နတ်နဂါး ၊ တိုင်ဟီခေတ် ပထမနှစ်
Vol. 15 Ch. 217
နဂါးပြောင်းလဲခြင်းစံအိမ်ဝယ်ထားသည့် ခြံဝန်းထဲတွင်..။ကျုထျန်ဇီ နဲ့ တပည့်တွေဟာ ကောင်းကင်ပေါ်က အစစ်အမှန် နဂါးကို ကြည့်နေကြ၏..။သူတို့ အော်ဟစ်မနေကြပေ..။အဲဒီအစား သူတို့ဒူးတစ်ဖက်ကို ထောက်ပြီး..နတ်ဘုရားတစ်ပါးအဖြစ်ယုံကြည်မူကို ပြနေကြသည်..။
ကောင်းကင်ခြောက်ခုနယ်ပယ် ကျုထျန်ဇီ တောင် ဒူးထောက်နေခဲ့၏..။သူ့ ခန္တာကိုယ်တုန်ရီပြီး မျက်ရည်တွေကျနေခဲ့သည်...
အဖိုး...အဖေ...ကျွန်တော် နဂါးအစစ်အမှန်ကို မြင်တွေ့နေရပြီ..
ကျုထျနိဇီရဲ့ မျက်လုံးတွေဟာ စိတ်လှုပ်ရှာမူကြောင့်နီရဲနေခဲ့၏...။
နဂါးပြောင်းလဲခြင်းစံအိမ်က နှစိပေါင်းများစွာကြယအောင် နဂါးအစစ်ကို ရှာဖွေနေကြခြင်းဖြစ်သည်..။သို့ပေမယ့် သူတို့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ..။
မြို့တော်အပေါ်မှာ အကြိမ်အနည်းငယ်လောက် ပျံသန်းပြီးနောက်တွင်..အဖြုရောင်နဂါးဟာ လုံချီဘုရားကျောင်းကို ပြန်ရောက်လာခဲ့သည်..။
.
ဒါက အဖြူရောင်နဂါးဟာ တာအိုဘိုးဘေး၏ ထိန်းချုပ်မူ အောက်တွင် ရှိနေကြောင်း သိစေ၏..။
နန်းတော်ထဲတွင်..။
ပိန်ပိန်ပါးပါး ဧကရာဇ် ရွှန်းထျန်းသည် တောင်တန်းတွေကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်..။
"ဒါက တကယ်ကို လက်လွှတ်ဖို့ခက်ခဲတာပဲ..။တာအိုဘိုးဘေး ကရော .ဒီလောက်အသက်အရှည်ကြီးနေပြီး ဘာအတွက် တိုကိခိုက်နေတာလဲ.."
သူ ရေရွတ်လိုက်သည်..။
တစ်ဖက်တွင်တော့ ကျန်းချန်ရှန်းသည် အဖြူရောင်နဂါးကို ခြံဝန်းထဲ ပြန်ခေါ်လာခဲ့၏..။အဖြူရောင် နဂါးက ပေသုံးဆယ်လောက်ရှည်ပြီး ခန္တာကိုယ်လှုပ်ခါနေခဲ့သည်..။
ကျန်းဂျီယန် နဲ့ ပင်အန်း တို့ သူမဆီချက်ချင်းရောက်လာခဲ့၏..။ဂျီဝူဂျန်တောင် ဆက်ပြီးထိုင်မနေခဲ့ပေ..။
ကျန်းချန်ရှန်း ကမ္ဘာ့သစ်ပင်အောက်တွင် ထိုင်ပြီး ကျင့်ကြံလိုက်သည်..။
နာရီအနည်းငယ်ကြာပြီးနောက် ကျူထျန်ဇီ ထပ်မံရောက်လာခဲ့သည်..။သူ နဂါးဖြူကို မြင်တာနဲ့ ချက်ချင်းပဲ ဒူးထောက်ချလိုက်၏..။
အတော်ကြာအောင် စိတ်လှုပ်ရှားနေပြီးမှ သူ ပြောလိုက်သည်..။
"တာအိုဘိုးဘေး..နဂါးပြောင်းလဲခြင်းစံအိမ်က လက်အောက်ခံအဖြစ်နေချင်ပါတယ်..။ကျေးဇူးပြုပြီး လက်ခံပေးပါ..။နဂါးပြောင်းလဲခြင်းစံအိမ်က တာအိုဘိုးဘေး နဲ့ နဂါးနတ်ဘုရားကို အလုပ်ကျွေးပြုပါ့မယ်.."
နဂါးပြောင်းလဲခြင်းစံအိမ်၏ အမှတိက သန်း ၃၀ ကျော်လွန်၏..။ဒီ အခြေခံက တကျန်းထက်ပိုပြီး သန်မာသည်ဟု ပြောလို့ရသည်..။
ကျန်းချန်ရှန်း ," အင်း..အင်ပါယာနဲ့ပဲ ဆွေးနွေးလိုက်ပါ..။တာအိုဘိုးဘေးက သဘောတူတယ်လို့ပြောလိုက်..."
"တာအိုဘိုးဘေး နဂါးပြောင်းလဲခြင်းစံအိမ်ကို စီ စီရင်စု ဆီကို ပြောင်းရွေ့လို့ရလား..။ကျွန်တော်တို့က အင်ပါယာကို အလုပ်ကျွေးပြုဖို့ဖက် နဂါးနတ်ဘုရားကိုပဲ အလုပ်ကျွေးပြုချင်ပါတယ်.."
"ကောင်းပြီ..."
ကျုထျန်းဇီ အရိုအသေပေးပြီး အဖြူရောင်နဂါးဆီထပ်မံသွားကား..တီးတိုးပြောနေခဲ့သည်..။
အတော်ကြာပြီးမှ ပြန်ထွက်သွားခဲ့၏..။
အဖြူရောင်နဂါးမလေးဟာ ကျန်းချန်ရှန်းဆီ သွားပြီး ပြောလိုက်သည်..။
"မာစတာ ဒီလူအိုကြီးက တကယ်ကို စိတ်အနှောက်ယှက်ဖြစ်ရတယ်..။ဘာ နဂါးနတ်ဘုရားလဲ..။သူက တပည့်ကို သတ်ပြီး ချက်စားချင်နေတာလား မသိဘူး.."
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး..
"ဒါက အဆင်ပြေပါတယ်..။မင်းပြန်ပြီး ကျင့်ကြံနေတဲ့ အချိန်ကျရင် သူ ထိလို့မရပါဘူး.."
ဒီနဂါးဖြူက ဘယ်ကို ရောက်ရောက်သွားလဲ ဆိုတာလူတိုင်းက သိချင်နေကြပေမယ့် မမေးရဲကြပေ..။
ညအချိန်မှာတော့ ကျန်းချန်ရှန်းသည် မြူခိုးတွေထဲဝင်ပြီး အဖြူရောင်နဂါးကို တာအိုကမ္ဘာထဲပြန်ထည့်လိုက်၏..။အတော်ကြာပြီးမှ သူကကျောင်းဝန်းထဲကို ပြန်လာခဲ့သည်...။
နောက်တစ်နေ့ မနက်..။
ကျုထျန်းဇီ အင်ပါယာ ရွှန်းထျန်းဆီ လာရောက်လည်ပတ်ခဲ့သည်..။ပုံမှန်အားဖြင့်တော့ ဧကရာဇ်ရွှန်းထျန်းသည် အခုလို လာရောက်ပူးပေါင်းသည့်အပေါိ ပျော်ရွှင်မိသည်..။ကျန်းချီက သူတို့ကို အမိန့်မပေးနိုင်ရင်တောင် တာအိုဘိုးဘေးရှိ၏..။
"နဂါးပြောင်းလဲခြင်း အဖွဲ့အစည်းမှာ အမြင့်ဆုံးပညာရှင်က ဘယ်နယ်ပယ်လဲ.."
ကျုထျန်ဇီ ," ကောင်းကင်ခြောက်ခု နယ်ပယ်က ကျွန်တော် နဲ့ ညီမဖြစ်သူ နှစ်ယောက်ပါ..။ပုံမှန်အားဖြင့် သုံးယောက်ရှိပေမယ့် အကြီးအကဲ တစ်ယောက်က သေဆုံးသွားပါပြီ.."
ကောင်းကင်ခြောက်ခု နယ်ပယ်
ဧကရာဇ် ရွှန်းထျန်း စိတ်လှုပ်ရှားသွားခဲ့၏။သူတစ်ခုခု ပြောဖို့ ကြိုးစားလိုက်ပေမယ့်..အဆုံးမှာတော့ လက်ဝေ့ယမ်းပြီးသာ ပြန်ကြဖို့အချက်ပြလိုက်သည်..။
အရင်တုန်းက ဆိုရင် သူ ကျိန်းသေ စိတ်လှုပ်ရှားနေမှာဖြစ်ပေမယ့် အခုတော့ သူ သေခါနီးနေပြီဆိုတဲ့ အတွေးက အရာအားလုံးကို ဖျက်ဆီးပစ်နေခဲ့သည်..။
ဒီဇင်ဘာ လ အစပိုင်းတွင်တော့ အင်ပါယာက အိမ်ရှေ့မင်းသား ကို နောက်ထပ် နွေရာသီတွင်ထီးနန်းလွှဲပြောင်းပေးတော့မှာဖြစ်ကြောင်း ကြေညာခဲ့သည်..။
သူ ဒါကိုပြောလိုက်တာနဲ့ လှုပ်လှုပိရှားရှားတွေ ဖြစ်ကုန်ကြ၏..။အကုန်လုံးက ထူးထောက်ပြီး တောင်းပန်နေကြသည်..။အခြေအနေကို သိထားတဲ့ အရာရှိတစ်ချို့ကတော့ တ်ိတ်ဆိတ်နေကြ၏..။
!ကျုပ်က အိုနေပါပြီ..ရာထူးကို လက်လွှတ်ပေးရမယ့် အချိန်မှာပဲ..။အားလုံးလက်ထဲကိုပဲ တကျန်းကို လွှဲခဲ့တော့မယ်..။ဧကရာဇ် အသစ်ကို ကျိန်းသေ ကူညီကြရမယ်နော်..။တကျန်းက မြင့်မြတ်သော အင်ပါယာ ဖြစ်လာရမယ်..။တကျန်းက ကမ္ဘာကြီးကို ပေါင်းစည်းနိုင်တဲ့အထိ ကူညီပေးကြရမယ်.."
အဲ့နေ့မှာပဲ အင်ပါရီယာ သည် စီရင်စုတွေ ကျွန်းစုတွေထံကို သတင်းများဖြန့်ဝေခဲ့သည်..။
နှစ်ကုန်ခါနီးအချိန်တွင် တကျန်းတစ်ခုလုံး ဒီအကြောင်းကို သိကုန်ကြ၏..။နောက်လာမယ့်နှစ်တွက် အင်ပါယာ အသစ်က ထီးနန်းကို ရယူပြီး
တိုင်ဟီ ခေတ်အဖြစ် ခေါ်ဆိုမည်ဖြစ်သည်..။ခေတ်သစ်တစ်ခုက ရောက်လာပြီဖြစ်၏..။
တိုင်ဟီ ခေတ် ပထမနှစ်..။
ကျန်းချီဟာ ထီးနန်းကို ခမ်းနားစွာ ဆက်ခံခဲ့၏..။များပြားလှတဲ့ စီရင်စုတွေက အရာရှိတွေကို လွှတ်ပြီးဂုဏ်ပြုခဲ့ကြသည်..။
မြို့တော်က ခေတ်သစ်ကို ကြိုဆိုနေကြချိန်တွင် ဧကရာဇ် ရွှန်းထျန်းသည် လုံချီကျောင်းတော်က ကျန်းချန်ရှန်း၏ ခြံဝန်းသို့ ပြောင်းလဲနေထိုင်ခဲ့သည်..။
ကျန်းချန်ရှန်း၏ ဆေးများကြောင့် သူ အချိန်တစ်ခု အထိ နေနိုင်ဦးမည်ဖြစ်၏..။
အခုအချိန်မှာတော့ သူက ကျန်းချန်ရှန်းနှင့် စစ်တုရင်ဆော့ကစား နေခဲ့သည်..။
ဧကရာဇ် ရွှန်းထျန်းသည် နောက်ကို မှီထားရင်း ရှေ့က ကစားပွဲကို ဂရုတစိုက်ကြည့်နေခဲ့သည်..။
"အာ..တာအိုဘိုးဘေး..ကျွန်တော် သေတော့မှာလေ..။ဒီတိုင်း အန်ိုင်ပေးလ်ိုက်လို့ မရဘူးလား.."
ဧကရာဇ် ရွှန်းထျန်း အကူညီမဲ့စွာပြောလိုက်၏..။
ကျန်းချန်ရှန်း ," မင်းကို အနိုင်ပေးမယ့်လူတွေ ရှိရဲ့သားနဲ့ ဘာလို့ ငါနဲ့မှ လာပြီး ကစားတာလဲ.."
ဧကရာဇ် ရွှန်းထျန် ကစားပွဲကို လက်နဲ့ ဖျက်ဆီးပစ်လိုက်သည်..။ကလေးတစ်ယောက်လို သူက ပြောလိုက်၏..။
"ထပ်မကစားတော့ဘူး.. ဘယ်လောက်ဆော့ဆော့ နိုင်မှ မနိုင်တာ ပျင်းစရာပဲ.."
ကျန်းချန်ရှန်း ဒေါသမထွက်ခဲ့ပေ..။သူ ကျန်းဂျီယန်ကို ခေါ်ပြီး သိမ်းခိုင်းလိုက်၏..။
ပိုင်ချီ စလိုက်၏..။
"အင်ပါယာလေး..ငါနဲ့လာကစားမလား..။မာစတာက နင့်ကို ဘယ်တော့မှ အနိုင်ပေးမှာမဟုတ်ဘူး.."
ဧကရာဇ် ရွှန်းထျန်း သူမကိုကြည့်ပြီး မျက်လုံးကျဥိးမြောင်းသွားခဲ့သည်..။အတော်ကြာအောင် ကြည့်နေပြီးမှ..
"ထားလိုက်တော့..နင့်နဲ့ဆော့လို့ ဘာမှမထူးဘူး..။ငါ နိုင်ရင်တောင် အစော်ကားခံရသလိုပဲ..."
"နင်...နင်သေချင်နေတာလား..."
"ဟုတ်တယ် ငါက သေတော့မှာလေ..."
"ကောင်းပြီ နင်ပြောထာဦးပေါ့.."
သူတို့ငြင်းခုန်မူကိုကြည့်ပြီး လူတိုင်းရယ်မောလိုက်ကြ၏..။
အတော်လေးကြာတဲ့အထိ ကျောင်းဝန်းထဲမှာ ဆူညံနေခဲ့၏..။
ကျန်းချန်ရှန်းကတော့ ဒါကို စိတ်ရှုပ်ဖို့ကောင်းတယ်လို့မထင်ခဲ့ပေ..။သူလည်း ရှေ့က မြင်ကွင်းကို ကြည့်ပြီး ပြုံးနေခဲ့၏..။
သူ့ မှတ်ဥာဏ်ထဲမှာတော့ အသက် ကိုးနှစ်အရွယ် အင်ပါယာလေးနဲ့ အခု အင်ပါယာက အတူတူပင်ဖြစ်သည်..။
တကျန်း၏ ခေတ်တစ်ခေတ်က အဆုံးသတ်သွားပြီဖြစ်၏..။
ကျန်းချန်ရှန်း ဝမ်းမနည်းပေ..။သူက ဧကရာဇ် ရွှန်းထျန်း ၏ နောက်ဆုံး အချိန်တွေသာ အတူတူဖြုန်းတီး ပေးနေခဲ့၏..။
သူရဲ့ မိတ်ဆွေဟောင်းတွေက ပြန်လည်မွေးဖွားလာနိုင်ကြပေမယ့် သူတို့ရဲ့ မှတ်ဥာဏ်တွေ မရခင်အထိတော့ မတူညီသည့် လူများဖြစ်ကြသည်..။
ရက်တွေ ကုန်လွန်သွား၏..။
ဖေဖော်ဝါရီလ အစပိုင်းတွင် ကျန်းချီ သည် ဧကရာဇ် ရွှန်းထျန်းထံလာရောက်လည်ပတါခဲ့သည်..။သူက အဆင်ပြေတာ တွေ့တာကြောင့်ထပ်ပြီးမလာတော့ပေ..။
သူက နောက်ိနှစ်ဝက်အထိတောင် မလာတော့ပေ..။
ပိူင်ချီ နဲ့ ရီယွမ်တို့ သည် ကျန်းချီ မလာသည်ကို စောဒက တက်ကြ၏..။သို့ပေမယ့် ကျန်းချန်းရှန်းကတော့ ကျန်းချီက ညဘက်ရောက်တိူင်း လုံချီတောင် ဘက်ကို ကြည့်နေတာကို သိနေခဲ့သည်..။
ကျန်းချီက မငယ်ရွယ်တော့ပေ..။အင်ပါယာ ရွှန်းထျန်း က သေတော့မည်ကို သူက လက်မခံနိုင်ဖြစ်နေခြင်းဖြစ်၏..။ဒါကြောင့် သူမလာခြင်းဖြစ်သည်..။
သူက တစ်ချိန်က ထီးနန်းကို လိုချင်ခဲ့သော်လည်း ပခုတော့ အထီးကျန်နေပြီဖြစ်သည်..။သူက ထီးနန်းကို ရရှိလိုက်သော်လည်း အရာရာတိုင်း ဆုံးရှုံးလိုက်ရသလို ဖြစ်နေခဲ့၏..။
သူက ညဘက်တွင် ဝမ်းနည်းနေသော်လည်း နေ့ဘက်တွင် အချိန်ဖြုန်းမနေခဲ့ပေ..။
အနောက်ဘက် ပင်လယ်မှ တိုက်ပွဲသည် ဆက်တိုက်ဖြစ်နေခဲ့သည်..။ကျန်းချီ က စစ်တပ်အမြောက်အများပို့ပြီး တိုက်ခိုက်စေ၏..။သူက နဂါးပြောင်းလဲခြင်း စံအိမ်မှ ပညာရှင်များကိုပါ ပါဝင်စေခဲ့သည်..။နဂါးပြောင်းလဲခြင်း စံအိမ်သည်လည်း ပထမဆုံးတိုက်ပွဲဖြစ်တာကြောင့် အစွမ်းပြချင်နေကြ၏..။
ကျန်းချီကတော့ အနောက်ဘက်ပင်လယ်ကို မသိမ်းပိုက် နိုင်ခင်မှာ ဧကရာဇ် ရွှန်းထျန်းသေဆုံးသွားမည်ကို စိုးရိမ်နေခဲ့သည်..။
သူက ဒီအောင်မြင်မူကို ဧကရာဇ်ရွှန်းထျန်း၏ နာမည်အောက်တွင် ထားချင်ခဲ့၏..။
ဂျွန်လတွင် ..။
အနောက်ဘက်ပင်လယ်တွင် နောက်ထပ်ကြီးမားသည့် တိုက်ပွဲကြီး ထပ်ဖြစ်ခဲ့၏..။သို့ပေမယ့် တကျန်းကအင်အားကြီးပြီး နဂါးပြောင်းလဲခြင်းစံအိမ်မှ ခေါင်းဆောင်များ ဦးဆောင်မူဖြင့် အနိုင်ရခဲ့ကြသည်..။
စတင်ဘာလတွင်..။
နောက်ထ့် တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီး တကျန်းပဲ အနိုင်ရရှိခဲ့၏..။
အောက်တိုဘာလတွင်..။
တကျန်းက အနောက်ဘက်ပင်လယ်ကို သိမ်းနိုင်ခဲ့သည်..။ဒီပင်လယ်ဒေသသည် နဂါးသွေးကြောတိုက်ကြီး၏ စီရင်စု ၁၄၉ ခုထက်ပင်ပို၍ ကျယ်ပြန့်သည်..။
အနောက်ဘက်ပင်လယ်ကို တကျန်းက သိမ်းပိုက်လိုက်ကြောင်း ကျန်းချီ ကြေညာလိုက်သည့် အချိန်တွင် တိုက်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားခဲ့ကြ၏..။သူက ဒီအောင်မြင်မူက အရင်ဧကရာဇ်၏ နာမည်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောကြခဲ့၏..။
ဒီသတင်းကို ချန်းလီက ဧကရာဇ် ရွှန်းထျန်းကို ပြောပြသည့်အချိန်မှာတော့ မတူညီတော့ပေ..။
သူက အမြင်အာရုံနဲ့ အကြားအာရုံ ကွယ်နေပြီဖြစ်၏..။သူက နေ့တိုင်း ကျောင်းဝန်းထဲမှာထိုင်ပြီး အတိတ်အကြောင်းတွေ ပြန်စဥ်းစားနေခဲ့သည်..။
ကျန်းချန်းရှန်း မတတ်နိုင်စွာပဲ သူ့အနားကို လာပြီး
ခနတာ အသိစိတ်ပြန်ဝင်လာအောင် ကူညီပေးခဲ့သည်..။သူ အနောက်ဘက်ပင်လယ်အကြောင်း ကြားသည့်အချိန်တွင် စိတ်ခံစားချက်ဖြစ်ပြီး ပြုံးနေခဲ့၏..။
သူ မတ်တတ်ထရပ်ချင်ပေမယ့် လဲကျသွားခဲ့သည်..။ကံကောင်းချင်တော့ ဘေးနားတွက် ကျန်းချန်ရှန်း ရှိနေခဲ့၏..။
ဧကရာဇ် ရွှန်းထျန်း သူ့ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်..။
"တ...တကျန်းက မြင့်မြတ်သော အင်ပါယာ ဖြစ်လာပြီး..ကက ကမ္ဘာကြီး ..ကို စ..စုစည်းနိုင်မှာလား.."