ကျန်းမိသားစု၏ အမွေအနှစ် ၊ နဂါးအစစ်ကို တွေ့ရန်ခွင့်တောင်းခြင်း
Vol. 15 Ch. 216
ညနက်ပိုင်း..။
ဧကရာဇ်၏ အိပ်ခန်းရှေ့တွင်..။ကျန်းချီ တံခါးရှေ့ကို ရောက်လာခဲ့ပြီး လေးစားစွာ ပြောလိုက်၏..။
"အဖေ..ကျွန်တော် ရောက်ပါပြီ.."
အိပ်ခန်းရှေ့မှာ..အစေခံတွေ မရှိတာကြောင့် သူ့မှာ ရွေးချယ်စရာ မရှိပဲ အော်ပြောယုံသာ တတ်နိုင်၏..။
"ဝင်လာခဲ့.."
အင်ပါယာ၏ အားနည်းသည့် အသံက ပျံ့နှံ့လာခဲ့သည်..။ကျန်းချီ အသက်ကို ပြင်းပြင်းရူလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့၏..။
အင်ပါယာ ရွှန်းထျန်းသည် နဂါးထိုင်ခုံပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး..စားပွဲပေါ်တွင်တော့ ဝိုင်နှင့် အချိုပွဲတွေ ရှိနေခဲ့သည်..။
ကျန်းချီ ဧကရာဇ်ကို ရှုပိထွေးတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်မိ၏..။သူ့ အဖေဘာလို့ ခေါ်တာလဲဆိုတာကို သူသိပြီးပြီ ဖြစ်သည်..။အရင်တုန်းကတော့ သူ ထီးနန်းကို ရဖို့ အတွက် သူ့အဖေကို အမြန်သေဆုံးစေချင်မိ၏..။
သို့ပေမယ့် အခုချိန်မှာတော့ သူ မသက်မသာ ခံစားနေရသည်..။
ပုလ္လင်ပေါ်မှာ က နှစ် ၆၀ ၇၀ လောက်သာ ထိုင်ရမည်ဖြစ်ပြီး သိုင်းပညာရှင်တစ်ယောက်ကတော့ နှစ် ၁၀၀ ကျော် နေထိုင်နိုင်၏..။သူတို့ဘာကို ရွေးချယ်သင့်လဲ..။
လူသားတွေက စိတ်လှုပ်ရှားရှားစရာ ဘဝမှာနေသင့်လား အသက်ရှည်တဲ့ ဘဝမှာနေသင့်လား..။
ပထမဆုံးအနေဖြင့် ကျန်းချီ ထီးနန်းကို ကြောက်ရွံ့လာမိသည်..။
အင်ပါယာ ရွှန်းထျန်း စာအုပ်ကို လက်ကနေ ချပြီး စားပွဲတစ်ဖက်မှာ ထိုင်ဖို့ အချက်ပြလိုက်၏..။
"ဒီနေ့ ငါတို့ သားအဖ တွေရဲ့ ရာထူး ဂုဏ်တွေကို ဖယ်ထားကြရအောင်.."
အင်ပါယာ ရွှန်းထျန်း ပြုံးလိုက်၏..။
သူ ကျန်းချီကို အလေးထားပြီး စောင့်ကြည့်နေသည်မှာ နှစိပေါင်းကြာပြီဖြစ်သည်..။
ကျန်းချီ ငယ်စဥ်းတုန်းကတော့ သူ့ကလေးက လုံလောက်အောင် မသန်မာ မှာကို စိုးရိမ်မိ၏..။ထပ်ပြောရလျင် ဒီနှစ်တွေမှာ ကျန်းချီ၏ ထီးနန်းရယူလိုမူက သူ့ကို မကျေမနပ်ဖြစ်စေခဲ့သည်..။ရလာဒ်အနေနဲ့ အဖေနှင့်သား ဆက်ဆံရေးဟာ ကျဆင်းသွားခဲ့၏..။
သားအဖတွေ ဒီလိုဖြစ်နေတာက ကျရှုံးမူတစ်ခုဖြစ်သည်..။
ကျန်းချီထိုင်လိုက်ပြီး အင်ပါယာ ရွှန်းထျန်းကို ကြည့်လိုက်သည်..။အခုချိန်မှာတော့ သူ၏ ဆုံးဖြတ်ချက်ကို နောင်တရနေပြီဖြစ်၏..။
ထီးနန်းက အဲလောက်တောင် အရေးပါနေလို့လား..
သူက သမိုင်းထဲမှာ ပျော်စရာ အကောင်းဆုံး မင်းသားဖြစ်၏..။အရင်တုန်းကဆိုရင် ဧကရာဇ် ရွှန်းထျန်းသည် မင်းသားတစ်ပါးက သူ့ထီးနန်းကို ကြံစည်တာနှင့် အဝေးကို ပို့ပစ်တတ်သည်..။သူ၏ တစ်ခြား ညီအစ်ကို မင်းသားများကလည်း..ထီးနန်းကို မကြံရွယ်ရဲကြပေ..။
"အဖေ ပုံပြင်တစ်ပုဒ်ပြောပြမယ်..။မင်းအဖိုးက ငါ့ကို ပြောပြခဲ့တာ.."
ဧကရာဇ် ရွှန်းထျန်းပြောလိုက်၏..။
ကျန်းချီ စိတ်ရှည်စွာ နားထောင်နေခဲ့သည်..။အင်ပါယာ ရွှန်းထျန်းက တကျန်း၏ ပထမ အိမ်ရှေ့မင်းသားအကြောင်း စပြောသည့် အချိန်တွင် သူ သံသယတစ်ချို့ ဖြစ်မိ၏..။
အိမ်ရှေ့မင်းသား အကြောင်းပြောပြီး သူ့ကို သင်ကြားချင်နေတာလား..။သို့ပေမယ့် သူ နားထောင်လိုက်သည့်အချိန်တွင် စိတ်လှုပ်ရှားသွားခဲ့သည်..။
ပထမ မင်းသား..သူ့သားက်ို ထီးနန်းပေးလိုက်သည်ကို ကြားလိုက်ရသည့် အချိန်တွင် သူ အံ့ဩသွားခဲ့သည်..။
ကျန်းတိုင်ဇောင်
သူ့အဖိုးမှာ ဒီလို နောက်ခံရှိတာလား.
ကျန်းတိုင်ဇောင်က ဧကရာဇ် ဝမ်ကို လုံးဝ မရင်းနှီးတာ အံ့ဩစရာ မရှိတော့ပေ..။
ခနလေး..ဒါဆို အဘေး ရဲ့ အဖေက....
ကျန်းတိုင်ဇောင်ကို ဘယ်သူက ထောက်ခံပေးတာလဲ ဆိုတာကို သူ စဥ်းစားလိုက်၏..။
သူ နာမည်တစ်ခုကို တွေးမိပြီး တုန်ရီသွားခဲ့သည်..။
သူ၏ သံသယများရှင်းလင်းသွားပြီဖြစ်၏..။
ဒီတော့ ဒီလိုပေါ့..
ကျန်းချီအံ့ဩသွား၏..။သူ့ရင်ထဲမှာ ရှိနေတဲ့ အစိုင်အခဲကြီးက နောကိဆုံးမှာတော့ ပြုတ်ကျသွားပြီဖြစ်သည်..။
တာအိုဘ်ိုးဘေးက..သူတို့၏ ဘိုးဘေးဖြစ်၏..။
ဧကရာဇ် ရွှန်းထျန်း," ဒီလျိုဝှက်ချက်က မျိုးဆက်အလိုက်ဆင်းသက်လာပြီး အိမ်ရှေ့မင်းသားတွေကိုပဲ ပြောပြရတာ..။တာအိုဘိုးဘေးက ကျိန်းသေ နှစ်တွေ အကြာကြီး အသက်ရှင်နေလိမ့်မယ်..။သူ အသက်ရှင်နေသ၍ ကျန်းမိသားစုက သူနဲ့ဆက်ဆံရေးကို မေ့ထားလို့ မရဘူး..။ချီအာ မှတ်ထားပါ..။မင်းက အိမ်ရှေ့မင်းသားကိုပဲ ပြောပြခွင့်ရှိတယ်..။လူတွေအများကြီးသာ သိသွားရင် ကမ္ဘာကြီးက ဗရမ်းဗတာ ဖြစ်ကုန်လိမ့်မယ်.."
ကျန်းချီ အသက်ကို ပြင်းပြင်းရူလိုက်ပြီး..
"နားလည်ပါပြီ မှတ်သားထားပါ့မယ်.."
ဧကရာဇ် ရွှန်းထျန်းသည် ကျန်းချီ၏ ငယ်ဘဝအကြောင်း ပြန်လည်ပြောပြခဲ့၏..။သားအဖ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ပြန်လည် နွေးထွေးလာခဲ့သည်..။ကျန်းချီ၏ စိတ်ထဲမှာတော့ နောင်တတွေနှင့်ပြည့်နှက်နေခဲ့၏..။
"မင်း ထီးနန်းကို ရယူတဲ့အချိန်ကျရင် ဥာဏ်ပညာရှိရှိ အုပ်ချုပ်ရမယ်..။တကျန်းက ကုန်းမြေတွေကို စုစည်းရမယ် ဆိုတဲ့ စိတ်အားထက်သန်မူကို လက်ဆင့်ကမ်းပေးရမယ်..။တကျန်းက ရပ်တန့်လို့ မရဘူး..။ဒါက တိုင်ဇောင် ၊ ရန်ဇောင် နဲ့ အဖေ့ရဲ့ စိတ်ဆန္ဒတွေပဲ.."
ကျန်းချီရဲ့ မျက်လုံးတွေ နီရဲနေပြီး စိတ်ဆုံးဖြတ်ချက်များနှင့် ပြတ်သားနေ၏..။
အခုချိန်မှာတော့..သူက အမွေအနှစ်၏ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ထားပြီဖြစ်သည်..။
နေ့လည်ဘက်..။
ကျန်းချန်ရှန်း အတွေးနက်နေတုန်းမှာပဲ ချင်အာ ရောက်လာခဲ့သည်..။
"တာအိုဘိုးဘေး..နဂါးပြောင်းလဲချင်းစံအိမ်က စံအိမ်သခင် ဆိုတဲ့လူ ရောက်လာပါတယ်..။သူတို့စံအိမ်မှာ ကောင်းကင်အဆင့် နယ်ပယ်ရှိပါတယ်..။သူ့ကို တွေ့ချင်ပါသလား..."
တကျန်းက အရင်ကနှင့်မတူတော့ပေမယ့် ကောင်းကင်နယ်ပယ်အဆင့် က သိုင်းပညာ၏ ထိပ်ပိုင်းမှာ ရှိပြီး လူတွေအများကြီးက လေးစားကြရသည်..။
ကျန်းချန်ရှန်း မျက်လုံးကို ဖွင့်လိုက်ပြီး..
"သူ့ကို ဝင်ခိုင်းလိုက်.."
သူက နဂါးပြောင်းလဲခြင်းစံအိမ်က ကောင်းကင် ခြောက်ခု နယ်ပယ် အကြီးအကဲကို သတ်ခဲ့သည်..။အခုတော့ စံအိမ်သခင်က သူ့ဆီကို ကိုယ်တိုင်လာတွေ့၏..။ကြည့်ရသလောက်တော့ တစ်ဖက်လူက သူ့၏ ရန်သူမဖြစ်လောက်ပေ..။မဟုတ်ရင် သူ စည်းမျဥ်းတွေကို လိုက်နာနေမည်မဟုတ်ပေ..။
သူတို့ နဂါးသွေးကြောတိုက်ကြီးကို ရောက်လာကတည်းက ကျန်းချန်ရှန်း စောင့်ကြည့်နေခြင်းဖြစ်၏..။လမ်းတစ်လျောက်လုံးတွင် သူတို့ဘာပြစ်မူမှ မကျူးလွန်ခဲ့ပေ..။ဒါကြောင့်လည်း သူ တွေ့ရခြင်းဖြစ်၏..။
ဂျီဝူဂျန် ," ကြည့်ရတာတော့ အဖြူရောင်နဂါးရဲ့ တည်ရှိမူက သူတိုကို အေးဆေးမနေနိုင်တော့ဘူးထင်တယ်..။နဂါးပြောင်းလဲခြင်းစံအိမ်က အစစ်အမှန်နဂါးတစ်ကောင်ကို မွေးမြူနိုင်ဖို့ တစ်ဘဝလုံးကြိုးစားနေကြတာလေ..။သူတို့က တာအိုဘိုးဘေး က နဂါးကိုစီးတာကို ကြားပြီး ကျ်ိန်းသေ ရူးသွပ်နေကြလောက်ပြီ.."
ကျန်းဂျီယန် ပြောလိုက်၏..
"ကျွန်တော် နဂါးပြောင်းလဲခြင်းစံအိမ်ကိုကြားဖူးတယ်..။ဒါက ပင်လယ်ဒေသက မြင့်မြတ်နယ်မြေပဲ..။အဖိုး ဂရုစိုက်သင့်တယ်.."
ကျန်းချန်ရှန်း သဘောတူစွာ ခေါင်းညိမ့်လိုက်၏..။
မကြာခင်မှာပဲ ချီအာ ဟာ စံအိမ်သခင် နှင့်အတူ ရောက်လာခဲ့သည်..။သူက ဆံပင်အဖြူနှင့် လူအိုကြီးဖြစ်သည်..။
သူက ကျန်းချန်ရှန်းဆီ လျောက်သွားကာ လက်သီးဆုပ်လိုက်ပြီး..
"ကျွန်တော်က နဂါးပြောင်းလဲခြင်းစံအိမ်က ကျုထျန်ဇီ ပါ..။တာအိုဘိုးဘေးမှာ..နဂါးတစ်ကောင်ရှိတယ်ဆိုလို့ ကျွန်တော်ကိုယ်တိုင်လာပြီး ကြည့်တာပါ..။တာအိုဘိုးဘေးအနေနဲ့ နဂါးတစ်ကောင်ရဲ့ ထည်ဝါမူကို ပြသပေးဖို့ တောင်းဆိုချင်ပါတယ်..။တကယ်ပဲ နဂါးတစ်ကောင် သေချာတယ် ဆိုရင် နဂါးပြောင်းလဲခြင်းစံအိမ်က တာအိုဘိုးဘေးကို အညံ့ခံပါရစေ.."
ဒါကို ပြောပြီး သူ ဒူးတစ်ဖက်ထောက်ချလိုက်၏..။
ဂျီဝူဂျန် မျက်မှောင်ကျုတ်လိုက်သည်..။တစ်ဖက်လူက သူမနှင့် အဆင့်အတူတူဖြစ်ကြောင်း သူမ ပြောနိုင်၏..။ဒါတောင် သူက ချက်ချင်းဒူးထောက်ချလိုက်သည်..။တာအိုဘိုးဘေးနဲ့ အခုမှတွေ့တာကို ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ..။
ကျန်းချန်ရှန်း သူ့ကိုစိုက်ကြည့်လိုက်ပြီး..
"ဒါက နဂါးပြောင်းလဲခြင်းစံအိမ်ရဲ့ ဆန္ဒလား.."
ကျုထျန်ဇီ ကြည့်လိုက်ပြီး..
"တာအိုဘိုးဘေး ကျွန်တော် ကျုဝူဂျီ အကြောင်းသိပြီးပါပြီ..။တာအိုဘိုးဘေးကို အပြစ်မတင်ပါဘူး..။တကယ်လို့ နဂါးပြောင်းလဲခြင်းစံအိမ်က အပြစ်တင်ချင်ရင်တောင် ဒါက ဖန်ထျန်းကိုပဲ ဖြစ်သင့်တယ်လေ..။နဂါးပြောင်းလဲခြင်စစံအိမ်က ကျုဝူဂျီရဲ့ ကိစ္စကို ထပ်ပြီး ဂရုမစိုက်တော့ပါဘူး..။တာအိုဘိုးဘေး..ညှာတာသောအားဖြင့် အစစ်အမှန်နဂါးကို ကြည့်ခွင့်ပေးပါ.."
ကျန်းချန်ရှန်း၏ စိုက်ကြည့်နေမူက သူ့ကို မသက်မသာဖြစ်စေ၏..။
အချိန်အတော်ကြာပြီးမှ ကျန်းချန်ရှန်း ဖြည်းဖြည်းချင်းပြောလိုက်သည်..။
"မနက်ဖြန်နေ့လည်မှာ အစစ်အမှန် နဂါးကို ခေါ်ဆောင်လာခဲ့မယ်..။အချိန်ကျရင် သူက မြို့တော်ရဲ့ အပေါ်မှာ ပေါ်လာလိမ့်မယ်..။ဒါကိုကြည့်ပြီးရင်တော့ ကိုယ့်ဟာကို အစီစဥ်ဆွဲပေါ့.."
"ကျေးဇူးပါ တာအိုဘိုးဘေး.."
ကျုထျန်ဇီ ကျန်းချန်ရှန်းကို ကျေးဇူးတင်ပြီးထွက်ခွာသွား၏..။
ဂျီဝူဂျန် ပြောလိုက်သည်..။
"နဂါးပြောင်းလဲခြင်းစံအိမ်က နဂါးတွေကို နတ်ဘုရားအဖြစ် သတ်မှတ်ထားတာ..။နဂါးတွေအတွက်ဆိုရင် သူတို့က ရန်ငြိုးတွေကိုတောင် ချေဖျက်နိုင်တယ်..။ဒါပေါ့ တာအိုဘိုးဘေး စိတ်ပူတယ်ဆိုရင် ကျွန်မသူတို့ကို ဖြေရှင်းပေးနိုင်ပါတယ်.."
သူမတို့နှစ်ယောက်လုံးက ကောင်းကင်ခြောက်ခု နယ်ပယ်ဖြစ်ပေမယ့် သူမက နဂါးပြောင်းလဲခြင်း စံအိမ်တစ်ခုလုံးကို ဂရုမစိုက်ပေ..။
ကျန်းချန်ရှန်း မျက်လုံးမှိတ်ပြီး ပြောလိုက်သည်..။
"မနက်ဖြန်ကျ ကြည့်ကြတာပေါ့.."
မနက်ခင်းတွင်..။
ကျန်းချန်ရှန်း ဝါးတောထဲကို ဝင်ပြီး ဘယ်သူမှ မမြင်တာသေချာအောင်လုပ်ပြီး နဂါးကို ထုတ်လိုက်သည်..။အဖြူရောင်နဂါးဟာ တောင်ကုန်းပေါ်မှာ ပေါ်လာခဲ့၏..။သူမ၏ ကြီးမားသည့် ခန္တာကိုယ်က မြူများကို ကျော်ဖြတ်လာပြီး ပေတစ်ထောင်ခန့် ရှည်လျား လာခဲ့သည်..။
* နဂါးဟိန်းသံ *
နဂါးဟိန်းသံသည် မြို့တော်၏ ကောင်းကင်ထက်တွငိ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သည့် လူများ၏ အာရုံစိုက်မူကို ဆွဲဆောင်သွားခဲ့၏..။