← Chapters

ပြန်လည်ရှင်သန်လာသည့် သိုင်းအင်ပါယာ ၊ တာအိုဘိုးဘေး၏ နောက်ခံအစစ်အမှန်

Vol. 15 Ch. 214

ပြန်လည်ရှင်သန်လာသည့် သိုင်းအင်ပါယာ ၊ တာအိုဘိုးဘေး၏ နောက်ခံအစစ်အမှန်

Vol. 15 Ch. 214

ပျံလွှားငှကိလေးက နဂါးအဖြစ် မပြောင်းဘူးဆိုတာကို ကြားတဲ့အချိန်ရောက်မှ ပိုင်ချီ စိတ်သက်သာရာရ သွားခဲ့တယ်..။သူမ မမြင်မှာတော့ ဘယ်သူကမှ အစစ်အမှန်နဂါးလောက်..မသန်မာနိုင်ပါဘူး..။

ဂျီဝူဂျန်ကတော့..ကျန်းချန်ရှန်းက ဒီသားရဲတွေကို..ဘယ်လိုမျိုးအသွင်ပြောင်းပေးနေတာလဲ ဆိုတာကို သိချငိနေခဲ့တယ်..။သို့ပေမယ့် ဒါက သူမ မေးသင့်တဲ့အရာ မဟုတ်ဘူးဆိုတာကို သိထားပြီးသားပါ..။

ဒီလောက် နတိဆိုးကပ်ဘေးဖြစ်နေတာတောငိ တာအိုဘိုးဘေး..သားရဲတွေကို ကူညီပေးရဲသေးတာလား..။သူဘာတွေ စီစဥ်နေတာလဲ...

ကျန်းဂျီယန် သိချင်စွာမေးလိုက်သည်..

"ကျွန်တော် နဂါးဖြူကို ကြည့်လို့ရလား.."

ကျန်းချန်ရှနိး , " အနာဂတ်မှာ မြင်ရမှာပါ.."

အခုချိန်မှာတော့ သူ တာအိုကမ္ဘာအကြောင်းကို ပြောပြဦးမှာ မဟုတ်ပေ..။

မြို့တော်အတွင်းရှိ စံအိမ်တွင်..။

တာအို ဘုန်းတော်ကြီး ရီယွန် နှင့် တာအိုဘုန်းတော်ကြီး ဟီဟွန် တို့ လဖက်ရည်သောက်နေကြသည်..။ဟီဟွန် အကူညီမဲ့စွာ ပြောလိုက်၏..။

"စီနီယာ အစ်ကို..ကျွန်တော်တို့ စောင့်နေတာ နှစိပေါင်း ၃၂ နှစ်ရှိပြီ..။ဆက်ပြီး စောင့်သင့်လား..။မာစတာကလည်း သေသွားပြီလေ."

ဒါကိုပြောတဲ့ အချိန်မှာ ဘုန်းတော်ကြီး ဟီဟွန် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်..။

သူတို့က ပင်လိုင်ကျွန်းလေးမှ ဖြစ်ပြီး ကျန်းချန်းရှနိးကို လာရောက် ဖိတ်ခေါ်ကြခြင်းဖြစ်၏..။ကျန်းချန်ရှန်း ငြင်းပယ်ပြီးနောက်တွင် သူတို့ မြို့ထဲတွင် စောင့်နေသည်မှာ ၃၂ နှစိရှိနေပြီဖြစ်သည်..။

သူတို့က သာမန်လူတွေ မဟုတ်ကြပဲ..သိုင်းပညာဖြင့် သက်တမ်းတိုးလို့ ရလျှင်တောင် ဒီလောက် အချိန်တွေ မကြာပြီး စောင့်နိုင်မှာမဟုတ်ပေ..။

တာအိုဘုန်းတော်ကြီး ဟီယွန် " ဒါဆိုလည်း မင်းမှာ တာအိုဘိုးဘေးကို ပင့်ဆောင်ဖို့ အကြံကောင်းရှိလား..။ငါတို့ဒီလိုတော့ ပြန်သွားလို့မဖြစ်ဘူးလေ.."

ဘုန်းတော်ကြီး ဟီဟွန် တိတ်ဆိတ်သွားခဲ့၏..။

ကျောင်းဝန်းဟာ တိတ်ဆိတ်သွားခဲ့သည်..။

ဟီဟွန် အံကိုကြိတ်လိုက်ပြီး..

"ကျွန်တော် လုံချီ ဘုရားကျောင်းကို နောက်တစ်ကြိမ်ထပ်ပြီးသွားလိုက်ဦးမယ်.."

ပြောပြီးတာနဲ့ သူ အလျင်အမြန်ပဲ ထရပ်လိုက်၏..။

ဟီယွန် သူ့ကို မတားခဲ့ပေ..။သူ ထွက်သွားကာမှ ဘုန်းတော်ကြီး ဟီယွန် ရေရွတ်လိုက်၏..

"မာစတာ ပြောတာကို ကျွန်တော်နားလည်ပါပြီ..။နတ်ဆိုးတွေ ကျယ်ပြန့်လာပြီး..ရွှန်းငှက်လည်း ပေါ်လာခဲ့တယ်..။ကမ္ဘာကြီးက ပြောင်းလဲတော့မှာပါ.."

တစ်နာရီ ကြာပြီးနောက်...

ယန်ကျိုး၏ ဦးဆောင်မူဖြင့် ဘုန်းတော်ကြီး ဟီဟွန် ကျန်းချန်ရှန်း၏ ခြံဝန်းထဲကို ရောက်လာခဲ့သည်..။

ပိုင်ချီ အခွင့်အရေးကို ဆုပ်ကိုင်ပြီး မေးလိုက်၏..။

"ဒီကို အရင်က ရောက်ဖူးတာလား.."

ရီယွမ် စနောကိလိုက်သည်..။

"ဒါက ပန်လိုင်ကျွန်းက ပညာရှင်မဟုတ်ဘူးလား..။ဘာလို့ ပြန်ရောက်လာတာလဲ..။ပန်လိုင်ကျွန်းအခြေနေ ဘယ်လိုရှိလဲ.."

ဘုန်းတော်ကြီး ဟီဟွန် ," အမှန်အတိုင်းပြောရရင် မြို့တော်ထဲမှာစောင့်နေတာ ၃၂ နှစ်ရှိပါပြီ.."

သူ ရှေ့ကို တက်သွားပြီး ကျန်းချန်ရှန်းကို ဂါဝရ ပြုလိုက်၏..။

ကျန်းချန်ရှန်း မျက်လုံးပွင့်လာခဲ့ပြီး..

"ဘာလို့ ဒီလောက် ဇွဲကောင်းနေရတာလဲ.."

ဒီနှစ်တွေမှာ ကျန်းချန်ရှန်းဟာ သူတိူ့ကို စောင့်ကြည့်ခဲ့ပြှး သူတို့မှာ ရန်လိုစိတ်တွေ မရှိဘူးဆိုတာသိခဲ့ရသည်..။အမှန်တော့ သူတို့က ကျန်းချန်ရှန်းကိုသာ ဖိတ်ခေါ်လိုကြခြင်းဖြစ်၏..။.

"တာအိုဘိုးဘေး ဘာလို့ မလိုက်ခဲ့တာလဲ..။ရိုးရိုးသားသားပြောရရင် ပန်လိုင်ကျွန်းရဲ့ မျိုးဆက်တွေ ကာကွယ်ရတဲ့ ရှေးဟောင်းလျို့ဝှကိချက်ရှိတယ်..။ကျွန်း သခင်က ဒီလျိုဝှကိချက်က လူသားမျိုးနွယ်တွေရဲ့ ကျရှံးမူ မြင့်တက်မူ တွေနဲ့ သက်ဆိုင်နေတယ်လို့ပြောတယ်.."

တာအိုဘုန်းကြီး ဟီဟွန်စိုးရိမ်စွာပြောလိုက်ခြင်းဖြစ်သည်..။ဒီတစ်ကြိမ် ငြင်းပယ်လျငိ သူ တကျန်းက ထွက်သွားတော့မည်ဟု ဆုံးဖြတ်ပြီးဖြစ်၏..။

ရီယွမ် စနောက်လိုက်သည်..။

"အိုး..ဖြစ်နိုင်တာက ပန်လိုင်ကျွန်းမှာ သိုင်းအင်ပါယာရဲ့ အမွေအနှစ်ရှိနေတာများလား.."

တာအိုဘုန်းတော်ကြီး ဟီဟွန် အံကိုကြိတ်လိုက်ပြီး..

"ကျုပ်လည်း သေချာမသိဘူး..။ဒါက ​ပန်လိုင်ကျွန်းရဲ့ မြေအောက်နန်းတော်မှာ ရှိနေတဲ့အရာပဲ..။ဒါပေမဲ့ သန်မာတဲ့ နည်းစနစ်တွေနဲ့ ချိတ်ပိတ်ထားတယ်..။ကျွန်းသခင်ကလည်း ဒီအရာကို စောင့်ကြပ်ဖို့က ပန်လိုင်ကျွန်းရဲ့ တာဝန်ပဲလို့ အရင်သူတော်စင်ဆီက ကြားခဲ့ရတယ်..။ဒီအရာကို ရေစက်ပါတဲ့လူကပဲ ဖွင့်နိုင်မှာ..။ကျုပ်တို့နှစိပေါင်းများစွာ စောင့်ဆိုင်းပြီး..ပညာရှငိတွေ များစွာ ဖိတ်ခေါ်ခဲ့ပေမယ့် မဖွင့်နိင်ခဲ့ဘူးလေ..။အခုလည်း တာအိုဘိုးဘေးက အင်မော်တယ် ပြန်ဝင်စားတယ် ဆိုလို့လာခဲ့တာ..။ဒါက နောက်ဆုံးမျှော်လင့်ချက်ဖြစ်နိုင်တယ်.."

ကျန်းချန်ရှန်း အမူအရာမပြောင်းလဲပေ..။သူ လည်း တွေဝေနေခြင်းဖြစ်၏..။

သူ စိတ်ထဲကမေးလိုက်သည်..။

"သူပြောတဲ့ မြေအောက်နန်းတော်က ဘယ်လောက် အန္တရာယ်များလဲ.."

[ လတ်တလောတွင် စနစ်က မတွက်ချက်နိုင်သေးပါ..။ဒါကစနစ် ထောက်လှမ်းနိုင်သည့် အကွာအဝေးတွင် မရှိပါ..]

ကျန်းချန်ရှန်း အံ့ဩသွားခဲ့၏..။ပန်လိုင်ကျွန်းက နီးနီးလေးကို ..ဘာလို့ မထောက်လှမ်းနိုင်ရတာလဲ..

ခနလေး..မြေအောက်နန်းတော်က မြင့်မြတိသော အင်ပါယာလို စနစ်အတွက် အကာကွယ်ရှိနေတာလား..

ဒါက အန္တရာယ်များတယ်..

သူသွားလို့မဖြစ်ပေ..။

ဂျီဝူဂျန် ရုတ်တရက် မေးလာခဲ့၏..။

"မြေအောက်နန်းတော်တံခါးမှာ..သင်္ကေတ တွေ ရှိနေတာလား.."

ဘုန်းတော်ကြီး ဟီဟွန် ," မိန်းကလေးက ဘယ်သူလဲ သိလို့ရမလား.."

ဂျီဝူဂျန် ," ကျွန်မ ဘယ်သူလဲ ဆိုတာက အရေးမကြီးပါဘူး..။တံခါးရဲ့ သင်္ကေတတွေကိုသာ ဖော်ပြပါ.."

ဒီအခြေအနေ ရောက်လာမှတော့ သူ မဖုံးကွယ်ထားတော့ပေ..။

"အကုန်လုံးက လူရုပ်ပုံတွေချည်းပဲ..။ပြီးတော့ တံခါးပေါ်က လူပုံရိပ်တွေက ကြီးမားတာ တစ်ခုခုအတွက် ပေးဆပ်ချင်နေကြတယ်..။ဒါပေမဲ့ အကြာကြီး ရပ်ကြည့်နေမယ် ဆိုရင် ဒီလူတွေက စကားလုံးတွေလိုပဲ.."

ဂျီဝူဂျန် အမူအရာပြောင်းလဲသွားခဲ့သည်..။

"နှစ်တွေ အတော်ကြာတာတောင် မြင့်မြတ်တဲ့ အင်ပါယာက ဘယ်သူမှ အဲ့ကို မရောက်လာကြဘူးလား.."

ဘုန်းတော်ကြီးဟာ တာအိုဘိုးဘေးကို ကြည့်လိုက်ပြိး..

"ကျွန်းသခင် ပြောတာကတော့ နတ်ဆိုးကပ်ဘေးဖြစ်လာရင် အပြင်လူတစ်ယောက်ယောက်က ဖော်ထုတ်နိုင်လိမ့်မယ်တဲ့.."

ဂျီဝူဂျန် ပြောလိုက်သည်..။

"တာအိုဘိုးဘေး..ဒီအရာက ဘာလဲ ဆိုတာကို ကျွန်မသိတယ်လို့ထင်တယ်..။ဒါက လူသားမျိုးနွယ်ကရှေးဟောင်းသိုင်းအင်ပါယာပဲ ဖြစ်လိမ့်မယ်..။ရှေးဟောင်း သိုင်းပညာဆိုတာက ဒီခေတ်သိုင်းပညာတွေထက် ပိုပြီးတော့ သန်မာတယိဆိုတာ ကျိန်းသေတယ်..။ဒါကြောင့် ဂိုဏ်းတွေအများကြီးနဲ့ အင်ပါယာတွေက ရှေးဟောင်းသိုင်းပညာ အမွေအနှစ်အတွက်ဆိုရင် စစ်ပွဲတွေ တိုက်ခိုက်ပြီး ယူချင်ကြတာ.."

"အရင်ခေတ်တုန်းက သိုင်းအင်ပါယာတွေအများကြီး မွေးဖွားလာခဲ့ကြတယ်..။ဒီအင်ပါယာတွေရဲ့ သိုင်းပညာ နည်းစနစ်တွေက တကယ်ကိုမယုံနိုင်စရာ ကောင်းတယ်လေ..။မြင့်မြတ်သော အင်ပါယာကလည်း တစ်ခါတုန်းက ..ရှေးဟောင်းသိုင်းအင်ပါယာရဲ့ အုတ်ဂူကို တွေ့ခဲ့ကြတယ်..။သူ့ကို မြင့်မြတ်သော အင်ပါယာရဲ့ စစ်ပွဲနတ်ဘုရားတွေ ဝန်းရံ ခဲ့ကြပေမယ့် ရှေးဟောင်း သိုင်းအင်ပါယာက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လေ..။ဒီမတော်တဆမူက မြင့်မြတ်သော အင်ပါယာကို ထိပ်လန့်စေခဲ့တယ်..။သူတို့က တစ်စုံတစ်ယောက်က သိုင်းအင်ပါယာ အုတ်ဂူကို တွေ့ရင်တောင်..မဖွင့်ကြဖို့ သတိပေးခဲ့ကြတယ်လေ..."

ဘုန်းတော်ကြီး ဟီဟွန် ဒါကိုကြားပြီး အံ့ဩသွားခဲ့သည်..။

"ဒီလိုပြောပုံအရဆိုရင် မြင့်မြတ်သော အင်ပါဟာတောင် သိုင်းအင်ပါယာကို ဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့..။အခု လူသားမျိုးနွယ်က ဗရမ်းဗတာဖြစ်နေပြီဆိုတော့ အားလုံးကိုကယ်တင်ဖို့ ငါတို့ အုတ်ဂူကို ဖွင့်ပြီး ရှေးဟောင်းသိုင်းအင်ပါယာ ရဲ့ ပြန်လည်ရှင်သန်မူကို ကူညီသင့်တာမဟုတ်ဘူးလား.."

ဂျီဝူဂျန် နှာခေါင်းရှုတ်လိုက်၏။

"အဲလောက်မရိုးရှင်းဘူး..။ရှေးဟောင်း သိုင်းအင်ပါယာ ပြန်လည်မွေးဖွားလာပြီးရင် သူ့ရဲ့ မှတ်ဥာဏ်တွေက ရှိတော့မှာမဟုတ်ဘူး...။သူ့ စိတ်နေစိတ်ထားကလည်း ခန့်မှန်းဖို့ခက်ခဲတယ်..။သူတိုကိုယ်သူတို့ လူသားတွေဆိုတာတောင် မသိန်ိုင်ဘူးလေ..။ဒီလို သိုင်းအင်ပါယာမျိုးက ကောင်းကင်ကိုးခုနယ်ပယ် ပညာရှင် နှစ်ယောက်ကိုတောငိ သတ်ဖြတ်ခဲ့တာ.."

ကောင်းကင်ကိုးခု နယ်ပယ်လား...

"ပန်လိုင်ကျွန်းလေးရဲ့ မူလကိုတော့ မသိဘူး..။ရှငိတို့ရဲ့ ဘိုးဘေးတွေ ဆန္ဒက ကောင်းမွန်လား ဆိုတာ မသိပေမယ့်..လက်လျော့လိုက်ဖို့ အကြံပေးချင်တယ်..။ကျွန်မတို့မပြောနဲ့ နတိဆိုးတွေဆိုရင်တောငိ ဒါကိုဖွင့်မှာ မဟုတ်ဘူး.."

တစ်ခြားလူတွေဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏..။

ကျန်းချန်ရှန်း သိချင်သွားခဲ့သည်..။

"ဂျီဝူဂျန် ပြောတဲ့ ရှေးဟောင်းသိုင်းအင်ပါယာက ဘယ်လောက် အင်အားကြီးလဲ.."

[ အခုချိန်မှာ စနစ်က မတွက်ချက်နိုင်သေးပါ..။ဒါက စနစ်၏ ထောက်လှမ်းမူ နယ်ပယ်ထဲတွင် မရှိပေ ]

အခုအချိန်မှာလား..

ဒါက အဲဒီ ရှေးဟောင်းသိုင်းအင်ပါယာက အသက်ရှငိနေသေးတယ်လို့ ဆိုလိုတာပဲ..

ရှေးဟောင်းသိုင်းအင်ပါယာတွေက သေပြီးတာတောင် ပြန်ရှင်လာနိုင်ကြပါတယ်..။သူတို့က အတော်လေးကို အင်အားကြီးကြတယ် ဆိုတာ အသေအချာပါပဲ..။

သို့ပေမယ့် သေချာတွေးကြည့်လိုက်ရင် ရှေးဟောင်းသိုင်းပညာရှငိတွေတောင် တစ်နေ့ကျရင် သေကြရတာပါ..။သူတို့က ပြန်ရှင်သန်နိုင်တယ် ဆိုရင်တော့ လုံးဝကို မတူညီတဲ့လူတစ်ယောက်ဖြစ်နေပြီ ဖြစ်၏..။

ဘုန်းတော်ကြီး ဟီဟွန် အမူအရာ ပြောင်းသွားခဲ့သည်..။

"တာအိုဘိုးဘေး.ကျွန်တော်ရဲ့ စီနီယာနဲ့ အရင်တိုင်ပင်လိုက်ပါဦးမယ်.."

ဟီဟွန် အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်..။

ရီယွမ် သိချင်စွာမေးလိုက်၏..။

"အဲဒီ ရှေးဟောင်းသိုင်းအင်ပါယာက အသက်ရှငိနေသေးလား.."

ဂျီဝူဂျန် သက်ပြင်းချလိုက်ပြီး..

"ငါလည်း သေချာမသိဘူး..။ဒါက လွန်ခဲ့တဲ့ ၅ နှစ်က မတော်တဆမူပဲ...။မြင့်မြတ်သော အင်ပါယာက ဒါကို စိူးရိမ်ခဲ့ပေမယ့် လူတွေကိုလည်း မထိပ်လန့်စေချင်ခဲ့ဘူး..။ဒါကြောင့် တစ်ခြား မြင့်မြတ်တဲ့ အင်ပါယာတွေ သိုင်းအာပါယာ ကျွန်းတွေကို အသိမပေးခဲ့တာ.."

ဂျီဝူဂျန် ဆက်ပြောလိုက်သည်..။

"ရှေးတုန်းက လူသားမျိုးနွယ်မှာ မျိုးနွယ်တွေအများကြီးရှိတယ်..။မျိုးနွယ်တစ်ခုချင်းစီတိုင်းက အသားအရောင် ၊ ခန္တာကိုယ် ၊ အသွင်အပြင်တွေ မတူညီကြဘူးလေ..။သူတို့ကြားထဲမှာ ဧရာမ လူမျိုးစုတွေက သူတို့ရဲ့ ကြောက်စရာ ခန္တာကိုယ်တွေကြောင့် နာမည်ကြီးပြီး သူတို့ကို လူသားမျိုးနွယ်တစ်ခုလုံးက နတ်ဘုရားတွေလို့တောင် သတ်မှတ်ထားကြတာ..။ဧရာမလူမျိုးစုကနေ မွေးဖွားလာကြတဲ့ ရှေးဟောင်းသိုင်းအင်ပါယာ တွေရဲ့ ခွန်အားက မခန့်မှန်းနိုင်လောက်အောင်ပဲ.."

ကျန်းချန်ရှန်း ," ဧရာမလူမျိုးစုရဲ့ လူတွေက ဘယ်လောက် အရပ်ရှည်ကြလဲ..."

ဂျီဝူဂျီ ပြောလိုက်သည်..။

"မြင့်မြတ်သော အင်ပါယာရဲ့ မှတ်တမ်းတွေအရ သူတို့က ပေ ၅၀၀၀ လောက်အထိ အရက်ရှည်ကြတယ်.."

လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်..။ပေ ၅၀၀၀ ဆိုတာက တောင်တစ်တောင်၏ အမြင့်နှင့်ညီမျှ၏..။

ကျန်းချန်ရှန်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့သည်..။

ကံကောင်းချင်တော့..ဒါကသူ့ရဲ့ ကောင်းကင်ဆင် ဓမ္မ ကျင့်စဥ် ကို မမှီခဲ့ပေ..။

ဂျီဝူဂျန် ပြောလိုက်သည်..။

"သူတို့ လူမျိုးစု သိုင်းပညာရှင်တွေရဲ့ ပါရမီက တစ်ခြားမျိုးနွယ်တွေထက်တော့ မသာဘူး..။တာအိုဘိုးဘေးက ပေ ၅၀၀၀ လောက်မြင့်ပြီး..လှုပ်ရှားမူရော အမြန်နှုန်းရော သက်ရောက်မူ မရှိဘူးလို့ တွေးကြည့်မယ် ဆိုရင် ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲ.."

ရီယွမ်၏ အမူအရာ ထူးဆန်းသွားခဲ့သည်..။သူက ကျန်းချန်ရှန်း ၏ ကောင်းကင် ဆင်ဓမ္မကျင့်စဥ်ကို အရင်က မြင်ဖူးထား၏..။

ခနလေး...

ဖြစ်နိုင်တာက တာအိုဘိူးဘေးက ရှေးဟောင်း ဧရာမလူမျိုးစုရဲ့ မျိုးဆက်မဖြစ်နိုင်ဘူးလား...

ဒီလိုနဲ့ သူ၏ သံသယတွေ ရှင်းလင်းသွားခဲ့၏..။

ဒီတော့ ဒါက တာအိုဘိုးဘေးရဲ့ နောက်ခံ အမှန်ပေါ့..။

ရှေးခေတ်အချိန်မှာ ဧရာမ လူကြီး များကို နတ်ဘုရားအဖြစ်သတ်မှတ်ကြပြီး..သူတို့ရဲ့ မျိုးဆက်ကတော့ ယနေ့ခေတ်တွင်..အင်မော်တယ် ဖြစ်နေခဲ့သည်..။

All Chapters