မဟာဗလာနယ် စိတ်ဝိညာဉ် သန့်စင်ခြင်းအပိုင်း
Vol. 69 Ch. 1032
ဆူဇီမိုသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုပြီး တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်ကို ကျင့်ကြံပြီးနောက် ဝိညာဉ်ရှာဖွေအတတ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်လေသည်။
တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်တွင် မည်သည့် တိုက်ခိုက်ရေး အမြုတေစိတ်ဝိညာဉ် နည်းစနစ်မှ မပါရှိသော်လည်း ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်က အရမ်းကို ကြောက်စရာကောင်းလေသည်။
အဲဒါကို သင့်လျော်စွာ အသုံးချနိုင်မည်ဆိုလျှင် အဲဒါက အရမ်းကို အသုံးဝင်လာပေလိမ့်မည်။
ဆူဇီမို၏ လက်ဖဝါးထဲတွင် ကြည်လင်နေသော အလင်းလုံးတစ်လုံးက ပေါ်ထွက်လာပြီး ၎င်းအထဲမှာ တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ အမြုတေစိတ်ဝိညာဉ်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရှိနေလေသည်။
အလင်းလုံး၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင်မိစ္ဆာချီများက ပေါ်ထွက်လာပြီး တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အမြုတေစိတ်ဝိညာဉ်ကို ရစ်ပတ်လာခဲ့လေသည်။
တခဏအတွင်းမှာပင် တာအိုသက်ရှိ မိုးကြိုးလေပြေ၏ ခန္ဓာကိုယ်သည် နက်မှောင်နေသော မိစ္ဆာချီများဖြင့် လွှမ်းခြုံခံလိုက်ရလေသည်။ သူက အလင်းလုံးထဲမှာ အမြစ်တွယ်သွားပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ထို့နောက် ချက်ချင်းပင် စိမ်းသက်သော မှတ်ဉာဏ်ပမာဏများစွာက ဆူဇီမို၏စိတ်ထဲသို့ စီးဝင်လာခဲ့လေသည်။
ဝိညာဉ်ရှာဖွခြင်းအတတ်က ကန့်သတ်ချက် မရှိတာတော့ မဟုတ်ပေ။
သူသည် တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မှတ်ဉာဏ်များ အားလုံးကို ပိုက်စိတ်တိုက် ရှာဖွေနေမည်ဆိုလျှင် အဲဒါက ထိုကျင့်ကြံသူ၏ တစ်ဘဝလုံးစာ မှတ်ဉာဏ်များကို ဖြတ်ကျော်နေရပေလိမ့်မည်။ ဆူဇီမိုက အဲဒါကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဝိညာဉ်ရှာဖွေခြင်းအတတ်က လမ်းတစ်ဝက်မှာပင် ကျဆုံးသွားရပေလိမ့်မည်။
အကောင်းဆုံးနည်းလမ်းမှာ အလျင်အမြန် ကျော်ခွရှာဖွေခြင်းပင် ဖြစ်လေသည်။
အရေးမပါသော မှတ်ဉာဏ်များကို ကျော်ပစ်ရပေလိမ့်မည်။
သူသည် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို တွေ့မြင်မှသာလျှင် ရပ်တန့်ပြီး ၎င်း၏ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို မှတ်သားရပေမည်။
ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကို ဘယ်ဘက်လက်မှာ ကိုင်ထားပြီး ၎င်းက ညင်သာစွာ လှုပ်ခါနေလေသည်။ သူ၏ခေါင်းကို ငုံ့ထားပြီး မှတ်ဉာဏ်များက သူ၏စိတ်ထဲမှာ တဖျပ်ဖျပ် ပေါ်ထွက်နေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အမြုတေစိတ်ဝိညာဉ်သည် မျက်စိဖြင့် မြင်နိုင်သော နှုန်းထားဖြင့် ညိုးခြောက်လာခဲ့လေသည်။
သူ၏ အသက်ဓာတ်က ရှိနေသေးသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ အလင်းရောင်က မှိန်ကျလာခဲ့လေပြီ။
“အား.. “
တာအိုသက်ရှိ မိုးကြိုးလေပြေက အလင်းလုံးအတွင်းကနေ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
မူလက သူပိုင်ဆိုင်ထားသည့် မှတ်ဉာဏ်များကို အတင်းအကျပ် ဆွဲထုတ်ယူခြင်း ခံနေရသည်ဟု ခံစားရလေသည်။
အဲဒါက အရမ်းကို သက်သောင့်သက်သာ မရှိသော ခံစားချက် ဖြစ်လေသည်။
ဝိညာဉ်ရှာဖွေခြင်းအတတ်က သူ၏မှတ်ဉာဏ်များကို ထုတ်ယူနေစဉ် အဲဒါက သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် ပြန်လည်အစားမထိုးနိုင်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေလေသည်။
အဲဒါကြောင့် သူ၏ အမြုတေစိတ်ဝိညာဉ်က အသက်ရှင်နိုင်ခဲ့လျှင်တောင် သူ၏မှတ်ဉာဏ်များကို ဆုံးရှုံး၍ အရူးတစ်ယောက်ပမာ ဖြစ်လာပေလိမ့်မည်။
ရုတ်တရက်ဆိုသလို..
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။
အစက သူ့စိတ်ထဲတွင် တဖျပ်ဖျပ်ပေါ်နေသော မှတ်ဉာဏ်အပိုင်းအစများသည် ရုတ်တရက် ရပ်တန့်သွားကာ ဖြည်းဖြည်းနှေးကွေးသွားလေသည်။
အဲဒါက မိုးကြိုးလေပြေနန်းတော်၏ လျှို့ဝှက်အမွေအနှစ် ခန်းမတစ်ခုထဲမှာ ဖြစ်လေသည်။ ခံ့ညားထည်ဝါသော အမူအရာရှိသည့် အဘိုးအိုတစ်ယောက်သည် အဝါရောင်သမ်းနေသော ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ကို တာအိုသက်ရှိ မိုးကြိုးလေပြေထံသို့ ကမ်းပေးလိုက်လေသည်။
ထိုရှေးဟောင်းကျမ်းစာအုပ်ပေါ်တွင် စကားစုသုံးခု ရေးထားလေသည်။ _ အစိမ်းရောင်-မိုးကြိုး-ကျမ်း.. ။
“မှတ်ထား.. ဒီအစိမ်းရောင်မိုးကြိုးကျမ်းက ပြီးပြည့်စုံတဲ့ ကျင့်ကြံရေး နည်းစနစ်တစ်ခုတော့ မဟုတ်ဘူး.. မင်းက မဟာဗလာနယ် စိတ်ဝိညာဉ်သန့်စင်ခြင်းအပိုင်းကို ဖန်တီးဖို့ဆိုရင် အဲဒါကို ခရမ်းရောင်မိုးကြိုးကျမ်းနဲ့ ပေါင်းစပ်ရလိမ့်မယ်”
“မဟာဗလာနယ် စိတ်ဝိညာဉ်သန့်စင်ခြင်းအပိုင်းမှာဆိုရင် မိုးကြိုးအမျက်လို့ ကျော်ကြားတဲ့ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုရှိတယ်.. အဲဒါက အရမ်းကို စွမ်းအားကြီးမားတယ်.. ရှေးဟောင်းခေတ်တုန်းက မိုးကြိုးအမျက်ရဲ့အောက်မှာ သေဆုံးခဲ့ရတဲ့ ပြင်ပမျိုးနွယ်က ပညာရှင်တွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်”
မိုးကြိုးလေပြေနန်းတော်မှ အဘိုးအိုက တည်တံ့စွာဖြင့် ပြောလိုက်လေသည်။
မြင်ကွင်းများက ဆက်လက်လှုပ်ရှားနေလေသည်။
“ဒီအစိမ်းရောင်မိုးကြိုးကျမ်းကို ဒီနေရာမှာပဲ ကျင့်ကြံ.. မင်းက အဲဒါကို မှတ်သားပြီးရင် ငါက အဲဒါကို မူလနေရာမှာ ပြန်ထားပေးရမယ်”
မိုးကြိုးလေပြေနန်းတော်၏ အဘိုးအိုက ပြောလိုက်လေသည်။
ထိုမြင်ကွင်းတွင် တာအိုသက်ရှိ မိုးကြိုးလေပြေက အစိမ်းရောင်မိုးကြိုးကျမ်းကို လှန်လှောဖတ်ရှုနေပြီး ဆူဇီမိုက အထဲမှာ ပါဝင်သည့် အကြောင်းအရာများကို မှတ်သားနေလေသည်။
အဲဒါက အရမ်းကို လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခု ဖြစ်လေသည်။
သူသည် အခြားလူတစ်ယောက်၏ မှတ်ဉာဏ်များကို စုပ်ယူခြင်းဖြင့် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ရရှိနေလေသည်။
အဲဒါက အတိတ်ကာလတုန်းကသာဆိုလျှင် ဆူဇီမိုသည် ထိုကဲ့သို့သော အကြောင်းအရာမျိုးကို စဉ်းစားရဲလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ ကြောက်စရာကောင်းသည့် နည်းလမ်းများက သူ၏ အသိပညာထက် များစွာကျော်လွန်နေလေသည်။
အစိမ်းရောင်မိုးကြိုးကျမ်းကို မှတ်သားပြီးနောက် ဆူဇီမိုသည် နောက်ထပ် စွမ်းအားကြီးသော ကျင့်ကြံရေးနည်းစနစ်တစ်ခုခု ရရှိနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အခြားသော မှတ်ဉာဏ်များကို ရှာဖွေချင်မိလေသည်။
သို့သော်လည်း ရုတ်တရက် သူ့ရှေ့ရှိ မြင်ကွင်းက မှုန်ရီဝေဝါးသွားသည်ဟု ခံစားလိုက်ရလေသည်။
ထို့နောက် ချက်ချင်းပင် အလင်းလုံးအတွင်းရှိ မိစ္ဆာချီများက ပျက်ပြယ်သွားခဲ့လေသည်။
ဝိညာဉ်ရှာဖွေခြင်းအတတ်က အဆုံးသတ်သွားခဲ့လေပြီ။
ကံကောင်းထောက်မစွာနှင့်ပင် သူသည် သူလိုချင်သော အရေးကြီးသည့် အပိုင်းဖြစ်သည့် အစိမ်းရောင်မိုးကြိုးကျမ်းကို ရရှိခဲ့လေသည်။
အလင်းလုံးအတွင်းတွင်.. တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အကြည့်က ကြောင်တိကြောင်တောင်နှင့် ငေးငေးငိုင်ငိုင် ဖြစ်နေလေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် သနားညှာတာမှု လုံးဝမရှိဘဲ သူ၏လက်ဖဝါးကို ဖျစ်ညှစ်ကာ တာအိုသက်ရှိ မိုးကြိုးလေပြေ၏ အမြုတေစိတဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်လေသည်။
သူသာ တာအိုသက်ရှိ မိုးကြိုးလေပြေ၏ လက်ထဲ ကျရောက်သွားမည်ဆိုလျှင် သူ၏ရလဒ်က ယခုထက်ပင် ပို၍ဆိုးရွားနိုင်လေသည်။
တာအိုသက်ရှိ မိုးကြိုးလေပြေက သေဆုံးသွားခဲ့လေပြီ။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ကိစ္စများက ကျေလည်သွားခဲ့လေပြီ။
ကပ်ဘေးသုံးဆင့်နယ်မြေ၏ အပြင်ဘက်တွင်.. မည်ကာမတ္တ တပည့်လေးယောက်သည် ဆူဇီမိုကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြသော်လည်း သူတို့က အပြတ်အသတ် ချေမှုန်းသုတ်သင်ခံခဲ့ရလေသည်။ သူတို့ထဲ မည်သူကမှ အသက်မရှင်ခဲ့ပေ။
များစွာသော ကျင့်ကြံသူများသည် တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် တိုက်ပွဲနယ်မြေကို ကြည့်နေကြလေသည်။
“အား.. တိုက်ပွဲရလဒ်က ဒီအခြေအနေထိ ရောက်လာလိမ့်မယ်လို့ ငါလုံးဝ မျှော်လင့်မထားဘူး”
“သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားဆိုတဲ့အတိုင်းပါပဲလား.. ဒါတောင် တာအိုအမွေအနှစ်ကုန်းမြေမှာ သူ့ရဲ့ခွန်အားက ကြီးမားစွာ ဖိနှိမ်ခံထားရလို့ဆိုပဲ.. အပြင်လောကမှာသာဆိုရင် သူက ဘယ်လောက်တောင် သန်မာမလဲ စဉ်းစားကြည့်ဖို့တောင် ခက်တယ်”
“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်.. ဆိုတော့.. အဲ့လိုမျိုး ရည်မှန်းချက်ကြီးမားပြီး ရဲဝံ့တဲ့ တစ်စုံတစ်ယောက် ပေါ်ထွက်လာတာ ကျင့်ကြံရေးလောကအတွက် ဆိုးတဲ့အချက်တော့ မဟုတ်ဘူး”
“ဟားဟား.. ထိပ်သီးဂိုဏ်းကြီး ခြောက်ဂိုဏ်းက ဒီလောက်တောင် ထိခိုက်ဆုံးရှုံးပြီးမှ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ကို ဘယ်လိုလုပ် ဆက်ပြီးကြီးထွားခွင့် ပေးပါ့မလဲ.. သူတို့က သူ့ကို သေချာပေါက် သတ်မှာပေါ့”
“ငါ လက်ခံတယ်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားက တာအိုအမွေအနှစ်ကုန်းမြေကို မထိုးဖောက်နိုင်ပေမဲ့လို့ အပြင်လောကမှာ သူ့ကိုသတ်ဖို့ ပြင်ဆင်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ ရှိနေလောက်ပြီ”
များစွာသော ကျင့်ကြံသူများက လူစုမခွဲသေးဘဲ တီးတိုးဆွေးနွေးနေကြလေသည်။
တကယ်တော့ သူတို့ထင်တာ မမှားပေ။ တာအိုသက်ရှိ ကောင်းကင်စင်ရော်၊ တာအိုသက်ရှိ မိုးကြိုးလေပြေနှင့် အခြားမည်ကာမတ္တတပည့်အချို့ သေဆုံးသွားပြီးနောက် အပြင်ဘက်ရှိ ကျင့်ကြံရေးလောကက ဆူညံပွက်လောရိုက်နေခဲ့လေပြီ။
ဖန်သားနန်းတော်၊ ပုံသဏ္ဌာန်မဲ့ကျောင်း၊ ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်နှင့် အဆိပ်ဂိုဏ်းတို့ပင်လျှင် ခြေလှမ်းကျဲကျဲလှမ်း၍ အသွန်းတစ်ရာဂိုဏ်းမှာ သတ်ဖြတ်မှုကို စတင်ဖို့ ပြင်ဆင်နေကြလေပြီ။
လွန်ခဲ့သည့် နှစ်တစ်သောင်းက.. မဟာကပ်ဘေးတစ်ခု ပြီးဆုံးသွားပြီးနောက် ကျင့်ကြံရေးလောကတွင် သွေးလွှမ်းစစ်ပွဲများ ထပ်မံ၍ ပေါ်ထွက်မလာတော့ပေ။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ပေါ်ထွက်ရလောက်အောင် အရေးပါသည့် ကိစ္စ ကြီးကြီးမားမားက ဖြစ်တောင့်ဖြစ်ခဲပင်။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ တစ်ယောက်ထက်ပိုသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ပေါ်ထွက်လာကြလေပြီ။
ချက်ချင်းပင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက အုတ်အော်သောင်းတင်း ဖြစ်လာခဲ့လေသည်။
အလယ်ပိုင်းတိုက်၊ အသွန်းတစ်ရာဂိုဏ်းတွင်..
တာအိုအမွေအနှစ်ကုန်းမြေမှ သတင်းများသည် အသွန်းတစ်ရာဂိုဏ်းမှာ ပျံ့နှံ့သွားခဲ့လေပြီ။
ဂိုဏ်းရှိ လူတိုင်းက တုန်လှုပ်သွားကြလေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ စိတ်ဝိညာဉ်ကြိုးကြာများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နေရာတစ်ဝှမ်းမှာ ရှိနေလေသည်။
ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၊ ပုံသဏ္ဌာန်မဲ့ကျောင်းတော်နှင့် အခြားသော ထိပ်သီးဂိုဏ်းကြီးများ၏ လှုပ်ရှားမှုများက အသွန်းတစ်ရာဂိုဏ်းဆီသို့ သတင်းရောက်နေခဲ့လေပြီ။
အသွန်းတစ်ရာဂိုဏ်း၏ ပင်မခန်းမထဲတွင်.. အဆုံးစွန်မီးနှင့် အခြားသူများ၏ အမူအရာက အလွန်တရာ သုန်မှုန်နေကြလေသည်။
“ကျုပ်တို့ ဘာလုပ်သင့်သလဲ”
တာအိုအရှင် အဖြူရောင်မီးတောက်သည် ဆူဇီမိုက ဆရာဘိုးဘိုး အဆုံးစွန်မီး၏ တပည့်တစ်ယောက်ဖြစ်သည်ကို သိထားသော်လည်း သူက ယခုအချိန်မှာ ပူပန်သောက များနေလေသည်။
အသွန်းတစ်ရာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူသည် အသွန်းတစ်ရာဂိုဏ်းအတွက် ထည့်၍စဉ်းစားရမည်ဖြစ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ဆရာဘိုးဘိုး အဆုံးစွန်မီး.. ပွင့်ပွင့်လင်းလင်း ပြောရတဲ့အတွက် ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. ဒါပေမဲ့လို့ ကျုပ်တို့က ဆရာဦးလေးဆူကို ကာကွယ်မပေးနိုင်လောက်ဘူး.. သူက ဒီတစ်ခေါက် ပြဿနာကြီးကြီး တက်နေပြီ”
အဆုံးစွန်မီးက မျက်မှောင်အနည်းငယ်ကြုတ်၍ အေးစက်စွာဖြင့် မေးလိုက်လေသည်။
“အဲဒါဆို ဒီကိစ္စအတွက် သူ့ကို အပြစ်တင်ရမှာလား”
“အဲဒီ မည်ကာမတ္တ တပည့်တွေက ပူးပေါင်းတိုက်ခိုက်လာတဲ့အချိန်မှာ မင်းက သူ့ကို ဘယ်လိုလုပ်စေချင်တာလဲ”
“သူက နေရာမှာတင် မတ်တတ်ရပ်ပြီး သူ့ကို သတ်သွားပါဆိုပြီး လည်စင်းပေးရမှာလား”
ဆက်တိုက်ထွက်ပေါ်လာသော မေးခွန်းသုံးခုက တာအိုအရှင် အဖြူရောင်မီးတောက်ကို အကျပ်ရိုက်သွားစေပြီး ဇောချွေးများပြန်လာစေလေသည်။
“ဒါ.. ဒါပေမဲ့.. “
တာအိုအရှင် အဖြူရောင်မီးတောက်သည် အလွန်တရာ ပူပန်သောကများနေပြီး စကားပြောချင်သော်လည်း ရပ်တန့်လိုက်လေသည်။
“အဆုံးစွန်မီး.. အဖြူရောင်မီးတောက်က အသွန်းတစ်ရာဂိုဏ်းအတွက် စဉ်းစားပေးနေတာပဲ”
ရှန်ကွမ်ကျီက တည်ငြိမ်နေသော အမူအရာဖြင့် လေးနက်စွာ ပြောလိုက်လေသည်။
“သူပြောတာလည်း မှန်တာပဲ.. အသွန်းတစ်ရာဂိုဏ်းက ဆူဇီမိုကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး.. တစ်သီးပုဂ္ဂလ လေးအုပ်စုက ပူးပေါင်းမယ်ဆိုရင်တောင် ငါတို့က သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး”
တစ်သီးပုဂ္ဂလ လေးအုပ်စုသည် လက်နက်သန့်စင်ခြင်းနှင့် အဆောင်လက်ဖွဲ့ဖန်တီးခြင်းကဲ့သို့သော ပညာရပ်များမှာ အထူးပြုကြလေသည်။ တိုက်ခိုက်ရည် ခွန်အားအရာမှာဆိုလျှင် သူတို့သည် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းမှ ပညာရှင်များထက် များစွာနိမ့်ကျလေသည်။
နောက်နှစ်ပေါင်းတစ်သိန်းကြာလျှင်တောင်.. တစ်သီးပုဂ္ဂလ လေးအုပ်စုသည် အဆုံးစွန်မီးကဲ့သို့သော နောက်ထပ်ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ချင်မှ ပေးနိုင်ပေလိမ့်မည်။