← Chapters

လိုက်လံဖမ်းဆီးခြင်း

Vol. 69 Ch. 1030

လိုက်လံဖမ်းဆီးခြင်း

Vol. 69 Ch. 1030

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် အတွေ့အကြုံနှင့်ဗဟုသုတကြွယ်ဝသော မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်သော်လည်း သူသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့်ပတ်သက်၍ ဘာမှမသိပေ။

ပြောရမည်ဆိုလျှင် ကျင့်ကြံရေးလောကတွင် ဖန်တီးခြင်းကြာပဒုမ္မာနှင့်ပတ်သက်၍ သိသောသူက များများစားစား မရှိပေ။

တာအိုသက်ရှိ ကောင်းကင်စင်ရော်သည် ပါးလွှာ၍ ကြည်လင်နေသော ကြာရွက်ကလေးက ဤမျှ​ကြောက်စရာကောင်းသည့် သေစေနိုင်စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်မထားမိပေ။

ဤသတ်ဖြတ်ခြင်းနည်းလမ်းက တကယ့်ကို ဆန်းကြယ်ပြီး ကျိုး​ကြောင်းဆီလျော်မှုမရှိပေ။

သို့သော်လည်း ရလဒ်က အရမ်းကို ရက်စက်ကြမ်းတမ်းလေသည်။ သူ၏ ဦးခေါင်းက ပြတ်တောက်သွားပြီး သူ၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရလေသည်။

ဦးခေါင်းထဲကနေ သေးငယ်၍ တောက်ပနေသော လူလေးတစ်ယောက်က ပျံသန်းထွက်လာခဲ့လေသည်။ တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ အမြုတေစိတ်ဝိညာဥ်က သင်းကွဲခွေးတစ်ကောင်ကဲ့သို့ ထိတ်လန့်တကြား အမူအရာရှိနေပြီး ထွက်ပြေးချင်မိလေသည်။

“ဥုံ.....”

ဆူဇီမိုသည် တာမင်းမန္တန်ကို ရွတ်ဆိုလိုက်လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ အမြုတေစိတ်ဝိညာဥ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး ၎င်းကို လွှမ်းခြုံထားသော အလင်းရောင်က သိဟိသာသာ မှိန်ကျသွားခဲ့လေသည်။

“မာ......”

တာ့မင်းမန္တန်က နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ခန္ဓာကိုယ်သည် နောက်တစ်ဖန်တုန်လှုပ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ အလင်းရောင်က မရှိသလောက်နီးပါ မှိန်ကျသွားခဲ့လေသည်။

“ဏီ......”

“ပါ.....”

ဆူဇီမိုသည် လုံးဝရပ်နားခြင်းမရှိပဲ...တာမင်းမန္တန်မှ ဂါထာစာလုံးလေးလုံးကို ဆက်တိုက်ထုတ်ဖော်လိုက်လေသည်။ သူက တာအိုသက်ရှိ ကောင်းကင်စင်ရော်ကို မည်သည့်အခွင့်အရေးမှ မပေးပေ။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ အမြုတေစိတ်ဝိညာဥ်သည် လေထဲမှာ တဖြည်းဖြည်း ရပ်တန့်သွားခဲ့လေသည်။ သူသည် ခြေလှမ်းလေးလှမ်းသာလှမ်းရသေးခင်မှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့လေသည်။

သူ၏ခန္ဓာကိုယ်၏ ကာကွယ်မှုမရှိသောအခါ သူ၏ အမြုတေစိတ်ဝိညာဥ်သည် တာမင်းမန္တန်မှ ဂါထာစာလုံးလေးလုံး၏ ဆက်တိုက်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ သူ၏ အသက်ဓာတ်က ဆိတ်သုန်းပျောက်ကွယ်၍ လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။

တာအိုသက်ရှိ ကောင်းကင်စင်ရော်က သေဆုံးသွားခဲ့လေပြီ။

အစကလှုပ်လှုပ်ရွရွဖြစ်နေသော လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။

ကျင့်ကြံသူများအားလုံးသည် မမြင်နိုင်သောအော်ရာတစ်ခု၏ ဖိနှိမ်ခြင်းခံထားရသည့်အလား အသက်ကိုပင် ရဲရဲမရှုရဲကြပေ။ ကပ်ဘေးတစ်ခု ကျရောက်လာမည်ကိုစိုးရိမ်၍ သူတို့ထဲ မည်သူကမှ စကားမပြောရဲကြပေ။

တာအိုသက်ရှိ ကောင်းကင်စင်ရော်အပါအဝင် တာအိုအမွေအနှစ်ကုန်းမြေမှာ သေဆုံးခဲ့ရသော မည်ကာမတ္တတပည့် ၅ ယောက်အထိ ရှိလာခဲ့လေပြီ။

ဒါ့အပြင် သူတို့အားလုံးက လူတစ်ယောက်တည်း၏ လက်ထဲမှာသေဆုံးခဲ့ရခြင်းဖြစ်လေသည်။

ပို၍ကြောက်စရာကောင်းသည်မှာ သေဆုံးမည့်အရေအတွက်က တိုးလာဦးမည့်သဘောရှိနေလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေက နောက်ဆုတ်သွားခဲ့လေပြီ။

သူ၏ မျက်နှာပေါ်တွင် နောက်ဆုံးမှာတော့ ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာက ပေါ်ထွက်လာခဲ့လေသည်။ သူသည် ခရမ်းရောင်မိုးကြိုးကျမ်းကို ထပ်၍မလိုချင်တော့ပေ။

သူသည် ဂုဏ်သိက္ခာကျဆင်းရမည်ဆိုလျှင်တောင် ဂရုမစိုက်တော့ပေ။

ယခုအခါသူသည် တာအိုအမွေအနှစ်ကုန်းမြေကနေ အသက်ရှင်လျက်သာ ပြန်ထွက်သွားချင်မိလေသည်။

ဤနေရာက မည်ကာမတ္တတပည့်များ၏ အိမ်မက်ဆိုးဖြစ်လေသည်။

ထိုစဥ်မှာပင် ဆူဇီမိုသည် ဖြည်းဖြည်းချင်းလှည့်၍ သူ၏အကြည့်က တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မျက်နှာပေါ်သို့ ဆင်းသက်လာခဲ့လေသည်။

အဲ့ဒါက ဓားတစ်လက်လို အေးစက်နေပြီး အရိုးထိတိုင် ခိုက်လေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေသည် သူက ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူးဆိုတာ နားလည်သွားခဲ့လေသည်။

“အထီးကျန်သိုင်းသခင်.... ဒီတစ်ခေါက် မင်းသတ်တဲ့လူက အရမ်းများနေပြီ...”

တာအိုသက်ရှိ မိုးကြိုးလေပြေက ရုတ်တရက်ပြောလိုက်လေသည်။

“အို....”

ဆူဇီမိုက မျက်ခုံးပင့်၍ မေးလိုက်လေသည်။

“အဲ့တော့..... ?”

တာအိုသက်ရှိ မိုးကြိုးလေပြေက ပြောလိုက်လေသည်။

“မည်ကာမတ္တတပည့်တွေက ထိပ်သီးဂိုဏ်းကြီးတွေမှာ ဂုဏ်အဆင့်အတန်းအရမ်းမြင့်မားတယ်... ဂိုဏ်းက သာမန်ကျင့်ကြံသူတွေအသက်ခံရမယ်ဆိုရင် ထိပ်သီးဂိုဏ်းကြီးတွေက အရေးလုပ်မှာမဟုတ်ဘူး... ဒါပေမယ့်လို့ မည်ကာမတ္တတပည့်တွေ အသက်ခံရမယ်ဆိုရင်တော့ သူတို့က မင်းကို သေချာပေါက် ခွင့်လွှတ်မှာမဟုတ်ဘူး”

“အခုဆို မင်းလက်ထဲမှာ ကျဆုံးခဲ့ရတဲ့ မည်ကာမတ္တတပည့် ၅ ယောက်အထိ ရှိလာခဲ့ပြီ... အဲ့ဒါ မင်းက ထိပ်သီးဂိုဏ်းကြီး ၅ ဂိုဏ်းကိုဆန့်ကျင်မိသွားပြီလို့ ဆိုလိုတာပဲ...”

“အသွန်းတစ်ရာဂိုဏ်း တစ်ဂိုဏ်းတည်းက မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး... အဆုံးစွန်မီးက ခေါင်းမာနေမယ်ဆိုရင်တောင် ရလဒ်ကတော့ အသွန်းတစ်ရာဂိုဏ်းပါ မင်းနဲ့အတူ ဖျက်ဆီးခံရမှာပဲ...”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး ပြုံးစစဖြင့် မေးလိုက်လေသည်။

“အဲ့တော့.....”

တာအိုသက်ရှိ မိုးကြိုးလေပြေက ဒေါသထောင်းကနဲထွက်သွားလေသည်။

သူသည် စကားများစွာပြောဆိုခဲ့ပါသော်လည်း ဆူဇီမိုက အဲ့ဒါကို လုံးဝအလေးအနက်မထားပေ။

ကျင့်ကြံရေးလောကရှိ သူ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအရ မည်သူကများ သူ့အပေါ် ဤမျှအထိ ရိုင်းပျ၍ အထင်သေးရဲပါ့မလဲ။

သို့သော်လည်း သူသည် သူ၏အမျက်ဒေါသကို လျင်မြန်စွာဖိနှိမ်လိုက်လေသည်။

လက်ရှိအခြေအနေအရ သူသည် အရာရာတိုင်းကိုသည်းခံရပေလိမ့်မည်။

တာအိုသက်ရှိ မိုးကြိုးလေပြေသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်လေသည်။

“အဲ့ဒါကြောင့်... မင်းသတ်ခဲ့တဲ့ မည်ကာမတ္တတပည့် အရေအတွက်ကလုံလောက်တာထက် ပိုနေခဲ့ပြီ... မင်းက ငါ့ကိုပါတိုက်ခိုက်မယ်ဆိုရင် မင်းက ထိပ်သီးဂိုဏ်းကြီး ၆ဂိုဏ်းရဲ့ လက်စားချေမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်... မင်းက အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး”

“အို.....”

ဆူဇီမိုက အလေးထားမှုမရှိပဲ ထီမထင်မျက်နှာဘေးဖြင့် ပြန်မေးလိုက်လေသည်။

“အဲ့တော့ ဘာဖြစ်လဲ... သူတို့ဘယ်လောက်လာလာ ငါက သတ်ပစ်မှာပဲ... ငါက မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေရဲ့ အလောင်းကို နင်းဖြတ်ပြီးမှ ဒီနေ့ဒီအဆင့်ထိ ရောက်ရှိလာခဲ့တာပဲ...”

“ဟင်းဟင်း....”

တာအိုသက်ရှိ မိုးကြိုးလေပြေက ရယ်မောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်... မင်းက ငါပြောချင်တဲ့သဘောကို နားမလည်သေးဘူးထင်တယ်... ထိပ်သီးဂိုဏ်းကြီး ၆ဂိုဏ်းက လက်စားချေလာမယ်ဆိုရင် သူတို့က မင်းနောက်ကိုလိုက်ဖို့ မူလနတ္ထိအဆင့်တွေကို စေလွှတ်မှာမဟုတ်ဘူး... သူတို့က ဓမ္မဝိသေသ နဲ့ ပေါင်းစည်းခန္ဓာအဆင့်တွေကို စေလွှတ်လာလိမ့်မယ်...”

လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ စကားလုံးများက ဆူဇီမိုကိုခြိမ်းခြောက်နေခြင်း သက်သက်မဟုတ်ကြောင်း သူတို့က သိထားလေသည်။

မည်ကာမတ္တတပည့်တစ်ယောက်၏ သေဆုံးမှုက ထိပ်သီးဂိုဏ်းကြီးများအတွက် ကြီးကြီးမားမားကိစ္စတစ်ရပ် သေချာပေါက်ဖြစ်လေသည်။

အဲ့ဒီမှာ ဓမ္မဝိသေသ တာအိုအရှင်များ သို့မဟုတ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီး ပုဂ္ဂိုလ်များပေါ်ထွပ်လာမည်ဆိုလျှင် မထူးဆန်းပေ။

“အဲ့ဒီမှာ ငါနားမလည်နိုင်တဲ့... အချက်တစ်ချက်ရှိတယ်”

ဆူဇီမိုက ပြုံးစစဖြင့် မေးလိုက်လေသည်။

“တာအိုအမွေအနှစ်ကုန်းမြေမှာ မင်းတို့တွေက... ငါ့ကို အတူပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတယ်.. ဒါပေမယ့်လို့ မင်းတို့က ငါ့ရဲ့သတ်ဖြတ်ခြင်းကိုပဲ ခံလိုက်ရတယ်... မင်းတို့ရဲ့ နောက်ကွယ်ကဂိုဏ်းကြီးတွေက ဘယ်လိုတောင်အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ငါ့ကို လက်စားချေဦးမှာလဲ.. သူတို့က ဓမ္မဝိသေသ နဲ့ ပေါင်းစည်းခန္ဓာ တွေကိုတောင် စေလွှတ်ဦးမတဲ့လား....”

တာအိုသက်ရှိ မိုးကြိုးလေပြေသည် သူ၏မျက်နှာက ပူစပ်ပူလောင်ဖြစ်လာသည်ဟု ခံစားလိုက်ရလေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ကျင့်ကြံရေးလောကတွင် အဆင့်တူကျင့်ကြံသူများကြား တိုက်ပွဲတစ်ပွဲမှာ တစ်စုံတစ်ယောက်က သတ်ဖြ​တ်ခံရမည်ဆိုလျှင်တောင် ဂိုဏ်းမှာရှိသည့် ပညာရှင်များက ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။

အကြောင်းမှာ ဤကဲ့သို့သော ကိစ္စများဖြင့် လက်စားလိုက်ချေနေမည်ဆိုလျှင် ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းကြား သို့မဟုတ် အဖွဲ့အစည်းများစွာကြားမှာ စစ်ပွဲတစ်ပွဲပင် ဖြစ်လာနိုင်ပြီး အခြေအနေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာပေလိမ့်မည်။

သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သောရင်နာစရာ သင်ခန်းစာများစွာ ရှိခဲ့ဖူးလေသည်။

အဲ့ဒါကြောင့် ယေဘုယျအားဖြင့် အဆင့်တူမှာရှိသော ကျင့်ကြံသူများတိုက်ခိုက်၍ သူတို့ထဲမှ တစ်ယောက်က သေဆုံးသွားမည်ဆိုလျှင်တောင် အဲ့ဒါက သူတို့၏ စွမ်းရည်မပြည့်ဝမှုကြောင့်သာဖြစ်ပြီး ဂိုဏ်း၏ ပညာရှင်များက ထိုအတွက်လက်စားချေကြလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဆူဇီမို၏ အခြေအနေက ကွဲပြားခြားနားမှုရှိလေသည်။ သူ၏ နောက်တွင် ရှိသည်က ကျဆင်းနေသော အသွန်းတစ်ရာဂိုဏ်းသာလျှင်ဖြစ်လေသည်။

သို့သော်လည်း အသွန်းတစ်ရာဂိုဏ်းသည် တစ်သီးပုဂ္ဂလ လေးအုပ်စုထဲမှ တစ်ခုသာလျှင်ဖြစ်ပေသည်။ အဲ့ဒီမှာ တာအိုအရှင်အဆုံးစွန်မီးလို ပညာရှင်တစ်ယောက် ရှိနေသည်ဆိုလျှင်တောင် သူက အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။

ပိုပြီးအရေးကြီးသည်မှာ ဆူဇီမိုက ထိပ်သီးဂိုဏ်းကြီးများဖြင့် ရန်ငြိုးရန်စရှိနေခဲ့လေပြီ။

သူတို့က ဤကို့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို သေချာပေါက်ကြီးထွားခွင့်ပေးလိမ့်မည်မဟုတ်ပေ။

ထိပ်သီးဂိုဏ်းကြီးများသည် နောက်နောင်ဖြစ်ပေါ်လာမည့် ပြဿနာများကို စိုးရိမ်၍ သေချာပေါက် အရေးယူကိုင်တွယ်လာပေလိမ့်မည်။

ထိုကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်က ဓမ္မဝိသေအဆင့်သို့ဝင်ရောက်သွားမည်ဆိုလျှင် ကျင့်ကြံရေးလောကမှာ သူ့ကို နှိမ်နှင်းနိုင်သည့်သူက များများစားစားရှိတော့မည်မဟုတ်ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းက... ဂိုဏ်းတွေအများကြီးကို ဆန့်ကျင်ခဲ့ပြီးပြီ မင်းက မိုးကြိုးလေပြေနန်းတော်ရဲ့ အမျက်ဒေါသကိုပါ ဆက်ပြီး ခံယူဖို့က အဆင်မပြေနိုင်တော့ဘူး”

တာအိုသက်ရှိ မိုးကြိုးလေပြေက လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။

သူသည် စကားကို လှအောင်ပြောနေသော်လည်း တာအိုသက်ရှိမိုးကြိုးလေပြေသည် အသနားခံတောင်းပန်နေခြင်းဖြစ်ကြောင်း များစွာသော ကျင့်ကြံသူများက ပြောနိုင်လေသည်။

ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်လေသည်။

သူက ရပ်တန့်ချင်သည်ဆိုလျှင်တောင် မိုးကြိုးလေပြေနန်းတော်က သူ့ကို ဒီတိုင်းလွှတ်ပေးထားလိမ့်မည်မဟုတ်ပေ။

သူက ခရမ်းရောင်မိုးကြိုးကျမ်းကို ထုတ်မပေးသေးသရွေ့ မိုးကြိုးလေပြေနန်းတော်က သူ့နောက်သို့ အမဲဆက်လိုက်နေဦးမည်သာဖြစ်လေသည်။

“မင်းပြောတာက မမှန်ဘူး....”

ဆူဇီမိုက တာအိုသက်ရှိ မိုးကြိုးလေပြေကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“ငါက ဂိုဏ်းတွေအများကြီးကို ဆန့်ကျင်ခဲ့ပြီးပြီဆိုမှတော့ မင်းတို့ဂိုဏ်းတစ်ဂိုဏ်းကို ထပ်ပေါင်းထည့်ဖို့က ဘာမှထူးခြားမလာတော့ဘူး...”

ဖျောက်....

လျှပ်စီးရောင်က ဖျပ်ခနဲလက်သွားပြီး ဆူဇီမိုသည် နေရာကနေ ပျောက်ကွယ်ကာ တာအိုသက်ရှိ မိုးကြိုးလေပြေဆီသို့ ပြေးဝင်သွားခဲ့လေပြီ။

“မိုးကြိုးလေပြေ ထွက်ပြေးခြင်း....”

တာအိုသက်ရှိမိုးကြိုးလေပြေသည် ဤအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပုံရလေသည်။ သူက ဘာစကားမှမပြောတော့ဘဲ လေပြင်းတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်ကို လှည့်၍ လျှပ်စီးတန်းတစ်ခုအသွင်ပြောင်းလဲကာ ထွက်ပြေးလိုက်လေသည်။

ကျင့်ကြံသူနှစ်ယောက်၏ အလွန်တရာမြန်ဆန်ပြီး လူအုပ်ကြီးကို ချက်ချင်းပင် ဖြတ်ကျော်သွားခဲ့လေသည်။

ရုတ်တရက် ဆူဇီမို၏ နောက်ကျောတွင် ဓမ္မစွမ်းအားတောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့လေသည်။

ဆန်းကြယ်တောင်ပံများသည် ရှေးဟောင်းခေတ်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ယက္ခမျိုး၏အသွင်သဏ္ဌာန်ကို လေ့လာအကဲခတ်ပြီး ဆင်ခြင်ထုတ်နုတ်ထားသော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်လေသည်။

၎င်း၏ အမြန်နှုန်းက ယက္ခမျိုးနွယ်၏ ကြောက်စရာကောင်းသော အမြန်နှုန်းကို မမီသော်လည်း လျှပ်စီးထွက်ပြေးခြင်းနှင့်ပေါင်းလိုက်ပါက ဆူဇီမို၏ အမြန်နှုန်းက ဆပွားတိုးလာခဲ့လေသည်။

“သတ်!....”

သူက မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ချက်ချင်းပင်ထုတ်ဖော်လိုက်လေသည်။

ဘုန်း....”

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ နားထဲတွင် မိုးကြိုးပေါက်ကွဲသံက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက ကပြောင်းကပြန်ဖြစ်လာခဲ့လေသည်။ အဲ့ဒါက သူ့ကို အလွန်တရာမအီမသာဖြစ်စေပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်များက နှေးကွေးသွားခဲ့လေသည်။

ထိုနှောင့်နှေးကြန့်ကြာမှုဖြင့် ဆူဇီမိုသည် သူ့နောက်ကနေ အမီလိုက်နိုင်ခဲ့လေသည်။ သူက ဖန်တီးခြင်းကြာပဒုမ္မာကိုထုတ်ယူပြီး တာအိုသက်ရှိ မိုးကြိုးလေပြေဆီသို့ ပစ်ပေါက်လိုက်လေသည်။

All Chapters