← Chapters

ခမ်းနားသည့်မြင်ကွင်း ၊ ဒုတိယ ပြောင်းလဲမူ

Vol. 15 Ch. 213

ခမ်းနားသည့်မြင်ကွင်း ၊ ဒုတိယ ပြောင်းလဲမူ

Vol. 15 Ch. 213

"မင်းဘာမှ စိုးရိမ်စရာ မရှိတော့ဘူးဆိုရင် ငါနဲ့လိုက်ခဲ့ပေတော့..။ဘာပြောစရာ ရှိသေးလဲ.."

ကျန်းချန်ရှန်းရဲ့ အသံက ထပ်ပြီးထွက်ပေါ်လာခဲ့တယ်..။သေးငယ်တဲ့ ပျံလွှားငှက်လေးဟာ သဘောတူလိုက်ပြီး လေထုရဲ့ ခေါ်ဆောင်ရာအတိုင်းလိုက်သွားခဲ့ပါတယ်..။

သူ ဒီငှက်ကို လုံချီကျောင်းဆီကို ချက်ချင်းမခေါ်သွားခဲ့ပေ..။အဲဒီအစား သူက..နဂါးသွေးကြောတိုက်ကြီးရဲ့ သစ်တောဆှအရင်ခေါ်သွားလိုက်ပါတယ်..။

ပျံလွှားငှက်လေးဟာ.သူ့ရှေ့က တာအိုဘုန်းတော်ကြီးကိုမြင်ပြီး အံ့ဩသွားခဲ့တယ်..။

"အရှင် ရွှန်းငှက်လား.."

ကျန်းချန်ရှန်း , " ဟုတ်တယ်..ငါမင်းကို တာအိုကျောင်းမှာ ကျင့်ကြံဖို့ခေါ်သွားပေးမယ်..။ဒါပေမဲ့ ငါဘယ်သူလဲ ဆိုတာကိုတော့ မင်းဖုံးကွယ်ထားမှ ရမယ်..။အခုကစပြီးမင်းက ငါ လမ်းသွားရဲ့ ကယ်ဆယ်ခဲ့တဲ့ ပျံလွှားငှက်တစ်ကောင်ပဲ.."

ဒါကိုကြားပြီး ပျံလွှားငှက်လေးဟာ သံသယဖြစ်သွားခဲ့တယ်..။

ဒီလူက သူ့ကိုလိမ်နေတာ မဟုတ်ဘူးမလား..

ကျန်းချန်ရှန်း ချက်ချင်းပဲ..ပေတစ်ထောင်လောက် အမြင့်ရှိတဲ့ ရွှန်းငှက် ပုံစံ ပြောင်းပြလိုက်ပါတယ်..။သူ့ရဲ့ အတောင်ပံတွေကို ဖြန့်လိုက်တဲ့ အချိန်မှာ ကောင်းကင်ကိုတောင် ဖုံးအုပ်သွားခဲ့တယ်..။သူက ဘေးနားမှာဘယ်သူမှ မရှိတာသေချာ​အောင် စစ်ဆေးထားပြီးပါပြီ..။

ပျံလွှားငှက်လေးဟာ သူ့ရှေ့က ရွှန်းငှက်ရဲ့ အရှိန်အဝါကို ကြည့်ပြီး အံ့ဩသင့်နေခဲ့တယ်..။သူ့ရှေ့က မြင်ကွင်းက ကောလဟာလ တွေထက် အများကြီး သာပါတယ်..။

ကျန်းချန်ရှန်း အလျင်အမြန်ပဲ လူသား ပုံစံပြန်ပြောင်းလိုက်တယ်..။

ပျံလွှားငှက် ," အရှင် ရွှန်းငှက်..ကျွန်တော် မျက်စိကန်းလောက်အောင် မိုက်မဲမိပါတယ်.."

ကျန်းချန်ရှန်း ပြုံးလိုက်ပြီး..

"ငါပြောတာကိုသာ မှတ်ထား.။ငါ့ရဲ့ ပုံစံအမှန်ကို တစ်ခြားလူတွေ မသိစေနဲ့.."

ပျံလွှားငှက်လေးဟာ စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်လိုက်တယ်..။

မကြာခင်မှာပဲ..သူတို့က လုံချီဘုရားကျောငိးကို ရောက်သွားကြပါပြီ..။

ပိုင်ချီ ," မာစတာ သူ့ရဲ့ မူလရငိးမြစ်က ဘာလဲ.."

ဂျီဝူဂျန် လည်း ပျံလွှားငှက်ကို ဂရုတစိုက်ကြည့်နေခဲ့တယ်..။

ကျန်းချန်ရှန်း ," ငါ အပြင်ကို သွားရင်း မတော်တဆ တွေ့ခဲ့တာ..။ကံတရားက သတ်မှတ်ထားတယ် ခံစားရလို့ လက်ခံလိုက်တာ.."

ဒီငှက်က အတော်လေး အားနည်းတယ် ဆိုတာကို လူတိုင်း ပြောနိုင်ကြပါတယ်..။

ပါရမီ နည်းတော့ရော ဘာဖြစ်လဲ..။ပိုင်ချီတောင် ကျောင်းဝန်းထဲမှာ နေနေတာမဟုတ်ဘူးလား..။

ကျန်းချန် ရှန်း လက်ဝေ့ယမ်းပြီး ပျံလွှားငှက်လေးကို မိတ်ဆက်ခိုင်းလိုက်တယ်..။

ပျံလွှားငှက်လေးဟာ ကြောက်ကြောက်လန့်လန့်နဲ့ မိတ်ဆက်လိုက်ပါတယ်..။သူ့ရဲ့ ကြောက်ရွံ့နေမူက လူတိုင်းကို ဂရုဏာသက်စေခဲ့တယ်..။

ဒီလိုနဲ့ ပျံလွှားငှက်က ကျောငိးဝန်းထဲကို ရောက်လာခဲ့ပါပြီ..။သူက ကမ္ဘာ့စိတ်ဝိဥာဥ်သစ်ပင်ပေါ်မှာ အသိုက်တောငိ ဆောက်ထားခဲ့ပါသေးတယ်..။

လူတိုင်းက ကျန်းချန်ရှန်းကို တာအိုဘိုးဘေးလို့ ခေါ်ကြပေမယ့် သူဂရုမစိူက်ပါဘူး..။ဒီလူသားတွေနဲ့ နတ်ဆိုးတွေက သူတို့ဘိုးဘေးရဲ့ ပုံစံအမှန်ကိုတောင် မသိကြပေ..။

အနည်းဆုံးတော့ သူက အရှင်ရွှန်းငှက်နဲ့ ပိုပြီးတော့ ရင်းနှီးပါတယ်..။

ရွှန်းထျန်းခေတ် ၆၃ နှစ်မြောက် ၊ နွေရာသီ ပွဲတော်..။

.

ကောင်းကင်နယ်ပယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဧကရာဇ် ရွှန်းထျန်း ရောက်လာခဲ့တယ်..။သို့ပေမယ့် သူက ကျန်းချီကို ခေါ်မလာခဲ့ပေ..။အဲဒီအစား သူက ဝိုင်နဲ့ အစားအသောက်တွေ အများကြီးကို ယူလာခဲ့ပါတယ်..။

"အာ...ဒါက..."

ဧကရာဇ် ရွှန်းထျန်း ဂျီဝူဂျန်ကိုမြင်ပြီး သိချင်စွာ မေးလိုက်တာပါ..။

ဂျီဝူဂျန်က တာအိုဝတ်စုံကို ဝတ်ထားပေမယ့် သူမရဲ့ အော်ရာကို ဖုံးကွယ်ထားဖို့ခက်ခဲပါသေးတယ်..။အထူးသဖြင့် ကောင်းကင်တစ်ခု နယ်ပယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဧကရာဇ် ရွှန်းထျန်းကိူပါ..။

ဂျီဝူဂျန် တိတ်ဆိတ်နေခဲ့တယ်..။

ပိုင်ချီ ပြုံးလိုက်ပြီး..

"မာစတာရဲ့ တပည့်အသစ်အကြောင်း စပ်စုတာက မကောင်းဘူးနော်.."

ဧကရာဇ် ရွှန်းထျန်း ကသိကအောက်ဖြစ်သွားပေမယ့် စိတ်မဆိုးပေ..။အဲဲဒီအစား သူပြုံးလိုက်ပြီး..

"ကျုပ်က ယဥ်ကျေးမူအရမေးတာပါ..။မိန်းကလေး..အနာဂတ်မှာ မြို့တော်မှာတစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကို ပြောလို့ရပါတယ်.."

ဂျန်ဝူဂျန် ခေါင်းညိမ့်ပြလိုက်ပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်တယ်..။

အကြောင်းပြချက် တစ်ချ်ို့ကြောင့်ဧကရာဇ် ရွှန်းထျန်းနဲ့ ကျန်းချန်ရှန်းတို့ ရုပ်ချင်းတူနေတယ်လို့တောင်ဘသူမ ခံစားလိုက်ရပါတယ်..။

မကြာခင်မှာပဲ အားလုံးသောက်စားလိုက်ကြတယ်..။အများဆုံး စကားပြောကြတာက ဧကရာဇ် ရွှန်းထျန်း ၊ ကျန်းဂျီယန် ၊ ပိုင်ချီနဲ့ ရီယွန် တို့ပါ..။နောက်ပိုင်းမှာ ယန်ကျန်းက ဝိုင်တွေ ထပ်ယူလာခဲ့ပါတယ်..။

အင်ပါယာ ရွှတ်းထျန်းဟာ အဆင့်တက်ပြီးတာနဲ့ နောက်ထပ်တိုက်ပွဲတွေ စတင်ပြီး နယ်နိမိတ်ကို ချဲ့ထွင်ချင်နေခဲ့ပါတယ်..။

ကျန်းဂျီယန် တွေဝေစွာပြောလိုက်တယ်..။

"ပင်အန်းနဲ့ ကျွန်တော်က စစ်တပ်ကို ဦးဆောငိနိုင်မှာမဟုတ်ဘူး..။ကျွန်တော်တို့က စကြဝဠာအဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေကြတာလေ.."

အင်ပါယာ ရွှန်းထျန်း ," ဒါအဆင်ပြေပါတယ်..။အခုက တကျန်းမှာ စစ်သည်နဲ့ ဗိုလ်ချုပ်တွေ များနေပြီလေ..။အန်ကယ်က ကောင်းကောင်းလေ့ကျင့်ပါ..။နောက်ဆို တကျန်းကို အများကြီး အကျိုးပြုနိုင်မယ်လို့ ယုံကြည်ထားတယ်.."

ကျန်းချန်ရှန်း ဘာမှ ဖြတ်မပြောခဲ့ပေ..။သူက ဝိုင်ရဲ့အရသာကိုသာ မြည်းစမ်းနေခဲ့တယ်..။သူက ပျံလွှားငှက်လေး သောက်ဖို့အတွက်တောင် တစ်ခွက်ချပေးထားပါသေးတယ်..။

ဒီဝိုင်တွေအားလုံးက ထျန်ဟိုင်ကနေလာခဲ့တာကါ..။သူတို့က သက်တမ်းရင့်ပြီး စိတ်ဝိဥာဥ်စွမ်းအင်တွေ ပါဝင်ပါတယ်..။

အင်ပါယာ ရွှန်းထျန်း ပြုံးလိုက်ပြီး..," တကျန်းမှာ သိုင်းပညာ ဖလှယ်ပွဲ အသစ်စတင်တော့မယ်..။တကျန်းရဲ့ ချန်ပီယံ စတင်တော့မယ်လေ..။အခု ထျန်ဟိုင် နဲ့ လွှင့်မျောနေသော ကျွန်းပါ ပါဝင်လာတော့မှာဆိုတော့..ရီယွမ် ပါဝင်ပြီး သူတိုကို ခေါင်းမထောင်နိုင်အောင် လုပ်မှဖြစ်မယ်.."

ရီယွမ် နှာခေါင်းရှုတ်လိုက်ပြီး..

"ကောင်းပြီလေ..ဒါပေမဲ့ ကျုပ်ကို မြင့်မြတ်တဲ့ ဘွဲနာမည်ပေးမှဖြစ်မယ်နော်.."

"ဟားဟား..ကျိန်းသေတာပေါ့.."

သူတို့နှစ်ယောက် ခွက်ချင်းတိုက်လိုက်ကြတယ်..။

ဧကရာဇ် ရွှန်းထျန်းရောက်လာတာက ကျောင်းဝန်းထဲက လေထုကို ပိုပြီးစည်ကားလာစေပါတယ်..။ဒါက ကျန်းချီ နှိုင်းယှဥ်လို့ မရတဲ့အရာပါပဲ..။ကျန်းချန်ရှန်းကို တွေ့ဆုံတဲ့နေရာမှာမှာ ကျန်းချီက ဧကရာဇ် ရွှန်းထျန်း လောက် သက်သောင့်သက်သာ မရှိပေ..။

ကျန်းချီကလည်း တည်ငြိမ်သွားပြီဖြစ်ပြီး..ထီးနန်းကို ရယူမည့်အတွေးတွေ မရှိတော့ပေ..။သူက သိုင်းပညာကိုသာ လေ့ကျင့်နေပြီး သူ၏ တာဝန်များကို အရာရှိများထံ လွှဲပြောင်းပေးထား၏..။

.

ဂျွန်လ..။

ထျန်ဟိုင် ကျွန်း၏ တောင်ဘက် ကမ်းရိုးတန်းမှ သင်္ဘောများ ထောင်နဲ့ချီပြီး ထွက်ခွာသွားကြသည်..။သူတို့အားလုံးက အနောက်ဘက် ပင်လယ်ထဲကို ဦးတည်နေကြခြင်းဖြစ်၏..။တကျန်း၏ အင်းအားက အံ့ဩလောက်စရာ ကောင်းလှသည်..။

လကုန်ပိုင်းတွင်.. ။

ကျန်ချန်ရှန်း သည် ပျံလွှားငှက်ကို ဝါးတောထဲသို့ ခေါ်သွားခဲ့၏..။

သူ ငှက်ကို တာအိုကမ္ဘာထဲကို သွင်းလိုက်သည်..။

ကျန်းချန်ရှန်းသည် ပျံလွှားငှက်လေးကို နဂါးပြောင်းလဲခြင်း ရေအိုင်ထဲသွား ထည့်လိုက်၏..။ယင်းနောက် ​ခြေသုံးချောင်း ရွှေရောင်ကျီးကန်း၏

သွေးဝိဥာဥ်ကို ရှေ့မှာထားကာ စုပ်ယူခိုင်းလိုက်သည်..။

တစ်နှစ်လောက် လေ့ကျင့်ပြီး နောက်မှာတော့..ပျံလွှားငှက်လေးဟာ..သူ့ရဲ့ နတိဆိုး စွမ်းအင်ကို ထိန်းချုပ်နိုင်နေပြီဖြစ်သည်..။သူက သွေးဝိဥာဥ်ကို သန့်စင်ပြီး စုပ်ယူနေခဲ့၏..။

အဖြူရောင်နဂါး ၊ တိုင်ဝါး နဲ့ တိုင်ရှီ တို့ရောက်လာခဲ့ကြသည်..။

"မာစတာ သူက ဘယ်သူလဲ ."

အဖြူရောင် နဂါးမလေးဟာ ..သွေးဝိဥာဥ်ကို စိုက်ကြည့်နေခဲ့သည်..။အကြောင်းပြချက်တစ်ချို့ကြောင့် သွေးဝိဥာဥ်က သူမကို သက်သောင့်သက်သာ မဖြစ်စေခဲ့ပေ..။

.

ကျန်းချန်ရှန်း ," အနာဂတ်မှာ..မင်းရဲ့ မောင်ငယ်လေး ဖြစ်လာလိမ့်မယ်..။သေချာ ဂရုစိုက်ပေးလိုက်ဦး..။မင်းလိုပဲ သူတို့က အသွင်ပြောင်းလဲတော့မှာ.."

မောင်ငယ်လေးလား..

ကြီးပြင်လားပြီဖြစ်တဲ့ တိုင်ဝါး ဟာ ကျန်းချန်ရှန်း ဆီသွားပြီးမေးလိုက်သည်..။

"မောင်လေးနဲ့ ကျွန်မ ကရော အသွင်ပြောင်းလို့ရလား.."

အဖြူရောင် နဂါးမလေးရဲ့ အသွင်ပြောင်းမူက စွမ်းရည်တွေ ထိုးတက်လာတာကြောင့် သူမ မနာလိုဖြစ်မိ၏..။

ကျန်းချန်ရှန်း ပြုံးလိုက်ပြီး..

"မင်းက ပြောင်းလဲစရာ မလိုဘူး..။မင်းတို့က လုံလောက်အောင် ပါရမီ တွေရှိကြပြီးသား..။အချိန်ပဲ လိုအပ်ကြတာ.."

သူက အမှန်ပြောနေခြင်းဖြစ်၏..။အစစ်အမှန် နတ်ဘုရား အဆင့်မှာတင် တိုင်ဝါးနှင့် တိုင်ရီတို့၏ သွေးနှင့်ချီ က ရွှေရောင်ခန္တာကိုယ် အဆင့်ပညာယှဥ်ကို နှိုင်းယှဥ်နိုင်နေပြီဖြစ်သာ်..။

သူတို့က ၁၃ နှစ်သာ ရှိကြသေး၏..။

တိုင်ဝါး ဒါကိုကြားပြီး နာခံစွာခေါင်းညိမ့်လိုက်သည်..။

ကျန်းချန်ရှန်း အခြေအနေကို ခနလောက်စောင့်ကြည့်ပြီး ညွှန်ကြားလိုက်သည်..။

"သူ့ကို သေချာဂရုစိုက်ထားကြဦး..တစ်ခြားအရာတွေ အနားကို မကပ်စေနဲ့.."

အဖြူရောင်နဂါး ၊ တိုင်ဝါး နဲ့ တိုင်ရှီတို့ဟာ ခေါင်းညိမ့်လိုက်ကြသည်..။

ကျန်းချန်ရှန်း၏ ဦးစားပေးမူကြောင့် သူတို့ရဲ့ တာအိုကမ္ဘာထဲက အဆင့်အတန်းက အမြင့်ဆုံးတွင် ရှိကြသည်..။တိုင်ဝါးနဲ့ တိုင်ရှီ တို့ဟာ လည်း ကမ္ဘာသစ်ပင်၏ ကာကွယ်မူကြောင့် ဘယ်သားရဲမှ သူတို့ကို အပြစ်မပြုရဲကြပေ..။

ကျန်းချန်ရှန်း အပြင်ကမ္ဘာထဲသွားပြန်ထွက်လာခဲ့၏..။

ပိုင်ချီ ," မာစတာ ..ငှက်ကလေးရော.."

သူမ ပျံလွှားငှက်ကလေးကို မတွေ့မိကေ..။ဒီငှက်လည်း အသွင်းပြောင်းဦးမယ်လို့ သံသယဖြစ်မိ၏..။

ချီးပဲ..

ငါ့အလှည့်က ဘယ်တော့လဲ..

ကျန်းချန်ရှန်း..," တစ်နေရာရာကို တံခါးပိတ်ကျင့်ကြံဖို့ လွှတ်ထားတယ်.."

ပိုင်ချီ ," မဖြစ်နိုင်တာ ဟုတ်တယ်မလား..။ဒီငှက်လေးကလည်း နဂါးပုံစံ ပြောင်းတော့မှာလား..။မာစတာ

တပည့်အလှည့်က ဘယ်တော့လဲ.."

သူမ ဒါကိုပြောလိုက်တာနဲ့ တစ်ခြားလူတွေဟာ ကျန်းချန်ရှန်းကိုကြည့်လိုက်ကြသည်..။

ကျန်းချန်ရှန်း ," ဒါက အစစ်အမှန်တရားအဖြစ် ပြောင်းမှာ မဟုတ်ဘူး..။မင်းအတွက်ကတော့ ခနထပ်စောင့်လိုက်ဦး..။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်..မင်းက ငါ့ဘေးနားမှာ နေရလိမ့်မယ်.."

All Chapters