နတ်ဘုရားဓား ၊ နတ်ဆိုးသူတော်စင် ခုနှစ်ယောက်
Vol. 15 Ch. 220
အားလုံးသည် ဓားမာစတာ အမှန်တရားတွေ ပြောနေတာကို တိတ်တဆိတိကြည့်နေကြသည်..။ဒီတစ်ကြိမ်တော့ သူတို့ မအံ့ဩကြပေ..။သူတို့က တာအိုဘိုးဘေး၏ စွမ်းရည်တွေကိုသာ လေးစားနေကြ၏..။
ကျန်းချန်ရှန်း ဟာ ဓားမာစတာ ရဲ့ သိုင်းပညာ နည်းစနစ် အကြောင်း မမေးနိုင်ခင်မှာပဲ ဓားမာစတာဟာ မထိန်းထားနိင်တော့ပဲ သေဆုံးသွားခဲ့သည်..။
သူ၏ အတွင်း အစိတ်အပိူင်းများက ပျက်ဆီးနေ၏..။အကယ်၍ သူက နယ်ပယ်မြင့်ပြီး ပြန်လည်နုပျိုစေတဲ့ နည်းစနစ် ကြောင့်သာ မဟုတ်ရင် ဒီလောက်အထိ အသက်ရှငိနေနိုငိမှာ မဟုတ်ပေ..။
ကျန်းချန်ရှန်း စိတ်ဝိဥာဥ် စွမ်းအင်ကို မီးတောက် အဖြစ် ပြောင်းပြီး အလောင်းကို မီးရှို့လိုက်သည်..။
"မြင့်မြတ်သော အင်ပါယာ မှာ စစ်နတ်ဘုရားလို့ ညွှန်းဆို ခံရရင် အနည်းဆုံးတော့ ကောင်းကင်ကိုးခု နယ်ပယ်မှာ ရှိတယ်..။ဒါပေမဲ့ သူတို့ကို ဖိတ်ခေါ်ဖို့ဆိုတာက လွယ်တဲ့အရာတော့ မဟုတ်ဘူးလေ.."
ဂျီဝူဂျန် ပြောလိုက်သည်..။မြင့်မြတ်သော အင်ပါယာ၏ မင်းသမီးတစ်ယောက် အနေနဲ့ သူမ ကောင်းကောင်းသိ၏..။
ကျန်းဂျီယန် , " ဘာဖြစ်လို့လဲ...အင်အားစုတွေ အများကြီး ပူးပေါင်းလိုက်မယ် ဆိုရင် သူတို့ရဲ့ အရင်းအမြစ်က ပမာဏ နည်းပါးမှာမဟုတ်ဘူး..။ဒ့ါက တစ်ဖက်လူကို ကျိန်းသေ ဆွဲဆောင်နိုင်လိမ့်မယ်.."
ဂျီဝူဂျန် ခေါင်းခါယမ်းလိုက်သည်..။
"သူတို့မှာ အရင်းအမြစ်ရှိသလို ..မြင့်မြတ်သော အင်ပါယာ ရဲ့ စစ်နတ်ဘုရားမှာလည်း ရှိတယ်လေ..။သူတို့မှာ ဘယ်လိုလုပ် အားနည်းတဲ့လူတွေကို ကူညီဖို့ အချိန်ရှိမှာလဲ..။ထပ်ပြောရရင် တာအိုဘိုးဘေး ရဲ့ ခွန်အားကို မသိပဲနဲ့ သူတို့အလျင်စလိုမလုပ်ရဲကြဘူး.."
ရီယွမ် ပြုံးလိုကမပြီး..." သေခြင်းတရားကို ရှာဖွေတဲ့လူတွေကတော့ အမြဲတမ်းကို ရှိနေကြတာပဲ.."
အဲ့အချိန်မှာပဲ ဓား မာစတာ ၏ အလောင်းက ပြာဖြစ်သွားပြီး ကျန်းချန်ရှန်း အခန်းထဲကို ပြန်ဝင်လာခဲ့သည်..။
အချက်ပေးသည့် အသံတစ်ခုက မြည်လာခဲ့၏..။
"တိုင်ဟီ ခေတ် ၂ နှစ်မြောက်..။ဓားမာစတာသည် ဓနတ်ဘုရား၏ ဓားစိတ်ဆန္ဒကို ခိုးယူရန် ကြိုးစားခဲ့သည်..။သင်က အချိန်မှီ ကယ်တင်နိုင်ခဲ့၏..။ရှင်သန်မူ ဆုလာဒ် - အဆုံးစွန်သော အင်မော်တယ် နည်းစနစ် - စိတ်ဝိဥာဥ် အာရုံ နတ်ဘုရား ဓား.."
ဓားမာစတာရဲ့ ဓားနည်းစနစ်လား..
စိတ်ဝင်စားစရာပဲ..
သူ အခန်းထဲဝင်သွားပြီး တံခါးပိတ်ကာ..စိတ်ဝိဥာဥ် အာရုံ နတ်ဘုရား ဓားကို လေ့လာကြည့်လိုက်သည်..။
ရီယွန် မေးလိုက်၏..။
"အပြာရောင် ပုံရိပ်က ဘာနည်းစနစ်လဲ..။မင်းတို့ အရင်က မြင်ဖူးကြလား.."
သူတို့အကြည့်တွေက ဓားနတ်ဘုရား အပေါ်ကို ရောက်သွားကြ၏..။
ဓားနတ်ဘုရားက အခြေအနေ အကုန်လုံးကို ရှင်းပြခဲ့သည်..။တာအိုဘိုးဘေးက အမှန်ပဲ မယုံနိုင်စရာ ကောင်းလှ၏..။
"တစ်ခြား ဓားသမားတွေရဲ့ ဓားစိတ်ဆန္ဒကို ခိုးယူချင်တာလား..။ဒီနည်းစနစ်က တကယ်ပဲ ပင်လယ်ဒေသမှာ ပြန့်နှံ့နေတာပဲ..။ဒါက မြင့်မြတ်သော အင်ပါယာရဲ့ တားမြစ်နည်းစနစ်ပဲ.."
ရီယွန် ဓားနတ်ဘုရားရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"မင်းက အရမ်းပေါ်ပြူလာ ဖြစ်နေမယ်လို့ မထင်မိဘူး..။ဒါပေမဲ့ ဒါကအရမ်း ရှက်စရာကောင်းတယ်..။မင်းက တာအိုဘိုးဘေးကိုတောင် လှုပ်ရှားရအောင် လုပ်လိုက်တာပဲ..။ကောင်းကင်နှစ်ခု နယ်ပယ်ကို အမြန်ဆုံးရောက်အောင်သာ လေ့ကျင့်ပေတော့.."
ဓားနတ်ဘုရား စိုက်ကြည့်လိုက်ပေမယ့် ဘာမှပြန်မပြောနိုင်ခဲ့ပေ..။
အချိန်အတော်ကြာပြီးနောက်မှာတော့ ဓားနတ်ဘုရားသည် ကျန်းချီဆီ အလည်သွားခဲ့သည်..။သူက အရှေ့ဘက်မှာ ဆက်ပြီး မနေချင်တော့ပဲ..လုံချီကျောင်းတော်မှာ ကျင့်ကြံချင်ကြောင်းပြောကြားခဲ့၏..။
ကျန်းချီ သိပ်ပြီးသဘောမကျပေမယ့် သဘောတူယုံသာ တတ်နိုင်ခဲ့သည်..။ဘာပဲဖြစ်ဖြစ် သူက တာအိုဘိုးဘေး၏ လူ ဖြစ်နေခဲ့၏..။
ဒီလိုနဲ့ ဓားနတ်ဘုရားသည် ကျောင်းဝန်းကို ပြန်ရောက်လာခဲ့သည်..။
ရက်များကုန်လွန်သွား၏..။
တိုင်ဟီ ခေတ် ၃ နှစ်မြောက်..။
မြေငလျင်တွေက ကမ္ဘာအနှံ့မှာ ဆက်တိုက်ဖြစ်နေခဲ့၏..။စီရင်စု ၁၃ စုကတော့..တစ်နှစ်မှာ နှစ်ကြိမ်လောက် ကြုံတွေ့နေရသည်..။
ကျန်းချီ ကျန်းချန်ရှန်းဆီ လာရောက် လည်ပတ်ခဲ့၏..။
"နဂါးသွေးကြောနဲ့ အင်ပါယာတွေမှာ မြေငလျင်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်..။တာအိုဘိုးဘေး..ကျွန်တော်တစ်ခုခုကို လွဲမှားနေတယ်လို့ခံစားနေရတယ်..။ကံတရားဌာနက ကံတရားကို ရှာဖွေပေမယ့် ကျရှုံးခဲ့တယ်လေ.."
ကျန်းချန်ရှန်း ဒဏ္ဍာရီ တွေကိုကို ပြန်စဥ်းစားကြည့်လိုက်သည်..။နဂါးသွေးကြောတွေ၏ အောက်တွင် ဆန်းကျယ်သည့် သားရဲများရှိနေနိုင်သည်..။ဒါကြောင့်လည်း စီရင်စုများက စွန့်စားပြီး တကျန်းဆီကို လာကြခြင်းဖြစ်၏..။
သို့ပေမယ့် သူ ငလျင်ကို တွက်ချက်တဲ့ အချိန်တိုင်း သူ့၏ အမှတ်က တကျန်း၏ ..အမှတ်ကိုသာ ပြနေခဲ့သည်..။
ကျန်းချန်ရှန်း ဘာမှထပ်မပြောနေတော့ပဲ သူ၏ စိတ်ဝိဥာဥ်ကို ခန္တာကိုယ်ထဲက ထုတ်ကာ မြေအောက်ကို ဝင်လိုက်၏..။
သူက နဂါးသွေးကြောကျောက်ပြားရှိတဲ့ ဂူကို ရောက်လာခဲ့သည်..။သူ ဒြပ်စင်ငါးခု နည်းစနစ်ကို သုံးပြီး အောက်ကို ဆက်ဆင်းလိုက်၏..။
မကြာခင်မှာပဲ အားတစ်ခုက သူ့ကို ရှေ့ဆက်တိုးရာမှ တားဆီးနေသည်ကို တွေ့လိုက်ရသည်..။
ဒီအားက အတော်လေး သန်မာလှ၏..။သူ တိတ်တဆိတ် နားထောင်လိုက်သည်..။
သူ မြစ်ရေစီးသံကိုသာ ကြားနေရသဖြင့် ပဟေဋ္ဌိ ဖြစ်သွားခဲ့၏..။နဂါးသွေးကြောအောက်မှာ မြစ်ကြီး ရှိနေတာလား...
ရေရဲ့အသံက မညှင်သာပေ..။
အတော်ကြာပြီးနောက်မှာတော့ သူ့ခန္တာကိုယ်ပြန်ရောက်လာခဲ့၏..။
ကျန်းချီကတော့ တစ်ခြားလူတွေနဲ့ ဆွေးနွေးနေတုန်းဖြစ်၏..။သူက ဂျီဝူဂျန်းကို မြင့်မြတ်သော အင်ပါယာ၏ ကံတရားအကြောင်းမေးနေခဲ့သည်..။
ဂျီဝူဂျန် ," နဂါးသွေးကြောရဲ့ ချိတ်ပိတ်မူတွေကို မြင့်မြတ်သော အင်ပါယာက ကမ္ဘာကိုတုန်လှုပ်စေတဲ့ ဧရာမနတ်ဆိုးတွေကို ပိတ်လှောင်ဖို့အတွက် လုပ်ထားခဲ့တာပဲ..။ဒီ ဧရာမ နတ်ဆိုးတွေက မယုံနိုင်စရာ အဆင့်တွေကို ရောက်နေကြပြီ.။သူတို့ရဲ့ သွေးသားတွေက သေသွားရင်တောင်ဘတစ်ခြားနတ်ဆိုးတွေကို ကူညီနိုင်သေးတယ်လေ..။မြင့်မြတ်သော အင်ပါယာက သူတို့ခန္တာကိုယ်တွေကို ဘာမှမလုပ်နိုင်တာကြောင့် ချိတ်ပိတ်ထားဖို့ပဲ တတ်နိုင်ခဲ့တယ်..။ဒီတိုက်ကြီးမှာ နဂါးသွေးကြော ကိုးခုရှိပြီး အဲတာက ဧရာမ နတ်ဆိုးတွေကို ကျော်လွန်ဖို့ ထားထားတာပဲ..။အခု နတ်ဆိုးတွေရဲ့ ကံတရားက ထိုးတက်လာနေပြီ..။ဖြစ်နိုင်တာက ဧရာမနတ်ဆိုးတွေရဲ့ ခန္တာကိုယ်က ဒါကိုခံစားမိပြီး ငလျင်တွေဖန်တီးနေတာဖြစ်မယ်..။ဒီလိုဆိုရင်တော့ နင်က နဂါးသွေးကြောကို သွားထိလို့ မရဘူး.."
ကျန်းချီ ," သွားမထိရင် အကုန်အဆင်ပြေသွားမှာလား.."
ဂျီဝူဂျန် ခေါင်းခါယမ်းလိုက်သည်..။
"ငါဘယ်လိုသိမှာလဲ..။ဘာပဲဖြစ်ဖြစ် ဒီ ချိတ်ပိတ်မူတွေကို အတင်းသွားဖျက်ဆီးရင် တိုက်ကြီး တစ်ခုလုံး အလောင်းပုံ ဖြစိသွားလိမ့်မယ်.."
သူမလည်း နဂါးသွေးကြောအကြောင်း အများကြဂ မသိထားပေ..။
ကျန်းချန်ရှန်း ," အရင်ပြန်တော့..။တစ်ချို့အရာတွေက မင်းရဲ့ ထိန်းချုပ်နိုင်မူထက် ကျော်လွန်နေတယ်..။နိုင်ငံကိုသာ ကောင်းကောင်းအုပ်ချုပ်.."
.
ကျန်းချီ အသက်ပြင်းပြင်းရူပြီး ကျန်းချန်ရှန်းကို အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်..။
ဂျီဝူဂျန် ," ဒီလက္ခဏာတွေက တကယ်မကောင်းဘူး..။မြင့်မြတ်သော အင်ပါယာရဲ့ ဖိနိပ်မူအောက်ကနေ နတ်ဆိုးတွေ တကယ်လွတ်တော့မှာလား.."
မြင့်မြတ်သော အင်ပါယာ မရှိတော့ပေမယ့် သူမကတော့ လူသားမျိုးနွယ် ရှင်သန်နိုင်ဖို့ မျှော်လင့်မိ၏..။
ကောင်းကင်တွင် တိမ်တိုက်များပြည့်နှက်နေခဲ့သည်..။
ချောက်တစ်ခုတွင် အဖြူရောင် ဝတ်ရုံနှင့်လူတစ်ယောက်ဟာ ထိုင်နေခဲ့ပြီး သူ့ခေါင်းပေါ်တွင် နတ်ဆိုးသားရဲများရှိနေခဲ့၏..။
ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာခဲ့သည်..။ဒီဆန်းကျယ်သည့် လူက အရိုးမျက်နှာဖုံးကို တပ်ထား၏..။
မျက်နှာဖုံးနှင်လူဟာ ဒူးထောက်လိုက်ပြီး..
"အရှင့်ကို အစီရင်ခံပါတယ်..။ကြီးမြတ်တဲ့ နတ်ဆိုးသူတော်စင် ခုနှစ်ယောက်ကို ပိတ်လှောင်ထားတဲ့ နဂါးသွေးကြောက အရှင်ခန့်မှန်းထားသလိုပဲ..ရုန်းကန်လာခဲ့ပါပြီ..။မကြာခင်မှာ နတ်ဆိုးသူတော်စင် ခုနှစ်ယောက်ရဲ့ ခန္တာကိုယ်က လွတ်မြောက်ပါတော့မယ်.."
ဒါကိုကြားပြီး အဖြူရောင်ဝတ်စုံနှင့်လူဟာ မျက်လုံးဖွင့်လိုက်သည်..။
"သားရဲအုပ်စုတွေနဲ့ အနီးဆုံး နဂါးသွေးကြောက ဘယ်လောက်ဝေးလဲ.."
"ဒါက ဆယ်စုနှစ် လောက်ပဲကြာပါလိမ့်မယ်."
မျက်နှာဖုံးနှင်လူကြီးဟာ ပြန်ဖြေလိုက်သည်..။
အဖြူရောင်ဝတ်ရုံနှင့်လူဟာ နေဝင်တာကိုကြည့်နေခဲ့သည်..။
"နဂါးသွေးကြော ပျက်ဆီးတာနဲ့ လူတွေ မရေတွက်နိုင်အောင် သေကြလိမ့်မယ်..။ဒါပေမဲ့ ဒါက ရပ်တန့်လို့မရဘူး.."
အဖြူရောင်ဝတ်ရုံနှင့်လူဟာ အတော်တွေးတောပြီးကာမှ..
"သူ့ကို ဒီအကြောင်းပြောပြီး ပြင်ဆင်ခိုင်းထားလိုက်.."
မျကိနှာလုံးအောက်က လူကြီးရဲ့ မျက်လုံးတွေဟာ မလိုလားမူတွေနဲ့ ပြည့်နေခဲ့သည်..။
"အရှင် ,သူက ပြန်လည်မွေးဖွားလာတဲ့လူပါ..။သူက ယုံကြည်လို့ မရပါ့မလား."
အဖြူရောင် ဝတ်စုံနှင့်လူက ပြောလိုက်သည်..။
"ကမ္ဘာကြီးက ပြိုလဲတော့မယ်..။နတိဆိုးတွေကို တားဆီးဖို့ နောက် သိုင်းအင်ပါယာ မပေါ်လာမချင်း လူသားတွေက သူ့ကို မှီခိုကြရမှာ.."
“
"ဒါပေမဲ့..."
"ကောင်းပြီ..သွားလို့ရပြီ.."
မျက်နှာဖုံးနှင့်လူဟာ ဘာမှ ထပ်မပြောရဲတော့ပေ..။အဆုံးမှာတော့ သူ ထရပ်ပြီး ထွက်သွားခဲ့၏..။
စက်တင်ဘာ..။
မြို့တော်..။
လုံချီကျောင်းတော်..။
ကျန်းချန်ရှန်း မျက်လုံးများဖွင့်လိုက်၏..။မကြာခင်မှာပဲ အတော်ဝေးဝေးက ဆူညံသံများကြားလိုက်ကြရ၏..။
"ဘာဖြစ်တာလဲ ရန်သူတိုက်ခိုက်လို့လား.."
ပိုင်ချီ ဂရုတစိုက်မေးလိုက်သည်..။
ရီယွမ် ," တကျန်းရဲ့ ကံတရားက ရှုပ်ထွေးနေပြီ..။ပုံမှန်မဟုတ်တဲ့ ဗရမ်းဗတာတွေဖြစ်နေတာ.."
ဂျီဝူဂျန် ရုတ်တရက် ထရပ်ပြီး ပျောက်ကွယ်သွား၏..။
ကျန်းချန်ရှန်း ဆူညံသံတွေ ဆီကို လှမ်းကြည့်လိုက်သည်..။ကြီးမားသည့် ရေလှိုင်းလုံးကြီးများသည် စီ စီရင်စု ၏ အပြင်ဘက်တွင် ပေါ်ထွက်လာနေသည်ကို မြင်နေရသည်..။ဒါက ဆန်းကျယ်သည့် ဂူမှ ထွက်ပေါ်လာနေခြင်းဖြစ်၏..။