← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

၁၂နာရီကြာ အိပ်စက်ပြီးနောက် Ace၏ လေးလံနေသာ မျက်ခွံများကို ခက်ခက်ခဲခဲ ဖွင့်လိုက်သည်။ ယမန်နေ့ညက အဖြစ်ပျက်ကြောင့် သူအံ့ဩမှင်သက်နေစဲဖြစ်သည်။ သို့သော်လည်း ခဏအကြာတွင် နာကျင်မှုလျော့နည်းသွားသည်။

နောက်ဆုံးတွင် မနာကျင်တော့သော်လည်း ထူးဆန်းစွာဖြင့် သူလန်းဆန်းနေသလို ခံစားရသည်။

ယမန်နေ့ညက ရုတ်တရက်နာကျင်လာပြီး သူမေ့လဲသွားသည်ကို မှတ်မိပေသည်။

‘အရမ်းထူးဆန်းတယ်။ မနေ့ကငါ ကောင်းကင်ဘုံကို ပုတ်ခတ်ပြော‌ဆိုမိလို့ အပြစ်ပေးခံလိုက်ရတာလား။’ သူရှုံ့မဲ့စွာ ပြုံးလိုက်ရင်း ခေါင်းရမ်းလိုက်သည်။ ‘ငါဖိအားများသွားလို့ နေမှာပါ။ ၃ရက်လောက် မအိပ်ခဲ့ရဘူးဆိုတော့။”

ကောင်းကင်ဘုံမှ အပြစ်ပေးသည်ဆိုသော ရယ်ဖွယ်ရာထင်မြင်ချက်ကို လျှင်လျှင်မြန်မြန်ပဲ ခေါင်းထဲမှ ဖယ်ရှားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံက သူ့ကိုအပြစ်ပေးရန် အလွန်အားနေလျှင် ဤကမ္ဘာတွင် မကောင်းသော နတ်ဆိုးများ ရှိလိမ့်မည်မဟုတ်ပေ။

ဘာတွေဖြစ်ပျက်ခဲ့သည်ကို စဉ်းစားနေစဉ် သူ့လက်‌မောင်းများထဲတွင် အိပ်‌ပျော်နေသောညီမလေးကို ကြည့်မိသွားသည်။ သူမ၏ခန္ဓာကိုယ်သည် အေးစက်နေဆဲပင်။ ထို့နောက် ချက်ချင်း ပတ္တမြားဒင်္ဂါး ၁ပြားကို ဖြစ်နိုင်သမျှ မြန်မြန်ရှာရန် လိုအပ်နေကြောင်း မှတ်မိသွားကာ သူ့အမူအရာများ မှောင်မိုက်သွားသည်။

သူမြို့ထဲသို့သွားရန် အဆင်သင့်လုပ်လိုက်ပြီး လစာမြင့်သော အလုပ်တစ်ခုခုကိုရှာဖွေရန် လုပ်တော့သည်။ ပတ္တမြားဒင်္ဂါး ၁ပြားရရန် သွားသင့်သည့်‌နေရာအနည်းငယ်ကို သူသိပေသည်။

“ငါအမဲလိုက်ဖို့အတွက် အပြင်သွားရမယ်။” သူ့ကိုယ်သူ မသဲမကွဲပြောလိုက်သည်။

ထိုင်နေရာမှ ထတော့မည့်အချိန်တွင် သူ့ခေါင်းထဲမှ ရင်းနှီး‌သော်လည်း မရင်းနှီးသော အေးစက်စွာပြောနေသော အသံကို ကြားလိုက်ရသည်။

[စနစ်၏ တပ်ဆင်မှု ပြီးပါပြီ!]

ချိုမြိန်‌သော်လည်း ကြွပ်ဆတ်နေသော အသံတစ်ခုကို မည်သည့်နေရာကမှန်းမသိဘဲ ကြားလိုက်ရသည့်အခါ သူအထိတ်တစ်လန့်ဖြစ်သွားကာ ထခုန်လုနီးနီး ဖြစ်သွားသည်။

သူ့ဘေးနားပတ်လည်သို့ အမြန်လှည့်ပတ်ကြည့်လိုက်ကာ Alinaမှ လွှဲ၍ မည်သူ့ကိုမှ မတွေ့ရပေ။ Ace သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသလို သတိဖြင့် ဘေးပတ်လည်သို့ ဆက်လက်ရှာဖွေလိုက်သည်။ သို့သော် မည်မျှပင် ရှာဖွေပါစေ၊ မည်သူ့ကိုမျှ မတွေ့ရပေ။

ရုတ်တရက် ထိုအသံသည် သူသတိမလစ်ခင်က ကြားခဲ့ရသော အသံနှင့် တစ်ထပ်တည်းဖြစ်သည်ကို အမှတ်ရသွားသည်။ “ အဲ့တာ ဘာအသံလဲ။ ဘယ်ကထွက်လာတာပါလိမ့်”

“သရဲခြောက်ခံနေရတာများလား?” သူသရဲအကြောင်းတွေးမိသွားကာ မျက်နှာဖြူဖတ်သွားပြီး ကြောက်လန့်သွားသည်။

သူအလုပ်လုပ်နေသော စားသောက်ဆိုင်မှ သရဲနှင့် ဝိဉာဉ်ပုံပြင်များ အများအပြားကို နားထောင်ဖူးလေသည်။ အသက်ကြီးနေပြီဖြစ်သော စားသောက်ဆိုင်ပိုင်ရှင်သည် သူ့မြေးကို ‘သရဲတစ်ကောင်က ကလေးတစ်‌ယောက်ကို ပိုင်စိုးပိုင်နှင်းလုပ်ခြင်း၊ ဝိဉာဉ်ကိုစားပစ်ခြင်း’ ဟူသော သရဲပုံပြင်များ အမြဲပြောပြလေ့ရှိပေသည်။ ထိုသို့သောပုံပြင်များကို သူစိတ်ဝင်စားစွာဖြင့် နားထောင်ခဲ့သော်လည်း ယခုတွင် သရဲကို အလွန်ကြောက်ရွံ့နေလေသည်။

သူ့ခေါင်းထံသို့ ခံစားချက်မဲ့နေသောအသံ ထပ်မံ၍ ထွက်ပေါ်လာချိန်တွင် စားသောက်ဆိုင်ပိုင်ရှင်ထံမှ ကြားဖူးခဲ့သော ဓမ္မတေးသီချင်းများ ရွတ်ဆိုတော့သည်။

[ဂုဏ်ယူပါတယ်။ ထာဝရသူခိုးစနစ်သည် သင့်ကို သခင်အဖြစ် ရွေးချယ်ခဲ့သည်။]

“ဘာလဲဟ??!” သူကျယ်လောင်စွာ အော်ဆဲမိလိုက်သည်။ သို့သော် Alinaသည် သူ့လက်မောင်းထဲတွင် ရှိနေဆဲဖြစ်ပြီး သူမကို မလှုပ်ရမ်းမိစေရန် သူ့ကိုယ်သူအတင်းဖိအားပေကာ ရပ်တန့်လိုက်သည်။

ထို့‌‌နောက် စားသောက်ဆိုင်ပိုင်ရှင်၏ ဓမ္မတေးကို ခေါင်းထဲတွင် ရူးသွပ်စွာ ရွတ်ဆိုတော့သည်။ သူရွတ်ဆိုနေသော စကားလုံးများ၏ အဓိပ္ပါယ်ကို မသိသော်လည်း စားသောက်ဆိုင်ပိုင်ရှင်၏ ‘မင်းသရဲနဲ့တွေ့တဲ့အခါ ဒီဓမ္မတေးကိုသာ ရွတ်ဆိုလိုက် သရဲက ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်' ဟူသော စကားကို ကြားဖူးလေသည်။

၁၀စက္ကန့်အကြာတွင် ထိုအသံကို သူမကြားရတော့ပေ။ ထို့နောက် စားသောက်ဆိုင်ပိုင်ရှင်၏ ဓမ္မတေးသည် အလုပ်ဖြစ်သည်ဟု တွေးနေတော့သည်။ သူအနည်းငယ် မာန်တက်သွားကာ သူ၏အောင်မြင်မှုကို ဂုဏ်ပြုတော့မည့်အချိန်တွင် သရဲမ၏အသံက ထပ်မံ၍ သူ့ခေါင်းထဲသို့ ပေါ်လာပြန်သည်။

[လက်ရှိမှာ သင့်အတွက် အထူးအခွင့်အရေးက အဆင့် ၀ မှာပါ။ အထူးအခွင့်ရေး အဆင့် ၀ ရဲ့ အသေးစိတ်အချက်လက်ကို သင့်ခေါင်းထဲသို့ လွှဲပြောင်းပေးပါတော့မယ်။]

[လွှဲပြောင်းခြင်း စတင်ပါပီ။ ပြင်ဆင်ထားပါ။]

ဤတစ်ကြိမ်တွင် အသံသည် ယခင်တုန်းကလို ခံစားချက်မဲ့‌မနေတော့ပေ။ သူ၏ရိုးသားမှုကြောင့် ရယ်နေပုံ ရသည်။

ထပ်မံ၍ သရဲမ၏ အသံကို ကြားရခြင်းကြောင့် သူအလွန်ကြောက်ရွံသွားသည်။ ထို့နောက် သူ့ဦးနှောက်ထဲသို့ တစ်ခုခုတိုးဝင်လာသလို ခံစားရကာ သူလက်မောင်းထဲမှ Alinaနှင့်အတူ တဲအိမ်လေး၏ အပြင်သို့ ထွက်ပြေးဖို့ လုပ်တော့သည်။

အလွန်ပြင်းထန်သော နာကျင်မှုကြောင့် သူ့ခေါင်းကို ဆုပ်ကိုင်လိုက်သော်လည်း Alinaနှင့် အနီးကပ်ရှိနေသောကြောင့် မအော်ခဲ့ပေ။ ပြင်းထန်စွာ နာကျင်နေသော အချိန်တွင်ပင် သူ့ညီမလေးအဆင်ပြေစေရန်ကို တွေးနေသေးပေသည်။ သူအလွန်ပြင်းထန်စွာ သွားကြိတ်လိုက်သည်။ နာကျင်မှုသည် မနေ့ကလို ပြင်းထန်‌သော်လည်း ဤတစ်ကြိမ်တွင်တော့ သည်းမခံနိုင် မဖြစ်ပေ။

၁၀စက္ကန့်ကြာပြီးနောက်တွင် ထိုနာကျင်မှု ပျောက်သွားခဲ့ကာ သူ၏အာရုံများကို ပြန်လည်ရရှိသွားသည်။ ယခုသည် သူလွှတ်မြောက်ရန် တစ်ခုတည်းသော အခွင့်ရေးဖြစ်သောကြောင့် သူဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ခက်ခဲစွာဖြင့် ထလိုက်ကာ သူ့အမူအယာသည် စိတ်ပိုင်းဖြတ်ထားခဲ့၏။ ဘာတွေပဲဖြစ်ဖြစ် ဤသရဲအိမ်မှ သူ၏ညီမလေးကို ဘေးကင်းစွာ ခေါ်ထုတ်ပေလိမ့်မည်။

ရုတ်တရက်သူ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခုသည် ဆန်းသစ်နေတာကြောင့် သူ၏လေးလံနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ထိုဆန်းသစ်နေသော အပိုင်းဆီသို့ အာရုံစိုက်လိုက်သည်။ ထို့နောက် ထိုအရာသည် ဆန်းသစ်သော မှတ်ဉာဏ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမှတ်ဉာဏ်သည် သူ၏မှတ်ဉာဏ် ဖြစ်လာ၏။

ထိုရုတ်တရက်အပြောင်းအလဲကြောင့် သူအလွန် စိတ်ရှုပ်ထွေးသွားသည်။ ‘ဒီသရဲက ဝိဉာဉ်ကို စားမှာ မဟုတ်ဘဲ ခန္ဓာကိုယ်ကို လိုချင်တာများလား?”

ထိုဆန်းသစ်သော မှတ်ဉာဏ်များ အခြေကျသွားပီးနောက်တွင် ထိုမှတ်ဉာဏ်တွင် ပါရှိသော စကားလုံးတစ်ခုတစ်လေကိုပင် မမေ့တော့ဘဲ အလွယ်တစ်ကူ မှတ်မိနိုင်စွမ်းရှိကြောင်း ‌သိရှိသွားသည်။

အဘယ်ကြောင့် ထိုမှတ်ဉာဏ်များကို သူရရှိသွားသည်ကို မသိပေ။ သို့သော် ထိုထဲမှ နက်ရှိုင်းသော အသံတစ်ခုသည် ထိုအရာကို ကြည့်ရှုရန် ပြောဆိုနေပြီး ကြည့်လိုက်သည့်အခါ ထိတ်လန့်သွားသည်။ ထို့နောက်ခဏတွင် အလွန်အံ့အားသင့်သွားကာ ထိုအံ့အားသင့်မှုသည် စိတ်ခြောက်ခြားခြင်းသို့ ပြောင်းလဲသွားပြန်သည်။

သူအလွန် ထိတ်လန့်နေတာကြောင့် သူ့လက်‌မောင်းများထဲမှ နေမကောင်းသောညီမလေးကိုပင် မေ့လျော့လုနီးနီးပင်။

အချိန်အချို့ကြာပြီးနောက် သူ့အာရုံများ ပြန်လည်ရရှိလာသည်။ ထို့နောက် တစ်စုံတစ်ခုကို အတည်ပြုနိုင်ရန် သူ့ပတ်ဝန်းကျင်သို့ အပြင်းအထန် စူးစိူက်ရှာ‌ဖွေတော့သည်။ တဲအိမ်လေး၏ အတွင်းနှင့် အပြင်တွင် မည်သူမှ မရှိကြောင်း သေချာသွားပြီးနောက် အနည်းငယ် စိတ်လျော့လိုက်တော့သည်။

သို့‌သော်လည်း သူဘာပဲလုပ်ပါ‌စေ၊ သူ၏သွေးရူးသွေးတန်း ခုန်ပေါက်နေသော နှလုံးကိုတော့ ငြိမ်သက်သွားအောင် မထိန်းနိုင်ပေ။

ထိုဖြစ်နိုင်ချေမရှိသော မှတ်ဉာဏ်ကို သူမယုံရဲပေ။ သို့သော် ထိုအရာများကို သူအတည်ပြုချင်ကာ ထိုအရာများ အမှန်ဖြစ်နေစေရန် ဆန္ဒရှိပေသည်။ ထို့ကြောင့် သူ့ပတ်ဝန်းကျင်ကို အရင်ဆုံး လိုက်စစ်ဆေးခြင်းပင်။ အကယ်၍ ဤမှတ်ဉာဏ်များသာ အစစ်အမှန်ဖြစ်နေခဲ့လျှင် သူဘာဆက်လုပ်မည်ကို မတွေးကြည့်ရဲသေးပေ။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ အနိမ့်သံဖြင့် ပြောလိုက်သည်။ “အချက်အလက်”

သူထိုသို့ ပြောလိုက်ပြီးနောက် စိတ်ကူးကြည့်၍ မရနိုင်‌သောအရာ ဖြစ်ပျက်သွားသည်။ ဖောက်ထွင်းမြင်နိုင်သော အနက်ရောင်လေးထောင့်တုံးသည် သူ၏မျက်လုံးများရှေ့တွင် ပုံပေါ်လာခဲ့သည်။ ထိုအနက်ရောင်အတုံး အပြည့်အဝပုံပေါ်လာခဲ့ပြီးနောက် ထိုပေါ်တွင် ငွေရောင်ဖြင့် ထူးဆန်းသောအမှတ်အသားများ ရေးထား၏။ ထိုအနက်ရောင်လေးထောင့်တုံး၏ အပေါ်ဘက်တွင် ရွှေရောင်တောက်နေသော နက်ပြာရောင်အမှတ်အသားဖြင့် ရေးထိုးထားသည်များလည်း ရှိပေသည်။ ထိုအနက်ရောင် လေးထောင်တုံးကို ‘ဘောင်ကွက်’ ဟုခေါ်သည်။

ထိုအမှတ်အသားများသည် ဤကမ္ဘာပေါ်တွင် ထူးဆန်းသောနိုင်ငံခြားဘာသာ ဖြစ်သည်။ ၎င်းကို ‘ဘုရားသခင်၏ ရှေးဟောင်းဘာသာစကား’ ဟု ခေါ်သည်။

ယခုဤကမ္ဘာကြီး တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ထိုဘာသာစကားကို နားလည်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အထူးခံစားခွင့် အဆင့် ၀ ဖြင့် လေ့လာခဲ့တာကြောင့် ဖြစ်သည်။ သူမွေးကတည်းက လေ့လာခဲ့လျှင် ထိုစကားကို ပြောပင် ပြောနိုင်ပေလိမ့်မည်။

ထိုအကြောင်းအရာသည် အစစ်မှန်ဖြစ်ကြောင်း သိရှိပြီးနောက် အလွန်ပျော်ရွှင်သွားကာ အလွန်ကြီးမားသော စိတ်သက်သာရာရမှုကို ခံစားရလေသည်။ သူ့ပတ်ဝန်းကျင် အခြေနေကြောင့်နှင့် သူ့ညီမလေးကြောင့်သာ မဟုတ်လျှင် အရူးတစ်ယောက်လို ရယ်မောမိပေလိမ့်မည်။

သူစိတ်ငြိမ်သွားသည်။ သို့သော် အချက်အလက်များကို သူဖတ်ရှုခဲ့သောကြောင့် သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှု မျက်ရည်များ ရှိနေခဲ့သည်။

[ထာဝရသူခိုးစနစ်]

[အဓိကဘောင်ကွက်]

[ပိုင်ရှင်: Ace White]

[မျိုးနွယ်စု: လူသား {ဆွေမျိုးသားချင်းမရှိ} ]

[ကောင်းကင်ဘုံအဆင့်: ပထမအဆင့် ကောင်းကင်ဘုံ]

[ကောင်းကင်ဘုံပထမအဆင့်၏ ကျင့်ကြံခြင်းအဆင့် {သိုင်းကျင့်ကြံခြင်း}: သေမျိုးအဆင့်/လူသား]

[EXP: 0/50]

(EXP= အတွေ့ကြုံရှိသော ရမှတ်များ)

[စိတ်ဝိဉာဉ်ကျင့်ကြံခြင်းအဆင့်: သေမျိုးအဆင့်/လူသား]

[စိတ်ဝိဉာဥ်အမှတ်: 0/20]

[သူခိုးအမှတ်: 15]

[လက်ရှိလုပ်ဆောင်ရန်တာဝန်: 0]

Aceသူ၏ အချက်အလက်ကို မြင်ပြီးနောက် အကြောင်းအရာများလွန်းတာကြောင့် မူးမေ့ချင်သွားသည်။ ထို့နောက် ညာဘက်ထောင့်စွန်းထိပ်မှ အဓိကဘောင်ကွက်ကို ကြည့်လိုက်သည်။ ‌ထိုနေရာတွင် စိတ်ဝင်စားဖို့ကောင်းသော ငွေရောင်သင်္ကေတရှိနေ၏။ ထိုသင်္ကေတသည် အနက်ရောင်ဝတ်ရုံရှည်ပုံစံဖြစ်ကာ သူ၏အချက်အလက်ဘောင်ကွက်သင်္ကေတဖြစ်သည်။

ထို့နောက် သူ့အချက်အလက်၏ သုံးကြောင်းမြောက်သို့ အာရုံပြောင်းလိုက်သည်။ ‘ပထမအဆင့်ကောင်းကင်ဘုံ’ဟုရေးထားသော စကားလုံးပေါ် အလွန်ရှုပ်ထွေးနေလေသည်။

‘ကောင်းကင်ဘုံတွေ အများကြီး ရှိတာများလား’ သူအံဩစွာ တွေးလိုက်သည်။ ‘ပထမအဆင့်ကောင်းကင်ဘုံရဲ့ နာမည်က လူသားကောင်းကင်ဘုံ’တဲ့။

သူမတတ်နိုင်စွာ တွေးလိုက်သည်။ သူသည် ရေတွင်းထဲမှ ဖားတစ်ကောင်သာ ရှိသေးသည်။ တစ်ခါမှ မြစ်ပန်းမြို့၏ အပြင်သို့ မရောက်ဖူးပေ။ ယခုတွင် ရုတ်တရက် ကောင်းကင်ဘုံ၏ ကြီးကျယ်သော အမည်ကို သိလိုက်ရသောကြောင့် အလွန်ထူးခြားသည်ဟု ခံစားလိုက်ရသည်။

အခြားအချက်အလက်များကိုလည်း ကြည့်လိုက်ကာ ကျင့်ကြံခြင်းအကြောင်းအရာကို တွေ့လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် သေမျိုးလူသားတစ်ယောက်သာ ဖြစ်သည်။

အတွေ့ကြုံရှိ အမှတ်များနှင့် စိတ်ဝိဉာဥ်အမှတ်များကိုလည်း တွေ့ကာ အလွန်ရှုပ်ထွေးနေလေတော့သည်။

‘အဲ့တာတွေက ဘာအတွက်လဲ’ ထိုစကားကို သူ့ခေါင်းထဲတွင် ပြောလိုက်သည်။ ထိုအရာသည် သူ့မှတ်ဉာဏ်ထဲတွင် တွေ့ရှိခဲ့သော စနစ်နှင့်ဆက်သွယ်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။

[အတွေ့ကြုံရှိ အမှတ်များနဲ့ စိတ်ဝိဉာဥ်အမှတ်များက ကျင့်ကြံခြင်းအဆင့်မြင့်တက်ပြီး နောက်တစ်ဆင့်ကိုရောက်ဖို့ လိုအပ်တဲ့ ချီပမာဏဖြစ်ပါတယ်။]

ထိုအေးစက်နေသောအသံကို သူမကြောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤရတနာဖြစ်သော စနစ်၏ သခင်ဖြစ်တာကြောင့်ပင်။ သို့သော်လည်း မည်သို့သောရတနာဖြစ်သည်ကို သူမသိပေ။ ဤစနစ်သည် ကောင်းကင်ဘုံ၏ နာမည်ကိုပင် သိလေသည်။ ‘ဒီရတနာစနစ်က ဒီကမ္ဘာက မဟုတ်ဘူး’ ဟုသာ သူကောက်ချက်ချလိုက်သည်။

‘ဒီအတွေ့ကြုံရှိ အမှတ်နှင့် စိတ်ဝိဉာဥ်အမှတ်ကို ဘယ်လိုစုဆောင်းရမှာလဲ’

စနစ်သည် ပြန်ဖြေလိုက်သော်လည်း ဤတစ်ခေါက်တွင် ကွဲပြားစွာ ဖြေလိုက်သည်။

[အဲ့တာကို ကိုယ့်ဘာသာ အဖြေရှာရမယ်]

စနစ်၏အဖြေကြောင့် သူမှင်သက်အံ့ဩသွားကာ ခဏတွေးပြီးနောက် အခြားမေးခွန်းတစ်ခုကို မေးလိုက်သည်။ ‘ဒါဆို သူခိုးအမှတ်က ဘာလဲ’

ထိုအမှတ်သည် သူဖတ်ခဲ့သော အချက်အလက်များထဲတွင် တစ်ခုတည်းသောသုညမှတ် မဖြစ်ခြင်းဖြစ်ပြီး အစမှာတင် ၁၅မှတ် ရှိနေပြီ ဖြစ်သည်။ ဤအရာနှင့်ပတ်သတ်၍ စိတ်လှုပ်ရှားနေသော်လည်း ‘သူခိုး’ဆိုသော စကားလုံး ပါရှိနေခြင်းသည် အကြောင်းပြချက်အချို့ကြောင့် မလွယ်ကူဟု ခံစားရသည်။

[ဂုဏ်ရှိတဲ့ ခိုးယူမှုကို ပြုလုပ်ပြီးနောက်မှာ သူခိုးမှတ်တွေကို သင်ရရှိနိုင်ပါတယ်။ သူခိုးမှတ်က စနစ်ရဲ့ ငွေကြေးဖြစ်ပြီး စနစ်ကနေ ပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုနိုင်ပါတယ်]

‘ခိုးတယ်ဆိုတာ ဘာလိုဆိုလိုတာလဲ။ ငါ့ကို သူခိုးဖြစ်စေချင်နေတာလား။ တစ်ယောက်ယောက်ဆီကနေ လုယက်လာပါတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး ဂုဏ်ရှိနိုင်ပါ့မလဲ။ မင်းကိုယ်မင်း ဖျက်ဆီးနေတာလား’ သူတွေဝေသွားခဲ့သည်။

သူသည် အသက်၁၂နှစ်သာ ရှိသေးသော်လည်း ကိုယ်ကျင့်တရားမရှိသော ခိုးယူခြင်းကို တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ သူဆင်းရဲနေလျှင်ပင် ထိုအရာမျိုးကို ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ ယခုဤ’ရတနာ’ဟု သတ်မှတ်ထားသော စနစ်သည် သူ့ကို ခိုးယူရန် ပြောနေကာ ‘ဂုဏ်ရှိသည်’ဟုပင် ပြောရဲသေးသောကြောင့် သူအလွန်ထိတ်လန့်သွားခဲ့သည်။

[သေချာဂရုစိုက်ပြီး ဒီစနစ်၏ နာမည်ကို ဖတ်ပေးပါ] နောက်ထပ် ရှင်းလင်းချက်များ မပေးတော့ဘဲ စနစ်ပြောလိုက်သည်။

သူစိတ်ငြိမ်ငြိမ်ထားလိုက်ကာ ဖောက်မြင်နေရသော အနက်ရောင်လေးထောင့်တုံး၏ ထိပ်ကို အာရုံစိုက်လိုက်သည်။ ထိုနေရာတွင် ရွှေရောင်တောက်နေသော နက်ပြာရောင်စကားလုံးများ ရေးထားသည်။ “ထာဝရသူခိုးစနစ်” ဤစကားလုံးများသည် အလွန်လွှမ်းမိုးနိုင်ကာ လျှို့ဝှက်ထားသော စွမ်းအားတစ်ခုခု ရှိနေပုံရသည်။

ဤရတနာစနစ်၏ အမည်အပြည့်အစုံကို သေသေချာချာဖတ်ပြီးနောက်တွင် ထိုနေရာတွင်လည်း ‘သူခိုး’ပါရှိကြောင်း သတိထားမိသွားတော့သည်။ သူမျက်လုံးများကို ပွတ်လိုက်ကာ သူမှားကြည့်မိတာ မဟုတ်ကြောင်းသေချာရန် ထပ်မံကြည့်လိုက်သည်။ သို့သော် ဘယ်နှခါကြည့်ပါစေ၊ ထိုနေရာတွင် ‘သူခိုး’ဟူသော စကားလုံး ရှိပေသည်။

ရတနာစနစ်ကို ရရှိတာကြောင့် ပျော်ရွှင်မှုသည် လေထဲသို့ ပျောက်ကွယ်သွားတော့သည်။ အကြောင်းမှာ သူပြဿနာတက်ပြီကို သိလိုက်တာကြောင့်ပင်…။

All Chapters