← Chapters

ကြောက်စရာ ကြီးထွားမူ ၊ ရွှန်းငှက်ပေါ်လာပြီ

Vol. 15 Ch. 212

ကြောက်စရာ ကြီးထွားမူ ၊ ရွှန်းငှက်ပေါ်လာပြီ

Vol. 15 Ch. 212

"ကမ္ဘာကြီးက အတော်ကျယ်ပြန့်တာပဲ..။ကံဆိုးချငိတော့ ငါက ရွှန်းငှက်ရဲ့ ထည်ဝါမူကို မမြင်လိုက်ရဘူး.."

ကျန်းချန်ရှန်း ပြောလိုက်သည့် အချိန်တွင် ကျန်းချီ ခေါင်းညိမ့်လိုက်၏..။

ရီယွမ်နဲ့ တစ်ခြားလူတွေကတော့ အဲ့နေ့က ကျန်းချန်ရှန်း ပျောက်သွားတာကိုသာ ပြန်တွေးမိနေကြသည်..။သို့ပေမယ့် ကျန်းချီရှိနေတာကြောင့် ဒါကိုထုတ်ပြောကြမည် မဟုတ်ပေ..။တစ်ဖက်မှာ တာအိုဘိုးဘေးကလည်း ဖင်ပိတ်ငြင်းနေခဲ့၏..။

ကျန်းချီ အတော်ကြာအောင် ပြောပြီး ထွက်သွားခဲ့ငည်..။

သူ ထွက်သွားပြီးနောက်မှာတော့ ကျန်တဲ့လူတွေဟာ ကျန်းချန်ရှန်းကိုသာ ကြည့်နေကြ၏..။ကျန်းချန်ရှန်း ခံစားချက်မဲ့စွာပဲ ပြောလိုက်သည်..။

"မင်းတို့ သိထားတာ ဘာမှမရှိဘူး..။နားလည်ပြီလား.."

လူတိုင်းခေါင်းညိမ့်လိုက်ကြသည်..။ဂျီဝူဂျန် ကျန်းချန်ရှန်းကို ကြည့်တဲ့ အကြည့်များလဲ ပြောင်းလဲဿွား၏..။

ဒါက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်တုန်းကနဲ့ အတူတူပင်ဖြစ်သည်..။တာအိုဘိုးဘေးက လူသားတွေကို ကယ်တင်ခဲ့ပေမယ့် နာမည်မယူခဲ့ပေ..။

ဒါက သူမအဖေကလွဲလို့ တစ်ခြားယောက်ျားတစ်ယောက်ကို လေးစားမိခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်..။

သူမ သိုင်းအင်ပါယာ ကျွန်း၏..စကားလုံးတွေကို တွေးလိုက်သည်..။

သိုင်းအင်ပါယာက ပင်လယ်ဒေသမှာ မွေးဖွားလာလိမ့်မယ်...

အစကတော့ သူမ မယုံကြည်ခဲ့ပေ..။ပင်လယ်ဒေသရဲ့ သိုင်းပညာတိုးတက်မူက သိပ်မကောင်းတာကို ဘယ်လိုလုပ် သိုင်းအင်ပါယာ မွေးဖွားလာနိုင်မှာလဲ..

နောကိဆုံးတော့ သူမ နားလည်သွားပြီဖြစ်သည်..။

သိုင်းအင်ပါဟာက ကြီးပြင်းလာရင်တောင် နိမ့်ချပြီးနေမည်ဖြစ်၏..။သူက ဘယ်လောက်သန်မာမယ်မှန်း ဘယ်သူမှ သိမည်မဟုတ်ပေ..။

ဒါကို တွေးမိပြီး သူမ ကျန်းချန်ရှန်းကို ထပ်ပြီး ကြည့်လိုက်မိသည်..။

ရွှန်းထျန်း ခေတ် ၆၁ နှစ်မြောက်..။

ဆောင်းဦးရောက်ရှိလာခဲ့သည်..။ရွှန်းငှက်၏ သတင်းက တကျန်း တစ်လျောက်လုံး ပျံ့နှံ့သွားပြီဖြစ်၏..။

.

ရွှန်းငှက်၏ ဂုဏ်သတင်းက တစ်နေ့တစ်ခြားမြင့်တက်နေပြီး ကျန်းချန်ရှန်းတောင် မနာလိုဖြစ်မိသည်..။

တာအိုဘိုးဘေး ဆိုနဲ့ နာမည်က..ရွှန်းငှက် လောက်ဆွဲဆောင်မူ မရှိဘူးဆိုတာ သူသိလိုက်ပြီဖြစ်၏..။

အဲ့အချိန်မှာပဲ ကျန်းချန်ရှန်းသည် သူ့အမှတိတွေကိုကြည့်လိုက်သည်..။

[ လက်ရှိအမှတ် : 132,039,872 ]

အမှတ်က သန်း ၁၀၀ ကျော်နေပြီဖြစ်သည်..။

ရွှန်းငှက်ရဲ့ တည်ရှိမူက သူ့ ရမှတ်ကို နှစ်ဆ ခုန်တက်သွားစေ၏..။

ထပ်ပြောရရင် ဒါက တစ်နှစ်တည်းသာ ရှိသေးသည်..။သူ၏ အောင်မြင်မူက ပျံ့နှံ့လာလေလေ အမှတ်တွေက ပိုပြီး တိုးလာလေလေ ဖြစ်သည်..။

ကျန်းချန်ရှန်း မကြာခင်မှာပဲ ဒါကိုသတိထားမိ၏..။

အရင်တုန်းက သူက တကျန်းကိုသာ ကယ်တင်ခဲ့သည်..။ဒီတစ်ကြိမ် သူက တိုက်ကြီးတစ်ခုလုံးကို ကယ်တင်ခဲ့ခြင်းဖြစ်၏..။ဒါကြောင့် ဒီမတော်တဆမူက လူတွေကို သူက လူသားမျိုးနွယ်ကို ကယ်တင်နေကြောင်း အထင်မှားစေခဲ့သည်..။

ထားလိုက်တော့..။ဘာပဲဖြစ်ဖြစ် အမှတ်တွေတိုးလာတာ ကောင်းတဲ့ကိစ္စပဲ..

ကျန်းချန်ရှန်း စိတ်ကြည်လင်နေခဲ့သည်..။သူ၏ နောက်ထပ် အဆင့်တက်မူက လွယ်ကူတော့မည်ဖြစ်၏..။

နောက်တစ်ကြိမ်မှာ ပြန်လည်မွေးဖွားလာသည့် သူ့မိတ်ဆွေတွေကို တွေ့ရင် ပိုမိုကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်သည်..။

ဖန်ထျန်း အင်ပါယာ..နန်းတော်၏ ပန်းခြံထဲတွငိ..။

လူငယ်အင်ပါယာလေးဟာ စာအုပ်ဖတ်နေခဲ့ပြီး သူ့ဘေးနားမှာတော့ တပ်သားတစ်ယောက်ဟာ ဒူးထောက်ပြီး ရွှန်းငှက်အကြောင်းပြောနေခဲ့၏..။

"ရွှန်းငှက်လား..ဒါက ကောင်းမွန်တဲ့အရာပဲ..။လူသားမျိုးနွယ်ကို သူက ကာကွယ်ပေးနေတော့ ငါတို့မှာ အချိန်ပိုရတာပေါ့.."

အင်ပါယာ ဖန်းထျန်း ပုံမှန်သာ ပြောလိုက်သည်..။သူ ဒီလို ပြောပေမယ့် အရေးကြီးကိစ္စလို့ မခံစားရပေ..။

.

တပ်သားဟာ ဘာမှထပ်မပြောရဲခဲ့ပေ..။

ဒီအင်ပါယာက ထီးနန်းကို ယူထားတာ နှစ်ပိုင်းသာ ရှိသေးပေမယ့် သူ့နည်းလမ်းတွေက အရင်အင်ပါယာထက် ပိုပြီး ရက်စက်၏..။သူက အင်ပါယာ သုံးခု၏ ခြိမ်းခြောက်မူကနေ ရုန်းထွက်ပြခဲ့ပြီး ဖန်ထျန်းကို ငြိမ်းချမ်းစေခဲ့သည်..။

ဒီနှစိတွေမှာ ဖန်ထျန်းက တိုက်ပွဲတွေ မရှိတော့ပဲ..အင်ပါယာက ကိုယ်ခံပညာ တိုးတက်မူကို အသားပေးထားခဲ့သည်..။

အင်ပါယာဖန်ထျန်းကတော့ သူ၏ ကိုယ်ပိုင် သိုင်းပညာလမ်းကြောင်းကို ဖန်တီးနေခဲ့၏..။

အင်ပါယာ ဖန်ထျန်း ," ဓားမာစတာက လတ်တလော ဘာလို့ ပျောက်နေတာလဲ..။ဓား နန်းတော်က အခြေအနေက ဘယ်လိုရှိလဲ.."

တပ်သားဟာ ပြန်ဖြေလိုက်သည်..

"ဓားမာစတာက ဖန်ထျန်းက ထွက်ခွာသွားပါပြီ..။သူက ဓားတာအိုကို ရှာဖွေချင်နေတာပါ..။ဓားနန်းတော်ကတော့ အရှင့်ကို တာဝန်ထမ်းရွက်နေတုန်းပါပဲ..။သူတို့က တစ်နှစ်အတွင်းမှ ဓားနည်းစနစ် တစ်ရာကျော်ကို ဖန်တီးနိုင်ခဲ့ပါတယ်.."

"ကောင်းပြီ မင်းသွားလို့ရပြီ.."

အက်ပါယာ ဖန်းထျန်းစာအုပ်ကို ဖြည်းညှင်းစွာချလိုက်သည်..။

"ဒါက လိုအပ်နေတုန်းပဲ..။ငါ အပြင်ကို ခနတော့ ထွက်သင့်ပြီထင်တယ်.."

ရွှန်းထျန်း ခေတ် ၆၂ နှစ်မြောက်..။

ကျန်းချန်ရှနိး၏ ရမှတ်တွေက သန်း ၂၀၀ ကို ကျော်သွားခဲ့ပြီဖြစ်သည်..။

သူ့ကို ရယ်ချင်အောင်လုပ်နေတာက သူက နတိဆိုးသားရဲတွေရဲ့ ယုံကြည်မူကိုပါ ရနေခြင်းဖြစ်သည်..။ဒီနတိဆိုးသားရဲ တွေက သူ့ရဲ့ ရမှတ်တွေကို မမြင့်တက်စေပေမယ့် သူတို့က ကောင်းကင်ကို ဂါဝရပြုပြီး ရွှန်းငှက်အပေါ်လေးစားမူ ပြနေခဲ့တာပါ..။

ဒီနေ့မှာတော့ ကျန်းချန်ရှန်းဟာ သူ့ရဲ့ နတ်ဆိုးနောက်လိုက်တွေထဲက နတ်ဆိုးသားရဲတစ်ကောင်ကို ရွေးချယ်ဖို့ ပြင်ဆင်နေခဲ့တယ်..။

သူ သူတို့ရဲ့ အတွေးတွေကို ဂရုတစိုက်နားထောင်လိုက်ပါတယ်..။

တစ်ဖက်တွင်တော့..။

နဂါးသွေးကြောတိုက်ထက် ကြီးမားသည့် ပင်လယ်ထဲတွငိ..။တောင်ကုန်းထက်က တောထဲမှာ မြူတွေဆိုင်းနေခဲ့တယ်..။ဒီမှာ ရွှန်းငှက်နဲ့တူတဲ့ ကျောကိတုန်းရုပ်ထု ရှိနေခဲ့ပါတယ်..။

"လူသားတွေ ဒုက္ခရောက်ရင် ရွှန်းငှက်က ကပ်ဆိုးတွေကို ကယ်တင်ပေးလိမ်မယ်..။အများကြီး မတောင်းဆိုနဲ့ မျှော်လင့်ချက်ကပဲ အရာအားလုံးကို ဖြည့်ဆည်းသွားလိမ့်မယ်.."

ကျောက်တုန်းရုပ်ကြီး ဘေးနားတွင်တော့ အိပ်ငိုက်နေတဲ့ တာအိုဘုန်းတော်ကြီး တစ်ပါးရှိနေ၏..။

အပြင်ဘက်တွင်..။

ပျံလွှားငှက်တစ်ကေယင်ဟာ သစ်ကိုင်းပေါ်မှာနားနေရင်း ရွှန်းငှက်ရုပ်ထုကို ကြည့်နေခဲ့သည်..။

ပျံလွှားငှက်က သာမန်ငှက်တွေထက် အတော်လေးကြီးမား၏..။သို့ပေမယ့် အရွက်တွေနဲ့ကွယ်နေတာကြောင့် သူ့ကို ဘယ်သူမှမြင်ကြပေ..။

သူက ရွှန်းငှက်ကို ဆုတောင်းနေခဲ့သည်..။

"ငှက်မျိုးနွယ်များရဲ့ အရှင်သခင် ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို ချောချောမွေ့မွေ့ ကျင့်ကြံနိုင်အောင်ကူညီပေးပါ.။သိုင်းပညာရှငိတွေ ဖမ်းမမိနိုင်အောင် ကူညီပေးပါ..။အမေ နဲ့ မောင်နှစ်မ တွေကို လုံခြုံအောင် ကောင်းချီးပေးပါ.."

သူက နတိဆိုးဖြစ်ပေမယ့်လည်း လူသားတွေ အပေါ်မှာ အေးစက်တဲ့ ရည်ရွယ်ချက်တွေ မရှိပေ..။သူ ငယ်စဥ်အခါက သိုင်းပညာရှင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏..။အဖိုးကြီးတစ်ယောက်က သူ့ကို ကယ်တင်ပြီး အစာကျွေးထားခဲ့သည်..။အဖိုးကြီး သေဆုံးသွားတဲ့ အချိန်မှာ သူ့ဘဝက ခက်ခဲလာခဲ့သည်..။သူ့မိသားစုနဲ့လည်း ကွဲကွာနေခဲ့ပြီး ရှာလို့မတွေ့ခဲ့ပေ..။

လူသားတွေမှာလည်း အကောင်းနဲ့အဆိုး ရှိသလို နတ်ဆိုးတွေမှာလည်း အကောင်းနဲ့အဆိုးရှိမှန်း သူသိထား၏..။ဒါကြောင့် သူ့စိတ်ထဲမှာ အကုန်လုံးက အတူတူပင်ဖြစ်သည်..။

ညရောက်လာတဲ့ အချိန်မှာတော့ ပျံလွှားငှက်က ရွှန်းငှက် ရုပ်ထုပေါ် ပျံသန်းသွားပြီး တောင်ပံများပေါ်တွင် အိပ်စက်ရန် ပြင်ဆင်လိုက်သည်..။

"ကောင်လေး.."

ရုတ်တရက် အသံတစ်သံထွက်လာခဲ့၏..။သို့ပေမယ့် ပျံလွှားငှက်လေးဟာ မတုန့်ပြန်ခဲ့ပေ..။အသံကို ထပ်ခါ ထပ်ခါကြားလိုက်ရမှ သူက နိုးထလာခဲ့၏..။

သူ ပတ်ဝန်းကျင်ကို ကျိပေမယ့် ဘယ်သူမှ မရှိပေ..။

"ကြည့်နေတာ ရပ်လိုက်တော့..မင်းငါ့ကို မမြင်ရဘူး.."

"ရွှန်းငှက်လား.."

"ဟားဟား..အမှန်ပဲ..။မင်းက ငါ့တောင်ပံပေါ်မှာ ဇိမ်ကျနေတာလား.."

ဒါကိုကြားပြီး ပျံလွှားငှက်ဟာ ကြောက်လန့်တကြားအောက်ကို ခုန်ဆင်းလိုက်သည်..။သူက ချက်ချင်းလူသားတွေ ဒူးထောက်သလို ထောက်ချလိုက်၏..။

သူက စိတ်လှုပ်ရှားပြီး မသက်မသာဖြစ်နေခဲ့သည်..။

"မကြောက်နဲ့..။ငါ မင်းတွေးနေတာတွေကို ကြားနေရတယ်..။မင်းက ပိုသန်မာလာချင်တယ်..။လူသားတွေနဲ့ နတ်ဆိုးတွေကို ကောင်းခြင်းတွေယူဆောင်လာပေးချင်တယ်မလာ.."

ကျန်းချန်ရှန်းရဲ့ အသံဟာ သိမ်မွေ့နေခဲ့တယ်..။

ပျံလွှားငှကိဟာ ပြောလိုက်သည်..။

"ဟုတိပါတယ်..။ကျွန်တော်က ငယ်ငယ်ကတည်းက သိုင်းပညာရှင်တွေ ဖမ်းဆီးတာကို ခံရပြီး လူသားတွေကပဲ ကျွေးမွေးခဲ့တာပါ..။ဒီနှစ်ထဲမှာ ကျွန်တော်က နတ်ဆိုးနဲ့ သိုင်းပညာရှင်တွေလိုက်ဖမ်းတာကို ခံခဲ့ရပါတယ်..။ဒါကြေယင့် သိုင်းပညာရှင်နဲ့ နတ်ဆိုးတွေ အနိုင်ကျင့်ခံရတဲ့လူတွေအတွက် ကံကောင်းမူတွေ ယူဆောင်လာပေးချင်တာပါ.."

သူ ဒီအရာကို ပြောတဲ့ အချိန်မှာ အတော်စိတ်လှုပ်ရှားနေခဲ့တယ်..။

"ငါ မင်းဆန္ဒကို ဖြည့်ဆညပေးနိုင်တယ်..။ဒါပေမဲ့ မင်းကိုယ်မင်း ငါ့အတွက် မြုပ်နှံထားရမယ်..။အခုကစပြီး ငါ့ကို အလုပ်ကျွေးပြုရမယ်..။မင်း ဆန္ဒရှိရဲ့လား.."

ဒါကိုကြားပြီးပျံလွှားငှက်လေးဟာ ပိုတောင် စိတ်လှုပိရှားလာခဲ့ပါတယ်..။

"ဒါပေါ့..ကျွန်တော် ဆန္ဒရှိပါတယ်..။ကျွန်တော် အရှင် ရွှန်းငှက်ကို အဆုံးမရှိ အလုပ်ကျွေးပြုပါ့မယ်.."

All Chapters