိုင်ကို ငါဘယ်လို သွားလုယက်ရမှာလဲ’
ထိုလူလိမ်ကောင်၏ဆိုင်နားတွင် ယောင်ပေပေလုပ်ကာ ထိုဆိုင်ပိုင်ရှင်လူဝကြီးကို အကွာအဝေးတစ်ခုမှ လေ့လာစောင့်ကြည့်နေ၏။ ထိုလူဝကြီးသည် လူတိုင်းကို ကွဲပြားစွာ ဆက်ဆံသည်ကို သူသတိထားမိသည်။ သူတို့၏ အဝတ်စားများကိုသာကြည့်ကာ ဆင်းရဲသည် ချမ်းသာသည်ကို ဆုံးဖြတ်နေ၏။
အကယ်၍တစ်ယောက်ယောက်သည် အရည်အသွေးမြင့်သော အဝတ်စားများကို ဝတ်ဆင်ထားလျှင် ထိုသူကို သူ၏အဖေလိုပင် ဆက်ဆံနေ၏။ သို့သော် တစ်ယောက်ယောက်သည် အဝတ်စုတ်များကို ဝတ်ဆင်ပြီး ရောက်လာခဲ့လျှင် ထိုဆိုင်ရှင်သည် အထင်သေးသော အကြည့်ဖြင့်ကြည့်ကာ သူတို့လိုအပ်နေသော ဆေးကိုပင် သေချာနားမထောင်ဘဲ Aceကို လုပ်ခဲ့သလိုမျိုး ‘အနက်ရောင်ဆေး’ သို့မဟုတ် ‘အမှိုက်ဟုသတ်မှတ်နိုင်သောဆေး’ ကိုသာ ပေးလိုက်၏။
ထိုအရာကို သတိပြုမိသွားပြီးနောက် သူဒေါသကြောင့် သွားကြိတ်လိုက်မိသည်။ ထိုမျိုးမစစ်ကောင်ဆီမှ ရွှေဒင်္ဂါးပြား ၈ပြားပင် အလိမ်ခံခဲ့ရကြောင်း တွေးမိရုံဖြင့်ပင် သူ့နှလုံးသားသွေးထွက်လာ၏။ သူ၏ဆူပွက်နေသော ဒေါသကို ထိန်းချုပ်လိုက်ကာ ရေကိုစမ်းကြည့်ရန် အကြံအစည်ကိုသာ တွေးနေတော့သည်။
ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ ဆိုင်နားတွင် အဝတ်စားဆိုင်တစ်ခုကို တွေ့ရသည်။ ထိုအဝတ်ဆိုင်ထဲတွင် ငယ်ရွယ်သော မိန်းမပျိုတစ်ယောက်ကိုလည်း တွေ့ရသည်။ သူမသည် အသားဖြူကာ ချောမောလှပပြီး သေးသွယ်သော အသွင်အပြင်ရှိသည်။
“ကြိုဆိုပါတယ်ရှင်” Clair Aaronသည် အသက်၁၈နှစ် အရွယ်ရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် မကြာခဏ သူမအဖေ၏ အဝတ်ဆိုင်သို့ လာရောက်ကာ ကူညီတတ်ပေသည်။
ယနေ့သည်လည်း ထိုသို့လာရောက်ကူညီခြင်းပင်။ ဆိုင်သို့လာသော ဧည့်သည်အသစ်ကို ကြိုဆိုရန် နောက်လှည့်ကြည့်လိုက်သည့်အခါ ပိန်ပါးပြီး ငယ်ရွယ်သော ကောင်လေးတစ်ယောက်ကို တွေ့ရသည်။ သူသည် ပတ်ဝန်းကျင်သို့ လိုက်စူးစမ်းနေ၏။ ကောင်လေး၏ မျက်နှာသည် အလွန်ဆွဲဆောင်မှု ရှိလှပေသည်။ သူ၏စုတ်ပြဲနေသော အဝတ်စားနှင့် ပိန်ပါးသော ပုံစံကြောင့်သာ မဟုတ်လျှင် ချမ်းသာသော မိသားစုမှ ငယ်ရွယ်သောသခင်လေးဟုပင် ထင်မိပေလိမ့်မည်။
ငယ်ရွယ်ပြီး ကြွတ်ဆတ်သော မိန်းကလေးတစ်ယောက်၏ အသံကို Aceကြားသောအချိန်တွင် အဝတ်စားအတွက် လိုက်ကြည့်နေခဲ့၏။ အသံကြားရာသို့ လိုက်ကြည့်လိုက်သည့်အခါ မိန်းမလှလေးတစ်ယောက်သည် စပ်စုနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့ရသည်။
“အဝတ်စားလိုချင်လို့လား။ ဒါမှမဟုတ် လိုက်ကြည့်ရုံပဲလား။” Clair၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မေးမြန်းလိုက်သည်။ ကောင်လေးသည် သူမကို ရှက်ရွံ့စွာ ပြန်ကြည့်သည်ကို မြင်သည့်အခါ အတော်လေး ရယ်ဖွယ်ရာကောင်းကြောင်း သူမရှာတွေ့သွားသည်။
“ငါ.ငါအဝတ်ဝယ်ချင်လို့” သူ တောင့်တောင့်တင်းတင်းဖြင့် ပြောလိုက်သည်။ အရင်က သူ့ကိုယ်သူအတွက် အဝတ်စား သိပ်မဝယ်ဖူးသောကြောင့် ယခုအလွန် စိတ်လှုပ်ရှားနေပေသည်။
ယခင်က Alinaမှ လွှဲ၍ မည်သည့်မိန်းကလေးကိုမှ သူစကားမပြောဖူးပေ။ Alina၏ ချစ်စဖွယ်ကောင်းမှုနှင့် လှပမှုတို့ကိုသာ သူမမြင်ဖူးခဲ့လျှင် ယခုမိန်းကလေးသည် သူတွေ့ဖူးသမျှထဲတွင် အချောဆုံးဟု တွေးမိပေလိမ့်မည်။ ယခုသူ ထိုအလှပကို လျစ်လျုရှုနိုင်ပေသည်။
“ဘယ်လိုပုံစံမျိုးကို ရချင်တာလဲ” Clair ပေါ်ပေါ်လွင်လွင်ပြုံးကာ မေးလိုက်သည်။ သို့သော်လည်း ဤကောင်လေး၏ မျက်လုံးများထဲတွင် ရှင်းလင်းနေပြီး သူမကိုပုံမှန်မိန်းကလေးတစ်ယောက်လိုသာ မြင်သောကြောင့် အနည်းငယ် အံ့ဩသွားသည်။
Ace အဝတ်ဆိုင်ထဲသို့ လိုက်လျှောက်ကြည့်လိုက်ကာ အနက်ရောင် ဝတ်စုံတစ်စုံကို တွေ့လိုက်သည်။ ထိုဝတ်စုံသည် ရိုးရှင်းပြီး ငွေရောင်ပန်းများ အချို့နေရာတွင် ထိုးထားရုံသာရှိသည်။ “အဲ့ဒီ အနက်ရောင်ဝတ်စုံကို ယူမယ်” ထိုဝတ်စုံကို သူထိုးပြလိုက်ကာ ပြောလိုက်သည်။
သူထိုးပြသောနေရာသို့ Clair ကြည့်လိုက်ကာ ပြောလိုက်သည်။ “အဲ့ဒီဝတ်စုံက ငွေဒင်္ဂါး ၁၀ပြား ကျပါတယ်”
“ဈေးကြီးလိုက်တာ” Ace သူ့ဘာသာ ရေရွတ်လိုက်သည်။
သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူ့အိတ်ထောင်ထဲမှ ရွှေဒင်္ဂါးတစ်ပြားကို ထုတ်လိုက်သည်။ ထိုဒင်္ဂါးပြားသည် သူ့တွင် နောက်ဆုံးလက်ကျန်ဖြစ်သည်။ သူ့နှလုံးသားထဲမှ သွေးထွက်နေခဲ့ပြီး ရိုးရှင်းသော အနက်ရောင်ဝတ်စုံ တစ်စုံသည် ထိုမျှ ဈေးကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏အိတ်ထောင်ထဲမှ ရွှေဒင်္ဂါးတစ်ပြားကို တုန်ယင်စွာ ထုတ်လာသည်ကို Clair မြင်သည့်အခါ ရယ်မောလိုက်၏။ “အဝတ်စားကို အခုလဲသွားချင်ရင် အနောက်ဘက်မှာ အဝတ်လဲခန်း ရှိပါတယ်။ အဲ့လိုမှမဟုတ်ရင် အဝတ်စားကို ထုတ်ပိုးပေးရမလား”
“ဒီမှာပဲ လဲသွားမယ်” သူ၏အသံထဲတွင် ပိုက်ဆံကုန်သွားသောကြောင့် နာကျင်မှုများ ပါဝင်နေ၏။
“ကောင်းပြီ။ ဒါဆိုလည်း အဝတ်အရင် သွားလဲလိုက်ပါ။ မင်းရဲ့ ပိုက်ဆံအတွက် ပြန်အမ်းဖို့ အကြွေကို ပြင်ဆင်ထားလိုက်ပါမယ်။” Aceလည်း ဝတ်စုံသစ်ကို ယူလိုက်ကာ အဝတ်လဲခန်းဆီသို့ လျှင်မြန်စွာ သွားလိုက်တော့သည်။
အချိန်အချို့ကြာပြီးနောက် ငွေဒင်္ဂါး ၉၀ပြားကို လက်တစ်ဖဝါးစာအရွယ် ပိုက်ဆံအိတ်ထဲသို့ ထည့်ကာ ငွေပြန်အမ်းရန် Clairအဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ခဏအကြာအတွင် အဝတ်လဲခန်းထဲမှ အနက်ရောင် ဝတ်စုံသစ်ဖြင့် Ace ထွက်လာတော့သည်။
သူ့ကို ဝတ်စုံသစ်ဖြင့် Clair မြင်လိုက်ရသည့်အခါ မျက်လုံးများ တစ်လဲ့လဲ့တောက်ပသွားသည်။ ‘ရုပ်ချောလွန်းတယ်’ သူမတွေးလိုက်သည်။ ယခုတွင် ယခင်ကလို သူဖုန်းစားပုံစံ မပေါက်တော့ပေ။ သူ၏ပိန်ပါးသော အသွင်ပြင်ဖြင့်ပင် ဤကောင်လေးသည် အဆင့်တန်းရှိသော သူတစ်ယောက်နှင့် တူကာ ညစ်ပတ်ဆင်းရဲသော ကောင်းလေးဖြစ်သည်ဟု မည်သူမှ မပြောနိုင်တော့ပေ။
သူမကို Aceကြည့်လိုက်သည့်အခါ သူမသည် သူ့ကို ကြောင်ကြည့်နေပုံရသည်။ “အဲ့တာ ကျွန်တော့်အတွက်လား” သူမ၏လက်ထဲမှ ပိုက်ဆံအိတ်ကို ညွှန်ပြကာ မေးလိုက်သည်။
သူ၏အသံကြောင့် သူမလည်း မှင်သက်နေမိရာမှ လန့်နိုးလာကာ သူမနှုတ်ခမ်းမှ သားရည်များကို သုတ်လိုက်ကာ နီရဲနေသော မျက်နှာဖြင့် အလန့်တစ်ကြား ပြန်ဖြေလိုက်သည်။ “ဟု.ဟုတ်တယ်” ထို့နောက် သူမလက်ထဲမှ ငွေဒင်္ဂါးပြားများနှင့် ပိုက်ဆံအိတ်ကို ပေးလိုက်သည်။
ပိုက်ဆံအိတ်ကို Aceယူလိုက်ကာ ခါး၌ ချိတ်ဆွဲလိုက်သည်။ ယခုတွင် သူသည် တစ်ကယ်ကို ချမ်းသာသော မိသားစုမှ ကလေးတစ်ယောက်နှင့် တူပေသည်။ သူအဝတ်ဆိုင်မှ ထွက်လာတော့မည့်အချိန်တွင် Clair ၏အသံကို ကြားလိုက်ရပြန်သည်။
“မောင်လေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ” သူမ၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြာမှုများ ရှိနေ၏။
သူနားလည်ရခက်စွာ ပြန်လှည့်ကြည့်လိုက်ကာ တွေးလိုက်သည်။ ‘အခုသူမက ဘာလို့ အရမ်းတွေ ယဉ်ကျေးနေရတာလဲ'
သို့သော်လည်း သူပြန်ဖြေလိုက်သည်။ “Ace White” ထို့နောက် ဆိုင်မှ အလျင်အမြန် ထွက်ခွာလာတော့သည်။
Clair အနိမ့်သံလေးဖြင့် ရေရွတ်လိုက်သည်။ “Aceတဲ့လား။ အဝတ်စားက ယောက်ျားလေးတွေကို ပြောင်းလဲစေနိုင်တယ်လို့ ပြောကြတယ်။ အဲ့စကားက တော်တော်ကို မှန်ပုံရတယ်” ထို့နောက် သူမ၏ပါးပြင်မှာ ပိုမို၍ နီရဲလာတော့သည်။
Aceသည် သူ့နောက်ကျောဘက်တွင် လက်များကို ယှက်လျက်ဖြင့် လူဝကြီး၏ ဆေးဆိုင်ဆီသို့ လျှောက်သွားလိုက်သည်။ သူ့ပုံစံသည် မာနကြီးကာ ချမ်းသာသော ကလေးတစ်ယောက်ပုံစံနှင့် တူပေသည်။ ယခင်က ထိုသို့သောပုံစံများကို သူတွေ့ခဲ့တာကြောင့် သူလည်း ထိုပုံစံ လိုက်လုပ်လိုက်ခြင်းပင်။
Billy Bill သည် အပြင်းပိုင်းဒေသ ဆေးမားကတ်ထဲတွင် သူ၏ လိမ္မာပါးနပ်မှုကြောင့် အလွန်ကျော်ကြားပေသည်။ ထိုနေရာတွင် သူသည် ချမ်းသာသော ဆေးဆိုင်ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည်။ သို့သော် သာမန်လူများသည် သူ့ကို ‘လိမ်လည်လှည့်ဖြားတတ်သူ Billy’ ဟူသော နာမည်ကိုသာ ခေါ်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် ကိုယ်ကျင့်သိက္ခာ တစ်အောင်စမျှပင် မရှိတာကြောင့် ဖြစ်သည်။ သင်ဆင်းရဲသည်ကို သူသိသွားခဲ့လျှင် တစ်နည်းနည်းဖြင့် သူလိမ်လည်ပေလိမ့်မည်။ သူ၏ဆိုင်သို့ လာသော ဆင်းရဲသား သာမန်လူများကို အထင်သေးကာ သူ၏ သန့်ရှင်းသော ကြမ်းပြင်ကို ညစ်ပတ်စေသည့်အတွက် သူတို့ဆီကအတိုးယူသည်ဟု တွေးကာ လှည့်စားပေလိမ့်မည်။
ယနေ့သည် Billy အတွက် အခြားနေ့များလိုပင် အလုပ်လုပ်ရသော ပုံမှန်နေ့ဖြစ်ပြီး မနက်ပိုင်းတွင် စီးပွားရေး လုပ်ရသည်ကို ပျော်နေပေသည်။ ကုသဆေးလာဝယ်သော အားနည်းနေသောအမျိုးသမီးတစ်ဦးကိုပင် သူလှည့်စားပီးပီ ဖြစ်သည်။
နေ့လည်စာစားရန် သူ့ဆိုင်ကို ပိတ်တော့မည့် အချိန်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ထားသော ကောင်ငယ်လေးတစ်ယောက် သူ့ဆိုင်ထဲသို့ဝင်လာသည်ကို တွေ့လိုက်သည်။ သူအမြဲလုပ်ခဲ့သလို အဝတ်စားကိုသာကြည့်၍ ဆုံးဖြတ်လိုက်သည်။
‘ဟမ် သူ့အဝတ်စားကိုကြည့်ရတာ ဈေးကြီးပုံပဲ။ ပြီးတော့ သူလမ်းလျှောက်ပုံနဲ့ သူ့ရဲ့ မာနကြီးတဲ့ ပုံစံကို ကြည့်ရတာ ဒါငါးအကြီးကြီးပဲ’ သူဆိုင်ပိတ်နေသည်ကို ရပ်လိုက်ကာ ဤ’ငါးအကြီးကြီး’ကို နှုတ်ဆက်ရန် အဆီများဖြင့် ပြည့်နေသော မျက်နှာပေါ်သို့ အပြုံတစ်ခုတပ်ဆင်ကာ သူ့အနားသို့ သွားလိုက်သည်။
“ဒီဆင်းရဲတဲ့ လူဝကြီးရဲ့ဆိုင်ကနေ ကြိုဆိုပါတယ် သခင်ငယ်လေး”
လူချမ်းသာများသည် သူ့ကို လူဝကြီးBillyဟု ခေါ်ကြသော်လည်း သူစိတ်ထဲမထားပေ။ တစ်ဖက်လူသည် ပိုက်ဆံရှိနေသရွှေ့ သူ့ကိုခွေးဝကြီးဟု ခေါ်လျှင်ပင် စိတ်ဆိုးမည် မဟုတ်ပေ။
အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ကောင်ငယ်လေးသည် Aceပင် ဖြစ်သည်။
လူဝကြီးBillyသည် သူ့ကို အရုပ်ဆိုးသော အပြုံးမျက်နှာဖြင့် နှုတ်ဆက်သည့်အခါ ဒေါသများ တိုးလာတော့သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်ရက်ကမှ သူလှည့်စားခဲ့သည့် Aceကို မမှတ်မိတာကြောင့် ဖြစ်သည်။ လက်သီးတစ်ချက်ဖြင့် သူ့သွားများ ကျိုးသွားအောင် လုပ်ပစ်ချင်သော်လည်း ထိန်းချုပ်လိုက်သည်။
ယခုတွင် ချမ်းသာသော ကလေးတစ်ယောက်အဖြစ် သူဟန်ဆောင်ထား၏။ သူနှာတစ်ချက်မှုတ်ကာ ပြောလိုက်သည်။ “ဖက်တီးကြီး၊ မင်းရဲ့ဒီဆိုင်က အရည်အသွေးကောင်းတဲ့ ဆေးတွေ ရောင်းတယ်လို့ကြားတယ်။ အဲ့တာ ဟုတ်လားလို့ လာပြီးစစ်ဆေးတာ”
Ace၏ စကားကို ကြားပြီးနောက် Billy၏ အပြုံးသည် ပို၍ကြီးလာကာ ပြောလိုက်သည်။ “သခင်ငယ်လေးက ယဉ်ကျေးလိုက်တာ။ သခင်ငယ်လေး ကြားခဲ့တာ မမှားဘူး။ ကျွန်တော့်ရဲ့ဆိုင်က အပြင်ပိုင်းဒေသရဲ့ ဆေးမားကတ်တစ်ခုလုံးမှာ နံပါတ်၁ပဲ။ အဲ့တာကို ကျွန်တော့်အသက်နဲ့ အာမခံနိုင်ပါတယ်။” သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်ကာ နှလုံးများ အလွန်ခုန်နေ၏။
သူ၏ အဓိပ္ပါယ်မရှိသော စကားကို Aceကြားပြီးနောက် ဤအရှက်မရှိသော မျိုးမစစ်ကောင်ကို သူသတ်ချင်သွားသည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဆူပွက်နေသော ဒေါသများကို တည်ငြိမ်အောင် လုပ်လိုက်သည်။
“အခုက ဆေးဝယ်ဖို့ လာခဲ့တာ မဟုတ်ဘူး။ ငါ့မိသားစုကိုယ်စားလာခဲ့တာ။ အကယ်၍ မင်းဆိုင်ကဆေးတွေက တစ်ကယ် အရည်အသွေးကောင်းရင် ဆေးပမာဏ ကြီးကြီးမားမား ဝယ်မယ်။” Billy၏ ဘောများကို ကန်ပစ်ချင်နေသည့် ဆန္ဒကို မျိုသိပ်ကာ သူပြောလိုက်သည်။
သူ၏စကားသည် လူဝကြီး Billyကို အလွန်အမင်းပျော်ရွှင်သွားစေသည်။ ‘သူက အတွင်းပိုင်းဒေသမဖြစ်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား?’ Billy ယူဆလိုက်သည်။ သို့သော် သူထုတ်မမေးရဲပေ။ အကယ်၍ ဤကောင်လေးသည် တစ်ကယ်သာ အတွင်းပိုင်းဒေသထဲမှဆိုလျှင် ဤကောင်လေးကို စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပါက မည်သူမျှပင် မသိလိုက်ဘဲ သူသေသွားပေလိမ့်မည်။
သူAceကို စမ်းသပ်လိုက်သည်။ “ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ သခင်ငယ်လေး။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ကျွန်တော့်ဆိုင်ရဲ့ အဆင့်အမြင့်ဆုံးဆေးတွေ စုဆောင်းထားတာကို ပြပေးပါ့မယ်”
သူAceကို ဆိုင်၏ နောက်ဘက်ထဲသို့ ခေါ်သွားလိုက်သည်။ ထိုနေရာတွင် နံရံတစ်ချပ်မှလွှဲ၍ အခြားဘာမှ မရှိပေ။ Aceလည်း ခေါင်းရှုပ်သွားကာ တစ်ခုခုပြောတော့မည့် အချိန်တွင် Billy သည် သူ၏အိတ်ကပ်ထဲမှ သေးငယ်သော စတုဂံပုံစံ သလင်းကျောက်ကတ်တစ်ခုကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
ထိုကတ်သည် အပြာရောင် လင်းလက်နေကာ ထိုပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော အမှတ်အသားများ ထွင်းထုထားသည်။ ထို့နောက် Billyသည် ဤထူးဆန်းသော ကတ်ကို လွတ်နေသော နံရံရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ဤလိမ်လည်လှည့်စားတတ်သူသည် အံ့အားသင့်စရာကောင်းသောအရာ ဖြစ်ပျက်သွားသောအချိန်တွင်တော့ စိတ်လွတ်သွားပြီဟု Ace ထင်လိုက်သည်။ သို့သော် လွတ်နေသောနံရံသည် ပျောက်ကွယ်သွားကာ အဖြူရောင်တံခါးတစ်ချပ် ပေါ်လာတော့သည်။
ထိုအရာကြောင့် Ace အလွန်အံ့အားသင့်သွားသည်။ သူဤနေရာသို့ လာခြင်းမှာ ဆိုင်၏ သတင်းအချက်အလက်များကို တတ်နိုင်သမျှ များများစုဆောင်းရန် လာကင်းထောက်ခြင်းဖြစ်သော်လည်း ဤနေရာတွင် ထူးဆန်းသော တံခါးတစ်ချပ်ရှိလိမ့်မည်ဟု စိတ်ကူးပင် မကြည့်မိခဲ့ဖူးပေ။ စနစ်မှ တာဝန်ကို လေးလေးနက်နက် ပြန်စဉ်းစားလိုက်ကာ ဆုလာဘ်သည် သူ၏လုပ်ဆောင်မှုအပေါ် မူတည်သည်ကို ပြန်စဉ်းစားမိသွားသည်။ ထိုအရာက ဆိုလိုသည်မှာ အရေးကြီးသောအရာကို သူ မခိုးယူခဲ့လျှင် သူရရှိမည်မှာ အမှိုက်သာ ဖြစ်လိမ့်မည်။
သူ့မျက်လုံးဖြင့်ပင်မမြင်နိုင်သော ဤတံခါးကို ဖွင့်ရန်လိုအပ်သည်ကို သိသွားသည့်အခါ စိတ်အားငယ်သွားပြီး မစိုးရိမ်ပဲ မနေနိုင်တော့ပေ။
ထိုအချိန်တွင် စနစ်၏အသံကို သူကြားလိုက်ရသည်။
[ပစ်မှတ်က အကွာအဝေးအတွင်းမှာပါ။ သင်ပစ်မှတ်ကို စကန်ဖတ်လိုပါသလား]
{သူခိုးမှတ် ၂မှတ် ကုန်ကျမည်။}
‘ဘာ?’ စနစ်ပြောနေသည်ကို သူနားမလည်သော်လည်း သူခိုးမှတ် ၂မှတ်ဟု မြင်လိုက်သည့်အခါ ခါးသီးစွာ တွေးလိုက်သည်။ ‘ဒီစနစ်က ငါ့ဆီကနေ ဓားပြပြန်တိုက်နေတာပဲ! သူခိုးမှတ် ၁မှတ်တောင် ငါမရသေးဘူး။ သုံးပဲသုံးနေရတယ်။ ဒီကိစ္စမှာ ဘယ်သူက တစ်ကယ့်သူခိုးလဲ??’
သို့သော်လည်း သူ့စိတ်ထဲသို့ အသံထုတ်လွှတ်လိုက်သည်။ “ပစ်မှတ်ကို စကန်ဖတ်လိုက်”
သူ၏ ကျန်ရှိသော သူခိုးမှတ် ၁၄မှတ်မှ ၁၂မှတ်သို့ လျော့သွားတော့သည်။
[စကန်ဖတ်ခြင်း စတင်ပါပြီ။ ၁၀စက္ကန့်အကြာတွင် ပြီးဆုံးပါမယ်]
Aceနှင့် စနစ်တို့ စက္ကန့်အနည်းငယ်ကြာ စကားပြောနေချိန်တွင် လူဝကြီး Billy သည် Ace၏ အမူရာကို အစကတည်းမှ သတိပြုမိပေသည်။ တံခါးပေါ်လာချိန်တွင် မျက်မှောင်ကြုပ်သွားပြီး ခဏအကြာတွင် စိတ်ပြန်ငြိမ်သွားသည်ကို မြင်သည့်အခါ သူ၏ထင်မြင်ချက်မှာ မှန်ကန်ကြောင်း ပို၍သေချာလာတော့သည်။
သူထပ်မံ၍ မနှောင့်နှေးရဲတော့ပေ။ လျို့ဝှက်တံခါးကို တူညီသော စတုဂံသလင်းကျောက် ကတ်ပြားဖြင့် လျှင်မြန်စွာ ဖွင့်လိုက်ကာ Aceကို လက်ဟန်အမူအရာဖြင့် အတွင်းသို့ ညွှန်ပြလိုက်သည်။ “သခင်ငယ်လေး၊ ဝင်ပါ”
ထိုလျှို့ဝှက်အခန်းထဲသို့ Ace ဝင်သွားလိုက်သည်။ အထဲတွင် လူကောင်ကြီးကြီး နှစ်ယောက်သည် မတ်တပ်ရပ်နေကာ ထိုနှစ်ယောက်လုံးတွင် လက်နက်များ ရှိပေသည်။ ‘အထဲမှာတောင် အစောင့်တွေ ရှိတာပဲ’
သူလှည့်ပတ်ကြည့်လိုက်သည်။ လျှို့ဝှက်အခန်း၏ အစွန်းတစ်ဖက်ဆီတွင် စင်များရှိကာ ထိုစင်များပေါ်တွင် ဆေးရောင်စုံများထည့်ထားသော ပုလင်းများ တန်းစီထားသည်။ ယခင်က ဤလောက် များပြားသော ဆေးများကို တစ်ခါမှ သူမမြင်ဖူးခဲ့ပေ။ ဤမျိုးမစစ်ဆီမှ ရခဲ့သော အနက်ရောင်ဆေးများနှင့် ယခုဆေးများသည် အလွန်ခြားနားပေသည်။
ထပ်ပြောရလျှင် ဤအခန်းထဲတွင် အကြိမ်ရေအနည်းငယ် အသက်ရှူပြီးနောက် သူ၏ခန္ဓာကိုယ်သည် လန်းဆန်းလာသလို ခံစားရကာ စိတ်သည်လည်း ပို၍ကြည်လင်လာ၏။ ‘ဒါက တစ်ကယ့်ဆေးအစစ်က ဘယ်လိုရှိလဲဆိုတာပေါ့’ သူတစ်ကယ်ကို အံ့အားသင့်ရသည်။
“သခင်ငယ်လေး ကျွန်တော့်ရဲ့ သေးငယ်တဲ့ စုဆောင်းမှုလေးကို ဘယ်လိုထင်ပါသလဲ။ ဒီဆေးတွေ အကုန်လုံးက အဖြူရောင်တစ်ဝက် ဆေးအဆင့်တွေပါပဲ” လူဝကြီး Billy သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်မှာ အရင်ကထက်ပင် ပိုဝလာသလို.။
(အဖြူရောင်တစ်ဝက်အဆင့်ဆေးသည် အဖြူရောင်အဆင့်ဆေးထက် နှိမ့်သော အဆင့်ဖြစ်သည်။)
အဖြူရောင်တစ်ဝက်အဆင့်ဆေးဟု ကြားလိုက်ရသည့်အခါ ဤဆေးများ အားလုံးတွင် မည်သည့်ဆေးတစ်လုံးကိုမဆို ပတ္တမြားဒင်္ဂါး ၁၀ပြားဖြင့် ရောင်းနိုင်ကြောင်း အကြံဉာဏ်အချို့ရသွားကာ အလွန်အံ့ဩသွားသည်။ ဤနေရာတွင် ဆေးပေါင်း ရာချီ ရှိပေသည်။
‘ဒီဖက်တီးက $ရမ်း ချမ်းသာတယ်ဟ’