အသက် ၁၈၀ ၊ ဆန်းကျယ်သည့် ငလျင်
Vol. 15 Ch. 218
တိုင်ဟီခေတ် ဒုတိယနှစ်။ နှစ်အစပိုင်းတွင်...။
အင်ပါဟာရွှန်းထျန်း သေဆုံးသွားပြီဖြစ်ပြီး အသက် ၇၆ နှစ် အထိ နေထိုင်ခဲ့၏..။သူက တကျန်း၏ သမိုင်းတစ်လျောက်တွင် အသက်အငယ်ဆုံး ထီးနန်းကို ဆက်ခံခဲ့သူ ဖြစ်သည်..။သူက တကျန်း၏ နယ်နိမိတ်ကို အများဆုံး ချဲ့ထွင်နိုင်ခဲ့သည့် အင်ပါယာလည်း ဖြစ်၏..။
ကျန်းချီသည် ဧကရာဇ် ရွှန်းထျန်း၏ မှတ်သားမူ ကျောက်ပြားကို ဘိုးဘေးကျောငိးတော်သို့ ထျန်းဇောင် နာမည်ဖြင့် ပို့ပေးခဲ့၏..။
တကျန်းကို အုပ်ချုပ်မူ အင်ပါယာအဖြစ်သို့တိုးမြင့်နိုက်ခြင်းသည်ကပင် ..သူက အရင်အင်ပါယာများကို ကျော်လွန်နိုင်နေပြီဖြစ်သည်..။
ကျောင်းဝန်းထဲတွင်..။
ပိုင်ချီ ," ကျန်းသိုင်းဘိုးဘေး..အင်ပါယာကျန်းဝမ် ၊ ကျန်းတိုင်ဇောင် ၊ ကျန်းရန်ဇောင် ၊ ပြီးတော့ ကျန်းထျန်းဇောင် ။အခု တိုင်ဟီ ဆိုတော့ ဒါက နှစ်နှစ်ရာ နီးပါးလောက် ရှိနေပြီမလား.."
ကျန်းချန်ရှန်း တည်ငြိမ်စွာ ပြောလိုက်၏..။
"၁၈၀ နှစ် ..."
သူကလည်း အသက် ၁၈၀ နှစ်ဖြစ်သည်..။
ရီယွမ် အကူညီမဲ့စွာ ပြောလိုက်၏..။
"ဒါကြောင့် ငါက သိုင်းပညာကိည သဘောကျတာပဲ..။မင်းဘယ်လောက်ပဲ အင်အားကြီးကြီး ဒါကို ခံစားဖို့အတွက် အသက်ရှငိနေဖို့လိုအပ်သေးတယ်လေ.."
ဂျီဝူဂျန် ပြောလိုက်သည်..။
"ဒါက နင့်ရဲ့ ပါရမီကြောင့်ပဲ..။လူအများစုကတော့ နှစ် ၂၀၀ လောက်အသက်ရှင်မယ့်အစား အင်ပါယာရဲ့ အာဏာ ဆယ်စုနှစ်လောက်ကို ပိုပြီး လိုချင်ကြတယ်လေ.."
ဟောင်ထျန် ကြောက်ရွံ့စွာ ပြောလိုက်၏..။
"ငါ နတ်ဆိုး အင်ပါယာ ဖြစ်လာရင်လည်း ဆယ်စုနှစ်လောက်ပဲ အသက်ရှင်နိုင်မှာမဟုတ်ပါဘူးနော်.."
"နင်က တကယ် အိပ်မက်မက်တတ်တာပဲ.."
"ဟားဟား နင် နားမလည်ပါဘူး..။နင်က ပါရမီနည်းတာကို..."
"နင် အရိုကိခံချင်နေတာလား.."
ပိုင်ချီသည် ရုတ်ကတရ်အမြီးနဲ့ လှမ်းရိုက်လိုက်တာကြောင့် ဟောင်ထျန် လဲကျသွားခဲ့၏..။
ရီယွမ် နောင်တရစွာပြောလိုက်သည်..။
"ကံဆိုးချင်တော့ ဓားနတ်ဘုရားက ပြန်မလာဘူး..။ဒီအဖိုးကြီးက ဧကရာဇ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတယ်လေ.."
အဲ့အချိန်မှာပဲ ကျန်းချန်ရှန်း တစ်ခုခုကို ခံစားလိုက်ရပြီး တာအိုကမ္ဘာထဲကို အာရုံစိုက်လိုက်သည်..။
သွေးဥ ဟာ အတော်လေးကြီးမားလာပြီး ပေနှစ်ဆယ်လောက် အမြင့်ရှိ၏..။သူ့အထဲတွင်တော့ စိတ်ဝိဥာဥ် စွမ်းအင်များလှည့်ပင်နေခဲ့သည်..။အထဲမှာ ငှက်တစ်ကောင် အတောင်ပံများနှင့်ရှိနေသည်ကို မြင်နေကြရ၏..။
အဲ့အချိန်မှာတော့ အဖြူရောင်နဂါး ၊ တိုင်ဝါးနဲ့ တိုင်ရှိီ တို့ဟာ ဒီဟာကို ဆက်မကြည့်ချင်ကြတော့ပေ..။တိုင်ဆူ ၊ ကောင်းကင်ကျီးကန် နဲ့ လောင်ယူ ၊ လောင်တူ တို့ဟာ ဥအနားကို တောင် မကပ်ရဲကြပေ..။
ကျန်းချန်ရှန်း၏ ကျင့်စဥ် မြင့်လာလေလေ တာအိုကမ္ဘာကြီးက ပိုပြီးကျယ်ပြန့်လာလေလေဖြစ်၏..။
ညဘက်အချိန်တွင် သူက မူလင်လောင်၏ အိပ်မက်ထဲကို ဝင်သွားခဲ့သည်..။
သူ မူလင်လောင်၏ အိပ်မက်ထဲကိုလတိုင်း သွားလေ့ရှိပြီး မူမိသားစု၏ အခြေအနေကို အာရုံစိုက်လေ့ရှိ၏..။
ရွှေရောင်ခန္တာကိုယ်အဆင့်ကို ချိုးဖျက်ပြီးနောက်မှာတော့ မူလင်လောင် ၏ မမြင်နိုင်သော ပြန်လည်မွေးဖွားမူ ကျင်စဥ်နှင့် ကြီးမြတ်သော ဗာဂျရာ နတ်ဘုရားခန္တာကိုယ် ကျင့်စဥ်တို့မှာမြန်ဆန်လာခဲ့သည်..။
"ဒီလမှာ မူမိသားစုက နောက်ထပ် သိုင်းပညာရှငိတွေကို လက်ခံခဲ့တယ်..။ဒါပေမဲ့ သူတို့က မူမိသားစူရဲ့ နောက်ခံကို စုံစမ်းချင်ကြတဲ့လူတွေလေ..။ကံကောင်းချင်တော့ အချိန်မှီဖော်ထုတ်နိုင်ခဲ့တယ်..။ကြည့်ရတာတော့ မူမိသားစု အင်အားတောင့်လာတာက တစ်ခြားအင်အားစုတွေကို မျက်စိကျနေစေပြီထင်တယ်..။ကံကောင်းချင်တော့ ညီမတို့က ဘယ်မှာမှ မရပ်နားခဲ့ဘူး.."
မူလင်လောင် အကူညီမဲ့စွာ ပြောလိုက်ခြင်းဖြစ်၏..။
ကျန်းချန်ရှန်း ပြုံးပြီး ပြောလိုက်သည်..။
"မူမိသားစူက တကယ်သန်မာလာတာပဲ..။ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကထက် စာရင် အများကြီး သန်မာလာခဲ့ပြီလေ..."
မူလင်လောင် ပြုံးလိုက်ပြီး..
"အစ်ကိုချန်ရှန်း တကျန်းက အခု အခြေအနေ ဘယ်လိုရှိလဲ..။ညီမတင်မဟုတ်ဘူး မူမိသားစုက လူတွေ အကုန်လုံး ဒါကို သိချင်နေကြတာလေ.."
ကျန်းချန်ရှန်း ," တကျန်းက နောက်ထပ် ပင်လယ်ဒေသကို သိမ်းပိုက်နိုင်ခဲ့ပြီ..။ဒါပေမဲ့ အရင် ဧကရာဇ်က သေဆုံးသွားလို့ နောက်ထပ် ဧကရာဇ် တက်နေတယ်..။လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း နောက်ထပ် အင်အားကြီး တစ်စုက တကျန်းကို ခိုလုံခဲ့တယ်.."
မူလင်လောင် သိချင်စွာမေးလိုက်၏..။
"သူတို့က အင်အားကြီးတယ်လား.."
"အမှန်ပဲ..ကောင်းကင်ခြောက်ခု နယ်ပယ် နှစ်ယောက်နဲ့ ကောင်းကင်နယ်ပယ် ဒါဇင်နဲ့ချီပြီး ရှိတယ်.."
"ဟင်..ကောင်းကင်ခြောက်ခုနယ်ပယ် နှစ်ယောက်တောင်လား..."
မူလင်လောင်၏ လှပတဲ့ မျက်လုံးလေးများသည် ပြူးကျယ်သွားခဲ့သည်..။
မူလင်လောင် စိတ်လှုပ်ရှားနေခဲ့သည်..။
သူမတို့က မရင်းနှီးတဲ့ တကျန်းကို တိုက်ရိုက်သွားနေခြင်းဖြစိ၏..။သို့ပေမယ့် သူတို့ သာ အကောင်းဆုံး စွမ်းဆောင်နိုင်ရင် တကျန်းတွင် အဆင့်အတန်းတစ်ခု ရရှိမည်ဖြစ်သည်..။
သူတို့က အင်ပါယာတွေထဲမှာမှ တကျန်းကို ရွေးချယ်ခဲ့ခြင်းကတော့ တကျန်းတွင် အင်မော်တယ် ရှိလို့ဖြစ်၏..။
နတ်ဆိုးကပ်ဘေး ကျရောက်သည့် အချိန်ကျရင် အင်မော်တယ် နတ်ဘုရား ရှိသည့် တကျန်းက အလုံခြုံဆုံးဖြစ်သည်..။
တိုင်ဟီ ခေတ် သုံးနှစ်မြောက်..။
ဧပရယ် လလယ်..။
လှုပ်ခါမူများ...
တကျန်း၏ စီရင်၀ာ ၁၃ ခုလုံး မြေငလျင်လှုပ်သွားခဲ့သည်..။ကံကောင်းချင်တော့ ငလျင်က မသန်မာတာကြောင့် မြို့သားတွေ အတွက် မစိုးရိမ်ရပေ..။
ကျန်းချန်ရှန်း သေချာဂရုစိုက်ကြည့်လိုက်ပေမယ့် နဂါးသွေးကြောတိုက်ကြီးမှာ ပုံမှန်မဟုတ်တာ ဘာမှမရှိပေ..။
သူ စိတ်ထဲကနေ မေးလိုက်၏..။
"ဘာကြောင့် ငလျင်ဖြစ်လာတာလဲ.."
[ အမှတ် 4209 4982 ကုန်ဆုံးမည်..။ရှေ့ဆက်ချင်ပါသလား..] နိုး..
ဒါက တကျန်းရဲ့ ပမာဏ မဟုတ်ဘူးလား..။သူက ဘယ်လိုလုပ် ရှေ့ဆက်ရဲမှာလဲ..။
ဒီငလျင်က တကျန်းနှင့် ဆက်နွယ်နေခြင်းဖြစ်သည်..။ထပ်ပြောရရင် အကြောင်းပြချက်က တကျန်းဆီက လာခြင်းဖြစ်၏..။
ထားလိုက်တော့ အများကြီး မတွေးတာကောင်းတယ်...
အကယ်၍ အရေးကြီးသည့် အရာဆိုလျင် သူက အချိန်ကျလာလျင် ပြောမည်ဖြစ်သည်..။
တစ်လကြာပြီးနောက်..။
ကျန်းချီ လာရောက်လည်ပတ်ခဲ့သည်..။သူ ပထမဆုံး ပြောလိုက်သည့် စကားက...
"ဓားနတ်ဘုရားပျောက်နေတယ်.."
သူ ဒီစကားပြောသည်နှင့် လူတိုင်းထူးဆန်းစွာ ကြည့်လိုက်ကြ၏..။
ရီယွမ် မျက်မှောင်ကျုတ်ပြီး မေးလိုက်သည်..။
"ပျောက်နေတယ်လား..။ပျောက်နေတယ်ဆိုတာ ဘာကိုပြောတာလဲ..။သူက ဖမ်းခံရတာလား...သူ့ဟာသူ ထွက်သွားတာလား.."
ကျန်းချီ ခေါင်းခါယမ်းလိုက်ပြီး..
"ကျွန်တော်လည်း မသိဘူး..။အဖြူရောင် ဝတ်ရုံတော်ဆီက လျိုဝှက်စာကို ရရှိခဲ့တာ..။ဓားနတ်ဘုရားက ပျောက်နေတာ တစ်လရှိပြီလို့ ရေးထားတယ်..။သူ့ ဂိုဏ်းက တပည့်တွေတောင် သူဘယ်ကိုသွားလဲဆိုတာ မသိကြဘူး.."
ကျန်းချန်ရှန်း ချက်ချင်းပဲ ဓားနတ်ဘုရား ခန္တာကိုယ်က ပြန်လည်မွေးဖွားသည့် အမှတ်ကို ခြေရာခံလိုက်၏..။
သူက လူတိုင်းကိုယ်ပေါ်မှာ ပြန်လည်မွေးဖွားမူ အမှတ်အသား ပြုလုပ်ထားတာကြောင့် သူ့အနားက လူတွေ ရုတ်တရက် ပျောက်ကွယ်သွားမှာကို မစိုးရိမ်ပေ..။ကောင်းကင်တစ်ခု နယ်ပယ် အဆင့်ကလည်း သူ့၏ စနစ်အပြင်ဘက်သို့ ရောက်သွားဖို့ဆိုတာ မလွယ်ကူပေ..။
မကြာခင်မှာပဲ ဓားနတ်ဘုရားကို တွေ့လိုက်၏..။
"အဆငိပြေတယ် သူ့ကို တွေ့ပြီ.."
ကျန်းချနိရှနိး၏ မျက်လုံးဟာ ရွှေရောင် တောက်နေခဲ့သည်..။
ကျန်းချီ ဆက်ပြောလိုက်၏..။
"အစောက ငလျင်လှုပ်သွားတယ်လေ..။ကြည့်ရတာ တကျန်းတစ်ခုတည်းဖြစ်တာမဟုတ်ဘူး ထင်တယ်..။နဂါးသွေးကြောရှိတဲ့ အင်ပါယာတိုင်း ငလျင်လှုပ်ကြတယ်..။ဒါက အားနည်းပြီး သက်ရောက်မူ မကြီးမားပေမယ့် တစ်ခုခု လွဲမှားနေသလို ခံစားနေရတုန်းပဲ.."
ကျန်းချန်ရှန်း ဓားနတ်ဘုရားကို ကြည့်နေရင်း မျက်မှောင်ကျုတ်လိုက်သည်..။
!ဒီကိစ္စက သေချာဂရုစိုက်မှရမယ်.."
တာအိုဘိုးဘေး ပြောတာကို ကြားပြီး ကျန်းချီ ခေါင်းညိမ့်လိုက်ပြီး..။သူ ပြန်သွားပြီး ကံတရားရေးရာ ဌာနာကို ကံတရားလမ်းကြောင်းရဲ့ နဂါးသွေးကြောကို သေချာစစ်ဆေးခိုင်းမည်ဖြစ်၏..။
တစ်ချိန်တည်းတွင်..။
အတော်ဝေးသည့် အရှေ့ဘက်ပင်လယ်၏ ကျွန်းပေါ်တွင် တောင်ကုန်းတစ်ခုဟာ ထက်ပိုင်းပြတ်နေခဲ့သာ်..။တောင်ကုန်းပေါ်တွင်တော့ ကျောက်တိုင်ကြီးတွေ တစ်ခုချင်းစီ ရှိနေခဲ့သည်..။ဓားနတ်ဘုရား အပါအဝင် သိုင်းပညာရှင်များကို ကျောက်တိုင်ကြီးများတွင် သံကြိုးများဖြင့်ချည်ထား၏..။
ဓားနတ်ဘုရား၏ ဆံပင်များရှုပ်ပွနေပြီး သွေးများနှင့်ပြည့်နေခဲ့၏...။သူက ခေါင်းကို ငုံ့ထားပြီး ခံစားချက်မဲ့နေခဲ့သည်..။
သူတို့က လူသေကောင်တွေလို ဘယ်သူမှစကားမပြောကြပေ..။
ကံကောင်းချင်တော့ ဓားနတ်ဘုရား၏ ပြန်လည်မွေးဖွားမူ အမှတ်က အသက်ရှင်နေသေးကြောင်းပြနေ၏..။
ကျနိးချန်ရှန်း တောင်ကုန်းအလယ်က ပုံရိပ်ကိုကြည့်လိုက်သည်..။လူကြီးတစ်ယောက်က တရားထိုင်နေခဲ့ပြီး သူ့ဘေးနားတွကိ သစ်သားဓားများက လွင့်မျှောနေခဲ့၏..။
"သူက ဘာလုပ်ချင်တာလဲ..."
ကျန်းချန်ရှန်း အံံ့ဩသွားပြီး တစ်ဖက်လူ ဘယ်လောက်သန်မာလဲ ဆိုတာ တွက်လိုက်သည်..။
သူက သိပ်ပြီးမသန်မာပေ..။သူက ကောင်းကင်သုံးခု နယ်ပယ် ပညာရှငိသာ ဖြစ်၏..။