← Chapters

ကမ္ဘာကြီး၏ ရေများက်ို စုစည်းခြင်း ၊ ပင်လယ်အား သယ်ဆောင်ခြင်း

Vol. 15 Ch. 222

ကမ္ဘာကြီး၏ ရေများက်ို စုစည်းခြင်း ၊ ပင်လယ်အား သယ်ဆောင်ခြင်း

Vol. 15 Ch. 222

ကျယ်ပြန့်သည့် ပင်လယ်ရေများသည် တံတားကြီးတွေလို လေပေါ်ကို မြောက်တက်နေကြသည်..။ဒါက ပေတစ်ထောင် ဝန်းကျင်ခန့် ကျယ်ပြန့်သည့် ကောင်းကင်မြစ်ကြီးများနှင့်ပင်တူ၏..။

မြို့သားတွေ ၊ အဖြူရောင် ဝတ်ရုံတော်တွေ ၊ သိုင်းပရှင်တွေ ၊ စစ်သည်တွေနှင့် စီပွားရေးကုန်သည်များဟာ ဒါကိုမြင်ပြီး အံ့ဩသင့်နေခဲ့ကြသည်..။

ကျန်းချန်ရှန်းလက်ကို မြှောက်ထားပြီး ပင်လယ်ရေများက သူ့လက်ထဲတွင် လာရောက် ဖွဲ့စည်းနေကြသည်..။ထပ်ပြောရရင် ရေတစ်စက်တောင်မှ အောက်ကို ပြုတ်မကျခဲ့ပေ..။

"ဒါက ကျိန်းသေ အင်မော်တယ် နည်းစနစ်ပဲ..။ဘယ်သိုင်းပညာရှငိကမှ လုပ်နိုင်မှာမဟုတ်ဘူး.."

"တာအိုဘိုးဘေးက ဘာလုပ်ချင်နေတာလဲ.."

"ရေတွေကို ကြည့်လိုက်ဦး..။တာအိုဘိုးဘေးမရှိရင် စီ စီရင်စုက ရေကြီးပြီး သေနေကြလောက်ပြီ.."

ရေနဂါး၏ ဦးခေါင်းများဟာ ဥာဏ်ရည် မရှိကြသေးတာကြောင့် ရီယွမ်၏ တိုကိခိုက်မူများကို မတုန့်ပြန်ခဲ့ပေ..။သို့ပေမယ့် ဒါကြောင့်ပဲ ရီယွမ်က အရှက်ခွဲခံရသလို ဖြစ်နေခဲ့၏..။

သူ က နည်းစနစ် အကုန်သုံးပြီး တိုက်ခိုက်ပေမယ့် သူ့ရဲ့ အကာအကွယ်ကို မဖျက်ဆီးနိုင်ခဲ့ပေ..။

သူ ရွေးချယ်စရာ မရှိပဲ တာအိုဘိုးဘေးကိူသာ ကြည့်လိုက်မိ၏..။

ကျန်းချန်ရှန်းက လတ်တလော အလုပ်ရှုပ်နေတာကြောင့် ရေနဂါးဦးခေါင်းတွေကို ဂရုမစိုက်နိုင်သေးပေ..။သူ နဂါးဦးခေါင်းတွေရဲ့ ခွန်အားကို တွက်ချက်ကြည့်ပေမယ့် တွက်ချက်ကြည့်လို့မရပေ..။သူတို့က အသက်မဲ့နေကြတုန်းဖြစ်၏..။

တကယ်လို့ သူတို့က လုံလောက်တဲ့ သိုင်းပညာ စိတ်ဝိဥာဥ် စွမ်းအင်တွေကို စုပ်ယူနိုင်ရင် အသက်ပြန်ဝင်လာနိုင်ကြသည်..။

မိနစ် စက္ကန့်များ ကုန်လွန်နေ၏..။

လက်ရှိအချိန်တွင် ရေလှိုင်းများက ကျန်းချန်ရှန်း လက်ထဲကို လျင်မြန်သည့် အရှိန်ဖြင့် ဝင်ရောက်နေကြသည်..။

တစ်ခြား နဂါးခေါင်းရှစ်ခုကလည်း တိုက်ကြီးအတွင်းက အင်ပါယာတွေကို ထိပ်လန့်စေကြ၏..။သူ၏ စိတ်ဝိဥာဥ်စုပ်ယူမူ နှုန်းက ကြောက်ဖို့ကောင်းလှသည်..။

ဘယ်သူမှ ဒီလို သားရဲမျိုးကို မမြင်ဖူးကြပေ..။

ကျနချန်ရှန်း နတ်ဘုရားစွမ်းအင် အသုံးပြုရာတွင်သာ အာရုံစိုက်ထားခဲ့သည်..။

ပိုင်ချီနဲ့ ကျန်တဲ့လူတွေဟာ လုံချီတောင်ပေါ်ကနေပြီး ကျန်းချန်ရှန်းကို ကြည့်နေကြ၏..။

"အရင်တုန်းက တောင်တွေကို ရွေ့လျားစေတယ် အခု

တော့ ပင်လယ်တွေကို ရွေ့လျားစေနေပြီ.."

ပိုင်ချီ သက်ပြင်းချလိုက်သည်။

ကျန်းဂျီယန် ," ကျွန်တော်ကတော့ ပင်လယ်တွေကို လက်ထဲမှာ ထည့်ထားတာနဲ့ တူနေတယ်လို့ ထင်တာပဲ.."

သူဘယ်ကိုသွားသွား..ဘယ်လိုပညာရှင်နဲ့တွေ့တွေ့ သူ့ါဘိုးက အစွမ်းထက်ဆုံးဖြစ်သည်..။

ဓားနတ်ဘုရားသည် ရီယွမ်စိတ်ဓာတ်ကျပြီး ပြန်လာတာကို တွေ့လိုက်၏..။

"ထားလိုက်တော့..ဒီနတ်ဆိုးကို တာအိုဘ်ိုးဘေးနဲ့ပဲ လွှဲထားလိုက်.."

ရီယွမ်ခေါင်းညိမ့်လိုက်သညါ..။ဒီ ရေနဂါးဦးခေါင်းတွေကို တိုကိခိုက်ရခြင်းက အင်အားဖြုန်းတီးနေခြင်းနှင်သာ တူ၏..။

အချိန်တွေ ကုန်လွန်သွားခဲ့သည်..။

ကောင်းကင်မြစ်တွေ ပိုပိုပြီး ဖွဲ့စည်းလာခဲ့ပြီး ကောင်းကင်နှင့် နေကိုပါ..ဖုံးကွယ်သွားခဲ့သည်..။ဒါက မြို့တော်အပေါ်မှာ အရိပ်ကြီးဖြစ်လာစေ၏..။

တစ်ခြား အင်ပါယာ တွေ..ပင်လယ်ခြား အင်အားစုတွေဟာ..ဒီမြင်ကွင်းကို မှတ်တမ်းတင်နေကြသည်..။သူတို့က တာအိုဘိုးဘေး၏ ခွန်အားကို မြင်တွေ့နေရ၏..။

ကမ္ဘာကြီး၏ ကောင်းကင်မြစ် ၇၃ ခု ပေါင်းစည်းသွားသည့်အချိန်တွင် ကောင်းကင်နှင့် နေ တို့ကို ဖုံးကွယ်သွားခဲ့သည်..။ကျန်းချန်ရှန်း လက်ထဲက ရေဘောလုံးကြီးဟာလည်း အမြင်အာရုံနှင့် မဆန့်လောက်အောင်ပင် ရောက်နေခဲ့၏..။

"ဒါက ခွန်အား အတော်ကုန်တာပဲ.."

ကံကောင်းချင်တော့ ရေလှိုင်းတွေက သူ့ဆီကို တည်ငြိမ်စွာ စီးဆင်းနေပြီး ဘာပြသနာ မှ မဖြစ်ခဲ့ပေ..။

သူ ကောင်းကင်ကို ကြည့်လိုက်သည်..။

ရေနဂါး၏ ဦးခေါင်းဟာ အနောက်ဘက်ကို ပျံသန်းပြီး တကျန်းမှ ထွက်ခွာသွားခဲ့၏..။

ကျန်းချန်ရှန်းသည့် အကန့်သတ်မဲ့ မျက်လုံးကို အသုံးပြုပြီး အနောက်ဘက်ကို လှမ်းကြည့်လိုက်သည်..။

ရေနဂါးတွေ ရဲ့ ခန္တာကိုယ်တွေဟာလည်း အနောက်အရပ်မှာ စုစည်းလာခဲ့ကြ၏..။သူတို့တွေက အတူတူတွေပဲလား.။

ကျနိးချန်ရှန် မျက်မှောင်ကျုတ်လိုက်သည်..။ဒီနဂါးတွေကို တားဆီးဖို့ သူ့မှာ အချိန်မရှိသေးပေ..။သူက တကျန်းကို ကာကွယ်ရဦးမည်ဖြစ်၏..။

mission, it was still strenuous.Yôur favorite 𝒏ovels at n/𝒐(v)el/bin(.)com

သူအောက်ကို ကြည့်လိုက်သည်..။မြေအောက်က ပင်လယ်ရေတွေက တစ်ဝကိကျော်ကျော်လောက် လျော့လာပြီဖြစ်၏..။ကမ္ဘာ​ဖျက်ဆီးခြင်းသစ်ပင်က တိုက်ကြီးတစ်ခုလုံးကို အောင်မြင်စွာ ထမ်းပေးထားခဲ့သည်..။

ကောင်းကင်ရှစ်ခုနယ်ပယ် ပညာရှင်တောင် တိုက်ကြီးကို ထမ်းထားဖို့ဆိုတာ မလွယ်ကူပေ..။

ဂျီဝူဂျန်ကတော့ ကောင်းကင်ဖျက်ဆီးခြင်းသစ်ပင်ကို ရေတိုက်းစားမူကနေ ကာကွယ်ထေား၏ .။သူ သစ်ပင်ကို လေးစားနေမိပြီဖြစ်သည်..။ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်၏ တိုက်ကြီးကို ထောက်ကန်ထားနိုင်သည့် အင်အားက လေးစားဖို့ကောင်းလှ၏..။

"ကမ္ဘာကြီးကို ကယ်တင်လိုက်ပြန်ပြီ..။ကံတရား သိုင်းအင်ပါယာက တာအိုဘိုးဘေးမဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ.."

ဂျီဝူဂျန်တထတ်တဆိတ်တွေးနေခဲ့သည်..။

နာရီအတော်ကြာပြီး နောက်မှာတော့ မြေအောက်က ပင်လယ်ရေတွေဟာ လုံးဝ ခမ်းခြောက်သွား၏..။

သို့ပေမယ့် ကောင်းကင်မြစ်တွေက ကျန်းချန်ရှန်းဆီ ရောက်ဖို့တော့ အချန်လိုအပ်သေးသည်..။မကြာခင်မှာပဲ နေဝင်သွားပြီး လထွက်လာကာ ညရောက်လာခဲ့၏..။

ဒီညတော့ စီ စီရင်စုမှ မြို့သားများ အိပ်​ပျော်ကြမည် မဟုတ်ပေ..။သူတို့က ကောင်းကင်မြစ်တွေ ပြုတ်ကျလာမည်ကိုသာ ကြောက်လန့်တကြား ကြည့်နေကြ၏..။

ကျန်းချီ အခြေအနေ ကို စုံစမ်းကြည့်သည့် အချိန်တွင် ဒီကောင်းကင်ဖြစ်တွေက တကျန်းတစ်ခုသာ မဟုတ်ပဲ..တစ်ခြားအင်ပါယာများမှာပါ ဖြစ်နေခဲ့သည်..။

တာအ်ိိုဘိူးဘေးက တကျန်းတင်မဟုတ်ပဲ တိုက်ကြီးတစ်ခုလုံးကို ကယ်တင်ခဲ့ခြင်းဖြစ်၏..။

"ကမ္ဘာပေါ်က လူတိုင်းက သင့်ကို အကြွေးတင်သွားပြီ ဆိုမှတော့ ဒီကြင်နာမူက မျက်ကွယ်ပြုလို့မရဘူး.."

ကျန်းချီ စုတ်တံကို ယူပြီး ကမ္ဘာကြီးကို ကြေညာဖို့ အမိန့်စာရေးလိုက်သည်..။သူက တကျန်းပြည်သူတွေတင်မကပဲ တိုက်ကြီးတစ်ခုလုံးကို တာအိုဘိုးဘေး၏ ကြင်နာမူကို သိစေမည်ဖြစ်၏..။

ညဘက်မှာတော့ လူတိုင်း အိပ်ရ ခက်နေခဲ့သည်..။

သူတို့က ကြီးမားသည့် ရေလုံးကြီးကို ကောင်းကင်မှာမြင်နေကြရ၏..။ဒီရေလုံးကြီးက မြို့တစ်ဝက်လောက်နဲ့ တောင်ကုန်းတွေကို ဖုံးကွယ်ထားသည်..။

မြို့ပေါ်မှာတော့ ကျန်းချန်ရှန်း မျက်မှောင်ကျူတ်လိုက်၏..။

ဒီ ရေလုံးကြီးက စီစီရင်စုထက်ပင်ကြီးလာခဲ့ပြီး တိမ်တွေပေါ်ကိုတောင် ရောက်တော့မည်..။သူက လွတ်လပ်သော သမုဒ္ဒရာထောက်ပံ့မူကို အသုံးပြူနေတုန်းဆိုရင်တောင် လေးလံမူကို ခံစားနေရတုန်းဖြစ်၏..။

ကောင်းကင်မြစ်တွေ ရေလုံးကြီးထဲကို အကုန်စီးဝင်တော့မည်ဆိုတာကို သူသိနေသည်..။အချိန်ကျလာရင် သူက နဂါးသွေးကြောတိုက်ကြီးကနေ ထွက်ခွာပြီး နတ်ဆိုးတွေရဲ့ ကျွန်းကို သွားပို့ပေးမည်ဖြစ်၏..။

ကျန်းချန်ရှန်း အနောက်ဘက်ကို ကြည့်လိုက်သည်..။ရေနဂါး ခေါင်းကိုးလုံးက ခန္တာကိူယ်နဲ့ ဆက်မိသွားပြီဖြစ်၏..။သူက စပါးအုန်းမြွေ ခန္တာကိုယ်နှင့် ခေါင်းကိုးလုံး ရေနဂါးဖြစ်သည်..။သူက အနက်ရောင်နှင့် အနီရောင် ကြေးခွံများရှိပြီး ကြီးမားသည့် တောင်ပံကြီးတစ်စုံလည်း ရှိ၏..။ကောင်းကင်နှင့်မြေပြင်မှ စိတ်ဝိဥာဥ်စွမ်းအင်တွေက သူ့ ခန္တာကိုယ်ထဲကို စီးဝင်နေကြသည်..။

ကြည့်ရတာတော့ သူ ပြန်လည်ရှင်သန်လာရန် အချိန်ကြာဦးမည်ဖြစ်၏..။

ကျန်းချန်ရှန်း အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လက်ကျန်ရေတွေကိုသာ အာရုံစိုက်နေခဲ့၏..။

နေ့လည်အချိန်မှာတော့ ကောင်းကင်မြစ်တွေ

အကုန် ရေဘောလုံးထဲရောက်သွားပြီး ဘာမှ ထပ်မရှိတော့ပေ..။

ကျန်းချန်ရှန်း ဒီရေဘောလုံးကြီးနဲ့အတူပဲ တောင်ဘက်ကို အလျင်အမြန်ထွက်ခွာသွား၏..။နတ်ဆိုးသားရဲ အများစုက တောင်ဘက်တွင်ရှိကြသည်..။ဒီရေတွေက နတ်ဆိုးသားရဲတွေ အများကြီးကို သေစေနိုင်ရန်လုံလောက်သည်..။

ကျန်းချီ စာကြည့်ခန်းပြတင်းပေါက်ကနေ ကျန်းချန်ရှန်း ရဲ့ နောက်​ကျောကိုကြည့်နေခဲ့သည်..။သူ ကျန်းချန်ရှန်းရဲ့ ပုံရိပ်ကို မမြင်ရတော့ပေမယ့် ရေလုံးကြီးကိူတော့ မြင်နေရဆဲဖြစ်၏..။

ဘယ်တောင်တန်းကမှ ဒီရေလုံးကြီးလောက် မကြီးနိုင်ပေ..။

"အဖေ..တာအိုဘိုးဘေးက အံ့ဩစရာပဲ..။သူက အင်မော်တယ်လား.."

လူငယ်လေးတစ်ယောက်သည် ကျန်းချီဘေးနားတွင် စိတ်လှုပ်ရှားစွာ ရပ်နေခဲ့သည်..။

သူ့နာမည်က ကျန်းချင် ဖြစ်၏..။သူက ဧကရာဇ်ရွှန်းထျန်း၏ လူသားဘုရင် အမွေအနှစ်ကို ရထားခဲ့သည်..။သူက သန်မာ၏..။သူက ငယ်ရွယ်သေးပေမယ့် သူ၏ အော်ရာက အတော်လေး ဖိနိပ်နိုင်စွမ်း နေခဲ့သည်..။

"အင်း သူက အင်မော်တယ်ပဲ..။အင်မော်တယ် တစ်ယောက်က တကျန်းကို ကာကွယ်နေတာ..။သူက ကျန်းမိသားစုရဲ့ အရေးကြီးဆုံး အကြီးအကဲပဲ.."

ကျန်းချီတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်..။သူ့အကြည့်တွေကတော့ ရှုပ်ထွေးနေ၏..။

ကျန်းချင် စိတ်လှုပ်ရှားသွားပြီး...

"ဒါပြီးသွားရင် သားကို သူနဲ့တွေ့ဖို့ ခေါ်သွားပေးလို့ မရလား..။သူ့ သူ့ကို ဆရာအဖြစ် အသိမှတ်ပြုချင်လို့.."

All Chapters