← Chapters

တာအိုနှလုံးသား မိစ္ဆာမျိုးစေ့

Vol. 69 Ch. 1021

တာအိုနှလုံးသား မိစ္ဆာမျိုးစေ့

Vol. 69 Ch. 1021

ဆူဇီမိုသည် အကြမ်းဖျင်းရေတွက်ကြည့်လိုက်လေသည်။ အဲ့ဒီမှာ အမွေအနှစ်ကျောက်သားရုပ်တု ၃၂ ခုရှိလေသည်။

သူ့မှာ အချိန်များစွာမရပေ...

တစ်ကိုယ်တော်တိမ်စိုင်သည် သက်စောင့်ဆေးလုံးကို စားသုံးထားပြီး သူက အလွန်ဆုံး တစ်လသာ တောင့်ခံနိုင်ပေလိမ့်မည်။

သူသည် တစ်လမတိုင်ခင် ဤနေရာကနေ ထွက်ခွာရပေမည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤနေရာမှာ အမွေအနှစ်များစွာရှိသော်လည်း သူသည် သူ့အတွက် အသင့်လျော်ဆုံးတစ်ခုကို ရွေးချယ်ပြီး အချိန်တိုအတွင်း သူ၏ခွန်အားကို မြှင့်တင်ရပေမည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး အသက်ငွေ့ငွေ့သာလျှင် ကျန်ရှိလေသည်။ သူက အပြင်ဘက်မှာရှိသည့် မည်ကာမတ္တတပည့်များအားလုံးကို သတ်ဖြတ်ပြီး သူ၏လမ်းကို ဖောက်ထွက်ရပေမည်။

သူသည် ကျောက်သားရုပ်တုများကို လှည့်ပတ်ကြည့်ရှုပြီး သူတို့ချန်ထားရစ်ခဲ့သည့် စကားလုံးများကို လိုက်လံဖတ်ရှုနေလေသည်။

ကျောက်သားရုပ်တုတစ်ခုဘေးသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက သူ၏ခြေလှမ်းကိုရပ်တန့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

ဟမ်...”

ဤနေရာတွင် အချိန်စီးဆင်းမှုက တစ်မူထူးခြားနေလေသည်။

အခြသူများဆိုလျှင် အဲ့ဒါကို သတိထားမိချင်မှ ထားမိနိုင်ပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုသည် သားရဲပညာရပ် ကျက်တီးမြေကို ကျင့်ကြံထားခဲ့လေသည်။ အတိအကျပြောရလျှင် ကျက်တီးမြေက အချိန်ကို ထိန်းချုပ်သည့် ပုံစံတစ်မျိုးပင် ဖြစ်လေသည်။

အဲ့ဒါကြောင့် သူသည် အချိန်စီးဆင်းမှုနှင့် ပတ်သက်၍ အာရုံခံရာမှာ အရမ်းထက်ရှလေသည်။ ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်ပြီးနောက် သူ၏အကြည့်က အစိမ်းရောင်ကျောက်သားရုပ်တုတစ်ခုပေါ် ရောက်ရှိသွားလေသည်။ သူက ၎င်းပေါ်ရှိ ဖုန်မှုန့်များကို ခါပြီးနောက် စကားလုံးအချို့ကို တွေ့မြင်လိုက်ရလေသည်။

“ငါ့ရဲ့တာအိုဘွဲ့က လျှပ်တပြက်.. ငါက မဟာယာနအဆင့်ကို ခြေလှမ်းဝက်ဝင်နေပြီ.. ငါက နတ်ဘုရားစွမ်းအားတွေကို သင်ယူနိုင်တဲ့ စဦးအဆင့်မှာ ရှိနေခဲ့ပြီ... ဒါပေမယ့်လို့ ကြီးမားတဲ့တိုက်ပွဲတစ်ပွဲမှာ ငါ့ရဲ့ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ငါက တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးအဆင့်နဲ့ ရပ်တန့်ခဲ့ရတယ်”

“ငါ့ရဲ့ နတ်ဘုရားစွမ်းအားနဲ့ဆို ဒီနေရာရဲ့ ငါးပေပတ်လည်တွင်းမှာ ရှိတဲ့ အချိန်ကို ငါက ပြောင်းပေးနိုင်တယ်... ဒီနေရာမှာရှိတဲ့ တစ်နှစ်က အပြင်မှာ တစ်ရက်နဲ့အတူတူပဲ”

ဆူဇီမိုသည် ထိုစကားလုံးများကို ကြည့်ပြီး အံ့အားသင့် မှင်တက်သွားလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အပြင်ဘက်ရှိ တစ်ရက်တာက ဤနေရာ ငါးပေပတ်လည်မှာ တစ်နှစ်တာကျင့်ကြံခြင်းနှင့် တူညီလေသည်။

သူက ဤနေရာမှာ ရက်နှစ်ဆယ်နေမည်ဆိုလျှင်....

သူသည် ဤငါးပေပတ်လည်နေရာလွတ်မှာ နှစ်၂၀ ကြာအောင် ကျင့်ကြံနိုင်မည်ဟု ဆိုလိုသည်မဟုတ်ပါလား...။

အဲ့ဒါက ဆူဇီမိုအတွက် အရမ်းကိုအရေးပါလေသည်။

သူသည် ပကတိနိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းလာခါစ ဖြစ်လေသည်။

သူက မည်သို့ပင်ကျင့်ကြံသည်ဖြစ်စေ သူက မည်သည့်အမွေအနှစ်ကို လက်ခံရရှိသည်ဖြစ်စေ သူ့အနေဖြင့် ရက်နှစ်ဆယ်အတွင်း မူလနတ္ထိအဆင့်သို့ တက်လှမ်းနိုင်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း သူသည် ဤနေရာမှာ နှစ်၂၀ ကြာအောင် ကျင့်ကြံနိုင်မည်ဆိုလျှင် အဲ့ဒါက ဖြစ်ကောင်းဖြစ်လာနိုင်လေသည်။

ဆူဇီမို၏ မျက်လုံးက တောက်ပဝင်းလက်လာပြီး ထိုနေရာက ဖြည်းဖြည်းချင်း ဆုတ်ခွာကာ အခြားသော အမွေအနှစ်ကျောက်သားရု​ပ်ထုများကို ဆက်လက်ကြည့်ရှုလိုက်လေသည်။

မိစ္ဆာဂိုဏ်းများမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ကျောက်သားရုပ်တုရှေ့သို့ ရောက်ရှိလာပြီးနောက် သူ၏ ခြေလှမ်းကို ရပ်တန့်ကာ အောက်ဘက်တွင်ရှိသော စကားလုံးများကို ကြည့်လိုက်လေသည်။

“ငါက တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်ပဲ... ငါက တစ်ခါတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကျင်လည်ကျက်စားပြီးတော့ မဟာယာနအဆင့်အောက်မှာ ပြိုင်ဘက်ကင်းခဲ့တယ်...”

နောက်ထပ် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်တစ်ယောက်ပင်ဖြစ်လေသည်။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်တစ်ယောက်သည် မဟာယာနအဆင့်သို့ တက်လှမ်းပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အတွက် ခြေလှမ်းဝက်သာ လိုတော့လေသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီသည် သူတို့ခေတ် သူတို့အခါက အောင်မြင်မှုများစွာကို ရယူခဲ့ပြီး ဖြစ်လေသည်။

“ငါက... ဒီနေရာမှာ မိစ္ဆာဂိုဏ်းတွေရဲ့ အထွတ်အထိပ် လျှို့ဝှက်ကျမ်းတစ်ခုကို ချန်ထားခဲ့တယ်... အဲ့ဒါက တာအိုနှလုံးသားမိစ္ဆာမျိုးစေ့ သုတ္တန်ပဲ... ကျင့်ကြံသူတစ်ယောက်ရဲ့ တာအိုနှလုံးသားက ပိုပြီးတော့ သန်မာလေလေ ဒီကျင့်ကြံခြင်းနည်းစနစ်ရဲ့စွမ်းအားက ပိုပြီးတော့ ကြီးမားလာလေလေပဲ.... အားနည်းတဲ့ တာအိုနှလုံးသားရှိတဲ့သူတွေကိုတော့ အဲ့ဒါကို မကျင့်ကြံဖို့ တားမြစ်ထားတယ်”

ထိုနေရာအရောက်တွင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

ဤကျင့်ကြံရေးနည်းစနစ်က သူ၏ လက်ရှိအခြေအနေနှင့် အလွန်တရာကိုက်ညီလေသည်။

ပထမတစ်ချက် သူသည် နိုးထဝိညာဥ်အဆင့်သို့ ဝင်ရောက်လာပြီးနောက် သူ့မှာ အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများ၏ ထိပ်တန်းကျင့်ကြံရေးနည်းစနစ်များရှိခဲ့လေသည်။ သို့သော်လည်း သူ့တွင် မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံရေးနည်းစနစ်တစ်ခုမှ ရှိမနေခဲ့ပေ။

သူသည် မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံရေးနည်းစနစ်ကို ထပ်ပေါင်းကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်သည် ယခုထက်ပို၍ သိပ်သည်းကျစ်လစ်လာပြီး ပို၍ သန်မာလာပေလိမ့်မည်။

ဖန်တီးခြင်းကြာပဒုမ္မာကလည်း ပို၍ အဆင့်မြန်မြန်တက်လာပေလိမ့်မည်။

ဒုတိယတစ်ချက်... တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်ပြောပုံအရ တာအိုနှလုံးသားက ပို၍ သန်မာလေလေ ဤပညာရပ်က ပို၍ စွမ်းအားကြီးမားလေလေ ဖြစ်လေသည်။

သူ၏ တာအိုနှလုံးသားက အခြားသူများထက် ပိုမိုသန်မာသည်ဟု ဆူဇီမိုက ယုံကြည်လေသည်။

သူသည် ဤကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံမည်ဆိုလျှင် မကောင်းဆိုးဝါး မိစ္ဆာအချို့က ကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင်တောင် သူ၏ တာအိုနှလုံးသားက သေချာပေါက် ယိမ်းယိုင်တော့မည်မဟုတ်ပေ။

ထိုစဥ်မှာပင် ကျောက်သားရုပ်တု၏ မျက်လုံးနှစ်ဖက်က ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပလာခဲ့လေသည်။

ဆူဇီမိုက အလိုလိုလှမ်းကြညိ့လိုက်လေသည်။

သူတို့၏အကြည့်က တွေ့ဆုံသွားပြီး ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားလေသည်။

ထိုမျက်လုံးနှစ်ဖက်သည် နက်မှောင်၍ အေးစက်နေပြီး သူ၏ ဝိညာဥ်ကို ဆွဲယူနိုင်သည့် ဝဲကတော့တစ်ခုအလား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးကို ထုတ်ပေးနေလေသည်။

မကောင်းဆိုးဝါးဆန်သော စွမ်းအားတစ်ခုက သူ၏မျက်လုံးမှတစ်ဆင့် သူ၏အသိစိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

“အမွေအနှစ်တစ်ခုကို လက်ခံရယူတာက ဒီလိုပုံစံဟုတ်လို့လား... အဲ့ဒါက ဒဏ္ဍာရီလာဘယ်လိုဉာဏ်အလင်းပွင့်မှုနဲ့ တူတာပါလိမ့်”

ဆူဇီမို၏ စိတ်ထဲတွငိ အတွေးများစွာက ဝင်ရောက်လာခဲ့လေသည်။

သိပ်မကြာမီ သူ၏ အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်ပေါ်တွင် အနက်ရောင်ချီမျှင်များက ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒါက သူ၏ အသိစိတ်ထဲမှ ပို၍ပို၍ စုဝေးလာခဲ့လေသည်။

ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိလာလေသည်။

သူသည် ဤနေရာရှိ မည်သည့်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အမွေအနှစ်ကိုမှ လက်ခံမရရှိသေးသော်လည်း သူတွေ့ကြုံနေရသော အခြေအနေက ဓမ္မတာအိုတစ်ခုကို အမွေလက်ခံရရှိခြင်းနှင့် ဘာမှ မသက်ဆိုင်ကြောင်း သိသာလာလေသည်။

အစကတည်းက သူသည် တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ လက်ခံမရရှိခဲ့ပေ။

ထိုအစား သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် မကောင်းဆိုးဝါးဆန်၍ ဆိုးယုတ်သော မိစ္ဆာအော်ရာတစ်ခုဖြင့် ပြည့်နှက်လာခဲ့လေသည်။

ပို၍အရေးကြီးသည်မှာ သူ၏ အာရုံခံသတိစိတ်က သူ့ကိုထပ်တလဲလဲ သတိပေးနေလေသည်။

ဆူဇီမိုသည် နောက်သို့ဆုတ်ပြီး ဤကျောက်သားရုပ်တုနှင့် ချိတ်ဆက်ထားမှုကို ဖြတ်တောက်ချင်လေသည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်က သူ၏ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့ကြောင်း နားလည်လိုက်လေသည်။

“ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်ဲတဲ့ တာအိုနှလုံးသားလဲ...”

ထိုစဥ်မှာပင် သူ၏အသိစိတ်ထဲကနေ သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

“အို..... ဒီခန္ဓာကိုယ်ကလည်.အရမ်းကို ပြီးပြည့်စုံနေပါ့လား”

အိုမင်းရင့်ရော်သောအသံတစ်သံက ဝမ်းသာပျော်ရွှင်မှုနှင့်အတူ နောက်တစ်ဖန်ထွက်ပေါ်လာပြီး ရယ်မောလိုက်လေသည်။

“ကောင်းကင်ဘုံက ငါ့ကိုတကယ်ပဲ... ကူညီပေးလာပြီပဲ ဟားဟားဟားဟား.....”

ရှင်းပြရန် ခက်ခဲသည့် ကြောက်ရွံ့မှုခံစားချက်တစ်ခုက ဆူဇီမို၏ နှလုံးသားထဲမှာ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က အေးစက်တောင့်တင်းလာလေသည်။

နောက်ဆုံးမှာတော့ သူတွေ့ကြုံနေရသည့်အရာကို ဆူဇီမိုက နားလည်သွားခဲ့လေသည်။

ပူးကပ်သိမ်းပိုက်ခြင်း....

ပူးကပ်သိမ်းပိုက်ခြင်းမခံရစေရန် သတိထားနေဖို့ တာအိုအရှင်အဆုံးစွန်မီးက သူ့ကို တစ်ခါက သတိပေးခဲ့ဖူးလေသည်။ ဘာပဲပြောပြော သူ၏ ခန္ဓာကိုယ်က အရမ်းကြောက်စရာကောင်း၍ စွမ်းအားကြီးပြီး မည်သူမဆို လိုချင်တပ်မက်ကြပေလိမ့်မည်။

ထိုအချိန်တုန်းက ဆူဇီမိုသည် အဲ့ဒါကို စိတ်ထဲမှာထည့်မထားခဲ့ပေ။

ယခုတော့ ဤကဲ့သို့သော အခြေအနေဖြင့် သူက အမှန်တကယ် ကြုံတွေ့လာရလေပြီ။

ဒါ့အပြင် ဤနေရာက တာအိုအမွေအနှစ်ကုန်းမြေဖြစ်နေသောကြောင့် သူက လုံးဝကြိုတင်ပြင်ဆင်ထားခဲ့ခြင်းမရှိပေ။

သို့သော် အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...

ဤနေရာမှာရှိသော အမွေအနှစ်များသည် ရှေးပဝေသဏီကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ထိုခေတ်ထိုအခါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ကွယ်လွန်သွားခဲ့ကြလေပြီ။ တစ်စုံတစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်သေးတာလဲ။

ဆူဇီမို၏ စိတ်နှလုံးထဲမှ တွေဝေရှုပ်ထွေးမှုကို ခံစားမိပုံရပြီး အသံတစ်သံက ရယ်သံနှော၍ နောက်တစ်ဖန်ထွက်ပေါ်လာခဲ့လေသည်။

“ငါက... အင်ပါယာကောင်းကင်ပဲ ငါက သေဆုံးသွားခဲ့တာကြာလှပြီ... ဒါပေမယ့် ငါ့ရဲ့ တာအိုနည်းစနစ်က အခုချိန်ထိ မပျက်ပြယ်သေးပဲနဲ့ ဒီနေရာမှာ ကျန်ရှိနေသေးတယ်”

“အခုချိန်မှာ ငါက ပြန်လည်မွေးဖွားပြီးတော့ နောက်ထပ်ဘဝတစ်ခုနဲ့ ရှင်သန်နေထိုင်နိုင်ဖို့ မင်းရဲ့တာအိုနှလုံးသားကို ငှားရမ်းအသုံးပြုနေတာပဲ”

ဆူဇီမိုက တုန်လှုပ်သွားရလေသည်။

သူ၏ တာအိုနှလုံးသား၏ အကူအညီဖြင့် နောက်ထပ်ဘဝတစ်ခုမှာ ရှင်သန်နေထိုင်ခြင်း...

တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်မှာဆိုလျှင် မိစ္ဆာမျိုးစေ့ကို စိုက်ပျိုးခြင်းသည် အခြားတစ်စုံတစ်ရာကို ဆိုလိုခြင်းမဟုတ်ဘဲ ကျဆုံးသွားခဲ့သော မိစ္ဆာဂိုဏ်းများ၏ ပညာရှင် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်ကို ဆိုလိုခြင်းဖြစ်လေသည်။

“မင်းက အဲ့ဒါကို သံသယဝင်နေစရာမလိုဘူး... တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်က တကယ်ပဲရှိပါတယ်”

ဆူဇီမို၏ အသိစိတ်အတွင်းတွင် အနက်ရောင်ချီများက အဆက်မပြတ်တိုးဝင်လာပြီး လူပုံသဏ္ဌာန်တစ်ခုကို တဖြည်းဖြည်း စုဖွဲ့လာခဲ့လေသည်။သို့သော်လည်း ၎င်း၏ သွင်ပြင်က တိကျရှင်းလင်းမှုမရှိသေးပေ။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်က ဆက်ပြောလိုက်လေသည်။

“ကံဆိုးစွာနဲ့ပဲ မင်းက အဲ့ဒါကို နောက်ထပ်ကျင့်ကြံဖို့ အခွင့်အရေးမရှိတော့ဘူး... ဒါပေမယ့်လည်း မပူပါနဲ့ ငါက မင်းရဲ့ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုပြီးရင် မင်းရဲ့ကျင့်ကြံရေးလမ်းခရီးကို ပြီးမြောက်အောင်ကူညီပေးမှာပါ”

အချိန်တိုအတွင်း တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဥ်သည် အပြည့်အဝစုဖွဲ့လာခဲ့လေသည်။ သူ၏ သွင်ပြင်က ရှင်းလင်းလာပြီး သူ၏မျက်လုံးများက နက်မှောင်နေလေသည်။ သူ့ထံမှ ထူးဆန်းသော အရောင်အဝါတစ်ခုက ဖြာထွက်လာပြီး သူက ​ဆူဇီမိုကိုပြုံးပြလိုက်လေသည်။

ထိုအပြုံးက ယခုတင်ငရဲခန်းကနေ တက်လှမ်းလာသော နတ်ဆိုးတစ်ကောင်နှင့် တူနေပြီး အလွန်တရာကြောက်မက်ဖွယ်ရာကောင်းနေလေသည်။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဥ်က ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ဆီသို့ လျှောက်လှမ်းလာလေသည်။

ဆူဇီမိုသည် သူ့စိတ်ထဲက အကြောက်တရားကို ဖိနှိမ်ပြီး လျင်မြန်စွာ တည်ငြိမ်စေလိုက်လေသည်။

“မင်းက... တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်ကို အသုံးချပြီး မင်းရဲ့ ပြန်လည်မွေးဖွားမှုက တကယ်ပဲ တုန်လှုပ်စရာကောင်းလွန်းပါတယ် ဒါပေမယ့်လို့ အဲ့ဒါက အားနည်းချက်မရှိတာတော့ မဟုတ်ဘူး”

ဆူဇီမိုက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“အင်ပါယာကောင်းကင်.. ငါ့ရဲ့ကျင့်ကြံမှုအဆင့်က နိုးထဝိညာဥ်အဆင့်မှာပဲ ရှိသေးတယ်.. မင်းက မင်းရဲ့ အမြုတေစိတ်ဝိညာဥ်ကို အသက်သွင်းဖို့အတွက် ငါ့ရဲ့တာအိုနှလုံးသားကို အသုံးချပြီး မိစ္ဆာမျိုးစေ့တစ်ခုကို သွတ်သွင်းချင်မှတော့... မင်းရဲ့အမြုတေစိတ်ဝိညာဥ်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း သေချာပေါက် နိုးထဝိညာဥ်အဆင့်မှာပဲ ရှိနေမှာပဲ”

All Chapters