← Chapters

အဲ့ဒါကို မင်းလက်မခံနိုင်မှာကိုပဲ ငါစိုးရိမ်တယ်

Vol. 69 Ch. 1024

အဲ့ဒါကို မင်းလက်မခံနိုင်မှာကိုပဲ ငါစိုးရိမ်တယ်

Vol. 69 Ch. 1024

နှင်းခံနယ်မြေမှ ပုံရိပ်သည် တဖြည်းဖြည်းပို၍ ရှင်းလင်းလာခဲ့လေသည်။ အဲ့ဒါက သံသယရှိစရာ မလိုအောင် ဆူဇီမိုပင်။

တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက လှောင်ရယ်လိုက်ပြီး မတ်တတ်ထရပ်လာလေသည်။

ကိုယ်တော်ပုံသဏ္ဌာန်မဲ့ကလည်း တရားထိုင်နေရာကနေ နိုးထလာလေသည်။ သူကသိုလှောင်အိတ်ကို လက်လှမ်းလိုက်လေသည်။ သစ်သားငါးရုပ်နှင့် လက်ရိုက်တံက သူ၏လက်ထဲမှာ ထွက်ပေါ်လာခဲ့လေပြီ။

တာအိုသက်ရှိကောင်းကင်စင်ရော်က ပြုံး၍ အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်လေသည်။

“အားလုံးပဲ... ဒီတစ်ခေါက်တော့ ဘာမှထိန်ချန်မထားနဲ့... ငါတို့ရဲ့အစွမ်းကုန်ထုတ်ပြီး သူ့ကို သတ်ဖြတ်ရမယ်...မထင်မှတ်ထားတဲ့အရာ ဘာမှအဖြစ်မခံနိုင်ဘူး.”

“ဟုတ်တာပေါ့...”

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က ခေါင်းညိတ်ပြလိုက်လေသည်။

သူတို့စိုးရိမ်နေသည့် မထင်မှတ်ထားသော အခြေအနေဆိုသည်မှာ သီယင်းသည် ပြန်ရောက်လာပြီး သူတို့ပိုင်ဆိုင်ရမည့်ရတနာများ လုယူသွားမည်ကို ဆိုလိုခြင်းဖြစ်လေသည်။

သိပ်မကြာမီ ဆူဇီမိုက ကပ်ဘေးသုံးဆင့်နယ်မြေထဲကနေ ထွက်လာခဲ့လေပြီ။

တာအိုသက်ရှိကောင်းကင်စင်ရော််နှင့် အခြားသူများသည် သတ်ဖြတ်လိုစိတ်နှင့်အတူ သူ့ကို ဝန်းရံလိုက်ကြလေသည်။

သူ၏ ဘေးပတ်လည်ကိုကြည့်ရှုရင်း ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။

“ကောင်းတာပေါ့ကွာ... မင်းတို့ ဒီမှာအားလုံးရှိနေပြီဆိုတော့ ငါက တစ်ယောက်ချင်း တကူးတကလိုက်ရှာနေစရာမလိုတော့ဘူးပေါ့...”

“ဟမ့်...”

ထိုစဥ်မှာပင် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်သုံးယောက်က တစ်စုံတစ်ရာထူးခြားနေသည်ကို တဖြည်းဖြည်း သတိထားမိလာလေသည်။

တစ်ချက်ကြည့်ရုံနှင့်တော့ ဆူဇီမိုက အရင်ကနှင့် ဘာမှမခြားနားပေ။

သို့သော်လည်း သူ၏ အော်ရာကအရင်ကထက် များစွာပို၍ အားကောင်းလာလေသည်။ သူ၏တည်ရှိမှုက ပို၍သန်မာလာပြီး သူ၏အကြည့်က မရှောင်လွှဲနိုင်သော ဓားတစ်လက်ကဲ့သို့ ကြောက်စရာကောင်းပြီး ထက်ရှနေလေသည်။

“မူလနတ္ထိအဆင့်လား.....”

တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးပြီးနောက် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

“ဟမ်....”

တာအိုသက်ရှိကောင်းကင်စင်ရော် ၊ တာအိုသက်ရှိမိုးကြိုးလေပြေ နှင့် ကိုယ်တော်ပုံသဏ္ဌာန်မဲ့တို့ကလည်း သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဆူဇီမိုကိုစစ်ဆေးကြည့်လိုက်ကြလေသည်။ သူတို့သည် ရင်တစ်ချက်ထိတ်သွားပြီး သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက ပေါ်ထွက်လာခဲ့သည်။

“အဲ့ဒါက.... ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ...”

ဆူဇီမိုသည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာမှ ပကတိနိုးထဝိညာဥ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ခဲ့ခြင်းဖြစ်လေသည်။

သူက ရက်နှစ်ဆယ်တည်းနဲ့ မူလနတ္ထိအဆင့်ကို ဘယ်လိုလုပ်တက်လှမ်းနိုင်ပါ့မလဲ...။

ဒါ့အပြင် ဤနေရာက ပိုင်းခြားထားသော တည်ဆောက်မှု ပုံသဏ္ဌာန်ထဲရှိ တာအိုအမွေအနှစ်ကုန်းမြေဖြစ်လေသည်။ ဤနေရာတွင် စိတ်ဝိညာဥ်ချီက နည်းပါးပြီး သူက ကောင်းကင်နှင့်မြေကြီး သဘောတရားကိုပင် နားလည်ဆင်ခြင်နိုင်မှာ မဟုတ်ပေ။ ဒါဆိုသူက ဘယ်လိုလုပ် အဆင့်ချိုးဖြတ်တက်လှမ်းသွားတာလဲ..။

တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်များက ဦးနှောက်ခြောက်မတက်စဥ်းစားကြည့်လျှင်တောင် ကပ်ဘေးသုံးဆင့်နယ်မြေအတွင်းပိုင်းတွင် ဆူဇီမိုတွေ့ကြုံရရှိခဲ့သော အရာများကို သူတို့က စဥ်းစားကြည့်နိုင်လိမ့်မည်မဟုတ်ပေ။

“မူ.... မူလနတ္ထိအဆင့်...”

“သူ.. သူက အဆင့်ချိုးဖြတ်တက်လှမ်းသွားတာလား”

“ဘုရားရေ... ဆူဇီမိုက အဲ့ဒီထဲမှာ ဘယ်လိုမျိုး အခွင့်အလမ်းတွေနဲ့ တွေ့ကြုံခဲ့ရတာပါလိမ့်”

တုန်လှုပ်မှုနှင့် အံ့အားသင့်မှုအသံများက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာခဲ့လေသည်။ ချက်ချင်းပင် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တတပည့်သုံးယောက်သည် ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။

နိုးထဝိညာဥ်နှင့် မူလနတ္ထိအဆင့်ကြား ကွာဟချက်က အဆင့်ကြီးတစ်ဆင့်ဖြစ်ပြီး သူ၏တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် တိုးပွားလာပေလိမ့်မည်။

ဒီ့အရင်ကဆို ဆူဇီမိုသည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ပြန်လည်တိုက်ခိုက်ဖို့အခွင့်အရေး လုံးဝမရှိခဲ့ပေ။

သို့သော် ယခုအခါမှာတော့ သူသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး သူ၏ စွမ်းအားက သူတို့ကို သေချာပေါက် ခြိမ်းခြောက်လာနိုင်ပေတော့မည်။

ထိုအခိုက်အတန့်တွင် သူတို့အားလုံးသည် ဆူဇီမိုက မူလနတ္ထိအဆင့်သို့ ဝင်ရောက်သွားသည်ဆိုလျှင်တောင် သူက အစောပိုင်းအဆင့်မှာပင် ရှိနေသေး​ကြောင်း တွေးမိလာကြလေသည်။ ဆူဇီမိုက သူတို့လေးယောက်ကို ယှဥ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။

သို့သော်လည်း ဤတိုက်ပွဲက အစက သူတို့တွေးထင်ထားသလောက် လွယ်ကူတော့မည်တော့ မဟုတ်ပေ။

ဆူဇီမိုသည် သူ၏ အသက်ကိုစွန့်၍ တိုက်ခိုက်လာမည်ဆိုလျှင် သူနှင့်အတူ သူတို့ထဲမှ တစ်ယောက်ကို ဆွဲခေါ်သွားနိုင်ဖို့ အခွင့်များလေသည်။

ဆူဇီမိုက သူတို့ထဲမှ တစ်ယောက်စနှစ်ယောက်စကို သတ်ဖြတ်ဖို့သာ ရည်ရွယ်ထားခြင်းမဟုတ်သည်ကို သူတို့က နားမလည်ကြသေးပေ။ ဆူဇီမိုက တာအိုအမွေအနှစ်ကုန်းမြေမှာ သူတို့အားလုံးကို မြှုပ်နှံပေးချင်လေသည်။

“ဆူဇီမို.... မင်းရဲ့ ကောင်းကင်ဖြိုခွဲသူက ငါ့လက်ထဲရောက်နေပြီ”

တာအိုသက်ရှိကောင်းကင်စင်ရော်က စိတ်အေးလက်အေးအမူအရာဖြင့် ပြုံးလိုက်လေသည်။

“ဂမ္ဘီရသံလိုက်တောင်ကလည်း တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ လက်ထဲမှာ... မင်းမှာ တခြားဘာလက်နက်ရှိသေးလို့လဲ... မင်းမှာ ဖန်တီးခြင်းကြာပဒုမ္မာအပြင် တခြားဘာရှိသေးလို့လဲ”

“ဒကာဆူ....ခင်ဗျားက ဖန်တီးခြင်းကြာပဒုမ္မာကို ဗုဒ္ဓဂိုဏ်းတွေဆီပြန်ပေးမယ်ဆိုရင် ကျုပ်က ဒီတိုက်ပွဲကနေ နှုတ်ထွက်ပေးနိုင်တယ် “

ကိုယ်တော်ပုံသဏ္ဌာန်မဲ့က မှင်သေသေအမူအရာဖြင့် ပြောလိုက်လေသည်။

“ဗုဒ္ဓတပည့်ဂိုဏ်းသားတွေက လောကီအရေးကိစ္စတွေနဲ့ အမြဲတစ်သီးတစ်ခြား နေလေ့ရှိတယ်... အခြားသူတွေရဲ့တိုက်ပွဲမှာ ကျုပ်က ဝင်ရောက်မစွက်ဖက်ချင်ဘူး... ဒါပေမယ့်လို့ အဲ့ဒီရတနာက ခင်ဗျားလို မိစ္ဆာသားရဲတစ်ယောက်လက်ထဲမှာ ရောက်နေတာကိုတော့ကျုပ်က ကြည့်မနေနိုင်ဘူး”

သူ၏ စကားလုံးများက ဖြောင့်မတ်မှန်ကန်သယောင် ရှိသော်လည်း အလွန်တရာကြောင်သူတော်ယောင် ဆောင်နေလေသည်။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများပင်လျှင် စက်ဆုပ်ရွံရှာသည့်ပုံပေါက်လာလေသည်။

ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကို ထုတ်ပေးလိုက်မည်ဆိုလျှင် ကိုယ်တော်ပုံသဏ္ဌာန်မဲ့က တိုက်ပွဲကနေ ထွက်ခွာကောင်း ထွက်ခွာသွားနိုင်လေသည်။ သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာမရှိပါက ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားမှာဖြစ်ပြီး သူက တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားနှစ်ယောက်၏ သတ်ဖြတ်ခြင်းကို သေချာပေါက်ခံရပေလိမ််မည်။

ထိုသို့ဆိုလျှင် ကိုယ်တော်ပုံသဏ္ဌာန်မဲ့သည် ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိရုံသာမက သူက နာမည်ကောင်းကိုပင် ရရှိနိုင်လေသည်။

ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ အတွေးအကြံက လက်ရှိကျင့်ကြံသူများထံကနေ မဖုံးကွယ်နိုင်ပေ။

“ဟားဟားဟားဟား.... မင်းက ဖန်တီးခြင်းကြာပဒုမ္မာကို လိုချင်တယ်ပေါ့လေ...”

ဆူဇီမိုကဟားတိုက်ရယ်မောလိုက်လေသည်။ သူက ကိုယ်တော်ပုံသဏ္ဌာန်မဲ့ကို ငုံ့ကြည့်ပြီး သူ၏အပြုံးကိုရုပ်သိမ်းကာ အေးစက်စွာဖြင့် ပြောလိက်လေသည်။

“ကောင်းပြီလေ မင်းကို ငါက အဲ့ဒါပေးရမှာပေါ့...”

ထိုသို့သူပြောလိုက်သည့်အချိန်မှာပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်လျှပ်စီးများက တဖျပ်ဖျပ်လက်လာပြီး သူ၏နောက်ကျောတွင် ဓမ္မစွမ်အားတောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့လေသည်။ သူက လျှပ်စီးအလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့လေသည်။

မည်ကာမတ္တတပည့် လေးယောက်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့နေပြီး အရင်ဦးစွာစ၍ တိုက်ခိုက်လိုက်လေသည်။

ဆူဇီမို လှုပ်ရှားလိုက်သည့်ခဏမှာပင် မည်ကာမတ္တတပည့် လေးယောက်ကလည်း ချက်ချင်းတုံ့ပြန်လိုက်ကြလေသည်။

နောက်ထပ်ဆေဘာတစ်လက်က တာအိုသက်ရှိကောင်းကင်စင်ရော်၏ လက်ထဲမှာ ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒါက ဆူဇီမို၏ ကောင်းကင်ဖြိုခွဲသူပင် ဖြစ်လေသည်။

ကောင်းကင်ဖြိုခွဲသူက ဆူဇီမို၏ မူပိုင်ဓမ္မလက်နက်မဟုတ်သည့်အတွက် တာအိုသက်ရှိကောင်းကင်စင်ရော်က အဲ့ဒါကို အရန်သင့်အသုံးပြုနိုင်လေသည်။

ယခုအခါ သူ့လက်ထဲတွင် ဆေဘာနှစ်လက်ရှိလာခဲ့လေပြီ။

“ကြယ်ဝိုင်းပတ်လ”

မူလဓမ္မဆေဘာနှစ်လက်ကို ကိုင်ထားရင်း တာအိုသက်ရှိကောင်းကင်စင်ရော်သည် ဆူဇီမို၏ နောက်ကျောဆီသို့ ခုတ်ချက်နှစ်ချက် ထုတ်ဖော်လိုက်လေသည်။

မိုးကောင်းကင်ထက်ကနေ ဧရာမကြယ်တာရာကောင်းကင်တစ်ခုက ပေါ်ထွက်လာလေသည်။ မရေမတွက်နိုင်သောကြယ်များက တဖျပ်ဖျပ်တလက်လက်တောက်ပလာပြီး အကန့်သတ်မဲ့သော ကြယ်အလင်းများကို သူတို့ရှေ့သို့ ဖြန်းပက်လာစေလေသည်။

ကြယ်များက ထွက်ပေါ်လာခဲ့လေသည်။

ဆေဘာအလင်းတန်းက စူးရှ၍ အေးစက်နေလေသည်။ ကြယ်အလင်းများ၏ လွှမ်းခြုံမှုအောက်တွင် အဲ့ဒါက တောက်ပသော လနှစ်စင်းအဖြစ် ပြောင်းလဲသွားပြီး လေထုကို ဆုတ်ဖြဲ၍ ဆင်းသက်လာခဲ့လေသည်။

အဲ့ဒါကအရမ်းကို တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်လေသည်။

လပြည့်ဝန်းနှစ်ခုသည် မိုးကောင်းကင်ထက်ကနေ ပြုတ်ကျလာပြီး ဆူဇီမိုထံဆီသို့ ပြေးဝင်လာသည်ဟု ထင်ရလေသည်။ အဲ့ဒါက မိုးကောင်းကင်၏ အမျက်ဒေါသဖြစ်ပြီး ရပ်တန့်လို့မရနိုင်ပေ။

ဝှီးဝှီး...

တာအိုသက်ရှိမိုးကြိုးလေပြေသည် သူ၏တူကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်လေသည်။ တူ၏ ဘေးပတ်လည်တွင် လေပွေမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

လေပွေမုန်တိုင်းသည် သူ့ကို လှည့်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော လေဆင်နှာမောင်းအသွင် ပြောင်းလဲသွားလေသည်။ အဲ့ဒါက အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ရွေ့လျားလာလေသည်။

၎င်းဖြတ်သွားရာနေရာတိုင်း အသက်ဓာတ်အားလုံးက ဖျက်ဆီးခံရနိုင်သည့်အလား ကျောက်ခဲနှင့်သဲများက မိုးပေါ်သို့ လွင့်ပျံ၍ ရွှံ့ခဲများက ကပြောင်းကပြန်ဖြစ်ကုန်လေသည်။

တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာသည် သူ၏အရိုးလှံတံကို လွှဲယမ်းပြီးအကန့်အသတ်မဲ့သော ဆိုးယုတ်ချီများကို တလိပ်လိပ်တက်လာစေကာ လေထဲတွင် ကြောက်စရာကောင်းသည့် ဦးခေါင်းတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားစေလေသည်။

အနက်ရောင်ဆိုးယုတ်ချီဦးခေါင်းသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ဆူဇီမိုကို ရက်ရက်စက်စက် ကိုက်ချလာလေသည်။

မည်ကာမတ္တတပည့် သုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာလေသည်။

တာအိုသက်ရှိလျှို့ဝှက်မရဏကလည်း အနီးနားမှာ ရှိနေနိုင်လေသည်။ သူက ထွက်ပေါ်မလာသေးသော်လည်း သေကွင်းသေကွက်ကို အချိန်မရွေးတိုက်ခိုက်လာနိုင်လေသည်။

သူ့ရှေ့ရှိ မြင်ကွင်းသည် လွန်ခဲ့သည့် ရက်နှစ်ဆယ်က ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် သူတို့လေးယောက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသော ပုံစံနှင့် အလွန်တရာဆင်တူနေလေသည်။

ဒါ့အပြင် တာအိုသက်ရှိကောင်းကင်စင်ရော်နှင့် အခြားမည်ကာမတ္တပည့်နှစ်ယောက်၏ တိုက်ခိုက်မှုများက အရင်ကထက်ပို၍ ကြောက်စရာကာင်းလာလေသည်။ သူတို့က ယခုချိန်တွင် သူတို့၏ ခွန်အားကုန်ကို ထုတ်သုံးလာကြသည်မှာ သိသာလေသည်။

အဲ့ဒါက မွန်းကျပ်ဖွယ်ရာကောင်းလေသည်။

ဘေးကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများပင်လျှင် ရင်တထိတ်ထိတ်ဖြစ်လာပြီး မွန်းကျပ်လာကြလေသည်။

အဲ့ဒါက မည်ကာမတ္တတပည့်တွေရဲ့စွမ်းအားပါလား...

ဓမ္မဝိသေသတာအိုအရှင်များပင်လျှင် ဤကဲ့သို့သော ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ​ကြာကြာတောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

ကိုယ်တော်ပုံသဏ္ဌာန်မဲ့၏ အမူအရာက တည်ငြိမ်နေပြီး သူက ကြောက်ရွံ့ထိတ်လန့်ခြင်း လုံးဝမရှိပဲ သူ့လက်ထဲရှိ သစ်သားလက်ရိုက်တံဖြင့် လွှဲရိုက်ချလိုက်လေသည်။

ဒေါင်....

သစ်သားငါးထံမှ အသံက ထွက်ပေါ်လာခဲ့လေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ရင်ထဲမှာ ဒိန်းခနဲ ဆောင့်တက်သွားလေသည်။

များစွာသော ကျင့်ကြံသူများသည် သူတို့၏ ရင်ဘတ်ကိုဖိပြီး အလွန်တရာနာကျင်သော အမူအရာဖြင့် နောက်သို့ ဒယီးဒယိုင်ဆုတ်လိုက်ကြလေသည်။

ဤကဲ့သို့သော ကြီးမားသည့်တိုက်ပွဲတစ်ပွဲမှာ ပွဲကြည့်ပရိတ်သတ်များပင်လျှင် သူတို့၏ အသက်ကို ပေးဆပ်ရနိုင်လေသည်။

ခပ်ဝေးဝေးမှ စောင့်ကြည့်နေသော ကျင့်ကြံသူများပင် ထိုသို့ဆိုလျှင် တိုက်ခိုက်မှု၏အလယ်မှာ တစ်ယောက်တည်းရင်ဆိုင်နေရသော ဆူဇီမိုအပေါ် မည်မျှထိသက်ရောက်မှုရှိနေမလဲ စဥ်းစားကြည့်ဖို့ ခက်ခဲလေသည်။

ကြောက်စရာကောင်းသည့်အချက်မှာ မည်ကာမတ္တတပည့်သုံးယောက်၏ တိုက်ခိုက်မှုများသည် အလွန်တရာစွမ်းအားကြီးစွာဖြင့် ထိုသူ့ထံသို့ စုပြုံကျဆင်းလာခြင်းပင်။

ဆူဇီမိုသည် သူတို့လေးယောက်ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်သည့် တိုက်ခိုက်ရည်ခွန်အားနှင့် နည်းလမ်းများကို မထုတ်ဖော်နိုင်သရွေ့ သူက ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။

“သတ်...”

ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်ကာ သစ်သားငါးရုပ်ထံမှလာသောအသံကို ချေဖျက်ပစ်လိုက်လေသည်။

“ကတုံးပြောင်ကိုယ်တော်... ဒါက ဖန်တီးခြင်းကြာပဒုမ္မာပဲ... အဲ့ဒါကို မင်းလက်မခံနိုင်မှာပဲ ငါစိုးရိမ်မိတယ်...”

ဆူဇီမိုက ဟိန်းဟောက်၍ သူ၏နှာရောင်က တောက်ပသွားလေသည်။ အစိမ်းရောင်အရိပ်တစ်ခုက ပေါ်ထွက်လာပြီး အဲ့ဒါက မြစိမ်းရောင်ဖြင့် တောက်ပရွှန်းလဲ့နေသော ကြာပန်းတစ်ခုအဖြစ်ပြောင်းလဲသွား​​လေသည်။

အဲ့ဒါက ကြာခုံတစ်ခုသာလျှင် မဟုတ်တော့ဘဲ အဲ့ဒီမှာ ကြာရွက်နှင့် ရိုးတံများပါ ပါရှိနေခဲ့လေသည်။

အဲ့ဒါက ဖန်တီးခြင်းကြာပဒုမ္မာ၏ ပုံသဏ္ဌာန်အပြည့်အစုံဖြစ်လေသည်။

All Chapters