← Chapters

မူလနတ္ထိအဆင့်

Vol. 69 Ch. 1023

မူလနတ္ထိအဆင့်

Vol. 69 Ch. 1023

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့လေသည်။

တစ်ရက်... နှစ်ရက်... ဆယ်ရက်.....

ဆယ်ရက်တာက ကုန်ဆုံးခဲ့ပြီး တာအိုအမွေအနှစ်ကုန်းမြေရှိ ကျင့်ကြံသူများအတွက် များများစားစားပြောင်းလဲသွားတာ ဘာမှမရှိပေ။

တာအိုသက်ရှိကောင်းကင်စင်ရော် ၊ တာအိုသက်ရှိမိုးကြိုးလေပြေ ၊ ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာတို့သည် ကပ်ဘေးသုံးဆင့်နယ်မြေ၏ အပြင်ဘက်ကနေ စောင့်ကြပ်နေကြဆဲပင်။ သူတို့သည် ကျင့်ကြံသူကျင့်ကြံ ၊ အတွေးနက်သူနက်ကာ သူတို့၏ မျက်နှာပေါ်တွင် စိတ်မရှည်မှုတစ်စွန်းတစ်စမှ ရှိမနေပေ။

တာအိုသက်ရှိ လျှို့ဝှက်မရဏသည် ပေါ်ထွက်မလာသော်လည်း သူကအနီးနားမှာ သေချာပေါက် ရှိနေကြောင်း လူတိုင်းသိထားလေသည်။

အဲ့ဒီမှာ မည်ကာမတ္တတပည့် လေးယောက်အပြင် အမျိုးမျိုးသော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ များပြားလှသော ကျင့်ကြံသူများကလည်း အနီးနားပတ်ဝန်းကျင်မှာ စုဝေးနေကြလေသည်။

လူတိုင်းသည် နောက်ဆုံးရလဒ်ကို စောင့်ကြည့်ချင်ကြလေသည်။

တစ်ခဏအတွင်းမှာပင် ၁၅ ရက်က ကုန်ဆုံးသွားခဲ့လေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေအပြင်ဘက်ရှိ ကျင့်ကြံသူအရေအတွက်က လျော့ကျသွားခြင်းမရှိပေ။

ကပ်ဘေးသုံးဆင့်နယ်မြေ၏ အတွင်းဆုံးအပိုင်းတွင် ဆူဇီမိုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တစ်ပြက်၏ ကျောက်သားရုပ်ထုရှေ့မှာထိုင်နေဆဲဖြစ်ပြီး ၁၅ နှစ်တာ ကျင့်ကြံခဲ့ပြီးလေပြီ။

ဤနေ့တွင် သူသည် နောက်ဆုံးမှာတော့ သူဝါးမြိုခဲ့သော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဥ်ကို လုံးလုံးလျားလျား ကြေညက်သွားခဲ့လေပြီ။

သူ၏ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေပြီ။

ပြီးခဲ့သည့် ၁၅ နှစ်အတွင်း.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင် မူလနတ္ထိအဆင့်သို့ ဖြတ်ကျော်စဥ်က ရရှိခဲ့သော သူ၏ ဉာဏ်အလင်းပွင့်မှုများသည် ဆူဇီမို၏ စိတ်အာရုံထဲမှာ ထပ်တလဲလဲ စီးဆင်းနေခဲ့လေသည်။

သူသည် နောက်ဆုံးမှာတော့ အဆင့်ချိုးဖျက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ခံစားမိနိုင်ခဲ့လေပြီ။

အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များ၏ လွှမ်းခြုံခြင်းကို တွေ့ကြုံခံစားပြီးနောက် မူလနတ္ထိအဆင့်သို့ နောက်ဆုံးတက်လှမ်းလာပေတော့မည်။

သူ၏ အသိစိတ်အတွင်းတွင် လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးများက တဝုန်းဝုန်းမြည်နေလေသည်။ ဂါထာမန္တန်အသံများကလည်း အဆက်မပြတ်ထွက်ပေါ်နေလေသည်။

ဧရာမဗုဒ္ဓခန္ဓာတစ်ခုက အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်နောက်တွင် ပေါ်ထွက်လာခဲ့လေသည်။

အနက်ရောင်မိစ္ဆာချီများသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကိုယ်ထည်မှ အဆက်မပြတ် လျှံထွက်လာနေလေသည်။ အဲ့ဒါက အေးစက်၍ ကြောက်စရာကောင်းပြီး လေထဲတွင် ရစ်ခွေကာ တံစဥ်နှင့်တူသော နတ်ဘုရားလက်နက်တစ်ခုပုံစံ စုဖွဲ့လာခဲ့လေသည်။

အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှာ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်သုံးခုဖြစ်သည့် ခရမ်းရောင်မိုးကြိုးကျမ်း ၊ မဟာနေ့ရက်ရူလိုင်းသုတ္တန်နှင့် တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်တို့သည် သူ့ကို အဆက်မပြတ် မီးဆေးပေးနေလေသည်။

အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်က ပို၍သန့်စင်လာပြီး ၎င်း၏အညစ်အကြေးများက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

သူ၏ အသိစိတ်ပင်လယ်က တဖြည်းဖြည်း ဆူပွက်လာလေသည်။ ဆူဇီမို၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သောအခါ နတ်ဘုရားဆန်ဆန်အလင်းများက တောက်ပလာပြီး သူ၏ ဦးခေါင်းကိုမော့၍ မာန်ဖီဟိန်းဟောက်လိုက်လေသည်။

ဘုန်း....

သူ၏ စိတ်ဝိညာဥ်အသိစိတ်က တုန်ခါသွားလေသည်။

အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်၏ ဆံပင်များသည် လေထဲမှာကခုန်နေပြီး ၎င်း၏အော်ရာက အဆက်မပြတ်ထိုးတက်လာလေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်ထံမှ ရောင်ခြည်အလင်းများက အဆက်မပြတ် ပြန့်ကားဖြာထွက်လာလေသည်။

သူက အဆင့်ချိုးဖျက်တက်လှမ်းသွားခဲ့လေပြီ...

စိတ်ဝိညာဥ်ကို သန့်စင်ပြီး ဗလာနယ်နတ္ထိအဖြစ်သို့ ပြောင်းလဲပြေးခြင်း... မူလနတ္ထိအဆင့်။

ဆူဇီမိုသည် မူလနတ္ထိအမြုတေစိတ်ဝိညာဥ်တစ်ခု၏ စွမ်းအားကို ရှင်းလင်းစွာခံစားမိလာလေသည်။

သူ၏ စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ သူက ပို၍များပြားသော ဓမ္မစွမ်းအားများကို စုဖွဲ့လာနိုင်ခဲ့လေသည်။

ပုံမှန်အားဖြင့် ပြောရလျှင် အစောပိုင်းအဆင့် မူလနတ္ထိတစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်သည် ကီလိုမီတာ ၅၀ အထိ ဖြန့်ကြက်နိုင်လေသည်။ မူလနတ္ထိအဆင့်၏ အထွတ်အထိပ်ကို ရောက်လျှင်ပင် အဲ့ဒါက ကီလိုမီတာ ၅၀၀ ထက်ကျော်အောင် မဖြန့်ကြက်နိုင်ပေ။

သို့သော်လည်း ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်သည် ကီလိုမီတာ ၅၀၀ အထိဖြန့်ကြက်နိုင်နေခဲ့လေပြီ။

အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာစေခဲ့လေသည်။

မူလနတ္ထိအဆင့်က ဆူဇီမိုအတွက် အရမ်းကိုအရေးပါလေသည်။

အစကတော့ မည်ကာမတ္တတပည့်များသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်သည့်အခါ သူသည် မင်းဝမ်ဆုတောင်းပုတီး ၊ ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာစေ့များနှင့် အခြားသော ရတနာများကို အသုံးပြုပြီး အသည်းအသန်ခုခံရုံသာ တတ်နိုင်ခဲ့လေသည်။

သို့သော်လည်း ယခု သူသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိလာပြီဖြစ်တာကြောင့် ယခင်က သူကျင့်ကြံထားခဲ့သော အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်လာနိုင်တော့ပေမည်။

သူသည် အစောပိုင်း မူလနတ္ထိအဆင့်မှာသာရှိသော်လည်း သူ၏ အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များကို ပိုင်ဆိုင်ထားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက မည်သည့် မည်ကာမတ္တတပည့်ထက်မှ မနိမ့်ကျပေ။

သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာသည်နှင့် သူ၏ ဓမ္မပညာရပ်များ၏ စွမ်းအားကလည်း ဆပွားတိုးတက်လာပေလိမ့်မည်။

အဲ့ဒါက ၁၅ရက်သာရှိသေးသော်လည်း ဆူဇီမိုက များစွာပြောင်းလဲသွားခဲ့လေပြီ။

သူ၏ ကျင့်ကြံမှုအဆင့်က တည်ငြိမ်လာသည်နှင့်အမျှ သူ၏ အသိစိတ်ကလည်း တဖြည်းဖြည်း ပုံမှန်အခြေအနေပြန်ရောက်လာခဲ့လေသည်။ ဆူဇီမို၏ အကြည့်သည် တဖျပ်ဖျပ်လက်သွားပြီး သူက ခဏမျှ စဥ်းစားတွေးတောလိုက်လေသည်။ သူက ဤနေရာကနေ ထွက်ခွာဖို့ အလောတကြီးရှိမနေပေ။ သူ့မှာအချိန်အနည်းငယ်ရ​သေးလေသည်။

ယခုအခါ သူသည် မူလနတ္ထိအဆင့်သို့ ချိုးဖျက်တက်လှမ်းလာပြီဖြစ်တာကြောင့် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားသောမည်ကာမတ္တတပည့်များကို ကိုင်တွယ်ဖို့က သူ့အတွက်ပြဿနာမရှိတော့ပေ။

သို့သော်လည်းသူက သီယင်းကို ရင်ဆိုင်ဖို့အတွက် ယူံကြည်မှုကောင်းကောင်းရှိမနေသေးပေ။ ဆူဇီမိုသည် ​တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်၏ များစွာသော မိစ္ဆာနည်းစနစ်များကို ဆက်လက်ကျင့်ကြံလိုစိတ် ရှိနေလေသည်။

သူနားလည်ဆင်ခြင်နိုင်သော ဓမ္မပညာရပ်များက ပိုများလေလေ သူက သီယင်းကို ရင်ဆိုင်ဖို့အတွက် ယုံကြည်မှုပိုရှိလေလေပင်။

တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်၏ မိစ္ဆာနည်းစနစ်များသည် ပညာရပ်အတော်များများကို ခြုံငုံထားလေသည်။ အဲ့ဒီမှာ လက်ရှိမိစ္ဆာဂိုဏ်း ၇ ဂိုဏ်းလုံးမှ ကျင့်ကြံရေးနည်စနစ်များ ပါဝင်လေသည်။

တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်တွင် အလွန်တရာထူးဆန်းသော မိစ္ဆာအမြုတေလျှို့ဝှက်အတတ်တစ်ခု ပါရှိလေသည်။

ထိုလျှို့ဝှက်အတတ်ကို ဝိညာဥ်ရှာဖွေအတတ်ဟု ခေါ်လေသည်။ အဲ့ဒါက တိုက်ခိုက်ရေးသက်သက် ဓမ္မပညာရပ်မဟုတ်ပဲ ကျင့်ကြံသူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကို အသက်ရှင်လျက် ​ဖမ်းဆီးနိုင်မည်ဆိုလျှင် သူ၏ မှတ်ဉာဏ်များကို စုဆောင်းနိုင်သော ပညာရပ်ဖြစ်လေသည်။

တကယ်တော့၎င်း၏ မှတ်ဉာဏ်ဘယ်လောက်များများကို စုဆောင်းနိုင်မလဲဆိုသည်ကတော့ မသေချာပေ။

ဒါ့အပြင် ဝိညာဥ်ရှာဖွေခံရသော အမြုတေစိတ်ဝိညာဥ်သည် သေဆုံးမသွားလျှင်တောင် သူတို့သည် အသိစိတ်လွတ်ကင်း၍ အရူးများပမာ ဖြစ်လာကြပေလိမ့်မည်။ အဲ့ဒီမှာ ကောင်းကင်ဘုံမိစ္ဆာနည်းစနစ်ဟုခေါ်သော စက္ခုနည်းစနစ်တစ်ခုလည်းရှိပေသည်။

အဲ့ဒါက စင်ကြယ်အပျိုစင်ဂိုဏ်း၏ ညို့ငင်မျက်လုံးနှင့်ဆင်တူလေသည်။

ကျင့်ကြံသူတစ်ယောက်သည် ဤစက္ခုနည်းစနစ်၏ ထိန်းချုပ်ခြင်းခံရလျှင် သူ့ကိုယ်သူ သတ်သေဖို့စေခိုင်းလျှင်တောင် သူကနာခံရပေလိမ့်မည်။

တကယ်တော့ ဤစက္ခုနည်းစနစ်၏ တိုက်ခိုက်ရည်စွမ်းအားက သူ၏မီးပဒေသာနဂါးမျက်လုံးထက် များစွာပို၍ အားနည်းလေသည်။

ဆူဇီမိုသည် ထိုင်ရာမထဘဲ ဆက်လက်၍ နားလည်ဆင်ခြင်နေလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က ဖန်တီးခြင်းကြာပဒုမ္မာကို အားဖြည့်ပေးနေဆဲ ဖြစ်ပြီး တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်မှာ ပါရှိသည့် မိစ္ဆာနည်းစနစ်အမျိုးမျိုးကိုလည်း ကျင့်ကြံနေလေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ မှတ်ဉာဏ်များနှင့်အတူ ဆူဇီမိုသည် ထိုမိစ္ဆာနည်းစနစ်များကို ကျင့်ကြံဖို့အတွက် အားထုတ်မှုတစ်ဝက်သာလျှင် စိုက်ရလေသည်။

တစ်ခဏအတွင်းမှာပင် အပြင်ဘက်တွင် နောက်ထပ်ငါးရက်တာက ကုန်ဆုံးသွားပြီး ဆူဇီမိုက နောက်ထပ် ငါးနှစ်ကျင့်ကြံနိုင်ခဲ့လေသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း သူသည် တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်မှာပါရှိသည့် မိစ္ဆာနည်းစနစ်များ၏ ထက်ဝက်ကျော်ကို ကျင့်ကြံနိုင်ခဲ့ပြီဖြစ်ပြီး ၎င်းအတွင်းမှာပါရှိသည့် အသန်မာဆုံး ဓမ္မပညာရပ်များကိုပင် ကျင့်ကြံနိုင်ခဲ့လေသည်။

ဆူဇီမိုသည် မတ်တတ်ထရပ်ပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်လေသည်။

ရုတ်တရက် သူ၏ခြေလှမ်းကိုရပ်တန့်ပြီး အံ့အားတသင့် ရေရွတ်လိုက်လေသည်။

သူ၏ အသိစိတ်ထဲတွင် ပြောင်းလဲမှုတစ်စုံတစ်ရာက နောက်တစ်ဖန် ဖြစ်လာခဲ့လေသည်။

အတိအကျပြောရလျှင် ဖန်တီးခြင်းကြာပဒုမ္မာက ပြောင်းလဲသွားခြင်း ဖြစ်လေသည်။

အစကတော့ ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်ငါးမှာ ရှိနေခဲ့လေသည်။ အဲ့ဒါက ကစဉ့်ကလျားလေထုဖြင့် လွှမ်းခြုံခံထားရသော အစိမ်းရောင်ကြာခုံတစ်ခုဖြစ်ပြီး ဧရာမ ပွင့်ချပ်လွှာ ငါးလွှာနှင့်အတူ တဖျပ်ဖျပ်တလက်လက် တောက်ပနေလေသည်။

သို့သော် ယခုအခါမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာသည် နောက်ထပ် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ရလေသည်။

အစိမ်းရောင်ကြာခုံ၏ အလယ်တွင် နောက်ထပ် နူးညံ့သော ပွင့်ချပ်လွှာငယ်တစ်ခုက ဖွံ့ဖြိုးလာလေသည်။ သူတို့က မြစိမ်းရောင်ဖြင့် တောက်ပနေပြီး တဖြည်းဖြည်း ဖူးပွင့်လာခဲ့လေသည်။

အဆင့် ၆.....

အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာ အဆင့်၆ သို့ တက်လှမ်းတော့မည့် လက္ခဏာဖြစ်လေသည်။

သို့သော်လည်း ဤပြောင်းလဲမှုက ရပ်တန့်မသွားသေးပေ။

ဖန်တီးခြင်းကြာပဒုမ္မာအောက်တွင် စိမ်းစို၍ သေးသွယ်သော ကြာရိုးတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒါက ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး ဖြောင့်စင်းနေလေသည်။

၎င်းပေါ်ရှိ ပါးလွှာသော ကြာချည်မျှင်များက လူသားတစ်ယောက်၏ သွေးကြောကဲ့သို့ ရှင်းလင်းနေလေသည်။

အလွန်ကြီးမားသည့် ကြာရွက်တစ်ရွက်ကလည်း ကြာရိုးပေါ်ကနေ ထွက်ပေါ်လာခဲ့လေသည်။

ဆူဇီမိုက ဝမ်းသာရွှင်ပြသွားလေသည်။

အဲ့ဒါက ​ဖန်တီးခြင်းကြာပဒုမ္မာ၏ နောက်ဆုံးသွင်ပြင်သဏ္ဌာန်ဖြစ်နိုင်ကြောင်း သူက ခံစားမိလိုက်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် သူ၏ အသိစိတ်ထဲမှာရှိနေသော်လည်း အဲ့ဒါက အစိမ်းရောင်ကြာပန်းသည် လောကနှင့် ချိတ်ဆက်ထားသည့်အလားပင်။ ၎င်း၏ ကြာရိုးက သူ၏အသိစိတ်ပင်လယ်ထဲမှာ အမြစ်တွယ်နေပြီး ကြာပွင့်က မိုးကောင်းကင်ထိ ထိုးဖောက်ကာ ၎င်း၏ အရွက်များက ကောင်းကင်ကို ဖုံးအုပ်ထားလေသည်။

အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့သွားပြီး ကစဉ့်ကလျားလေထုက ပျက်ပြယ်ကာ သူ၏ အသိစိတ်တစ်ခုလုံးက တုန်ခါသွားလေသည်။

အဆင့် ၆ ဖန်တီးခြင်းကြာပဒုမ္မာသည် မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုနှင့် နှိုင်းယှဥ်နိုင်လေသည်။

ဆူဇီမို၏ မျက်လုံးက တောက်ပသွားပြီး ရှေးဟောင်းရုပ်ထုများကြားကနေ လျှောက်လှမ်းကာ ကပ်ဘေးသုံးဆင့်နယ်မြေ၏ အပြင်ဘက်သို့ ဦးတည်လိုက်လေသည်။

သူသည် နောက်ပိုင်းအခွင့်ရလျှင် ဤနေရာမှာရှိသည့် အခြားသောအမွေအနှစ်များကို လက်ခံရယူဖို့အတွက် ပြန်လာနိုင်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်ကတော့ အချိန်များစွာ မကျန်တော့ပေ။

သူသည် ဤနေရာမှရှိသည့် အမွေအနှစ်များကို ရရှိဖို့အတွက်နှင့် တစ်ကိုယ်တော်တိမ်စိုင်ကို အသေမခံနိုင်ပေ။

ကပ်ဘေးသုံးဆင့်နယ်မြေထဲသို့ တစ်ဖန်ဝင်ရောက်လာသောအခါ ကောင်းကင်ထက်တွင်ရှိသော လျှပ်စီးကန်က မည်သည့်တုံ့ပြန်မှုမှ မပြတော့ပေ။

သူသည် တစ်စပြင်ကုန်းမြေကိုဖြတ်ကျော်လာသောအခါ ကြမ္မာမီးတောက်များကလည်း ထွက်ပေါ်မလာတော့ပေ။

ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်ခဲ့ပြီးနောက် သူက၎င်း၏ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ပြီဖြစ်ပြီး ထိုအထဲမှာ စိတ်ရှိသလို သွားလာနိုင်လေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေ၏ အပြင်ဘက်တွင်....

ရက်နှစ်ဆယ်ကြာပြီးနောက် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်များသည် ယခုချိန်ထိ ထွက်ခွာမသွားကြပေ။ သူတို့သာလျှင်မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေကြလေသည်။

All Chapters