← Chapters

သေခြင်း ရှင်ခြင်း၏ ပြန်လည်မွေးဖွားခြင်း ၊ သူတို့က နဂါးအဖြစ် ပြောင်းချင်တာ

Vol. 15 Ch. 215

သေခြင်း ရှင်ခြင်း၏ ပြန်လည်မွေးဖွားခြင်း ၊ သူတို့က နဂါးအဖြစ် ပြောင်းချင်တာ

Vol. 15 Ch. 215

ရီယွမ် အတွေးထဲမြောနေတုန်းမှာပဲ ပိုင်ချီမေးလိုက်သည်..။

"ခနလေး..ဒါက ဧရာမ လူကြီးပဲဖြစ်ဖြစ်..သိုင်းအင်ပါယာပဲ ဖြစ်ဖြစ်..သူ့ရဲ့အလောင်းကို ပန်လိုင်ကျွန်းလေးရဲ့ မြေအောက်နန်းတော်မှာ ဖုံးကွယ်ထားနိုင်တာလား.."

ကျန်းဂျီယန် ," အဲတာက ပန်လိုင်ကျွန်းလေးလို့ ခေါ်ပေမယ့် အမှန်တကယ်က သေးငယ်တာ မဟုတ်ဘူး..။ပင်လယ်ဒေသက ဘယ်ကျွန်းကများ သေးငယ်လို့လဲ..။ကျွန်းသေးသေးလေးတွေဆိုရင် နတိဆိုးတွေ သားရဲတွေကြောင့် နစ်မြုပ်နေလောက်ပြီ.."

ကျန်းချန်ရှန်း ," ဒါဆိုရင်တော့ လူသားမျိုးနွယ်အတွက် ပြသနာ မဖြစ်စေဖို့ ငါ မသွားတော့ဘူး.."

ဂျီဝူဂျန် ဒါကိုကြားမှ စိတ်သက်သာရာရသွားခဲ့၏..။တာအိုဘိုးဘေးသည် သူမကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်..။

အဲ့အချိန်မှာပဲ ပိုင်ချီ ရောက်လာခဲ့ပြီး..

"မာစတာ...တပည့်ကတော့ သိုင်းအင်ပါယာက မာစတာရဲ့ ပြိုင်ဖက်ဖြစ်မယ်လို့ မထင်ဘူး.."

"အရေးမပါတာ..ငါက သိုင်းအင်ပါယာ နယ်ပယ်ကိုတောင် ရောက်သေးတာမဟုတ်ဘူး..။သူတို့ကို ဘယ်လို ယှဥ်နိုင်မှာလဲ.."

ကျန်းချန်ရှန်း ပိုင်ချီ၏ နှာဖူးကို ခေါက်လိုက်၏..။

ကျန်းဂျီယန် သိချင်စွာမေးလိုက်သည်..။

"စီနီယာ ပြောပုံအရဆိုရင် သိုင်းအင်ပါယာ နယ်ပယ် ဆိုတာကလည်း နယ်ပယ်တစ်ခုပဲ မလား..။ဒါက လူသားတွေ အနေနဲ့ သိုင်းအင်ပါယာ တစ်ယောက်ထက်မက မွေးထုတ်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား.."

ဂျီဝူဂျန် ခေါင်းခါယမ်းလိုက်ပြီး..

"ရှေးဟာင်း သိုင်းအင်ပါယာတွေ အများကြီး ရှိပေမယ့်လည်း သူတို့အကုန်လုံးက မတူညီတဲ့..ခေတ် တွေမှာဖြစ်လာခဲ့ကြတာ..။အနည်းဆုံး လွန်ခဲ့တဲ့ နှစ်တစ်သောင်း အတွင်းမှာ တစ်ခေတ်တည်းမှာ သိုင်းအင်ပါယာ နှစိယောက်ပေါ်ထွက်လာတယ် ဆိုတာ မရှိဘူး..။မြင့်မြင်သော အင်ပါယာရဲ့ တည်ထောင်သူကလည်း အမှန်တော့ သိုင်းအင်ပါယာတစ်ယောက်ပဲလေ.."

လူတိုင်းဟာ..သိုင်းပညာရဲ့ ကျယ်ပြန့်မူကိုကြားပြီး အတွေးနက်သွားခဲ့သည်..။

တစ်ဖက်တွင်..။

ဘုန်းတော်ကြီး ဟီဟွန်သည် စံအိမ်ကို ပြန်ရောက်လာပြီး ဘုန်းတော်ကြီး ဟီယွန်ကို အကုန်ပြန်ပြောပြခဲ့၏..။

ဘုန်းတော်ကြီး ဟီဟွန်ဟာ တည်ငြိမ်နေခဲ့သည်..။

"မာစတာ ပြောတာ မှန်နေပြီ..။တာအိုဘိုးဘေးက ဒီလျိုဝှက်ချက်ကို ဖော်ထုတ်ပေးနိုင်တယ် ဆိုတော့ ငါတို့ရဲ့ ရည်မှန်းချက်က အောင်မြင်နေပြီ..။ဒါက ပွင့်တာ မပွင့်တာကတော့ ကံတရားအတိုင်းသာ ထားလိုက်တော့.."

ဘုန်းတော်ကြီး ဟီဟွန် တစ်ခုခု ပြောချငိပေမယ့် ဒါက အဓိပ္ပါယ် ရှိတယ်လို့ ခံစားမိသည်..။

သူတို့က အမှန်တရားကို သိချင်တာမဟုတ်ဘူးလား..။

သို့ပေမယ့် ၃၂ နှစ်တိုင်အောင် စောင့်ပြီးတာတောငိ သူတို့က အပေါ်ယံ ဖြေရှငိးမူသာ ရခဲ့သည်..။ဒါက အနည်းငယ် စိတ်ပျက်စေ၏..။

ဘုန်းတော်ကြီး ဟီယွန် ," ဂျူနီယာ ညီလေး..ပန်လိုင်ကျွန်းက တကျန်းနဲ့ ချီနှောငိနေတာပဲ ဖြစ်ရမယ်..။ငါခန့်မှန်းတာ မှန်ရင် သိုင်းအင်ပါယာက တကျန်းမှာ ကျိန်းသေ မွေးဖွားမှာပါ..။ငါတို့နှစ်ယောက် ဒီမှာဆက်နေရင် တကျန်း နဲ့ လူသားမျိုးနွယ်အတွက် ကူညီပေးနိုင်လိမ့်မယ်.."

အဆုံးမှာတော့ ကျန်းချန်ရှန်းသည် ပန်လိုင်ကျွန်းလေးကို မသွားခဲ့သလို ဟီဟွန်နဲ့ ဟီယွန်လည်း မသွားခဲ့ကြပေ..။သူတိုက မြို့တော်၏ အပြင်ဘက်၌သာ တာအိုကျောင်းတော်တစ်ခု တည်ထောင်ခဲ့ကြ၏..။

ရွှန်းထျန်းခေတ် ၆၄ နှစ်မြောက်..။

ဧပရယ်လ အစပိုင်း..။

အင်ပါယာ စာကြည့်ခန်း..။

ဧကရာဇ် ရွှန်းထျန်း သူ၏ စွမ်းအင်များကို လှည့်ပတ်နေခဲ့သည်..။သူက မျက်မှောင်ကျုတ်ထားခဲ့ပြီး သူ၏ မျက်ခုံးနှစ်ခုကြားထဲတွင် အနက်ရောင် စွမ်းအင်များ ရှိနေခဲ့၏..။သူက လုံးဝ ပုံမှန်မဟုတ်ပေ..။

အော့...

အင်ပါယာ ရွှန်းထျန်း ရုတ်တရက် သွေးအန်လိုင်ပြီး သူ့ရဲ့ မျက်နှာအရောင်ဖြူဖျော့သွားခဲ့သည်..။

သူ ရေရွတ်လိုင်၏..။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

"တကျန်းက အုပ်ချုပ်မူ အင်ပါယာဖြစ်လာတော့ ငါ့ရဲ့ သက်တမ်းက ပိုပြီး ရှည်လာရမှာမဟုတ်ဘူးလား.."

သူက အသက် ၇၄ နှစိရှိပြီဖြစ်သည်..။အရင်အင်ပါယာတွေက ဒီအသက်ကို ကျော်ပြီး နေထိုင်ဖို့ခက်ခဲကြ၏..။သို့ပေမယ့် သူကတော့ မတူညီပေ..။သူက နယ်ပယ် မြင့်မားပြီး..တကျန်းကိုလည်း ကံတရားအုပ်ချုပ်မူအင်ပါယာဖြစ်အောင် ဖန်တီးပေးခဲ့သည်..။သူက ဘယ်လိုလုပ် အစောကြီးသေရမှာလဲ..။

သူပိုပြီး တွေးလေလေ ပိုပြီး လက်မခံနိုင်လေဖြစ်သည်..။

သူ ချက်ချင်း အမိန့်စာ တစ်ခု ပေးပို့လိုက်၏..။

ချန်းလီသည် အစစ်အမှန် နတ်ဘုရားဖြစ်လာပြီဆိုတော့ အသက် ၁၅၀ လောက်အထိ နေဖို့ ပြသနာ မရှိပေ..။သူက အင်ပါယာ နှစ်ယောက်ကို ခစားခဲ့ရသူဖြစ်၏..။

သူ အင်ပါယာရွှနထျန်း၏ အခြေအနေကို မြင်တဲ့အချိန်မှာ အမူအရာပြောင်းလဲသွားခဲ့သည်..။

ချန်းလီ သည် အင်ပါယာ ရွှန်းထျန်း၏ ကံတရားကို ချက်ချငိး ခံစားလိုက်မိပြီး..

"အရှင့်ရဲ့ ကံတရားက တကယ်ပဲ အဆုံးသတ်ကိုရောက်လာပြီပဲ..။ဒါက..."

သူ ရုတ်တရက် နားမလည်နိုင်ခဲ့ပေ..။

"ဖြစ်နိုင်တာက တကျန်းအင်ပါယာရဲ့ မြင့်တက်လာမူက အလျင်စလို ဖြစိနေလို့လား..။ကံတရားက သန်မာပေမယ့် အခြေခံက မတည်ငြိမ်ဘူးလား."

သူက အင်ပါယာ ရွှန်းထျန်းကို မေးနေခြင်းမဟုတ်ပဲ ကိုယ့်ကိုကို မေးနေခြင်းဖြစ်၏..။

အင်ပါယာ ရွှန်းထျန်း ခက်ခက်ခဲခဲ မတ်တတ်ထရပ်လိုက်ပြီး..

"လုံချီ ကျောင်းကို သွားမယ်.."

ချန်းလီ အလျင်အမြန်တွဲပေးလိုက်သည်..။အခုချိန်တွင် သူတို့က တာအိုဘိုးဘေးကိူသာ ရှာနိုင်မည်ဖြစ်သည်..။

ကျောင်းဝန်းထဲတွင်..။

ကျန်းချန်ရှန်းသည် အင်ပါယာရွှန်းထျန်း၏ အခြေအနေကို သတိထားမိလိုက်၏..။

အင်ပါယာရွှန်းထျန်း၏ အတွင်းအစိတ်အပိုင်းများနှင့် မရီထျန် များဟာ အားနည်းနေပြီဖြစ်သည်..။ဒီပုံအတိုင်းဆိုရင် တစ်နှစ်အတွင်းသေဆုံးမည်ဖြစ်၏..။

ကျန်းချန်းရှန်း လက်ကို မြှောက်ပြီး အခန်းထဲမှ ဆေးပုလုံး သုံးပူလင်းယူလိုက်သည်..။

"ဒါကို အရင်စားလိုက်.."

ဆေးလုံးတွေကို မြင်တဲ့အချိန်မှာ အင်ပါယာ ရွှန်းထျန်း အေးခဲသွားခဲ့သည်..။သူ အံကိုကြိတ်လိုက်ပြီး

"တာအိုဘိုးဘေး..တကယ်ပဲ ဒီကမ္ဘာမှာ ထာဝရအသက်ရှင်ဖို့နည်းလမ်း မရှိတာလား.."

ကျန်းချန်ရှန်း ," ဘယ်သူမှ သေခြင်းရှင်ခြင်းကနေ မလွတ်မြောက်နိုင်ဘူး.."

သူက ကောင်းကင်တာအိုရဲ့ ကာကွယ်မူအောက်က အင်မော်တယ် ဖြစ်ပေမယ့် သိုင်းပညာကမ္ဘာရဲ့ စည်းမျဥ်းတွေကို မချိုးဖောက်နိုင်ပေ..။ဒီတော့ သူက အမှန်ကို ပြောနေခြင်းဖြစ်၏..။

အင်ပါယာ ရွှန်းထျန်း တိတ်ဆိတ်သွားခဲ့သည်..။

တစ်ခြားလူတွေ၏ အခြေအနေလည်း သိပ်မကောင်းကြပေ..။သူတို့က အင်ပါယာ ရွှန်းထျန်းကို သဘောကျကြ၏..။ဘယ် အင်ပါယာကမှ သူ့လောက် စိတ်အားထက်သန်မူမရှိပေ..။သူက မြို့ထဲမှာရှိနေသ၍ နှစ်သစ်ရောက်တိုင်း ကျောင်းတော်ကို ရောက်အောင် လာလေ့ရှိ၏..။ကျန်းဇီယု တုန်းကတောင် သူ့လို မလုပ်နိုင်ခဲ့ပေ..။

ဧကရာဇ် ရွှန်းထျန်း အားတင်းပြုံးလိုက်ပြီး

," ကောင်းပြီလေ..ဒီဆေးလုံးတွေနဲ့ဆိုရင် နောက်ထပ် တစ်နှစ် နှစ်နှစ်လောက်တော့ နေနိုင်ဦးမှာပါ..။ကျွန်တော်က ထီးနန်းကို ဆယ်နှစ်သကတည်းက ဆက်ခံခဲ့ပြီး ကမ္ဘာကြီးရဲ့ စိတ်လှုပ်ရှားမူတွေကို ကြုံတွေ့ခဲ့ရပါတယ်..။ဒီတော့ သေရလို့လည်း ဝမ်းနည်းမနေတော့ပါဘူး.."

လေထုဟာ တိတ်ဆိတ်သွားခဲ့သည်..။

ကျန်းချန်ရှန်း မျက်လုံးကို ပိတ်ထားရင်း ဆက်လက်လေ့ကျင့်နေခဲ့၏..။

သူက..သူ့ရဲ့ မျိုးဆက်က မိတ်ဆွေတွေ သေဆုံးသွားတာတွေကို မြင်ပြီး တာအိုနှလုံးသား ခိုင်မာနေပြီဖြစ်သည်..။

သူက အင်မော်တယ်တစ်ယောက်ဖြစ်ချင်၏..။သူကတော့ ထာဝရ အသက်ရှင်ရမည်ဖြစ်သည်..။

သူ အသက်ရှင်နေသ၍ သူတို့၏ ရှင်သန်မူက အဓိပ္ပါယ်ရှိမည်ဖြစ်၏..။အနည်းဆုံး သူက သူတို့ကို မှတ်မိနေလိမ့်မည်..။

မြို့ပြင်ရှိ တောင်တက်လမ်းတွင်..။

သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့သည် ရွေ့လျားလာနေခဲ့၏..။ခေါင်းဆောင်ဖြစ်သူသည် ဆံပင်အဖြူနှင့် အဖိုးကြီးဖြစ်သည်..။

"တာအိုဘိုးဘေး နေတာက လုံချီကျောင်းတော် မလား.."

သက်လတ်ပိုင်းလူကြီးဟာ ပြုံးလိုက်ပြီး..

"မှန်ပါတယ်..။ခင်ဗျားတို့က အင်မော်တယ်ရဲ့ တာအိုကျောင်းတော်ကို လာပြီး အရိုသေပေးကြတာမလား..။မိုးသောက်ချိန်အထိ စောင့်ကြဖို့ ကျုပ်အကြံပေးချင်တယ်..။ခင်ဗျားတို့ သိုင်းပညာနဲ့လေပေါ်မပျံတတ်ရင် တောင်ပေါ်ကို အခုချိန်တက်ဖို့ ခက်ခဲတယ်လေ.."

အဖွဲ့ဟ ဆက်လက်ရွေ့လျားနေကြ၏..။

နာရီအနည်းငယ်ကြာပြီး နောက်တွင် သူတို့ မြို့ထဲရောက်လာခဲ့ကြသည်..။

သက်လတ်ပိုင်းလူကြီးဟာ စံအိမ်တစ်ခုဆီ ခေါ်သွားခဲ့ပြီး..

"ဒီစံအိမ်က အင်ပါယာဝမ် နေခဲ့တဲ့ အိမ်ပဲ.။ဒါက လုံချီကျောင်းတော်နဲ့ အရမ်းကို နီးတယ်..။အင်ပါယာ တိုင်ဇောင်က အင်ပါယာဝမ်ကို မုန်းတာကြောင့် သူ့ရဲ့ ဂုဏ်သတင်းကိုတောင် ဂရုမစိုက်ပဲ သူနေတဲ့နေရာကို ရောင်းလိုက်တာလေ..။ခင်ဗျားတို့လိုချင်တဲ့နေရာနဲ့ သင့်တော်တာဆိုလို့ ဒီနေရာပဲရှိတယ်..။ဒါပေမဲ့ စျေးကတော့..."

ဆံပင်ဖြူနဲ့ လူအိုကြီးဟာ ဖြတ်ပြောလိုက်သည်..။

"စျေးက ပြသနာမဟုတ်ဘူး..။ဧကရာဇ်နေတဲ့နန်းတော်ကို ရောင်းမယ် ဆိုရင်တောင် ကျုပ်တို့ ဝယ်နိုင်တယ်.."

သက်လတ်ပိုင်းလူကြီး ကျေနပ်သွားခဲ့သည်..။

"အာ..ရာ...အဲလိုလျောက်မပြောရဘူးလေ..။အင်ပါယာက သဘောကောင်းတယ်ဆိုရင်တောင် ဒီလိုတော့ ပြောလိူ့ မဖြစ်ဘူးမလား.။စကားမစပ် လှည်းထဲက ဘာတွေလဲ..။ကျုပ်ထပ်တာတော့ ဥ တစ်လုံးထင်တာပဲ..။တော်တော်ကြီးတယ်နော်..။ဒါက နတ်ဆိုးဥလား.."

ဆံပင်ဖြူနဲ့ လူအိုကြီးဟာ ဖြေလိုက်သည်..။

"ဟုတ်တယ်.."

"ဘယ်လို နတ်ဆိုး အမျိုးအစားလဲ..။မြွေလား..ဘာလ်ို့ ဒီလောက်တောင်ကြီးနေရတာလဲ..."

"ဘာလို့လဲဆိုတော့ သူက နဂါးအဖြစ်ပြောင်းလဲချင်လို့ပဲ...

All Chapters