← Chapters

မည်ကာမတ္တတပည့်များကို ခွေးသတ်သလို သတ်ဖြတ်ခြင်း

Vol. 69 Ch. 1029

မည်ကာမတ္တတပည့်များကို ခွေးသတ်သလို သတ်ဖြတ်ခြင်း

Vol. 69 Ch. 1029

တစ်ခဏအတွင်းမှာပင် ကိုယ်တော်ပုံသဏ္ဌာန်မဲ့နှင့် တာအိုသက်ရှိဆိုးယုတ်မြေကမ္ဘာ.. မည်ကာမတ္တတပည့်နှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။

ကပ်ဘေးသုံးဆင့်နယ်မြေအပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ များစွာသော ကျင့်ကြံသူများသည် ဆူဇီမိုကို တစ္ဆေတစ်ကောင်အလား တုန်လှုပ်ချောက်ချားစွာဖြင့် ငေးကြည့်နေကြလေသည်။

ရက်နှစ်ဆယ်မျှသာကြာပြီး ပြန်ထွက်လာသော ဆူဇီမိုသည် ဤမျှအထိ လွှမ်းမိုးခြယ်လှယ်လာနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

မည်ကာမတ္တတပည့်လေးယောက်က အတူပူးပေါင်းပြီး တာအိုသက်ရှိလျှို့ဝှက်မရဏက ပုန်းကွယ်၍ တိုက်ခိုက်ဖို့စောင့်ဆိုင်းနေခဲ့လေသည်။ သို့သော်လည်း ထွက်ပေါ်လာသောရလဒ်က မည်ကာမတ္တတပည့်နှစ်ယောက် သေဆုံးသွားခြင်းပင်။

သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားက အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့လေပြီ။

များစွာသော ကျင့်ကြံသူများသည် တူညီသောအတွေးများရှိနေကြလေသည်။

အဲ့ဒါက သူတို့သာလျှင်မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိ မိုးကြိုးလေပြေတို့၏ မျက်လုံးများထဲတွင်ပါ တုန်လှုပ်မှုများက ပြည့်နှက်လာခဲ့လေသည်။

“ဒီရေကတော့... သူ့ဘက်မှာပါနေပြီ တာအိုအမွေအနှစ်ကုန်းမြေမှာ ဘယ်သူကများ သူ့ကိုဖိနှိမ်နိုင်ဦးမှာလဲ..”

ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်စလုံး၏ စိတ်နှလုံးက တုတ်လှုပ်ချောက်ချားလာခဲ့လေပြီ။

ဆူဇီမို၏ လက်ထဲတွင် သေဆုံးခဲ့ရသော မည်ကာမတ္တတပည့် လေးယောက်အထိ ရှိလာခဲ့လေပြီ။

မည်ကာမတ္တတပည့်များ၏ သွေးဖြင့်ပေးဆပ်ပြီး ဒီရေက သူ့ဘက်မှာ အလေးသာလာခဲ့လေပြီ။ သူ၏ ပြိုင်ဘက်ကင်းအော်ရာကို ဘယ်သူကများ ယှဥ်နိုင်ဦးမှာလဲ။

သားသတ်သမားတစ်ယောက်သည် ခွေးများစွာကို သတ်ဖြတ်သောအခါ သူ၏ ဘေးပတ်လည်တွင် မမြင်နိုင်သော အော်ရာတစ်ခုက ဖြစ်ပေါ်လာပေလိမ့်မည်။ အသိဉာဏ်အနည်းငယ်ရှိသော မည်သည့်ခွေးမဆို ထိုအော်ရာကို အာရုံခံမိသွားသည်နှင့် အနားသို့ ချည်းကပ်ရဲလိမ့်မည်မဟုတ်ပေ။

သားသတ်သမားက မျက်လုံးတစ်ချက်ပြူးပြလိုက်သည်နှင့် ထိုခွေးသည် အမြီးတန်းအောင် ထွက်ပြေးရပေလိမ့်မည်။

သို့သော် ယခုအခါမှာတော့ ဆူဇီမိုသည် မည်ကာမတ္တတပည့်များကို သတ်ဖြတ်နေခြင်းဖြစ်လေသည်။

သူသည် မည်ကာမတ္တတပည့်များကို ခွေးသတ်သလို သတ်ဖြတ်နေခြင်း ဖြစ်လေသည်။

သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို သတ်ဖြတ်လိုက်သည့် တစ်ချိန်တည်းမှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာအားနည်းလာပြီး မူးဝေဝေဖြစ်လာခဲ့လေသည်။

သူက နေရာမှာပင် မလှုပ်မယှက်ရပ်နေလေသည်။

တကယ်တော့... ဤအချိန်သည် တာအိုသက်ရှိမိုးကြိုးလေပြေ ၊ တာအိုသက်ရှိ ကောင်းကင်စင်ရော်နှင့် တာအိုသက်ရှိ လျှို့ဝှက်မရဏတို့ တိုက်ခိုက်ဖို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်လေသည်။

ကံမကောင်းစွာနှင့်ပင် သူတို့သုံးယောက်သည်လည်း တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာ၏ သေဆုံးမှုမြင်ကွင်းမှာ မှင်တက်နေကြလေသည်။သူတို့သည် တွေဝေတုံ့ဆိုင်းနေကြပြီး တိုက်ခိုက်ခြင်းမရှိသလို နောက်ဆုတ်ခြင်းလည်းမရှိကြပေ။

ဆူဇီမိုသည် ခဏမျှငြိမ်သက်နေပြီးနောက် ငေးငိုင်နေရာကနေ နိုးထလာလေသည်။ သူက ဆေးလုံးအချို့ကို မျိုချပြီး ဂမ္ဘီရသံလိုက်တောင်ကို သိမ်းဆည်းကာ တာအိုသက်ရှိ ကောင်းကင်စင်ရော်ထံသို့ အေးစက်ခက်ထန်သောအကြည့်နှင့်အတူ လျှောက်လှမ်းလာလေသည်။

သူတို့သုံးယောက်က တွေဝေတုံ့ဆိုင်းနေသော်လည်း ဆူဇီမိုက ပြတ်သားသော လူတစ်ယောက်ဖြစ်လေသည်။

မည်ကာမတ္တတပည့်များသည် သူတို့၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ သူ့ကို သတ်ဖြတ်ဖို့အတွက် တာအိုအမွေအနှစ်ကုန်းမြေမှာ အတူပူးပေါင်းခဲ့ကြလေသည်။နတ်ဆိုးမကျိနှင့် မင်းကျန်က သေလုနီးပါးဖြစ်ခဲ့ရပြီး ကံကောင်းစွာနှင့် အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

သူသည် ကပ်ဘေးသုံးဆင့်နယ်မြေကနေ လျှောက်လှမ်းထွက်လာသည့် အချိန်မှာပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ဖို့ပြင်ဆင်ထားခဲ့လေပြီ။

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ဘာပဲပြောပြော မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်ပြီး ဆူဇီမိုလျှောက်လှမ်းလာသည်ကိုမြင်သောအခါ သူ၏ စိတ်ကိုလျင်မြန်စွာ တည်ငြိမ်စေလိုက်လေသည်။

သူ၏ မျက်လုံးထဲတွင် ကြယ်အလင်းရောင်က တဖျပ်ဖျပ်လက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် အသွင်ပြောင်းလာခဲ့လေသည်။

“ဆူဇီမို.... မင်းက အခုမှ မူလနတ္ထိအဆင့်ကို ဝင်ရောက်လာတာ... မင်းက ဆက်တိုက်တိုက်ခိုက်ပြီးတဲ့နောက် မင်းမှာ ခွန်အားနဲ့ နည်းလမ်းဘယ်လောက်များများ ကျန်ဦးမှာလဲ...”

တာအိုသက်ရှိ ကောင်းကင်စင်ရော်က လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် ဟိန်းဟောက်လိုက်လေသည်။ သူ၏ စကားလုံးများက တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် တာအိုသက်ရှိ လျှို့ဝှက်မရဏတို့ကို သတိပေးနေခြင်းလည်း ဖြစ်ပေသည်။

သူသည် သူတို့နှစ်ယောက်ကို ပြတ်သားစေချင်ပြီး ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် အတူပူးပေါင်း တိုက်ခိုက်စေချင်လေသည်။

“မင်းကို သတ်ဖို့အတွက်တော့ လုံလောက်တာပေါ့”

ဆူဇီမိုက ခက်ထန်ကြမ်းကြုတ်သော အော်ရာတစ်ခုနှင့်အတူ တာအိုသက်ရှိ ကောင်းကင်စင်ရော်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဖန်တီးခြင်းကြာပဒုမ္မာက ဝင်းလက်တောက်ပလာပြီး လေထုကို ဆုတ်ဖြဲ၍ ကစဉ့်ကလျားချီစီးကြောင်းများကို တာအိုသက်ရှိ ကောင်းကင်စင်ရော်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်က တုန်လှုပ်သွားရလေသည်။

စိမ်းစို၍ ကြည်လင်နေသော ကြာပန်းသည် နူးညံသည်ဟုထင်ရသော်လည်း ၎င်း၏ စွမ်းအားက ကြောက်စရာကောင်းလွန်းပြီး မူလတာအိုသက်ရှိဓမ္မလက်နက်များကိုပင် ချေမွပစ်နိုင်လေသည်။

စွမ်းအားကြီးသော ဓမ္မလက်နက်တစ်ခုက ကျင့်ကြံသူတစ်ယောက်၏ခွန်အားကို ဘယ်လောက်တောင် တိုးမြှင့်ပေးနိုင်သလဲဆိုတာ သက်သေတစ်ခုပင် ဖြစ်လေသည်။

များသောအားဖြင့် စွမ်းအားကြီးသော ဓမ္မလက်နက်တစ်ခုသည် သူတို့ထက် ကျင့်ကြံမှုအဆင့်မြင့်သော ကျင့်ကြံသူများကိုပင် သတ်ဖြတ်ဖို့အတွက် ကူညီပေးနိုင်လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မျက်လုံးသည် တည်ငြိမ်သော အမူအရာဖြင့် တဖျပ်ဖျပ်လက်သွားလေသည်။ သူက သူ့ဂိုဏ်း၏ ရှေးဟောင်းအမွေအနှစ် ကြယ်တာရာဆင်ဆေဘာကို စတင်လှည့်ပတ်လိုက်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ခုတ်ပိုင်းလိုက်လေသည်။ ပြီးနောက် သူက ကောင်းကင်ဖြိုခွဲသူကို သူ၏အခြားလက်တစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ပြီး ဆူဇီမို၏ ရင်ဘတ်ဆီသို့ ပစ်ထိုးလိုက်လေသည်။

ဆေဘာစိတ်ဆန္ဒက ထွက်ပေါ်လာခဲ့လေသည်။

ကြယ်တာရာဆင်ဆေဘာသည် မူလတာအိုသက်ရှိဓမ္မလက်နက်တစ်ခုပင်ဖြစ်သော်လည်း အဲ့ဒါက ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ပြီး ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် အဲ့ဒါကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်လိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ တန်ပြန်တိုက်ခိုက်မှုသည် အသည်းအသန်ခုခံရုံမျှသာမဟုတ်ဘဲ ကောင်းကင်ဖြိုခွဲသူဖြင့် ပြန်လည်တိုက်ခိုက်ခြင်းလည်း ပါရှိပေသည်။

ကြီးမားသည့် ကြယ်နှစ်စင်းက တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မျက်လုံးထဲမှာ ပေါ်ထွက်လာပြီး သူ၏ သူငယ်အိမ်နေရာမှာ အစားဝင်ရောက်လိုက်လေသည်။

ရုတ်တရက်ဆိုသလို... တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မျက်လုံးထဲမှ ကြယ်အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမို၏ မျက်နှာဆီသို့ တိုးဝင်လာခဲလေသည်။

ကြယ်တာရာမျက်လုံး.....

အဲ့ဒါက ကောင်းကင်စင်ရော်ဂိုဏ်း၏ အမွေအနှစ်စက္ခုနည်းစနစ်တစ်ခုဖြစ်ပြီး အလွန်တရာစွမ်းအားကြီးလေသည်။

ဆူဇီမိုသည် မည်ကာမတ္တတပည့်လေးယောက်ကို သတ်ဖြတ်ပြီး ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို ပိုင်ဆိုင်လာသော်လည်း တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ကြောက်ရွံ့မှုကို မပြဘဲ သူ၏ စွမ်းအားကြီးသော တန်ပြန်တိုက်ခိုက်မှုဖြင့် သူ၏ ဝှက်ဖဲများကို ထုတ်ဖော်လိုက်လေသည်။

ထိုသည်ကိုမြင်သောအခါ တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မျက်လုံးများက လျှပ်စီးများဖြင့် တဖျပ်ဖျပ်လက်သွားလေသည်။ သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ဆုံးဖြတ်ချက်တစ်ခုချကာ ဆူဇီမို၏ ဘေးဘက်ကနေ ပြေးဝင်လာခဲ့လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ နည်းလမ်းများက မွန်းကျပ်ဖွယ်ရာကောင်းလေသည်။

ဘာပဲပြောပြော အဲ့ဒီမှ ဖန်တီးခြင်းကြာပဒုမ္မာက တစ်ခုသာရှိလေသည်။ သူတို့နှစ်ယောက်က ကောင်းကောင်းချိတ်ဆက်မိနိုင်မည်ဆိုလျှင် သူတို့သည် ဆူဇီမိုကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ မျက်လုံးထဲမှ ကြယ်အလင်းရောင်က ထွက်ပေါ်လာသည့်အချိန်မှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးက ဓားအလင်းရောင်ဖြင့် တောက်ပလာခဲ့လေသည်။ ဓားအလင်းများက ဓားဝင်္ကပါတစ်ခုကို လေထဲမှာဖြစ်ပေါ်လာစေလေသည်။

အဲ့ဒါက မီးပဒေသာဓားဝင်္ကပါဖြစ်လေသည်။

ကြယ်အလင်းကဆင်းသက်လာပြီး ဓားဝင်္ကပါနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်လေသည်။

ဓားဝင်္ကပါက ချက်ချင်းပျက်ပြယ်သွားပြီး ကြယ်အလင်းရောင်ကလည်း ပြန့်ကြဲသွားလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် သူ၏ အမြင်အာရုံက ဝေဝါးသွားသည်ဟုခံစားရပြီး သူ၏ မျက်လုံးကို အလိုလိုမှေးကျဥ်းလိုက်ရလေသည်။

သူ၏မျက်လုံးကို တစ်ဖန်ပြန်ဖွင့်လိုက်အခါ သူ၏ ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုဖြင့် ဆွဲယူခြင်းခံရသည့်အလား ဘေးဘက်သို့ ယိုင်ကျသွားလေသည်။

ဆေဘာနှစ်လက်သည် သူ့လက်ထဲကနေ ထွက်ခွာချင်နေပုံရပြီး သူစုဖွဲ့ထားသော ဆေဘာစိတ်ဆန္ဒကလည်း ချက်ချင်းပင် ပျက်ပြယ်သွားရလေသည်။

ဆူဇီမို၏ ဘေးဘက်တွင် မီးခိုးရောင်တောင်ထွတ်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုကို ထုတ်ပေးနေပြီး တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာနှစ်လက်ကို ဆွဲငင်ယူနေလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေက ဆူဇီမိုနောက်သို့ ရောက်ရှိလာသည့်အချိန်မှာပင် သူ့လက်ထဲရှိတူက စောင်းငဲ့၍ သူ့ကို ဒယီးဒယိုင်ဖြစ်သွားစေလေသည်။ ဂမ္ဘီရသံလိုက်တောင်က သူ့ကိုတရွတ်တိုက် ဆွဲယူလုနီးပါးပင်။

အဲ့ဒါက ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင်ဖြစ်လေသည်။

တာအိုသက်ရှိ ဆိုးယုတ်မြေကမ္ဘာကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ထိုရတနာကို ပြန်လည်ရယူနိုင်ခဲ့လေသည်။ အဲ့ဒါကို အရေးပေါ်အခြေအနေမှာ ထုတ်ဖော်ခြင်းဖြင့် သူသည် မည်ကာမတ္တတပည့်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ချက်ချင်းပင်သွေဖယ်သွားစေနိုင်လေသည်။

မည်ကာမတ္တတပည့်နှစ်ယောက်၏ တိုက်ခိုက်မှုများက ရပ်တန့်သွားလျှင်တောင် ဆူဇီမို၏ လှုပ်ရှားမှုများက လုံးဝရပ်တန့်သွားခြင်းမရှိပေ။

ကျောက်စိမ်းရောင်ကြာခုံက ​ပျံသန်းလာပြီး တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဦးခေါင်းကို ပစ်တိုက်လာလေသည်။ ထိုအခိုက်အတန့်တွင် တာအိုသက်ရှိ ကောင်းကင်စင်ရော်က ဆေဘာနှစ်လက်ကို ဆုပ်ကိုင်ထားပြီး ထိုဆေဘာနှစ်လက်က ဂမ္ဘီရတောင်၏ ဆွဲငင်ခြင်းကို ခံနေရလေသည်။ သူက ရွှံ့ညွန်တစ်ခုထဲမှာ ရောက်ရှိနေသည့်အလားပင်။ သူက အဲ့ဒါကို လက်မလွှတ်ဘူးဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာကို ရှောင်နိုင်တော့မည်မဟုတ်ပေ။

သို့သော်လည်း သူက အဲ့ဒါကို လက်လွှတ်လိုက်မည်ဆိုလျှင် သူ၏ မူလဓမ္မလက်နက်နှစ်ခုကို ဆုံးရှုံးရပေလိမ့်မည်။ တစ်ခဏအတွင်းမှာပင် တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။ သူက သူ၏လက်ကိုဖြေလျှော့ပြီး သူ၏ မူလဓမ္မလက်နက်နှစ်ခုကို စွန့်လွှတ်၍ နောက်သို့ခုန်ဆုတ်လိုက်လေသည်။

ထိုစဥ်မှာပင် ဆူဇီမို၏ မျက်လုံးထဲမှ ထူးဆန်းသော အနက်ရောင်အလင်းတစ်ခုက တောက်ပလာခဲ့လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် အငိုက်မိသွားပြီး ဆူဇီမိုနှင့် အကြည့်ချင်းဖလှယ်မိလိုက်လေသည်။ သူ၏စိတ်က ခဏမျှ ဗလာကျင်းသွားခဲ့လေသည်။

ကောင်းကင်ဘုံမိစ္ဆာမျက်လုံး.....

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ စိတ်ဝိညာဥ်အသိစိတ်ထဲတွင် ကြယ်အလင်းရောင်များက ဝင်လက်တောက်ပလာပြီး ကြီးမားသည့် လှိုင်းလုံးများကို ဖြစ်ပေါ်လာစေလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ချက်ချင်းပင် ပြန်လည်နိုးထလာခဲ့လေသည်။

နောက်ထပ်စက္ခုနည်းစနစ်တစ်ခု....

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ချွေးစေးများထွက်လာခဲ့လေသည်။

အဲ့ဒါက အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူတို့သည် ကောင်းကင်ဘုံမိစ္ဆာမျက်လုံး၏ ထိန်းချုပ်ခြင်းမခံရလျှင်တောင် သူတို့သည် ဒီလောက်မြန်မြန် နိုးထလာနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ထိုသို့ အနည်းငယ် နှောင့်နှေးကြန့်ကြာမှုဖြင့် ဖန်တီးခြင်းကြာပဒုမ္မာ၏ တိုက်ခိုက်မှုစက်ဝန်းကနေ ထွက်ပြေးလွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။

သူသည် သူ၏ခါးဆီသို့ လက်လှမ်းပြီး ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲသီးတစ်ခုကို ချိုးချေလိုက်လေသည်။

ရွှစ်...

တဖျပ်ဖျပ်တလက်လက်အလင်းရောင်များက ထွက်ပေါ်လာပြီး သူ့ကိုလွှမ်းခြုံသွားခဲ့လေသည်။

ကာကွယ်ရေးဓမ္မလက်နက်....

ဘုန်း....

ကာကွယ်ရေးဓမ္မလက်နက်ဖြစ်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ဖန်တီးခြင်းကြာပဒုမ္မာက အဲ့ဒါကို ပြင်းထန်စွာပစ်တိုက်လိုက်လေသည်။

ချပ်… ချပ်.....ချပ်...

ဖန်တီးခြင်းကြာပဒုမ္မာသည် တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ကာကွယ်ရေးဓမ္မလက်နက်၏ အကာအရံအလွှာကို ကြေမွသွားစေလေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်က ထိုအခွင့်အရေးကို ချိန်ဆပြီး နောက်သို့ ခုန်​ဆုတ်နိုင်ခဲ့လေသည်။ ဆူဇီမိုက သူ၏လက်ကောက်ဝတ်ကို လှုပ်ခါပြီး ဖန်တီးခြင်းကြာပဒုမ္မာကို လည်ပတ်သွားစေလေသည်။

နူးညံ့ပျော့ပျောင်းသည်ဟု ထင်ရသော ​ကြာရွက်သည် တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ လည်ပင်းကို ညင်သာစွာပွတ်သပ်သွားလေသည်။

ရွှက်....

သွေးစီးကြောင်းတစ်ခုက ပန်းထွက်လာခဲ့လေသည်။ တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဦးခေါင်းသည် တိကျ​သေသပ်စွာ လှီးဖြတ်ခံလိုက်ရလေသည်။

ကြာရွက်၏ အနားစောင်းက ဓမ္မလက်နက်များထက် ပို၍ထက်ရှနေလေသည်။

All Chapters