← Chapters

သူက အထီးကျန်သိုင်းသခင်ပဲ

Vol. 69 Ch. 1033

သူက အထီးကျန်သိုင်းသခင်ပဲ

Vol. 69 Ch. 1033

“အဲ့ဒါအမှန်ပဲ...”

အကြီးအကဲကူကလည်း ခေါင်းညိတ်လိုက်လေသည်။

“ဒီကောင်လေးက စိတ်ရင်းဖြောင့်မတ်မှန်ကန်ပြီးတော့ မင်းရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတယ်ဆိုတာ ငါတို့အားလုံးနားလည်ပါတယ်...ဒါပေမယ့်လို့ မင်းရဲ့ရှေ့က အခြေအနေကိုလည်း ယုတ္တိကျကျ သုံးသပ်ရလိမ့်မယ်... အသွန်းတစ်ရာဂိုဏ်းက သူ့ကိုကာကွယ်မပေးနိုင်ဘူး”

အကြီးအကဲကောက အကြံပြုလိုက်လေသည်။

“သူပြန်ထွက်လာရင် ငါတို့ဒီကောင်လေးကို အခြားတစ်နေရာပို့လိုက်ရင်ရော ဘယ်လိုလဲ...”

“ဘယ်နေရာလဲ...”

ရှန်ကွမ်ကျီက မျက်မှောင်ကြုတ်လိုက်လေသည်။

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်သူကများ သူ့ကိုလက်ခံထားရဲမှာလဲ”

“ငါတို့ ပဟေဠိနန်းတော်ကို အကူအညီသွားတောင်းကြရင်ရော...”

အကြီးအကဲကူကအသံကို နှိမ့်၍ ပြောလိုက်လေသည်။

“ပဟေဠိနန်းတော်က အမြဲတမ်း တရားမျှတပြီးတော့ သမာသမတ်ကျတာပဲ... ဒီကိစ္စမှာ ဆူဇီမိုက မှားတာမှမဟုတ်ဘဲ... သူတို့က သူ့ကို ကွယ်ပေးလောက်မှာပါ”

“နောက်ပြီး အဟေဠိနန်းတော်ကပဲ အဲ့လိုလုပ်ဖို့အတွက် အစွမ်းအစရှိလိမ့်မယ်”

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ထိပ်သီးဂိုဏ်းကြီး ၆ ဂိုဏ်း၏ တိုက်ခိုက်မှုကို ခုခံပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုရှိမည်ဆိုလျှင် အဲ့ဒါက လျှို့ဝှက်အဆန်းကြယ်ဆုံး အဟေဠိနန်းတော်ပင် ဖြစ်ပေလိမ့်မည်။

“အဲ့ဒါလဲ မဖြစ်နိုင်ဘူး”

ရှန်ကွမ်ကျီက သူမ၏ခေါင်းကို ခါလိုက်လေသည်။

“ဂိုဏ်းကြီး ၆ ဂိုဏ်းက ငါတို့ကို ပြဿနာလာရှာမယ်ဆိုရင် သူတို့က သူတို့ရဲ့ မည်ကာမတ္တတပည့်တွေအတွက် လက်စားချေမယ်ဆိုတဲ့အကြောင်းပြချက်ကို သုံးမှာမဟုတ်ဘူး... သူတို့က သားရဲနဲ့ နတ်ဆိုးတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်ကို ထုတ်သုံးလာလိမ့်မယ်..... ပဟေဌိနန်းတော်က ဘယ်လောက်ပဲ သန်မာသန်မာ အဲ့လိုမျိုး ကြီးမားတဲ့ဖိအားကို သူတို့လည်း ခံယူနိုင်မှာမဟုတ်ဘူး.... ပဟေဠိနန်းတော်က အဲ့ဒီအကြောင်းပြချက်ကို ချေဖျက်ဖို့အတွက် နည်းလမ်းမရှိဘူး”

ရှန်ကွမ်ကျီက အချက်အလက်ကျကျပြောဆိုနေခြင်းဖြစ်သည်ကို အကြီးအကဲကူနှင့် အခြားသူများသိကြလေသည်။

လူတိုင်းသည် အကြည့်ချင်းဖလှယ်ပြီးနောက် နောက်တစ်ဖန် သက်ပြင်းချလိုက်ကြလေသည်။

အဲ့ဒါက ထွက်ပေါက်မရှိသော နေရာတစ်ခုဖြစ်လေသည်။

အဆုံးစွန်မီး၏ အမူအရာက သုန်မှုန်လာပြီး သူ ဘာစဥ်းစားနေသည်ကို မည်သူကမှမသိကြပေ။

“အဆုံးစွန်မီး.... ငါတစ်ခုတော့ ပြောပါရစေ စိတ်တော့မဆိုးနဲ့...”

အကြီးအကဲကူက အတန်ကြာတိတ်ဆိတ်နေပြီးနောက် ​ပြောလိုက်လေသည်။

“အခုချိန်မှာ ဆူဇီမိုအတွက် အသက်ရှင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အသွန်းတစ်ရာဂိုဏ်းကနေထွက်ပြီး သူ့ဘာသာသူ ရှင်သန်အောင်နေဖို့ပဲ...”

“ဒီကောင်လေးရဲ့ စိတ်နေစရိုက်အရဆို သူငါတို့ကို နားလည်ပေးနိုင်လောက်မှာပါ”

အကြီးအကဲကောကလည်း ထပ်ပြောလိုက်လေသည်။

“အမှန်ပဲ.... ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ကျယ်ပြောပါတယ် အဲ့ဒီမှာ မျှော်လင့်ချက်မရှိတာတော့ မဟုတ်ဘူး... အနည်းဆုံးတော့ သားရဲနယ်မြေရှစ်ခွင်ကို သူသွားလို့ရတာပဲ...”

တကယ်တော့ ထိုစကားသည် သူတို့ကိုယ်သူတို့ လှည့်ဖျားနေခြင်းသာဖြစ်လေသည်။

ထိပ်သီးဂိုဏ်းကြီး ၆ ဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက လှုပ်ရှားမှုပြုလုပ်လာမည်ဆိုလျှင် မည်သည့်သားရဲနယ်မြေကမှ ဆူဇီမိုအတွက် ခုခံတိုက်ခိုက်ပေးကြလိမ့်မည်မဟုတ်ပေ။

ထိုစဥ်မှာပင် အဆုံးစွန်မီးက ရုတ်တရက်ပြောလိုက်လေသည်။

“သူပြန်ရောက်လာရင် ငါက သူ့ကိုအသွန်းတစ်ရာဂိုဏ်းကနေ ခေါ်ထုတ်သွားလိုက်မယ်... အခုကစပြီး ငါတို့က အသွန်းတစ်ရာဂိုဏ်းနဲ့ ဘာမှမပတ်သက်တော့ဘူး...”

“အာ.....”

လူတိုင်းက အံ့အားတသင့်ရေရွတ်၍ အဆုံးစွန်မီးကို မယူံကြည်နိုင်စွာ ကြည့်လိုက်ကြလေသည်။

အဆုံးစွန်မီးပြောသည့် သူကအသွန်းတစ်ရာဂိုဏ်းနှင့် ဘာမှမပတ်သက်တော့ဘူးဆိုသည်မှာ သူက ဂိုဏ်းကိုမငြိစွန်းစေချင်သောကြောင့် ဖြစ်သည်ဆိုတာကို လူတိုင်းက နားလည်ကြလေသည်။

ထိုသို့ဖြင့် ထိပ်သီးဂိုဏ်းကြီး ၆ ဂိုဏ်းသည် ဆူဇီမိုနှင့် သူ့အတွက်ကြောင့် အသွန်းတစ်ရာဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ရတော့မည် မဟုတ်ပေ။

သို့သော်လည်း အဆုံးစွန်မီးသည် ဆူဇီမိုအတွက် ဤမျှအထိ ကြီးကြီးမားမား.စွန့်လွှတ်အနစ်နာခံ၍ ဆူဇီမိုနှင့် ရေဆုံးမြေဆုံး ထွက်ပြေးဖို့ ရွေးချယ်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

“အဆုံးစွန်မီး... ရှင်က အခုမှ ပြန်လည်မွေးဖွားလာတာ အဲ့ဒီလိုလုပ်ဖို့.....”

ရှန်ကွမ်ကျီက စိတ်ထဲမှာ တုန်လှုပ်လာပြီး စိတ်ခံစားချက်များဖြင့် မွန်းကျပ်လာလေသည်။ သူမက ဆက်လက်၍ ပြောဆိုနိုင်ခြင်းမရှိတော့ပေ။

အဆုံးစွန်မီးက ရှန်ကွမ်ကျီ၏ လက်ဖဝါးကို မလုံမလဲခံစားချက်အနည်းငယ်နှင့်အတူ ညင်သာစွာပုတ်၍ သူက နူးညံ့စွာပြောလိုက်လေသည်။

“ရှန်ကွမ်.... ငါက နင့်ကိုထပ်ပြီးတော့စိတ်ပျက်စေမိပြန်ပြီ”

ရှန်ကွမ်ကျီသည် ဘာစကားမှမပြောဘဲ သူမ၏ခေါင်းကိုသာ သွင်သွင်ခါယမ်းနေလေသည်။ သူမက အဆုံးစွန်မီး၏ လက်ကိုဆုပ်ကိုင်ထားပြီး လွှတ်ပေးဖို့ ငြင်းဆန်နေလေသည်။

“မင်းတို့တွေက ငါ့ကိုအထင်လွဲကောင်းလွဲနေနိုင်တယ်”

အဆုံးစွန်မီးက ​ပြောလိုက်လေသည်။

“ငါက ငါ့အသက်နဲ့ရင်းပြီး ဆူဇီမိုကို ဒီလောက်ထိကာကွယ်ပေးချင်နေတာ အရင်တုန်းက သူက ငါ့အသက်ကို ကယ်တင်ပေးခဲ့လို့မဟုတ်ဘူး... အဲ့ဒါ သူက အထီးကျန်သိုင်းသခင်ဖြစ်နေလို့ပဲ... သူက တာအိုတစ်ခုကို တည်ထောင်ချင်တဲ့သူပဲ... သူက သက်ရှိအားလုံးအတွက် တာအိုတစ်ခုကို တည်ထောင်ပေးချင်တဲ့ ပုဂ္ဂိုလ်မို့လို့ပဲ...”

“အဲ့ဒီအကြောင်းပြချက်တစ်ခုတည်းကတင် ငါသေရမယ်ဆိုရင်တောင် သူ့ကို ကာကွယ်ပေးဖို့ထိုက်တန်နေပြီ”

လူတိုင်းက တုန်လှုပ်သွားရလေသည်။

အကြီးအကဲကူနှင့် အခြားသူများသည် သူတို့၏ခေါင်းကို ခါယမ်း၍ သက်ပြင်းချလိုက်ကြလေသည်။

ယခင်တုန်းက သူတို့သုံးယောက်သည် ရှန်ကွမ်ကျီကို တစ်ပြိုင်တည်း ပိုးပန်းခဲ့ကြသော်လည်း သူမက အဆုံးစွန်မီးကို ရွေးချယ်ခဲ့လေသည်။

ဤနှစ်များတောက်လျှောက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ သူတို့နှစ်ယောက်သည် အနည်းငယ်မကျေမနပ် ခံစားနေရဆဲဖြစ်လေသည်။

သို့သော်လည်း ယခုအချိန်မှသာလျှင် သူတို့နှင့် အဆုံးစွန်မီးကြား ကွာဟချက်ကို သူတို့နားလည်သွားကြလေသည်။

ထိုစဥ်မှာပင် အသွန်းတစ်ရာဂိုဏ်းသား ကျင့်ကြံသူတစ်ယောက်က အလောတကြီးပြေးဝင်လာပြီး မောဟိုက်နေလေသည်။

“ဂိုဏ်းချုပ်.... စီနီယာတို့ အပြင်ဘက်မှာ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်... သူ့ကိုယ်သူ အဆူရာလို့ပြောပါတယ်”

“ဟမ်....”

လူတိုင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကြလေသည်။

“တာအိုအရှင်အဆူရာလား... သူက ဒီကိုဘာလာလုပ်တာလဲ...”

အကြီးအကဲကူက မျက်မှောင်ကြုတ်လိုက်လေသည်။

တာအိုအရှင်အဆုံးစွန်မီးက ခဏမျှစဥ်းစားချင့်ချိန်ပြီးနောက် လက်ထောင်ပြလိုက်လေသည်။

“သူ့ကိုဝင်ခိုင်းလိုက်....”

တာအိုအရှင်အဆူရာသည် ​ကျင့်ကြံရေးလောကတွင် နာမည်ဆိုးဖြင့်ကျော်ကြားပြီး သွေးအေးရက်စက်သော်လည်း သူက ဆူဇီမိုနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေပုံရလေသည်။ ဒါ့အပြင် အသွန်းတစ်ရာဂိုဏ်းက အဆူရာနှင့် ရန်ငြိုးရန်စမရှိပေ။

ယခုအချိန်တွင် အဆူရာသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် အသွန်းတစ်ရာဂိုဏ်းကို လာရောက်စရာအကြောင်းမရှိပေ။

ယန်ပေးချန်က ခန်းမထဲသို့ လှမ်းဝင်လာလေသည်။ သူ့မျက်နှာက အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အမူအရာကင်းမဲ့နေလေသည်။

အဆုံးစွန်မီးနှင့် ရှန်ကွမ်ကျီသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကြလေသည်။

ယန်ဆေးဂိုဏ်း၏ အကြီးအကဲကောကလည်း နှာခေါင်းရှုံ့ပြီး တစ်စုံတစ်ရာကို ခံစားမိသွားလေသည်။

ယန်ပေးချန်က ဒဏ်ရာရရှိထားလေသည်။ ဒါ့အပြင်အဲ့ဒါက သူ၏အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဒဏ်ရာတစ်ခုဖြစ်ပြီး ကုသဖို့အတွက် အလွန်တရာခဲယဥ်းလေသည်။

အဆုံးစွန်မီးက မှင်သေသေဖြင့် မေးလိုက်လေသည်။

“အဆူရာ... မင်းက အသွန်းတစ်ရာဂိုဏ်းကို ဘာ့ကြောင့်ရောက်လာတာလဲ...”

အဆူရာက ဦးညွတ်ခြင်းမရှိပေ။ အေးစက်စက်နှင့်အမူအရာနှင့်ပင် သူက လိုရင်းကို တန်းပြောလိုက်လေသည်။

“ဆူဇီမိုပြန်ရောက်လာလို့ အသွန်းတစ်ရာဂိုဏ်းက သူ့ကိုစွန့်လွှတ်ချင်တယ်ဆိုရင် ကျုပ်က သူ့ကို ခေါ်သွားမယ်”

ထိုနေရာအရောက်တွင် ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ယန်ပေးချန်အပေါ် တာအိုအရှင်အဆုံးစွန်မီး၏ အကြည့်ကလည်း နူးညံ့ပျော့ပြောင်းလာလေသည်။

ရှန်ကွမ်ကျီက မေးလိုက်လေသည်။

“နင်က သူ့ကိုဘယ်ခေါ်သွားမှာလဲ... အဆူရာဂိုဏ်းကလည်း သူ့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”

“လောကက ကျယ်ပြောပါတယ်... ကျုပ်တို့က တစ်နေရာရာမှာ အခြေချနိုင်မှာပါ”

ယန်ပေးချန်က အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။

ခန်းမထဲရှိ ကျင့်ကြံသူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဒဏ္ဍာရီလာ သွေးအေးရက်စက်ပြီး နှလုံးသားကင်းမဲ့သောအဆူရာသည် ဂိုဏ်းကြီး ၆ ဂိုဏ်း၏ လှုပ်ရှားမှုသတင်းကို ကြားရပြီးနောက် အဆုံးစွန်မီးကဲ့သို့ပင် တူညီသော ဆုံးဖြတ်ချက်ကို ချခဲ့လေသည်။

ကျင့်ကြံရေးလောကရှိ သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို စွန့်လွှတ်ပြီး ဆူဇီမိုကို ကာကွယ်ကာ အတူတကွ ထွက်ပြေးချင်ကြလေသည်။

ဤလူက သွေးအေးရက်စက်ပြီး နှလုံးသားကင်းမဲ့သည်ဟု မည်သူက ပြောပါသလဲ။

အဆုံးစွန်မီးသည် ယန်ပေးချန်ကိုကြည့်ပြီး ညင်သာစွာပြောလိုက်လေသည်။

“ငါထင်တာမမှားဘူးဆိုရင်... မင်းရဲ့ အမြုတေစိတ်ဝိညာဥ် ဒဏ်ရာက မပေါ့ဘူး... မင်းက တာအိုအရှင်အင်မော်တယ်ဓားနဲ့ အခြားသူတွေကိုသတ်ဖြတ်တုန်းက ဒဏ်ရာရခဲ့တာမလား...”

ယန်ပေးချန်က ဝန်ခံသည့်သဘောဖြင့် တိတ်ဆိတ်နေလေသည်။

“မင်းရဲ့ဒဏ်ရာမျိုးက ကုသဖို့အတွက် အရမ်းခက်ခဲတယ်... မင်းက တစ်နေရာရာမှာ အနားယူပြီး အားဖြည့်ရမယ့်အစား ဘာလို့အခြားတစ်ယောက်နဲ့ ရေဆုံးမြေဆုံး ထွက်ပြေးချင်နေရတာလဲ... မင်းကသေချင်နေတာလား”

တာအိုအရှင်အဆုံးစွန်မီးက ထပ်မေးလိုက်လေသည်။

“ကျုပ်တတ်နိုင်တာ ကျုပ် အကောင်းဆုံးလုပ်ရမှာပဲ...”

ယန်ပေးချန်က ခေါင်းကိုအနည်းငယ်ငုံ့ထားပြီး ပြန်ပြောလိုက်လေသည်။

သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဆိုလျှင်တောင် ဆူဇီမိုကို ကာကွယ်ပေးပြီး ထွက်ပြေးချင်လေသည်။

အကြီးအကဲကူသည် ရင်တစ်ချက်ထိတ်သွားပြီး ညည်းတွားရေရွတ်လိုက်လေသည်။

“ကောလဟာလတွေက တကယ်အန္တရာယ်များတာပဲ... လူတွေရဲ့ ပါးစပ်ပေါက်က အမှန်တရားထက် ချဲ့ကားပြီးပြောဆိုတတ်ကြတာပဲ... အခု ငါကိုယ်တိုင်မြင်တွေ့မှပဲ... အဆူရာရဲ့ စိတ်နေစရိုက်ကို နောက်ဆုံးနားလည်သွားတော့တယ်”

ဘာကြောင့်ရယ်မသိ အကြီးအကဲကောသည် သူ၏နှာခေါင်းက စပ်ဖျင်းဖျင်းဖြစ်လာသည်ဟု ခံစားရပြီး သူ၏ မျက်လုံးများက စိုစွတ်လာလေသည်။ သူသည် ရှေ့သို့ အလျင်အမြန်လျှောက်လှမ်းပြီး သိုလှောင်အိတ်ထဲကနေ ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ယန်ပေးချန်ကို ကမ်းပေးလိုက်လေသည်။

“ဒါက ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးပဲ... ငါ့မှာလည်း ဒီတစ်လုံးပဲရှိတော့တာ အဲ့ဒါက မင်းရဲ့ အမြုတေစိတ်ဝိညာဥ် ဒဏ်ရာအတွက်ကောင်းတယ်... အဲ့ဒါကို ယူလိုက်”

လက်ရှိလူတိုင်းက တုန်လှုပ်သွားကြလေသည်။

ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးသည် ရှေးဟောင်းခေတ်က ဆေးလုံးတစ်လုံးဖြစ်ပြိး ၎င်း၏ ဖော်စပ်မှုနည်းလမ်းက တိမ်မြှုပ်ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ... အဲ့ဒါကို တစ်ကြိမ်အသုံးပြုပြီးတိုင်း တစ်လုံးလျော့ကျသွားမည် ဖြစ်လေသည်။ ယခုဆို ထိုဆေးလုံးက အတော့်ကို ရှားပါးနေလေပြီ။

ပို၍အရေးကြီးသည်မှာ ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကို ပြန်လည်ကုသရာမှာ အကောင်းဆုံးဆေးလုံးဟု သတ်မှတ်နိုင်လေသည်။

ထိုဆေးလုံးက သေချာပေါက် အနှိုင်းမဲ့ရတနာတစ်ခု ဖြစ်လေသည်။

ကျင့်ကြံရေးလောကတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် အဲ့ဒါအတွက် အသေအကြေတိုက်ခိုက်ကြပေလိမ့်မည်။

သို့သော်လည်း အကြီးအကဲကောက ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းကို ကမ်းလှမ်းပေးနေတာတောင် ယန်ပေးချန်က အဲ့ဒါကို လုံးဝအသိအမှတ်မပြုပေ။ သူက နှာတစ်ချက်မှုတ်၍ အထင်အမြင်သေးသည့်အမူအရာဖြင့် တစ်ဘက်သို့ လှည့်သွားလေသည်။

သူသည် အဆူရာဖြစ်ပြီး အခြားသူများထံမှ မည်သည့်အရာကိုမှ မလိုချင်ပေ။ ထိုကဲ့သို့ သနားသဖြင့်ပေးကမ်းသောအရာကို သူက ဘယ်လိုလုပ်လက်ခံနိုင်ပါ့မလဲ။

သို့သော်လည်း သူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏မျက်လုံးထဲတွင် အနည်းငယ်လွန်ဆွဲလာခဲ့လေသည်။ ခဏကြာတွေဝေတုံ့ဆိုင်းပြီးနောက် သူက တစ်ဘက်သို့ ပြန်လှည့်ကာ ဆေးပုလင်းကို လက်ခံယူလိုက်လေသည်။

“ခင်ဗျားကို ကျေးဇူးတင်ပါတယ်...”

အဆူရာသည် သူ၏ဘဝတွင် ကျေးဇူးတင်စကားကို ဘယ်တုန်းကမှမပြောခဲ့ဖူးပေ။ သို့သော်လည်း ယနေ့မှာတော့ သူက သူ၏ အဓိဋ္ဌာန်ကို ချိုးဖျက်လိုက်လေသည်။

“အဲ့ဒီဆေးလုံးကို သောက်ပြီးတော့ အမြန်​ဆုံးပြန်ကုသလိုက်...”

အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ဇီမိုရဲ့ ကိစ္စကိုတော့ ငါတို့စောင့်ကြည့်ကြသေးတာပေါ့... အဲ့ဒီမှာ တခြားနည်းလမ်းရှိရင်ရှိဦးမှာပါ”

ယန်ပေးချန်က ပြန်ဖြေခြင်းမရှိပေ။ သူကဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကိုလာ စားသုံးခြင်းမရှိဘဲ ဆေးပုလင်းကို ဂရု​တစိုက်သိမ်းဆည်းလိုက်လေသည်။

အဆုံးစွန်မီးနှင့် အခြားသူများက ဝေခွဲမရဖြစ်သွားသော်လည်း သူတို့က ထပ်၍မမေးကြတော့ပေ။

All Chapters