← Chapters

ကမ္ဘာကြီး ပျက်ဆီးမူ ၊ နတ်ဆိုးဦးခေါင်းများ ပေါ်ထွက်လာမူ

Vol. 15 Ch. 221

ကမ္ဘာကြီး ပျက်ဆီးမူ ၊ နတ်ဆိုးဦးခေါင်းများ ပေါ်ထွက်လာမူ

Vol. 15 Ch. 221

ကျန်းချန်ရှန်း မျက်မှောင်ကျုတ်လိုက်သည်..။သူ အကြည့်တွေကို ရုတ်သိမ်းလိုက်ပြီး မြေအောက်ကို နတ်ဘုရား မျက်လုံးဖြင့် အာရုံခံလိုက်၏..။ရုတ်တရက် နဂါးသွေးကြော ​ကျောက်ပြားပေါ်မှာ အက်ကွဲရာတွေ ပေါ်လာတာကို သူတွေ့လိုက်ရသည်..။

နဂ်းသွေးကြောပေါ်က ချိတ်ပိတ်မူက ပျက်ဆီးတော့မည်ဖြစ်၏...။

ကျန်းချန်ရှန်း မတ်တတ်ရပ်ပြီး ကြည့်လ်ိုက်သည်..။တစ်ခြား ဆန်းကျယ်သည့် ဂူများကလည်း ပင်လယ်ရေများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏..။ဒါက ကြောက်လန့်စရာ မြင်ကွင်းတစ်ခုဖြစ်သည်..။

တကျန်းတင် မကပဲ တစ်ခြား နဂါးသွေးကြောပေါ်တွင် ရှိနေသည့် အင်ပါယာ တိုင်းက မြေကြီးမှ အပေါက်ကြီးတွေ ဖြစ်လာခဲ့၏..။ဒီအပေါက်များထဲမှ ရေတွေ ပေါ်ထွက်လာခဲ့သည်..။

ကျန်းချန်ရှန်း မျက်မှောင်ကျုတ်လိုက်သည်..။

တစ်ချိန်တည်းမှာပဲ မြို့တော် တစ်ခုလုံး တုန်လှုပ်နေခဲ့၏..။အရေမတွက နိုင်သည့် အဖြူရောင် ဝတ်ရုံတော်များဟာ မြို့တော်မှ ကြီးမားသည့် လှိုင်းလုံးကြီးများဆီကို ထွက်သွားခဲ့ကြသည်..။

ဂျီဝူဂျန် ဆန်းကျယ်သည့် ဂူကို ရောက်လာသည့် အချိန်တွင် ချက်ချင်း ရေထဲကို ဒိုင်ဗင်ထိုးလိုက်ပြီး အောက််ကိုငုံ့ကာ ပျောက်ကွယ်သွား၏..။

ရီယွမ် ကျန်းချန်ရှန်းကို ကြည့်လိုက်ပြီး..

"ဖြစ်နိုင်တာက နဓါးသွေးကြောတွေက ပျက်ဆီးတော့မှာလား.."

ကျန်းချန်ရှန်း သဘောတူစွာ ခေါင်းညိမ့်လိုက်သည်..။

ကျန်းဂျီယန် အမူအရာပြောင်းလဲသွားခဲ့သည်..။

"ဒါဆိုဘယ်လိုလုပ်ကြမလဲ..။တကျန်း ပြည်သူတွေကရော.."

သူ ရုတ်တရက် ဖြစ်လာတဲ့ ကပ်ဆိုးကို လက်မခံနိုင်ပေ..။တကျန်းက နှစိပေါင်းများစွာ တိုက်ခိုက်လာပြီး အင်အားကြီးသည့် ရန်သူများကို အနိုင်ယူခဲ့၏..။သူတို့က ရန်သူ လက်ထဲတွင်မသေပဲ..နဂါးသွေးကြောကြောင့် သေဆုံးရမည်ဆိုလျင် ရယ်စရာ ကောင်းလွန်းလှသည်..။

ကျန်းချန်ရှန်း ဘာမှမပြောခဲ့ပေ..။သူက နတ်ဘုရား သိစိတ်ကို သုံးပြီး မြေအောက်ကို စစ်ဆေးနေ၏..။

ပင်လယ်ရေက တစ်ခုခု လွဲမှာနေခဲ့သည်..။တကယ်လို့ အပေါက်တွေ ဖြစ်လာတယ် ဆိုရင်တောင် ဘယ်လိုလုပ် ရေတွေက အပေါ်ကို ထိုးတက်လာရတာလဲ..။စီ စီရင်စုက ပင်လယ်ရေထက် ထောင်ပေါင်းများစွာ ပိုမြင့်မား၏..။

ဒီတစ်ကြိမ်မှာတောါ သူ နဂါးသွေးကြော ချိတ်ပိတ်မူကို အားသုံးပြီး ဖျက်ဆီးလိုက်သည်..။ဘာပဲဖြစ်ဖြစ် ဒါက ဗရမ်းဗတာ ဖြစ်ပြီးနေပြီဖြစ်၏..။

ဘန်း..

နဂါးသွေးကြော ကျောက်ပြားဟာ ချက်ချင်းကွဲကြေသွားခဲ့သည်..။ကျောက်ပြားကွဲကြေသွားတာနဲ့ လှိုင်းလုံးကြီးတွေ အများကြီးဟာ..မြေကြီးတွေပေါ်ကို ထိုးတက်လာခဲ့သည်..။

ကြောက်စရာ ပုံရိပ်ကြီးတစ်ခုက ရေထဲတွင် မြောနေခဲ့၏..။သူကြည့်လိုက်သည့်အချိန်တွင် ဦးခေါင်းတစ်လုံးကို မြင်နေရသည်..။

နဂါး ဦးခေါင်းတစ်လုံးဖြစ်၏..။ဒါက ဦးခေါင်းမှာ ဂျိုနှစ်ချောင်းပါပြီး ..အဖြူရောင်နဂါးလောက် ခန့်ညားမူ မရှိပေ..။ဒါက ရေနဂါးဖြစ်ပုံရ၏..။

ပိုပြီး အရေးကြီးသည်က ရေနဂါး၏ ဦးခေါင်းသည် အရမ်းကို ကြီးမယးပြီး..ပေတစ်ထောင်လောက်မြင့်သည့် တောင်ကုန်းတစ်ခုလိုဖြစ်နေခဲ့သည်..။

ခေါင်းတစ်လုံးပင် ဒီလောက်ကြီးနေလျင် တစ်ကိုယ်လုံးဆိုလျင် ခန့်မှန်းကြည့်ရန်ပင် မလွယ်ကူပေ..။

ကျန်းချန်ရှန်း ဆက်ပြီးကြည့်နေသည့် အချိန်တွင် နောက်ထပ် စီးမြောလာသည့် နဂါးဦးခေါင်းများကိုလည်း တွေ့နေရသည်..။

သူတွက်ချက်ကြည့်လိုက်သည့် အချိန်တွင်..အားလုံးပေါင်း နဂါးခေါင်း ကိုးခုရှိ၏..။သူတိူ့အကုန်လုံးက တစ်ပုံစံတည်းပင်ဖြစ်ကြသည်..။

ဒီနဂါးခေါင်းများသည် အသက်မဲ့နေပေမယ့်နတ်ဆိုးစွမ်းအင်များ ပါဝင်နေခဲ့သည်..။သူတို့က ရေစီးကြောင်းများကို ထိန်းချုပ်ခေါ်ဆောင်သွားကြ၏..။ပင်လယ်ရေတွေ ကုန်သွားသည့်အချိန်မှာ ဘာ ချိတ်ပိတ်မူမှ မရှိတော့ပဲ အပေါက်ကြီးသာ ဖြစ်ကျန်ခဲ့သည်..။နဂါးသွေးကြောတိုက်ကြီးက ဒီအပေါ်ကြီးထဲကို ပြိုကျပြီး ပြန်ပိတ်သွားခဲ့၏..။

ကျန်းချန်ရှန်း စောင့်ကြည့်နေတုန်းမှာပဲ..ရေနဂါးကိုးကောင်ရဲ့ မျက်လုံးတွေဟာ အနီရောင်အလင်းတန်းတွေ ထွက်လာခဲ့သည်..။

ရေနဂါး ဦးခေါင်းတွေဟာ ပင်လယ်ရေအောက်ကနေ ထွက်လာပြီး ရေလှိုင်းတွေနဲ့ အတူပေါင်းစည်းသွားကြသည်..။

ကျန်းချန်ရှန်း ကျောင်းဝန်းထဲကနေ ပျောက်ကွယ်သွား၏..။တစ်ခြားလူတွေကတော့ အလျင်စလို မလုပ်ရဲပဲ စောင့်ကြည့်နေကြသည်..။

ကျန်းချန်ရှန်း ဒြပ်စင်ငါးခု နည်းနစ်ကို အသုံးပြုပြီး မြေအောက်နေရာကို ရောက်သွားခဲ့သည် .။ကျန်းချန်ရှန်း ရောက်လာသည့် အချိန်တွင် ပြင်းထန်သည့် နတ်ဆိုး စွမ်းအင်များကို ခံစားနေရ၏..။

ဒါက နတ်နဂါး တွေက ပင်လယ်ရေကို မြေကြီးပေါ်ကို ဆွဲတင်နေသည့် နတ်ဆိုးစွမ်းအင်များဖြစ်သည်..။

ကျန်းချန်ရှန်းရဲ့ နှာဖူးကနေ ရွှေရောင်အလင်းတန်းပေါ်လာ ခဲ့သည်..။သူ ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်ကို ထုတ်လွှတ်လိုက်၏..။

ကမ္ဘာဖျက်ဆိီးခြင်း သစ်ပင်သည် ပင်လယ်ရေထဲ ပြုတ်ကျသွားခဲ့ပြီး လှိုင်းလုံးများကြားထဲ ရောက်သွားခဲ့သည်..။သူ ရေထဲရောက်သွားတာနဲ့ ကြီးမားတဲ့အပင်ရဲ့ ထိပ်က အပေါ်က မြေကြီးကို ထောက်ကန်နေခဲ့၏..။

“

!မင်း..."

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်သည်အစောလေး ကပင် အိပ်နေခြင်းဖြစ်သည်..။သူက ရုတ်တရက် အပြင်ကို ရောက်လာခဲ့၏..။

ကျန်းချန်ရှန်း ," မင်း ဒီမြေကြီးကို ပြုတ်မကျအောင် ထောက်ထားနိုင်လား.."

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကြောင်အသွားခဲ့၏..။သူက ပဟေဠိဖြစ်နေပေမယ့် ချက်ချင်းပဲ နဂါးသွေးျကြာလို့ အကိုင်းအခတ်တွေနဲ့ ထောက်ကန်းလိုက်သည်..။

"အရမ်းကို ကျယ်လွန်းတယ်.."

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ပြောလိုက်၏..။

ကျန်းချန်ရှန်း ," မင်းဒီဟာကို ထောက်ကန်ထားသ၍ ဒီတိုက်ကြီးရဲ့ မဏ္ဍိုင် ဖြစ်လာလိမ့်မယ်..။မင်းဆီကိာ မရေမတွက်နိုင်တဲ့ ကံရတားတွေ ရောက်လာပြီး မင်းခန္တာကိုယ်ကို ထောက်ပံ့ပေးလိမ့်မယ်..။ဖြစ်နိုင်တာက တစ်နေ့မှာမင်းက ကောင်းကင်အဆင့်ကို ကျော်လွန်ပြီး ပိုမြင့်တဲ့ နယ်ပယ်ကိုတောင် ရောက်သွားနိုင်တယ်.."

ဒါကိုကြားပြီး ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်တိတ်ဆိတ်သွားခဲ့သည်..။

ကျန်းချန်ရှန်းသည် ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ ပတ်လည်ကို ကြည့်လိုက်ပြီး ပင်လယ်ရေတွေက သူ့ကို တိုက်စားနေသည်ကို တွေ့ကာ စိတ်ပူသွားခဲ့သည်..။

ဒိမှာက နတ်နဂါးတွေရဲ့ နတ်ဆိုးစွမ်းအင်တွေ ပါဝင်နေတာကြောင့် အန္တရာယ်များ၏..။

"မင်းခန တောင့်ခံထားလိုက်၏..။ဘေးနားက ပင်လယ်ရေတွေကို ငါ ဖယ်ထုတ်ပေးမယ်.."

ကျန်းချန်ရှန်း ပြောပြီး ပျောက်ကွယ်သွားသည်..။

သူ ကောင်းကင်ပေါ်ကနေကြည့်လိုက်သည့် အချိန်မှာ ရေတွေက တစ်ဖြည်းဖြည်း မြင့်တက်လာနေသည်ကို တွေ့နေရသည်..။

ကျန်းချန်ရှန်း အသက်ကို ပြင်းပြင်းရူလိုက်၏..။

သူ လက်ကို မြှောက်ပြီး လွတ်လပ်သော သမုဒ္ဒရာ ထောက်ပံ့မူ နတ်ဘုရားစွမ်းအင်ကို အသုံးပြုလိုက်သည်..။သူ နတ်ဘုရားစွမ်းအင်တွေကို ရေလှိုင်းတွေဆီ လွှမ်းခြုံစေပြီး သူ့လက်ထဲကို ဦးတည်လိုက်သည်..။

မရေမတွက်နိုင်တဲ့ လှိုင်းလုံးတွေဟာ..တောင်တန်းတွေကို ဖြတ်ကျော်ပြီး အပေါ်ကို ​မြောက်တက်လာခဲ့သည်..။ဒါက အဖြူရောင် ဝတ်ရုံတော်တွေနဲ့ သိုင်းပညာရှင်တွေကို ကြောင်အစေ၏..။

အဲ့အချိန်မှာပဲ မြို့သားတွေဟာလည်း သတိပြုမိလိုက်ကြ၏..။

"အဲတာ ဘယ်သူလဲ.."

"တာအိုဘိုးဘေးပဲ..တာအိုဘိုးဘေး လှုပ်ရှားနေပြီ.."

"ဘာတွေဖြစ်နေတာလဲ.."

သူတို့တွေ ရေရွတ်နေကြတုန်းမှာပဲ နောက်ထပ် မြင်ကွင်းတစ်ခုက သူတို့အာရုံကို ဖမ်းစားသွားခဲ့သည်..။သူတို့က တောင်တစ်တောင်လောက်ကြီးမားတဲ့ နဂါးဦးခေါင်းကြီးက ကောင်းကင်တွင် ရစ်ဝဲနေသည်ကို တွေ့ရ၏..။သူ၏ မျက်လုံးများက အနီးရောင် တောက်ပနေပြီး နေ့ဘက်တွင်တောင် ကြောက်ဖို့ ကောင်းနေခဲ့သည်..။

ကျန်းချီ အင်ပါရီယာ စာကြည့်ခန်းကနေ အခြေအနေကိုကြည့်နေခဲ့သည်..။

"ဘယ်လိုလုပ် ဒီလောက်ကြီးမားတဲ့ နတ်ဆိုးသားရဲကြီးက ရှိနိုင်မှာလဲ.."

သူ့အသံက ကြောက်ရွံ့မူတွေနဲ့ ပြည့်နေခဲ့သည်..။

တာအိုဘိုးဘေး ဘယ်လိုလုပ်မလဲ ဆ်ိုတာ မသိပေမယ့် အကောင်းဆုံးဖြစ်စေဖို့သာ မျှော်လင့်ထား၏..။

လုံချီတောင်က မြူခိုးတွေ လွင့်စင်သွားခဲ့သည်..။ပုံရိပ်တစ်ခုဟာ နဂါးဦးခေါင်းဆီကို မြားတစ်စင်းလို ဦးတည်လာခဲ့၏..။

ရီယွမ်

"ခွေးသား..မင်းကများ လူများမျိုးနွယ်ကို လာရှုပ်ရဲတယ်လား..။မင်းက သေချင်နေတာပဲ..."

ရီယွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်..။သူ့အသံက ကျယ်လောင်ရှင်းလင်း နေပြီး မြို့တော်က မြို့သားများအတွက် မျှော်လင့်ချက်ဖြစ်စေ၏..။

တစ်ချိန်တည်းတွင်..။

မြေအောက်၌..။

ဂျီဝူဂျန် ရေလမ်းကြောင်းအတိုင်း ဒီကို ရောက်လာခဲ့သည်..။သူမ ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်ကို မြင်ပြီး သတ်ဖြတ်လိုစိတ်များထွက်လာခဲ့၏..။

လူသားမျက်နှာနဲ့ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ဟာ သူမကို မြင်ပြီး အော်ဟစ်လိုက်သည်..။

"မတိုက်ခိုက်နဲ့...ဒီမြေကြီးကို ထောက်ကန်ပေးထားဖို့ တာအိုဘိုးဘေးက ငါ့ကိုလွှတ်ထားတာ..။ငါ့ အစီစဥ်တွေကို လာမဖျက်ဆီးနဲ့.."

တစ်ခြားအချိန်ဆိုရင် သူက ဂျီဝူဂျန်ကို ဂရုစိုက်မှာမဟုတ်ပေ..။သို့ပေမယ့် အခုက သူ့ရဲ့ နတ်ဆိုးစွမ်းအင်တွေကို ​ကမ္ဘာမြေကြီးဆီပို့လွှတ်ပြီး ထောက်ကန်ပေးထားရ၏.။

တာအိုဘိုးဘေးနာမည်ကို ကြားပြီး ဂျီဝူဂျန် ကြောင်အသွားခဲ့သည်..။

"ဒီတော့ နင်က တာအ်ိိုဘိုးဘေး လက်အောက်ရောက်နေတာပေါ့.."

သူမ ရေရွတ်လိုက်သည်..။သူမက ကမ္ဘာ​ဖျက်ဆီးခြင်းသစ်ပင်၏ အလောင်းကို မတွေ့လိူ့ စိတ်ပူမိခဲ့သေး၏..။မြေအောက်မှာ ရောက်နေမယ်လို့တော့ မထင်ထားခဲ့ပေ..။

!

မဟုတ်ဘူး..

"နင်က တာအိုဘိုးဘေးနဲ့သိတဲ့ပုံပဲ..။ငါ့ ပတ်ဝန်းကျင်က ရေတွေကို တားဆီးပေးထားစမ်းပါ..။ဒါက အတော်လေး သက်သောင့်သက်သာ မရှိဘူး.."

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ရဲ့ အသံထွက်ပေါ်လာခဲ့သည်..။သူ့အသံက နာကျင်မူနှင့် ပြည့်နေခဲ့၏..။

ဂျီဝူဂျန် တွေဝေနေပြီးမှ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ အကိုင်းပေါ်တက်လိုက်၏..။သူမ သစ်ပင်ကို ရိုက်ချလိုက်သည့်အချိန်တွင် သူမ၏ အစစ်အမှန် ချီများက သစ်အင်၏ အစိတ်အပိူင်းတိုင်းကို ဝန်းရံသွားခဲ့သည်..။သူမက သူ့ရဲ့ ခန္တာကိုယ်ကို အစစ်အမှန်ချီနဲ့ ကာကွယ်ပေးထားခြင်းဖြစ်၏..။

ယင်းနောက် သူမ မြေအောက်ကို ကြည့်ပြီး ဘာတွေဖြစ်နေလဲ တွေးနေခဲ့သည်..။

စီစီရင်စု အပြင်ဘက်တွင်တော့ ရေလှိုင်းများဟာ ကျန်းချနရှန်း ၏ လက်နှင့် ထိစပ်သွားခဲ့သည်..။သူ့စိတ်ဝိဥာဥ်က တိုက်ကြီးထဲက တစ်ခြား ရေလှိုင်းတွေကိုလည်း ထိန်းချုပ်ထားခဲ့၏..။ဒီရေလှိုင်းတွေဟာ..ကြီးမားတဲ့ ကောင်းကင်ရေစီးကြောင်းများဖြစ်ပေါ်လာပြီး မြေကြီးနှင့်ပင် မထိပေ..။အဲဒီအစား သူတို့က မိုးကုတ်စက်ဝိုင်း၏ အပြင်ဘက်သို့စီဆင်းနေကြ၏..။

ဒီမြင်ကွင်းက လူတိုင်းကို အံ့ဩသင့်စေသည်..။

ကျန်းချီ မြို့တော်အထက်က ကောင်းကင်မြစ်တွေကို မြင်ပြီး ကြောင်အသွားခဲ့သည်..။

ဖြစ်နိုင်တာက တာအိုဘိုးဘေးက တကယ်ပဲ နတ်ဘုရား လား...

ကျန်းချန်ရှန်းက မယုံနိုင်စရာတွေ လုပ်ပြခဲ့ပေမယ့် သူတို့က အရမ်းရင်းနှီးတာကြောင့် ကျန်းချန်ရှန်းကို အဆင့်မြင့် သိုင်းပညာရှင်ဟုသာ ထင်ခဲ့၏.. ။သို့ပေမယ့် အခု အနေအထားအရ သူက ကျိန်းသေ သိုင်းပညာရှင်မဟုတ်ပေ..။

သူက အင်မော်တယ် တစ်ယောက်သာ ဖြစ်နိုင်တော့၏..။

All Chapters