← Chapters

သီယင်းနှင့် တစ်ဖန်တိုက်ခိုက်ခြင်း

Vol. 69 Ch. 1035

သီယင်းနှင့် တစ်ဖန်တိုက်ခိုက်ခြင်း

Vol. 69 Ch. 1035

တိုက်ပွဲ၏ ဤနေရာအရောက်တွင် မည်ကာမတ္တတပည့် ၅ ယောက်စလုံးက ဖျက်ဆီးချေမှုန်းခံလိုက်ရလေပြီ။

တာအိုသက်ရှိဖန်သားနှင့် တာအိုသက်ရှိ အဆိပ်တို့အပါဝင် ဆူဇီမို၏လက်ထဲတွင် သေဆုံးခဲ့ရသော မည်ကာမတ္တတပည့် ၇ ယောက်အထိ ရှိလာခဲ့လေပြီ။

နောက်ပိုင်းတွင် ဤဖြစ်ရပ်သည် ‘အထီးကျန်သိုင်းသခင်က တာအိုကို တည်ဆောက်ခြင်းနှင့် မည်ကာမတ္တတပည့်များ၏ ကပ်ဆိုး’ ဟူ၍ ပြောစမှတ်တွင်ခဲ့လေသည်။ အဲ့ဒါက သမိုင်းမှာ မှတ်တမ်းတင်ခံရပြီး ကျင့်ကြံရေးလောက၏ အရေးပါသော မှတ်တမ်းတစ်ခုဖြစ်လာခဲ့လေသည်။

ကပ်ဘေးသုံးဆင့်နယ်မြေအပြင်ဘက်တွင် များစွာသော ကျင့်ကြံသူများက စိတ်ခံစားချက်ပေါင်းစုံဖြင့် ဆူဇီမိုကို ကြည့်နေကြလေသည်။ သတိထားခြင်း ၊ ကြောက်ရွံ့ခြင်း ၊ မနာလိုအားကျခြင်းနှင့် ရိုသေလေးစားခြင်း။

ဆူဇီမိုသည် အရိပ်မဲ့ဓားမြှောင်နှင့် တာအိုသက်ရှိလျှို့ဝှက်မရဏ၏ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်လေသည်။

တာအိုသက်ရှိလျှို့ဝှက်မရဏ၏ လမ်းကြောင်းက ထုတ်ဖော်ခံရပြီးသည့်အခါ သူ၏ တိုက်ခိုက်ရည်ခွန်အားက တာအိုသက်ရှိကောင်းကင်စင်ရော်ထက် များစွာနိမ့်ကျလေသည်။

တာအိုသက်ရှိ လျှို့ဝှက်မရဏပြောခဲ့သည်မှာ မှန်လေသည်။ ဆူဇီမိုက သူ၏ခြေရာကို ကောက်နိုင်ခဲ့သည်မှာ တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်ကြောင့် ဖြစ်လေသည်။ ဤကျင့်ကြံရေး နည်းစနစ်သည် ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာပြီး မိစ္ဆာဂိုဏ်းများ၏ အချက်အလက်များစွာကို ခြုံငုံမိထားလေသည်။

သည့်ယခင်က တာအိုသက်ရှိ လျှို့ဝှက်မရဏက သူ၏ သတ်ဖြတ်လိုစိတ်ကို ချုပ်တည်းထားသည်နှင့်အမျှ ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်နှင့်ပင်လျှင် သူ၏ခြေရာကို ကောက်နိုင်ဖို့ ခက်ခဲလေသည်။

သို့သော် ယခုအခါမှာတော့ တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်ကို ကျင့်ကြံပြီးနောက် သူသည် လျှို့ဝှက်မရဏဂိုဏ်းမှ ကျင့်ကြံသူများအပေါ် ဖော်မပြတတ်သော အာရုံခံအသိစိတ်တစ်ခုကို ပိုင်ဆိုင်လာခဲ့လေသည်။

သူ၏ အာရုံခံအသိစိတ်အတွင်းမှာ ရှိနေသည်နှင့်အမျှ မည်ကာမတ္တတပည့်များပင်လျှင် သူ၏ ထောက်လှမ်းမှုကနေ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ဆူဇီမိုသည် တိုက်ပွဲ၏ အကျိုးအမြတ်များကို စုဆောင်းလိုက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

ပြောစရာမလိုအောင်ပင် လူအုပ်ကြီးက အလိုလို လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကြလေသည်။

လူအုပ်ကြီးထဲကနေ ဖြတ်လာရင်း ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ကာ မေးလိုက်လေသည်။

“သီယင်းက... ဘယ်နေရာမှာလဲ.. တစ်ယောက်ယောက် သူ့ကို မြင်မိသေးလား....”

“အင်း.... ဟိုဘက်မှာပါ...”

“ကျုပ်သူ့ကိုမြင်တုန်းက သူက တာအိုသက်ရှိပဟေဠိနောက်ကို အသည်းအသန်လိုက်နေတာပဲ....”

လူအုပ်ကြီးထဲရှိ များစွာသော ကျင့်ကြံသူများက ချက်ချင်းမတ်တတ်ထရပ်ပြီး ညွှန်ပြလိုက်ကြလေသည်။

သီယင်းကဲ့သို့ တည်ရှိမှုမျိုးက ရောက်လေရောအရပ်မှာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လေသည်။

တာအိုအမွေအနှစ်ကုန်းမြေက မကျယ်ဝန်းလှသည့်အတွက် သူ့ကို ထောက်လှမ်းရှာဖွေဖို့က လွယ်ကူလေသည်။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... ခင်ဗျားက အရင်ဆုံး အနားမယူတော့ဘူးလား”

လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်က သူ၏ သတ္တိကို စုစည်းပြီး မေးလိုက်လေသည်။

“ခင်ဗျားက အခုတင်တိုက်ပွဲ အပြင်းအထန်တိုက်ခိုက်ထားတာ... အခု သီယင်းနဲ့ထပ်ပြီး တိုက်ခိုက်ရမယ်ဆိုရင် ခင်ဗျားအနိုင်ရရှိဖို့အခွင့်က သိပ်မများတော့ဘူးမလား...”

များစွာသော ကျင့်ကြံသူများသည် ထိုလူကို သေလူတစ်ယောက်ပမာ လှည့်ကြည့်လိုက်ကြလေသည်။

ဤသူက ဘယ်သူပါလိမ့်....

သူသည် မည်ကာမတ္တတပည့် ၇ ယောက်ကို ယခုတင်သတ်ဖြတ်ထားသော တာအိုသက်ရှိအထီးကျန်သိုင်းသခင် ဖြစ်လေသည်။ သူ၏ အနိုင်ရရှိဖို့အခွင့်က သိပ်မများဘူးဟု ပြောဆိုခြင်းမှာ ဤလူသည် အသက်ရှင်ရတာ ပင်ပန်းနေတာများလား...။

ထိုသို့ပြောဆိုပြီးနောက် ထိုကျင့်ကြံသူသည် သူစကားပြောများသွားပြီဆိုတာ သတိထားမိလိုက်ပြီး ကြောက်ရွံ့မှုဖြင့် ဇက်ကိုပုကာ ဘာလုပ်လို့ ဘာကိုင်ရမည်မသိတော့ပေ။

“သီယင်းက ငါ့အတွက် ဘာမှမဟုတ်ဘူး...”

ဆူဇီမိုက သူ့ကိုလုံးဝအရေးမလုပ်ဘဲ ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။ သူ၏ အစိမ်းရောင်ဝတ်ရုံစက တဖျပ်ဖျပ် လှုပ်ခါသွားပြီး အဝေးတစ်နေရာသို့ ထွက်ခွာသွးလေသည်။

သူသည် မည်သည့်ဓမ္မစွမ်းအားကိုမှ အသုံးမပြုဘဲ သူ၏ ကိုယ်ကာယခွန်အားသက်သက်ဖြင့် ခရီးသွားလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူသည် ဆေးလုံးအချို့ကိုစားသုံးပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို ပြန်လည်အားဖြည့်လိုက်လေသည်။

သူ၏အသိစိတ်ထဲတွင် ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့နေပြီး နေရာတစ်ခုလုံးကို အလင်းရောင်ခြည်များဖြင့် ပြည့်နှက်လာစေလေသည်။

ကြာစေ့များသည် မည်ကာမတ္တတပည့် လေးယောက်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် သူတို့၏ အရောင်အဝါက မှိန်ကျသွားခဲ့လေသည်။

ယခု သူတို့သည် အစိမ်းရောင်ကြာခုံထဲသို့ ပြန်လည်ရောက်ရှိနေပြီး ကြာစေ့များပေါ်ရှိ အလင်းရောင်က တဖြည်းဖြည်း ပြန်လည်တောက်ပလာနေလေသည်။

အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် တောက်ပ​ထည်ဝါသော ကြာခုံပေါ်မှာ ထိုင်နေလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၆သို့ဝင်ရောက်၍ ရင့်သန်လာပြီးနောက် အမြုတေစိတ်ဝိညာဥ်အပေါ် ၎င်း၏ အကျိုးကျေးဇူးက သိသာထင်ရှားလာခဲ့လေသည်။

ကြာခုံပေါ်မှာ ကျင့်ကြံသောအခါ အဲ့ဒါက ပိုမိုသန့်စင်သော အမြုတေစိတ်ဝိညာဥ်တစ်ခုကို ရရှိနိုင်သည့်အပြင် အမြုတေစိတ်ဝိညာဥ်စွမ်းအား၏ ပြန်လည်ဖြည့်တင်းနိုင်မှုကလည်း တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်လာခဲ့လေသည်။

သီယင်းနှင့် တွေ့ဆုံသည့်အချိန်ရောက်လျှင် သူ၏ အမြုတေစိတ်ဝိညာဥ်က စွမ်းအားအများစုကို ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။

သူ၏ ပြန်လည်အားဖြည့်မှုအမြန်နှုန်းကို မည်သည့်ဆေးလုံးကမှ နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကို ပြုစုပျိုးထောင်ဖို့အတွက် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကို စုစည်းခြင်းဖြင့် သူ၏အချိန်၊ အားထုတ်မှုနှင့် စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရလေသည်။

ယခုအခါမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာက နောက်ဆုံး သူ၏ အသီးအပွင့်များကို ယူဆောင်ပေးလာခဲ့လေပြီ။

အပျက်အစီးနယ်မြေတစ်နေရာတွင် အကျိုးအပဲ့အစအနများကို နေရာတိုင်းမှာ မြင်နေရလေသည်။

ကြီးမား၍ တုတ်ခိုင်သော ကျောက်တိုင်ကြီးတစ်တိုင်က ကောင်းကင်ထက်သို့ ထိုးတက်နေပြီး ၎င်းပေါ်တွင် ခရမ်းရောင်ဝတ်လူတစ်ယောက်က ထိုင်နေလေသည်။ သူ၏ အနက်ရောင်ဆံပင်ကို ပုခုံးပေါ်မှာ ဖြန့်ချထားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို တင်းကျပ်စွာ ပိတ်ထားလေသည်။ သူသည် လောက၏ အုပ်ချုပ်သူတစ်ယောက်အလား စီးပိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေလေသည်။

အဲ့ဒါက တာအိုသက်ရှိ ကစဉ့်ကလျားအမြုတေ သီယင်းပင် ဖြစ်လေသည်။

သူသည် ကောင်းကင်ထက်သို့ ထိုးတက်လာသော အစိမ်းရောင်ကြာပန်းကို မြင်သောအခါ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လင်းရွှမ်ကျီနောက်သို့ ဆက်မလိုက်တော့ပေ။ ထိုအစား သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်၍ ထိုင်ကာ သူ၏ စိတ်အခြေအနေကို ချိန်ညှိနေလေသည်။

ယခုအခါ သူအနားယူခဲ့သည်မှာ တစ်နာရီကျော်သွားခဲ့ပြီဖြစ်ပြီး သူ၏သက်လုံအားက ၎င်း၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ဤတစ်ခေါက်တွင် ကပ်ဘေးသုံးဆင့်နယ်မြေကနေ ပြန်လည်ပေါ်ထွက်လာသော ဆူဇီမိုကို ကောင်းကင်စင်ရော် နှင့်အခြားသူများက တားဆီးနိုင်လိမ့်မည်မဟုတ်ဟု သူက ဝိုးတဝါးခန့်မှန်းမိလိုက်လေသည်။

ဆူဇီမိုက သေချာပေါက် ဤနေရာသို့ ရောက်လာရပေမည်။

“သီယင်း... မင်းက ငါ့နောက်ကို ဘာလို့ ဆက်မလိုက်တော့တာလဲ...ဟေ့”

မလှမ်းမကမ်းရှိ ယိုယွက်းပျက်စီးနေသော အုတ်တံတိုင်းတစ်ခုပေါ်တွင် ဖြူဖပ်ဖြူရော်မျက်နှာနဲ့ မီးခိုးရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ထိုင်ကာ သီယင်းကို ပြုံးပြနေလေသည်။ သူက လင်းရွှမ်ကျီပင် ဖြစ်လေသည်။

“ပြောပါဦး... မင်းက ရက်နှစ်ဆယ်လုံးလုံး ခွေးရူးတစ်ကောင်လို ငါ့နောက်ကို လိုက်နေခဲ့ပြီးမှ အခု ဘာလို့ရုတ်တရက်ကြီး ငြိမ်သက်သွားရတာလဲ... ငါက အဲ့ဒါနဲ့ အသားမကျဘူး ဖြစ်နေတယ်”

ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူတစ်ယောက်အနေဖြင့် လင်းရွှမ်ကျီသည် တိုက်ခိုက်ရည်ခွန်အားအရာမှာ သီယင်းကို မယှဥ်နိုင်သော်လည်း သီယင်းသည် သူ့ကို သတ်ဖြတ်ဖို့ကလည်း မဖြစ်နိုင်ပေ။

“အို့.. အို့.. အို့...”

လင်းရွှမ်ကျီက အုတ်တံတိုင်းပေါ်မှာထိုင်နေရင်း သီယင်းကို လက်ယပ်ခေါ်ကာ ခွေးပေါက်လေးတစ်ကောင်နှင့် ဆော့ကစားနေသလို ထူးဆန်းသည့်အသံမျိုး လုပ်ပြလိုက်လေသည်။

သီယင်းက ဆွံ့အနားမကြားတစ်ယောက်လို အမူအရာကင်းမဲ့နေလေသည်။

လင်းရွှမ်ကျီသည် သူ၏ စိတ်အခြေအနေကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ချင်သော်လည်း သူက ယိမ်းယိုင်မလာခဲ့ပေ။

“ပြောပါဦး... သီယင်းလေး မင်းက ဆူဇီမိုကို ရင်ဆိုင်ဖို ယုံကြည်မှုဘယ်လောက်ရှိလဲ...”

သီယင်းက ပြန်မဖြေလျှင်တောင် လင်းရွှမ်ကျီက ဒီတိုင်းထိုင်နေလိမ့်မည်မဟုတ်ဘဲ သွားဖြီး၍ ထပ်မေးလိုက်လေသည်။

သီယင်းက ငြိမ်သက်နေဆဲဖြစ်လေသည်။

လင်းရွှမ်ကျီက ဟိတ်ဟန်တစ်ခွဲသားနှင့် ဝေဖန်ဆန်းစစ်ပြလိုက်လေသည်။

“ကြည့်စမ်းပါဦး... ဆူဇီမိုက နိုးထဝိညာဥ်အဆင့်မှာကတည်းက မည်ကာမတ္တတပည့်တွေကို သတ်နိုင်နေခဲ့ပြီ...အခု သူက မူလနတ္ထိအဆင့်ကိုရောက်လာပြီဆိုတော့ အဲ့ဒီမှာ တော်တော်ကောင်းတဲ့ အခွင့်အလမ်းတွေနဲ့ တွေ့ကြုံခဲ့ရတာဖြစ်မယ်...”

“မင်းက မူလနတ္ထိ အဆင့်မှာရှိတဲ့ ဆူဇီမိုကို အနိုင်ယူနိုင်ပါ့မလား...”

သီယင်း၏ နှလုံးသားက နောက်ဆုံးမှာတော့ လှုပ်ခတ်လာခဲ့လေသည်။

ဆူဇီမိုသည် မူလနတ္ထိအဆင့်မှာ ရှိနေမည်ဆိုလျှင် ဤတိုက်ပွဲ၏ ရလဒ်က ကြိုတင်ခန့်မှန်းဖို့ ခက်ခဲလာခဲ့လေသည်။

လင်းရွှမ်ကျီက ညင်စာစွာပြုံးလိုက်လေသည်။

“ဆူဇီမိုက သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်ပြီး အခုဆို သူ့ရဲ့အော်ရာက ထိမ်းမနိုင်သိမ်းမနိုင်ဖြစ်နေပြီ... သူက ဒီကိုလာနေပြီးဆိုတော့ ကောင်းကင်စင်ရော်နဲ့ အခြားသူတွေက သေသွားလောက်ပြီထင်တယ်”

“ဒီလောက်များတဲ့ မည်ကာမတ္တတပည့်တွေရဲ့ သွေးနဲ့ဖန်တီးထားတဲ့ အရှိန်အဟုန်ကို မင်းကတားဆီးနိုင်ပါ့မလား... သီယင်း ငါသာမင်းနေရာမှာဆိုရင် တာအိုအမွေအနှစ်ကုန်းမြေကနေ အခုချိန်ထွက်သွားလောက်ပြီ”

“သူက ထွက်သွားမှာမဟုတ်ဘူး”

ထိုစဥ်မှာပင် အဝေးတစ်နေရာကနေ တည်ငြိမ်သောအသံတစ်သံထွက်ပေါ်လာခဲ့လေသည်။ ပုံရိပ်တစ်ခုသည် မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ ပေါ်ထွက်လာပြီး နောက်တစ်ခဏအတွင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

“ညီကိုဆူ... ခင်ဗျားကတကယ်ပဲ... မူလနတ္ထိ အဆင့်ကို ရောက်သွားတာပဲ”

လင်းရွှမ်ကျီက ကျေနပ်နှစ်ခြိုက်သွားလေသည်။

ဆူဇီမိုက မူလနတ္ထိအဆင့်မှာ ရှိနေမည်ဆိုလျှင် ဤတိုက်ပွဲတွင် သူ၏ အနိုင်ရရှိဖို့အခွင့်က တိုးလာပေလိမ့်မည်။

လင်းရွှမ်ကျီအဆင်ပြေသည်ကို မြင်သောအခါ ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချပြီး ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။

“ညီကိုဆူ... သူက ထွက်သွားမှာမဟုတ်ဘူးဆိုတာ ခင်ဗျားက ဘယ်လိုသိသလဲ”

လင်းရွှမ်ကျီက မေးလိုက်လေသည်။

ဆူဇီမိုကပြောလိုက်လေသည်။

“သီယင်းက ကျုပ်ကိုစိန်ခေါ်ဖို့အတွက် တာအိုအမွေအနှစ်ကုန်းမြေကို ရွေးချယ်လိုက်တယ်ဆိုတာ အစကတည်းက သူက ကြောက်နေခဲ့တယ်လို့ ဆိုလိုတာပဲ... သူက တာအိုအမွေအနှစ်ကုန်းမြေမှာတောင် ကျုပ်ကိုမသတ်နိုင်ဘူးဆိုရင် သူက အဲ့ဒီအခွင့်အရေးကို နောက်ဘယ်တော့မှ ထပ်ရမှာမဟုတ်တော့ဘူး...”

“ဒီတစ်ခေါက်မှာ သူက တိုက်ခိုက်ခြင်းမရှိဘဲနဲ့ ထွက်ပြေးသွားမယ်ဆိုရင် ကျုပ်က သူရှင်းထုတ်လို့မရတဲ့ သူ့ရဲ့ အတွင်းနတ်ဆိုးတစ်ကောင်ဖြစ်လာလိမ့်မယ်”

သီယင်းသည် သူ၏မျက်လုံးကို ​ဖွင့်ပြီး မတ်တတ်ထရပ်လာခဲ့လေသည်။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏ခန္ဓာကိုယ်ရှိ အော်ရာက အဆက်မပြတ် ထိုးတက်လာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“မင်းပြောတာမှန်တယ်... ငါက မင်းကို မသတ်ရသေးသရွေ့ စိတ်အေးလက်အေးမနေနိုင်ဘူး”

“ဟဟား...”

ဆူဇီမိုက ရုတ်တရက် ရယ်မောလိုက်လေသည်။

“သီယင်း... မင်းသိလား ငါ အထီးကျန်သိုင်းသခင်က မင်းကိုဘယ်တုန်းကမှ ပြိုင်ဘက်တစ်ယောက်အဖြစ် မမှတ်ယူခဲ့ဘူး... ငါ့မျက်လုံးထဲမှာ မင်းကမထိုက်တန်ဘူး”

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ဆက်ပြောလိုက်လေသည်။

“မင်းက တာအိုအမွေအနှစ်ကုန်းမြေကို တိုက်ပွဲနေရာအဖြစ် ရွေးချယ်လိုက်ကတည်းက မင်းကရှုံးနှင့်နေပြီးပြီ”

သီယင်း၏ နှလုံးသားက လှုပ်ခတ်သွားခဲ့လေသည်။

ထိုသည်ကိုခံစားမိပြိး ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားကာ ရုတ်တရက် ပြောင်ပြောင်တင်းတင်း ဝင်ရောက်တိုက်ခိုက်လိုက်လေသည်။

All Chapters