တကျန်း၏ အဆုံးသတ်
Vol. 15 Ch. 219
အခုချိန်မှာတော့ ကျန်းချန်ရှန်းသည် ဓားနတ်ဘုရားကို စစ်ဆေးနေခဲ့သည်..။ဓားနတ်ဘုရားကတော့ကိုမာဖြစ်နေခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် မရပေ..။ဒီတော့ သူ အလျင်မလိုပဲ အနက်ရောင်ဝတ်စုံနဲ့လူ ဘာလုပ်ချင်တာလဲ ဆိုတာကိုသာ စောင့်ကြည့်နေခဲ့သည်..။
သိုင်းပညာရှင်အများကြီးကို ဖမ်းဆီးထားပုံထောက်ရင် သူက တစ်ခုခုကို ပြုလုပ်ချင်နေပုံရ၏..။
ကျန်းချီ အကြာကြီး မနေခဲ့ပေ..။အတော်ကြာအောင်စကားပြောပြီး နောက်တွင် ထွက်ခွာသွား၏..။သူ က အရင် အင်ပါယာတွေရဲ့စိတ်ဆန္ဒကို အမွေဆက်ခံထားတာကြောင့်..သူ့၏ တိုင်းပြည်အင်အားကို ပိုမိုတိုးချဲ့ဖို့လိုအပ်သည်..။
သူထွက်သွားပြီးနောက် ရီယွမ် အမြန်မေးလိုက်၏..။
"နတ်ဘုရား အခြေအနေဘယ်လိုရှိလဲ.."
ပိုင်ချီနဲ့ ကျန်းဂျီယန်တို့လည်း ကြောက်ရွံ့နေကြသည်..။သူတို့က ဓားနတ်ဘုရားဆီက လမ်းညွှန်မူတွေ အများကြီး ရထားတာကြောင့် ဓားနတ်ဘုရားကို မထိခိုက်စေချင်ကြပေ..။
ကျန်းချန်ရှန်း ," လောလောဆယ်တော့ သူ ဖမ်းခံထားရတယ်..။တစ်ဖက်လူ ဘာလုပ်ချင်လဲ ဆိုတာကို စောင့်ကြည့်နေတာ.."
ရီယွမ်ဒါကိုကြားပြီးမေးလိုက်၏..။
"ကျွန်တော် သွားကယ်ဖို့လိုအပ်လား..."
"မလိုဘူး မြားတစ်ချောင်းက လုံလောက်တယ်.."
ပိုင်ချီ ပြုံးလိုက်ပြီး..
"အမှန်ပဲ...မာစတာလှုပ်ရှားတာကို မြင်ရတာကလည်း အခွင့်အရေးတစ်ခုပဲ..။ရီယွမ် ဝင်မပါနဲ့.."
ဂျီဝူဂျန် ကျန်းချန်ရှန်းကို သိချင်စွာကြည့်လိုက်မိသည်..။
တာအိိုဘ်ိုးဘေး သန်မာသည်ကို သိပေမယ့် သူတို့က တာအိုဘိုးဘေး တိုက်ခိုက်သည်ကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်၏..။
ကျန်းချနိရှန်းမှာလည်း သူ့ အစီစဥ်နှင့်သူ ရှိသည်..။သူက ဒါကို အသုံးချပြီး ရှင်သန်မူ အခွင့်အရေးယူမည်ဖြစ်၏..။
သို့ပေမယ့် အနက်ရောင်ဝတ်စုံနဲ့လူက မလှုပ်ပဲရှိနေတာကြောင့် သူ တရားထိုင်ပြီး အေးဆေးစောင့်နေခဲ၏..။
.
မျက်စိတစ်မှတ်အတွင်းမှာပဲ သုံးလ ကုန်သွားခဲ့သည်..။
ဝတ်စုံအနက်နှင့်လူဟာ မျက်လုံးများပွင့်လာခဲ့၏..။
"နောက်ဆုံးတော့..."
သူ လက်ဝေ့ယမ်းလိုက်သည့်အချိန်တွင် အစစ်အမှန်ချီများရွေ့လျားသွားပြီး..ချည်နှောင်ထားသည့်လူများကို နိုးထလာစေခဲ့သည်..။
သူတို့အားလုံးက..အနက်ရောင်ဝတ်စုံနှင့်လူကိုသာ ကြည့်နေကြ၏..။တစ်ချို့ ဒေါသကြီးသည့်လူများကတော့ ကျိန်ဆဲနေကြသည်..။
"ဓားမာစတာ..မင်းဘာလုပ်ချင်နေတာလဲ.."
"မင်းက ငါ့ကို ဖမ်းရဲတယ်ပေါ့..။မင်းတော့ သေပြီပဲ..။အင်ပါယာက မင်းကို လွှတ်ပေးမှာမဟုတ်ဘူး.."
"ဓားမာစတာ..မင်းက သေချင်နေတာပဲ..။မင်းက ငါ့ရဲ့ ဓားစိတ်ဆန္ဒ ကို ခိုးယူချင်တယ်ပေါ့..။အိပ်မက်ဆက်မက်နေလိုက်.."
တစ်ချို့လူတွေဟာ ဓားမာစတာ ဘာလုပ်ချင်လဲ ဆိငတာ သိကြသည်..။ဓားနတ်ဘုရားလည်း ဒီထဲတွင်ရှိနေခဲ့၏..။
ဓားမာစတာကတော့ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်..။
သူ မတ်တတ်ထရပ်လိုက်တာနဲ့ သစ်သားဓားတွေဟာ ကျောက်တိုင်တွေပေါ်ကို ရောက်သွား၏..။ဓားတစ်ချောင်းချင်းစီ တိုင်းကနေ ဓားချီတွေ ထွက်လာခဲ့ပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားခဲ့ကာ..ဓားဝင်္ကပါဖြစ်တည်လာခဲ့သည်..။
မြင်ကွင်းကို ကြည့်ပြီး ဓားသမားတွေဟာ ကိုပြီး ဒေါသထွက်ကာ ဆဲဆိုလာကြ၏။ သို့ပေမယ့် ဓားမာစတာကတော့ သူတို့ကို ဂရုမစိုက်ပေ..။
ဘန်း...
ဓားနတ်ဘုရားကတော့ ဒီလူ သူ့ရဲ့ ဓားစိတ်ဆန္ဒကို ဘယ်လိုယူမှာလဲ မသိစွာပဲ စိုက်ကြည့်နေခဲ့သည်..။
အနက်ရောင်ဝတ်စုံနှင့်လူက လက်ညိုးညွှန်လိုက်သည့် အချိန်တွင် သူ့ခန္တာကိုယ်မှ ဓားချီများပေါ်လာပြီး..သစ်သားဓားများမှ ဓားချီများကတော့..ဓားသမားတွေ ပတ်လည်ကို ရောက်သွားကာ မလှုပ်နိုင်အောင် ထိန်းချုပ်ထားသည်..။
"ဆန်းသစ်သော ဓားနယ်ပယ်...ဒီကိုလာခဲ့..."
ဓားနတ် မာစတာ၏ ၏ အမူအရာဟာ ရူးသွပ်သွားခဲ့သည်..။သို့ပေမယ့်..သူ့အပေါ်မှာ အပြာရောင်အရိပ်တစ်ခု ရောက်နေတာကို တွေလိုက်ရသည်..။မိုးကြိုးတွေတောင် သူ့ရဲ့ ပုံရိပ်ကို မဖုံးကွယ်နိုင်ခဲ့ပေ..။
ဓားမာစတာ...နက်ရှိုင်းတဲ့အသံနဲ့ ပြောလိုက်သည်..။
"မင်းက ဘယ်သူလဲ..."
ဓားသမားတွေ အပေါ်ကိုမော့ကြည့်လိုက်တဲ့ အချိန်မှာတော့..အပြာရောင်အရိပ်ကို တွေ့လိုက်ကြရ၏..။
တာအိုဘိူးဘေး...
"တစ်ခြားလူတွေရဲ့ ဓား စိတ်ဆန္ဒကို ..ခိုးယူတာကလည်း ကောင်းမွန်တဲ့ လမ်းကြောင်းမဟုတ်ဘူးနော်.."
အပြာရောင်အရိပ်သည် ကျန်းချန်ရှန်း၏..တာအ်ိုနှလုံးသား အတုအယောင်ဖြစ်သည်..။
ဓားမာစတာ အေးစက်စွာ ပြောလိုက်၏.။
"ဒီထဲမှာ မင်းရဲ့လူရှိလို့လား.."
"ဟုတ်တယ်.."
"ဘယ်သူလဲ.."
တာအိုနှလုံးသား အတုအယောင်သည် လက်ညိုးထိုးပြလိုက်သည်..။
ဓားမာစတာ အံ့ဩသွားခဲ့၏..။တာအ်ိုနှလုံး အတုအယောင်..ကို စိုက်ကြည့်လိုက်ပြီး..
"တာအိုဘိုးဘေးလား..."
တာအိုနှလုံးသား အတုအယောင် အေးစက်စွာ ပြောလိုက်သည်..။
"စလိုက်ကြရအောင်..."
ဓားမာစတာ၏ အမူအရာ ချက်ချင်းပဲ..မဲနက်သွားခဲ့၏..။သူ ဓားနတ်ဘုရား နားကို သွားပြီး..ဓားစာခံလုပ်ဖို့ လုပ်လိုက်ပေမယ့် တာအိုနှလုံးသား အတုအယောင်က သူ့ရှေ့မှာပေါ်လာခဲ့သည်..။
တာအိုနှလုံးသား အတုအယောင်က ပြောလိုက်၏..။
"မင်းရဲ့ဓားတာအိုနဲ့ အကောင်းဆုံးတိုက်ခိုက်..။တစ်ခြား မဟုတ်တာဘာမှမတွေးနဲ့..။အဲတာဆိုရင်တော့ အသက်ရှင်နိုင်သေးတယ်.."
ပြောပြီးသည်နှင့် သူ ညာဘက်လက်ကို မြှောက်လိုက်၏..။
ဓားမာစတာ..ချက်ချင်းပျောက်ကွယ်သွားပြီး..ပေတစ်ထောင်ကောင်းကင်ပေါ်မှာ ပေါ်လာခဲ့သည်..။
တာအိုနှလုံးသား အတုအယောင်ဆီမှလာသည့် ဖိအားက သန်မာလှ၏..။
ကံကောင်းချင်တော့ သူက သာမန်လူမဟုတ်ပေ..။ဒီတော့ သူ အလျင်အမြန် တည်ငြိမ်သွားခဲ့သည်..။
ဒီအခြေအနေရောက်မှတော့..သူတို့ သေသည့်အထိ တိုက်ခိုက်ကြရတော့မည်ဖြစ်သည်..။
ဓားနတ်ဘုရား..လက်ကိုမြှောက်လိုက်သည့် အချိန်တွင် သစ်သားဓားတွေ အားလုံးသူ့ဆီကို ရောက်လာပြီး လေပြင်းတွေတောင် တိုက်ခတ်လာခဲ့၏..။
ဓားသမားတွေ အကုန်လုံး သူတို့၏ ချုပ်နှောင်မူများမှ တစ်ယောက်ချင်းစီလွတ်သွားကြသည်..။သို့ပေမယ့် သူတို့က အစစ်အမှန်ချီ တွေ မရှိကြတော့ပဲ သူတို့၏ ခန္တာကိုယ်များက အားနည်းနေကြသည်..။
"ဘယ်လောက်တောင် သန်မာတဲ့ ဓားစိတ်ဆန္ဒတွေလဲ..။ဒီငနဲက လွယ်တော့ မလွယ်ဘူး.."
"အဲတာ တာအိုဘိုးဘေးလား..။သူက ဘာနည်းစနစ်တွေ သုံးနေတာလဲ.."
"အိုးမိုင်ဂေါ့..ငါဒီလို နည်းစနစ်မျိုးတစ်ခါမှ မမြင်ဖူးဘူး..!"
"ဟားဟား..ဓားမာစတာ မင်းထိုက်တန်တယိ.."
ဓားမာစတာ၏ ဓားစိတ်ဆန္ဒတွေဟာ ပိုပိုပြီး သန်မာလာခဲ့သည်..။ဘေးနားက ပင်လယ်ရေတွေဟာ လှိုင်းတွေ ထန်လာပြီး ကျွန်းတစိခုလုံး တုန်ရီလာခဲ့၏..။
သူ တာအိုနှလုံးသား အတုအယောင်ကို ကြည့်လိုက်ကြီး သူ၏ ညာလက်က ဓားတစ်ချောင်းပုံစံလိုပဲ.သူ့ကို ညွှန်ပြလိုက်၏..။ဓားအလင်းတန်းတွေနဲ့ အတူပဲ ထောင်နဲ့ ချီတဲ့ မိုးကြိုးတွေဟာ ကျဆင်းလာခဲ့သည်..။
တာအိုနှလုံးသား အတုအယောင်ဟာ လက်ကို မြှောက်ပြီး အောက်ကို ဆွဲချလိုက်သည့် အချိန်မှာ ဓားမာစတာ ဖန်တီးထားသည့် အလင်းတန်းများ အားလုံး..အောက်ကို ကျဆင်းသွားခဲ့သည်..။သို့ပေမယ့် ဒီဓားအလင်းတန်းတွေက ကျွန်းကို တိုက်မိသွားပြီး အရာအားလုံးကို အပိုင်းပိုင်းအစစ ဖြစ်ကုန်၏..။
ဓားမာစတာ ၏ အမူအရာပြောင်းလဲသွားခဲ့သည်..။သူ့ရဲ့ လက်များက ဓားလှုပ်ရှားမူ ဟန်ပန်အတိုင်း ပြုလုပ်လိုက်၏..။ယင်းနောက် ဓားအလင်းတန်း များဟာ ဓားအရိပ်များ အဖြစ်ပြောင်းလဲသွားပြီး..ကျန်းချန်ရှန်း ဆီကို တိုးဝင် သွားခဲ့သည်..။
တာအိုနှလုံးသား အတုအယောင်သည် စိတ်ဝိဥာဥ် အကာအကွယ် အဖြစ်ဖန်တီးလိုက်ပြီး..တိုက်ခိုက်မူ အားလုံးကို ကာကွယ်ထားလိုက်၏..။
"မင်းခွန်အားက မဆိုးပါဘူး..။မင်းက သာမန် ကောင်းကင်သုံးခု နယ်ပယ်ပညာရှင်ထက် သာလွန်နေပြီပဲ.."
ကျန်းချန်ရှန်း ချီးကျုးလိုက်၏..။သို့ပေမယ့် ဒီလူက သေရမည်ဖြစ်သည်..။
တာအိုနှလုံးသား အတုအယောင်လက်ကို လှုပ်လိုက်သည့် အချိန်တွင် ကောင်းကင်တွင် အပြာရောင်အလင်းတန်း ဖြစ်ပေါ်လာခဲ့ပြီး..ဓားမာစတာ၏ ခန္တာကိုယ်ထဲ တိုးဝင်သွားခဲ့၏..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
သူက တာအိုဘိုးဘေးရဲ့ ပြိုင်ဖက် မဟုတ်ဘူးဆိူတာ သိပေမယ့် ကွာဟမူက ဒီလောက်အထိကြီးမားနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
သူ တုန်ရီစွာ ပြောလိုက်၏..။
"တာအိုဘိုးဘေး မင်းက တကယ်သန်မာတာပဲ..။မင်းရှိနေတာ တကျန်းအတွက် ကောင်းမွန်သလို ဆိုးဝါးတဲ့ အရာပဲ..။ဒါပေမဲ့ မကြာခင်မှာ တကျန်းက အဆုံးသတ်ရလိမ့်မယ်.."
တာအိုနှလုံးသားဟာ လက်ကို မြှောက်ပြီး ဓားနတ်ဘုရား၏ ခန္တာကိုယ်ကို လှမ်းဆွဲလိုက်၏..။ယင်းနောက် ဓားမာစတာကို ပါ လှမ်းဆွဲကာ အလျင်အမြန်ထွက်ခွာသွားခဲ့သည်..။
ခြံဝန်းထဲတွင်..။
ကျန်းချန်ရှန်း ထရပ်လိုက်တာကို မြင်ပြီး ရီယွမ် မေးလိုက်၏..။
"ဓားနတ်ဘုရားကို သွားကယ်တော့မှာလား.."
အဲ့အချိန်မှာပဲ..ကောင်းကင်ပေါ်ကနေ အရိပ်တစ်ခု ကျလာခဲ့ပြီး ကျောင်းဝင်းထဲကို ရောက်လာခဲ့သည်..။လူတိုင်း ဒါကိုမြင်ပြီး ကြောင်အသွားခဲ့၏..။
တာအိုနှလုံးသား အတုအယောင်သည် လူနှစိယောက်ကို လက်က ကိုင်ထားခဲ့သည်..။
သူတို့ ဓားနတ်ဘုရားကို မြင်သည့်အချိန်တွင် လူတိုင်းကြောင်အသွားခဲ့ကြ၏..။
တာအိုနှလုံးသား အတုအယောင်က တော့ ကျန်းချန်ရှန်းဆီကို လျောက်လာပြီး ခန္တာကိုယ်ထဲကို ဝင်သွားခဲ့ငည်..။
"ဒါက ဘာနည်းနစ်လဲ.."
ဂျီဝူဂျန် မျက်လုံးပြုးကျယ်နေခဲ့သည်..။
ဓားနတ်ဘုရား တိတ်ဆိတ်မူကို ဖြိုခွင်းလိုက်၏..။
"ကယ်တင်ပေးမူအတွက် ကျေးဇူးပါ တာအိုဘိုးဘေး..။စိတ်ပျက်စေမိလို့ ရှက်ရွံ့မိပါတယ်..."
ကျန်းချန်ရှန်း ပြောလိုက်သည်..။
"ကောင်းကောင်း အနားယူပါ.."
သူ ဓားမာစတာ ဆီ လျောက်သွားပြီး နှိုးလိုက်သည်..။ဓားမာစတာက ဒဏ်ရာရနေပြီဖြစ်သော်လည်း ပြန်လည်နုပျိုစေသည့် နည်းစနစ်ကြောင့်
အသက်ရှင်နေသေး။..။အဲ့အချိန်မှာပဲ ဓား မာစတာ၏ မျက်လုံးတွေပွင့်လာပြီး ကျန်းချန်ရှန်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်..။
ဒါက ပုံရိပ်ယောင် နတ်ဘုရားမျက်လုံးဖြစ်၏..။
အခုချိန်မှာတော့ ဘယ်သူမှ ဓားနတ်ဘုရားကို ဂရုမစိုက်နိုင်ပဲ ကျန်းချန်ရှန်းကိုသာ ကြည့်နေကြသည်..။
ယင်းနောက် ကျန်းချန်ရှန်းသည် ဓားမာစတာက တကျန်း အဆုံးသတ်ပြီလို့ ဘာကြောင့် ပြောတာလဲ ဆိငတာကို မေးလိုက်၏..။
"တကျန်း က နယ်မြေတွေကို အထိန်းအကွပ်မရှိပဲ ဆက်တိုက် ချဲ့ထွင်နေတယ်..။ဒါက ဘေးပတ်ဝန်းကျင်က အင်ပါယာတွေကို ထိပ်လန့်မူတွေ ဖြစ်စေတာပဲ..။တကယ်လို့ တာအိုဘိုးဘေးကိူသာ မသတ်နိုင်ရင် တကျန်းက ဘေးပတ်လည်က အင်ပါယာတွေကို ဆက်တိုက်ကို ကျူးကျော်နေတော့မယ်..။ဒါကြောင့် အုပ်ချုပ်မူ အင်ပါယာ ငါးခုက အတူတကွလက်တွဲပြီး အရင်းအမြစ်တွေ စုဆောင်းနေကြပြီ..။သူတို့က မြင့်မြတ်သော အင်ပါယာက စစ်နတ်ဘုရားကို ဖိတ်ခေါ်ပြီး တာအိိုဘိုးဘေးကို သတ်ကြလိမ့်မယ်.."