← Chapters

အခန်း (၂၁၁)

Vol. 15 Ch. 211

အခန်း (၂၁၁)

Vol. 15 Ch. 211

ဝမ်လောင်ပိုပြီးတွေးလေလေ ပိုပြီး ခါးသက်လေလေဖြစ်သည်..။သူဝိုင်ဂျားကို ကောက်ကိုင်ပြီး ပါးစပ်နှက့်အပြည့်သောက်လိုက်၏..။ယင်းနောက် သူ စားပွဲပေါ်က ဓားကို ကောက်ကိုင်ပြီး ထွက်သွားခဲ့သည်..။

သူ ဆိုင်ထဲမှ ထွက်သွားသည့်အချိန်တွင် လမ်းထဲမှာ ဘယ်သူမှ မရှိခဲ့ပေ..။လမ်းတွေအားလုံး ပျကိဆီးနေခဲ့၏..။သူ မီးလောင်ပြင်ကို ကြည့်ပြီး စိတ်ပြတ်သားမူ တွေ ဖြစ်နေခဲ့သည်..။

ဒီတစ်ကြိမ် သူက လွတ်မြောက်ဖို့အတွက် မပြင်ဆင်ထားပေ..။

"ခွေးသား..မင်းအဘိုး ဝမ်လောင်က ဒီမှာပဲ..%

ဝမ်လောင်ဟာ ကောင်းကင်ကျီးကန်း၏ လက်ထဲတွင် သေဆုံးရင် အဆင်သင့်ဖြစ်နေပြီဖြစ်သည်..။

ကောင်းကင်ကျီးကန်းသည် မြို့ပေါ်မှာ ပျံသန်းပြီး အော်ဟစ်နေခဲ့သည်..။ဝမ်လောင် ဒီသားရဲ၏ ပျော်ရွှင်မူကို ခံစားနေရ၏..။

ခွေးသား..

ဝမ်လောင်ဒေါသထွက်လာခဲ့သည်..။သူ တိုကိခိုက်တော့မယ့် အချိန်မှာပဲ..တစ်ခုခုကို မြင်ပြီး မျက်လုံးပြူးကျယ်သွား၏..။

ကောင်းကင်ထက် တိမ်ပင်လယ် တွေဟာ ပျံ့ကြဲသွားပြီး ကြီးမားသည့် လက်သည်းများပေါ်လာခဲ့ကာ..ကောင်းကင်ကျီးကန်း၏ တောင်ပံတွေကို ကုတ်သွားခဲ့သည်..။

သူ၏ လက်သည်းတွေကြားမှာတော့ ကောင်းကင်ကျီးကန်းသည် ကြက်ကလေးတစ်ကောင်လို သေးငယ်နေ၏..။

ဘန်း...

ပြင်းထန်သည့်လေထုနှင့်..တိမ်တိုက်များကို ဖယ်ရှားပစ်ပြီး နေကို ပြန်လည်ထွက်ပေါ်လာစေခဲ့တယ်..။ဝမ်လောင် နှာဖူးကို လက်နဲ့ကာထားပြီး မျက်လုံးကို ကျဥ်းမြောင်းလိုက်၏..။ယင်းနောက် မမျှော်လင့်ထားတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်..။

တောင်ပံတွေ ပေတစ်ထောင်လောက်ရှိသည့် ကြီးမာစသည့် ငှက်ကြီးကို သူ တွေ့လိုက်ရသည်..။သူက မြို့ပေါ်မှာ ပျံသန်းပြီး တောင်ပံများကို ခတ်ကာ မီးများကို ငြိမ်းသတ်နေခဲ့၏..။

ကောင်းကင်ကျီးကန်းသည် အော်ဟစ်ပြီး ရုန်းကန်နေခဲ့ပေမယ့်..ကြီးမားသည့် အနက်ရောက်ငှက်ကြီးထံမှ မလွတ်မြောက်နိုင်ခဲ့ပေ..။

ကောင်းကင်ကျီးကန်းသည် ခေါင်းကို မော့ပြီး မီးတွေ မှုတ်လိုက်ပေမယ့် အနက်ရောင်ငှက်ကြီးကိုဘာ ထိခိုက်ဒဏ်ရာမှ မလုပ်နိုင်ခဲ့ပေ..။

"အဲတာက ဘာလဲ.."

"ဒါက ရွှန်းငှကိပဲ...ဒါက ဒဏ္ဍာရီလာသားရဲ ရွှန်းငှက်ပဲ..။နတ်ဘုရားတွေက ငါတို့ကို ကယ်တင်ဖို့ လွတ်လိုက်တာဖြစ်မယ်.."

"ငါတို့ လုံခြုံသွားပြီ.."

"သတိထားကြဦး.။ဖြစ်နိုင်တာက သူက သားရဲကို အမဲလိုက်ပြီးရင် ငါတို့ကိုပါ ပစ်မှတိထားနိုင်တယ်.."

"အဲတာက နတ်ဆိုးမဟုတ်ဘူး..။သူက ငါတို့ကို ကူညီဖို့အတွက် ရောက်လာတာ.."

မြို့တစ်ခုလုံး စိတ်လှုပ်ရှားနေခဲ့ကြသည်..။

ဝမ်လောင်လည်း ကြောင်အနေခဲ့၏..။

ဒီမြင်ကွင်းက သူ့ကို အိပ်မက်ထဲရောက်နေသလိုတောင် ခံစားနေရသည်..။

လူပေါင်းများစွာရဲ့ အကြည့်အောက်မှာတငိပဲ အနက်ရောင်ငှက်ကြီးသည် ပါးစပ်ကို ဟလိုက်ပြီး ကောင်းကင်ကျီးကန်းကို မြိုချဖို့ကြိုးစားလိုက်သည်..။ကောင်းကင်ကျီးကန်းကတော့ လျင်မြန်စွာပဲ ရုန်းကန်နေခဲ့၏..။လူတိုင်းက သေချာကြည့်လျင် အနက်ရောင်ငှက်ကြီး၏ နှာဖူးမှ မျက်လုံးက ကောင်းကင်ကျီးကန်းကို လျင်မြန်တဲ့ အရှိန်နဲ့ မြိုနေတာကို မြင်တွေ့ရမည်ဖြစ်သည်..။

ကမ္ဘာကြီးက တိတ်ဆိတ်သွားခဲ့၏ ။

ကောင်းကင်ကျီးကန်း ပျောက်ဆုံးသွားသည့် အချိန်တွင် လူတိုင်းက ငှက်ကြီးကို နတ်ဘုရားတစ်ပါးလို ကြောက်ရွံ့စွာကြည့်လိုက်ကြသည်..။

သို့ပေမယ့် အနက်ရောင်ငှက်ကြီးဟာ လှည့်ပတ်ပြီး ပျံသန်းလိုက်၏..။သူက တောင်ပံများကို ခတ်ရင်း တိမ်တိုက်များကို စုစည်းနေခဲ့သည်..။

မိုးရွာလာတဲ့ အချိန်ရောက်မှ ငှက်ကြီးဟာ ပျံသန်းသွားခဲ့၏..။

"ဆန်းကျယ်တဲ့ သားရဲပဲ.."

"ကောင်းကင်က ငါတို့ကို ပစ်မထားဘူးဆိုတာ သိသားပဲ.."

"ဒါက ရွှန်းငှက်ပဲ..။ဒဏ္ဍာရီ တွေက မှန်နေပြီ..လူသားတွေ သေမှာမဟုတ်ဘူး.."

မြို့သားတွေနဲ့ ကိုယ်ခံပညာရှင်တွေအားလုံး ပျော်ရွှင်နေကြသည်..။ကြီးမားသည့် မိုးရွာသွန်းမူ ကတောင် သူတို့၏ အသံများကို မဖုံးကွယ်နိုင်ခဲ့ပေ..။

ဝမ်လောင်ကတော့ ငှက်ကြီး ထွက်သွားတဲ့ဘက်ကို ကြည့်နေဆဲဖြစ်၏..။

အခုချိန်မှာတော့ ဝမ်လောင်ဟာ ..သူ့ရဲ့ကံတရား ပြောင်းလဲသွားသလို ခံစားနေရသည်..။

သူသေဖို့ ပြင်ဆင်ထားချိန်မှာပဲ ဆန်းကျယ်တဲ့အရာက ဖြစ်လာခဲ့၏..။ဒါက ကံတရားမဟုတ်ရင် ဘယ် ဟာလဲ..။

တစ်ဖက်မှာတော့ ကြီးမားသည့် ငှက်ကြီးသည် နောက်တစ်မြို့ကို ရောက်သွားခဲ့သည်..။သူက လမ်းတစ်လျောက်လုံးမီးတွေငြိမ်းသတ်နေ၏..။

ဒီငှက်က ကျန်းချန်ရှန်း ပြောင်းလဲထားခြင်းဖြစ်သည်..။ဒါက ကောင်းကင်ဆန်ကျယ်သော ပြောင်းလဲမူ နည်းစနစ်၏ ကိုးဆင့်မြောက်ဖြစ်သည်..။ဒါက ရွှန်းငှက်အဖြစ် ပြောင်းလဲနိုင်၏..။

ဒါက ပြသနာကို ဖြေရှင်းဖို့ သာ တွေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်..။

ဒီ ငှက်ကြီးက တာအိုဘုန်းတော်ကြီးဖြစ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ..။

ကျန်းချန်ရှန်း တောအုပ်ကို ဝင်လိုက်ပြီး သူ့ရဲ့ ပုံစံအမှန် ပြန်ပြောင်းလိုက်သည်..။ယင်းနောက် စိတ်သက်သာရာ ရသွားခဲ့၏..။

သူ ခြံဝန်းထဲသို့ ပြန်လျောက်လာခဲ့သည်..။

[ ရွှန်းထျန်း ခေတ် ၆၀ နှစ်မြောက်တွင် ကောင်းကင်ကျီးကန်းသည် လူသားများကို မီးလောင်တိုက်သွင်းရန် ကြိုစားခဲ့သည်..။သင်က ဒီကပ်ဆိုးကို တားဆီးနိုင်ခဲ့၏..။သင် ရှင်သန်မူ ဆုလာဒ်ရခဲ့သည် ။ဆုလာဒ် - စိတ်ဝိဥာဥ်ပစ္စည်း ' ခြေသုံးချောင်း ရွှေရောင်ကျီးကန်း၏ သွေးဝိဥာဥ် ']

သွေးဝိဥာဥ်ကဘာလဲ..

ခြေသုံးချောင်း ရွှေရောင်ကျီးကန်းက မဆိုးဘူး..

ကျန်းချန်ရှန်း ခြံထဲကို ပြန်ရောက်တာနဲ့လူတိုင်းက သူ့ကို ကြည့်လိုက်ကြ၏..။

ပိုင်ချီ , " မြန်လိုက်တာ.."

ကျန်းချန်ရှန်း မျက်မှောက်ကျုတ်လိုက်၏..။

"ဘာကိုမြန်တာလဲ.."

ပိုင်ချီတစ်ခုခုပြောချင်ပေမယ့် တွေဝေနေခဲ့သည်..။

ကျန်းချန်ရှန်း " ငါက ဝါးတောထဲသွားပြီး တရားထိုင်တာပဲ..။အများကြီး မတွေးနဲ့.."

ဒါကို ပြောပြီးတာနဲ့ သူ အခန်းထဲကို ဝင်သွားခဲ့သည်..။

ထင်ထားသလိုပဲ ကျန်းချန်ရှန်းက ကောင်းကင်ကျီးကန်းကို သွားဖြေရှင်းတယ် ဆိုတာ ပိုင်ချီသေချာသိနေခဲ့၏..။

သူမ ရီယွမ်ကို ကြည့်လိုက်ပြီး..

"လောင်းကြရအောင် ၊ ငါကတော့ ကောင်းကင်ကျီးကန်း ပျောက်ကွယ်သွားတဲ့ ဘက်ကနေမယ်.."

ရီယွမ် , " ငါ လောင်းမှာမဟုတ်ဘူး..။နင်နဲ့ ဘယ်သူက လောင်းချင်မှာလဲ..။နင်က ငါ့ကို အမြတ်ထုတ်ချင်နေတာပဲ..။ငါက ဓားနတ်ဘုရားလောင် မတုံးအဘူး.."

ပိုင်ချီ မကူညီမဲ့သွားခဲ့သည်..။ဒီငနဲက အရူးလုပ်ဖို့မလွယ်ကူပေ..။

တစ်ဖက်တွင်..။

ကျန်းချန်ရှန်သည် သွေးဝိဥာဥ်ကို သန့်စင်နေခဲ့ပြီဖြစ်၏..။ဒီ သွေးဝိဥာဥ်က နတ်ဆိုးသားရဲကို ခြေသုံးချောင်းရွှေရောင် ကျီးကန် အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်..။ဒီမတိုင်ခင် ကျန်းချန်ရှန်းသည် သွေးဝိဥာဥ်ထဲသို့ သွေးစက်ချရန်လိုအပ်သည်..။ပြီးတာနဲ့ သူက ရွှေရောင်ကျီးကန်း၏ သေခြင်း ရှင်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်၏..။ဒီလိုဆိုရင် သူ့အမိန့်ကို မနာခံလို့ မရတော့ပေ...

အရာအားလုံးပြီးစီးသွားသည့်နောက်တွင် ကျန်းချန်ရှန်းသည် သွေးဝိဥာဥ် ကို လက်စွပ်ထဲထည့်လိုက်ပြီး အခန်းထဲကထွက်လိုက်သည်..။

ကျန်းချန်ရှန်းဟာ ပိုင်ချီကို ရွှေရောင်ကျီးကန်း အဖြစ်ပျောင်းခိုင်းမှာမဟုတ်ပေ..။ရွှေရောင်ကျီးကန်း အဖြစ်ပြောင်းဖို့ဆိုရင် ငှက်များသာ ပိုသင့်တော်၏..။

ဒါကြောင့် သူ နောက်ထပ် ငှက်တစ်ကောင်ကို သေချာ လေ့ကျင့်ပေးရမည်ဖြစ်သည်..။

သူက ဒီအတွက်ကို အလျင်မလိုပဲ..။သူကိုယ်တိုင်လည်း ကျင့်ကြံဖို့အချန်လိုအပ်သေး၏..။ခြေသုံးချောင်း ကျီးကန်း ရင့်ကျတ်လာသည့်အချိန်တွင် သူက တာအိုနည်းစနစ်၏ အဆင့်ကိုးကို ချိုးဖြတ်နိုင်လိမ့်မည်ဖြစ်သည်..။

အချိန်တွေဟာ တရွေ့ရွေ့ကုန်လွန်သွား၏..။

ပြီးခဲ့တဲ့ ရက်များတွင် ရမှတ်များ ဆက်တိုက်ထိုးတက်နေသည်ကို ကျန်းချန်ရှန်း သိရှိခဲ့သည်..။

သူက ရွှန်းငှက် အဖြစ် အမှတ်များ ဆက်တိုက်ရနေခြင်းဖြစ်၏..။ဒါက အဓိပ္ပါယ်ရှိ၏..။သူက ငှက်အသွင်နဲ့ဖြစ်သော်လည်း ဒီလူတွေရဲ့ ရင်ထဲမှာ သူ ရှိနေသ၍ အမှတ်များ ရရှိနိုင်မည်ဖြစ်သည်..။

နိုဝင်ဘာလ..။

ကျန်းချီဟာ ကျန်းချန်ရှန်းဆီလာပြီး ကောင်းကင်ကျီးကန်း အကြောင်းပြောပြခဲ့သည်..။

"ထျန်ဟိုင်ပင်လယ်ရဲ့ တောင်ဘက်မှာ..ကောင်းကင်ကျီးကန်းက လူသားတွေ အန္တရာယ်ပြုနေတာကို ကယ်တင်ဖို့ ရွှန်းငှက်ပေါ်လာခဲ့ပါတယ်..။ရွှန်းငှက်က ကောင်းကင်ကျီးကန်းထက် ဆယ်ဆလောက်ပိုကြီးတယ်လို့ ပြောကြတယ်..။သူ့ရဲ့ တောင်ပံနဲ့တင် တိမ်တွေကို ရွေ့လျားစေနိုင်တယ်လေ..။သူက ကောင်းကင်ကျီးကန်းကို တစ်ခါတည်းမြိုချလိုက်တာ..။ဒီကိစ္စက တကျန်းတစ်ခုလုံးကိုတော့ တရားဝင် မပျံ့နှံ့သေးဘူး..။ကျွန်တော်က အဖြူရောင် အစောင့်ရှောက်တွေ ဆီကပဲ သိလိုက်ရတာ.."

ကျန်းချီ စိတ်လှုပ်ရှားနေခဲ့၏..။

"ကောင်းကင်ကျီးကန်း သေပြီလား.."

ပိုင်ချီ မျက်လုံးကျယ်သွားပြီး ကျန်းချန်ရှန်းကို သံသယဖြစ်စွာကြည့်လိုက်သည်..။

ဂျီဝူဂျန် လှုပ်ရှားသွားခဲ့၏.. " ရွှန်းငှက် "

ကျန်းချန်ရှန်း တည်ငြိမ်စွာပြောလိုက်သည်..။

"ငါ့ကိုဘာလို့ကြည့်နေကြတာလဲ..။ငါက ရွှန်းငှက်မှ မဟုတ်တာ.."

ပိုင်ချီဟာ ကျန်းချန်ရှန်း ငှက်ပုံစံပြောင်းတာကို မှတ်မိပေမယ့် ထုတ်ပြောမှာမဟုတ်ပေ..။

ရီယွမ် ," ကမ္ဘာပေါ်က သားရဲတွေ အားလုံးက နတ်ဆိုးသားရဲတွေမဟုတ်ဘူးပဲ.."

ကျန်းချီ ပြုံးလိုက်သည်..။

"အမှန်ပဲ..ရွှန်းငှက်ရဲ့ပေါ်ထွက်လာမူက အုပ်ချုပ်မူ အင်ပါယာတွေရဲ့ စိတ်ဓာတ်ကို မြင့်တင်ပေးန်ိင်လိမ့်မယ်..။ဒီကနေတဆင့် နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ ယုံကြည်မူရှိကြမှာပေါ့.."

ဒီဟာကို ကြားတဲ့ အချိန်မှာ သူကိုယ်တိုင်လည်း အံ့ဩသင့်ခဲ့ရသည်..။ဒဏ္ဍာရီလာ သားရဲက လူသားတွေကို ကာကွယ်ပေးလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ..။

All Chapters