စကြာဝဠာ လက်သီး ၊ ခေါင်းကိုးလုံးရေနဂါး သူတော်စင်
Vol. 15 Ch. 223
"တွေးတောင် မတွေးမိစေနဲ့..။သူက ဘယ်သူ့ရဲ့ မာစတာ လဲ ဆိုတာကို မေ့သွားပြီလား.."
ကျန်းချီ အေးစက်သွာ ပြောလိုက်၏..။သူ ရုတ်တရက် ဧကရာဇ် ရွှန်းထျန်း သူ့ကို ဘယ်လို မြင်လဲ ဆိုတာကို နားလည်သွားခဲ့သည်..။
ကျန်းချန်ရှန်းက သူ့ရဲ့ ဘ်ိုးဘေး ဆိုတာသိပြီးနောက်မှာတော့..သူ့ရဲ့ အမြင်တွေဟာ ပြောင်းလဲသွားခဲ့၏..။
ကျန်းချင် ခေါင်းကိုကုတ်ကာ ပြုံးလိုက်ပြီး.
"ဟုတ်သားပဲ..သားက မေ့သွားတာ..။ဒါပေမဲ့ တစ်ကွက်နှစ်ကွက် လောက် သင်ယူတာက ပြသနာ မရှိဘူးမလား.."
တာအိုဘိုးဘေး ရေဘောလုံးကြီးနှင့် ထွက်သွားသည့် ပုံစံက သူ့ရဲ့ နှလုံးသားထဲမှာ ကျန်ရစ် နေဆဲဖြစ်၏..။
ကျန်းချီ သူ့ဘက်လှည့်လိုက်ပြီး..
"အချိန်ကျလာရင် ကြည့်ကြတာပေါ့..။တာအိုဘိုးဘေးက မင်းကို ချစ်ခင်မလား ကြည့်ရတာပေါ့.."
ကျန်းချင် အတွေးနက်နေခဲ့သည်..။
တစ်ဖက်တွင်တော့..။
ကျန်းချန်ရှန်း ထျန်ဟိုင်ဘက်ကို ပျံသန်းနေခဲ့၏..။ကြီးမားသည့် ရေဘောလုံးကြီးက ဆက်တိုက်ရွေ့လျားနေခဲ့သည်..။
ဒါက မြင်ရသူ အပေါင်းကို မယုံကြည်နိုင်ဖြစ်စေ၏..။
"ဒါက ဘာလဲ.."
"အဲမှာ တစ်ယောက်ယောက် ရှိနေတာလား.."
"ဒီလောက် ရေတွေ အများကြီးကို ဘယ်လိုလုပ် အစစ်အမှန်ချီနဲ့ ထိန်းချုပ်နိုင်မှာလဲ.."
"ဒါက တာအိုဘိုးဘေးဖြစ်နေမလား.."
"အမှန်ပဲ..တကျန်းက တာအိုဘ်ိုးဘေးကပဲ ဒီလိုအရာမျိုးကို လုပ်နိုင်မှာ..။ဒါက တကယ်ကို မယုံနိုင်စရာပဲ..။ဒါကသိုင်းပညာနဲ့ လုပ်နိုင်တဲ့ အရာမဟုတ်ဘူး.."
ကျန်းချန်ရှန်း လမ်းတစ်လျောက်လုံးက အကြည့်တွေကို အာရုံ မစိုက်ခဲ့ပေ..။
မကြာခင်မှာပဲ သူက နတ်ဆိုးအော်ရာ တွေစုဝေးနေတဲ့ နေရာကို တွေ့လိုက်ရ၏..။ဒီနားက မီတာ တစ်သိန်းဝန်းကျင်မှာ လူသားတွေကို မတွေ့ရပေ..။
ကျန်းချန်ရှန်း အရှိန်မြင့်တက်လိုက်၏..။
သူ ထျန်ဟိုင်ကို ကျော်ပြီး တောင်ဘက်ပင်လယ်ကို ဦးတည်နေခဲ့သည်..။အတော်ကြာပျံသန်းပြီး နောက်တွင် သူ ရပ်လိုက်သည်..။
သူ့ရှေ့က ပင်လယ်တစ်ခုလုံး နက်မှောင်နေခဲ့သည်..။နတ်ဆိုးသားရဲမျိုးစုံက ကျွန်းကြီး တစ်ခုလုံးကို နေရာယူထားကြ၏..။ကျန်ချန်ရှန်း သူတို့ကို သေချာမြင်နေရသည်..။
ဒီမှာ နတ်ဆိုးသားရဲတွေ အများကြီး ရှိနေခဲြူည်..။
ကျန်းချန်ရှန်း လက်ကို ဝေ့ယမ်းပြီး အရမ်းကိုကြီးမားသည့် ရေဘောလုံးကြီးကို အပေါ်ကနေ ပစ်ချလိုက်သည်..။ရေတွေဟာ ကျွန်းကို ထိသွားတာနဲ့ အရာအားလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့၏..။ယင်းနောက် သူ ပြန်လှည့်ထွက်လာခဲ့သည်..။
နတ်ဆိုးသားရဲများ၏ အော်သံများကို ကောင်းကံတစ်ခုလုံးကို ပျံ့နှံ့ပြီး ထွက်ပေါ်လာခဲ့သည်..။
ကျန်းချန်ရှန်း နေရာကနေ ပျောက်ကွယ်သွား၏..။
နဂါးသွေးကြော တိုက်ကြီးကိုရောက်တာနဲ့ ကျန်းချန်ရှန်း မြေအောက်နေရာလွတ်ကို သွားခဲ့သည်..။
သူ ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်ကိုကြည့်လိုက်သည်..။ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်က သူ့ရဲ့ အကိုင်းအခက်တွေ အမြစ်တွေနဲ့ တိုက်ကြီးကို ထောက်ကန်ပေးထား၏..။
ကျန်းချန်ရှန်း ရောက်လာတာကို မြင်ပြီး ဂျီဝူဂျန် အနားကို ရောက်လာခဲ့သည်..။
ကျန်းချန်ရှန်း ," ဘယ်လိုဖြစ်ပြီး ဒီမှာနေနေတာလဲ.."
ဂျီဝူဂျန် ပြန်ဖြေလိုက်သည်..။
"သူ မဟုတ်တာတွေ လျောက်လုပ်မှာစိူးလို့.."
"ငါ ဒီလောက်ကြိုးစားနေတာတောင် မယုံကြည်ဘူးလား..။လူသားတွေက ရယ်စရာပဲ.."
ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်သည် စကားနာ ထိုးလိုက်သည်..။ဂျီဝူဂျန်ရဲ့ မျက်နှာ အေးစက်သွားပေမယ့် ဘာမှ မပြောခဲ့ပေ..။သူမက နတ်ဆိုးတွေကို မုန်းပေမယ့် အကြောင်းကျိုး ဆီလျော်သူဖြစ်၏..။
ကျန်းချန်ရှန်း ," မင်းဒါကို တောင့်ခံနိုင်ရဲ့လား.."
ကမ္ဘာဖျက်ဆီးခြင်းသစ်ပင် ပြောလိုက်သည်..။
"အင်း..ဒါပေမဲ့ အတော်အားထည့်ရတယ်.."
ကျန်းချန်ရှန်း ," ဒါပေမဲ့ နဂါးသွေးကြောတိုက်ကြီးရဲ့ ကံတရားတွေ ယိုစိမ့်နေတာကို ခံစားမိတယ်မလား.."
ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်သည် ပြုံးလိုက်ပြီး..
"အမှန်ပဲ..ဒါဆိုလည်း ယဥ်ကျေးမနေတော့ဘူး.."
"အင်း..ဒါပေမဲ့ အများကြီး မစုပ်ယူလိုက်နဲ့ဦ..။အပေါ်က လူသားသိုင်းပညာရှင်တွေရဲ့ ကျင့်ကြံမူကို သက်ရောက်စေလို့မဖြစ်ဘူး.."
"နားလည်ပါပြီ.."
ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ပြန်ပြောလိုက်သည်..။သူ၏ စိတ်ဝိဥာဥ်တစ်ဝက်က ကျန်းချန်ရှန်း ဆီမှာ ရှိတာကြောငိ့ သူ သဘောမတူလို့မရပေ..။
ယင်းနောက် ကျန်းချန်ရှန်း လက်ဝေ့ယမ်းပြီး ဂျီဝူဂျန် နဲ့ အတူ ပြန်သွားခဲ့သည်..။သူက ဒြပ်စင်ငါးခု ရွေ့လျားခြင်း နည်းနစ်ကို သုံးပြီး လုံချီကျောင်းဝန်းကို သွားခဲ့၏..။
ဂျီဝူဂျန် မြေကြီးပေါ်ကျသည့်အချိန်မှာ အံ့ဩသင့်နေခဲ့သည်..။
အရမ်းမြန်တာပဲ..
သူမ ကျန်းချန်ရှန်းကို ကြည့်လိုက်သည်..။သို့ပေမယ့် ကျန်းချန်ရှန်းကတော့ အခန်းထဲရောက်နေပြီဖြစ်၏..။
"နဂါးသွေးကြောတိုက်ကြီးရဲ့ အန္တရာယ်ကိုဖြေရှင်းပြီးပြီ..။ငါ အနားယူဖို့ လိုအပ်တယ်.."
အားလုံးဟာ ကျန်းချန်ရှန်းကို လေးစားစွာကြည့်လိုက်ကြသည်..။သူတို့က ကျန်းချန်ရှန်း ပင်လယ်ကြီးကို သယ်ယူသွားသည်ကို ဆွေးနွေးနေကြ၏..။
အခန်းထဲမှာတော့ ကျန်းချန်ရှန်း အချက်ပေးမူ နှစ်ခုကိုကြည့်ပြီး ပြုံးလိုက်သည်..။
"တိုင်ဟီခေတ် တတ်ိယနှစ်တွင်နဂါးသွေးကြော ချိတ်ပိတ်မူမှ နတ်ဆိုးသူတော်စင် လွတ်မြောက်သွားခဲ့သည်..။ကံကောင်းချင်တော့ သင်က တိုက်ကြီးကို အချိန်မှီကယ်တင်နိုင်ခဲ့၏..။ကံဆိုးမှ ရှင်သန်မူ ဆုလာဒ် - ရွှေရောင် သလင်းကျောက် သစ်ရွက် ×9 "
[ တိုင်ဟီခေတ် ၃ နှစ်မြောက် တွင် နတ်ဆိုးသူတော်စဥ်မှ ရေကြီးမူများ ဆောင်ယူလာခဲ့သည် .။သင်က နဂါးသွေးကြောတိုက်ကြီးကို အချိန်မှီကယ်တင်နိုင်ခဲ့၏..။ရှင်သန်မူ ဆုလာဒ် - နတ်ဘုရား စွမ်းအင် ၊ စကြဝဠာ လက်သီး ]
စကြဝဠာ လက်သီးလား..
ကျန်းချန်ရှန်း ဒီအရာတွေကို အရင်မလေ့လာပဲ..သူ့ရဲ့ စိတ်ဝိဥာဥ် စွမ်းအင်တွေကို ဖြည့်တင်းဖို့ လုပ်လိုက်၏..။ဒီတစ်ကြိမ် သူ၏ စွမ်းအင်တွေ အတော်ကုန်ခမ်းသွားခဲ့သည်..။
သူ စိတ်ဝိဥာဏ် စွမ်းအင်တွေကို စုပ်ယူနေရင်း အနောက်ဘက်ကို ကြည့်လိုက်၏..။သို့ပေမယ့် အကန့်သတ်မဲ့ မျက်လုံးဖြင့်တောင် အစောက နတိဆိုးကို အတွေ့ရတော့ပေ..။
ဟင်..
ဘယ်ရောက်သွားတာလဲ...
သူ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပေမယ့် ရေနဂါး သူတော်စဥ်ကို မတွေ့ခဲ့ရပေ..။
ထားလိုက်တော့...သူ့ကို ဂရုမစိူက်နိုင်သေးဘူး....
အခုချိန်က သူ့စွမ်းအင်များဖြည့်တင်းရန်သာ အရေးကြီးဆုံးဖြစ်၏..။
"ခေါင်းကိုးလုံး ရေနဂါး သူတော်စင်က အသက်ရှင်တုန်းက ဘယ်လောက်သန်မာလဲ..."
[ အမှန် ၁၀၀၀၀၀၀၀၀ လိုအပ်ပါသည်..။ရှေ့ဆက်ချင်ပါသလား ]
အိုးမိုင်ဂေါ့...
အမှတ် သန်း ၁၀၀
ကျန်းချန်ရှန်း နေ့တိုင်းလေ့ကျင့်တာတောင် သူ့အမှတိက သန်း ၇၀ သာရှိနေသေးသည်..။
ကံကောင်းချင်တော့ ဒီငနဲက သေနေပြီဖြစ်၏..။သူက အသက်ပြန်ရှင်သန် လာမယ် ဆိုရင်တောင် အချိန်လိုအပ်သေးသည်..။
ဒီအကြောင်းကို သူ ဂျီဝူဂျန် ကို မေးရမည်ဖြစ်၏..။
ကျန်းချန်ရှန်း မျက်လုံးမှိတ်ပြီး ကျင့်ကြံမူကို အာရုံစိုက်လိုက်သညါ..။
နှစ်ရက်ကြာပြီးနောက်မှာတော့ သူ စကြဝဠာ လက်သီးကို လေ့လာလိုက်၏..။
စကြဝဠာ လက်သီးက လေဟာနယ်ဥပဒေသ တွေ ပါဝင်နေခဲ့သည်..။သူက လေဟာနယ်နဲ့ အရာအားလုံးကို လက်ထဲကို စုပ်ယူနိုင်၏..။သူ့သာလုံလောက်အောင် သန်မာရင် ကမ္ဘာတစ်ခုလုံးကိူတောင် စုပ်ယူနိုင်မည်ဖြစ်သည်..။
ကောင်းတယ်...နတ်ဘုရားစွမ်းအင်..
.
ယင်းနောက် ကျန်းချန်ရှန်း သည် သူရရှိထားသည့် ရွှေရောင်သလင်းကျောက် သစ်ရွက်များကို ထုတ်ယူပြီး သန့်စင် လိုက်၏..။
နောက်တစ်ရက်တွင်..။
ကျန်းချန်ရှန်း အပြင်ကို ထွက်လာခဲ့သည်..။လူတိုင်းက သူ့ကို ကြည့်နေကြ၏..။
ကျန်းချန်ရှန်း ," မစ္စဂျီ ..နတ်ဆိုးသားရဲက ချိတ်ပိတ်မူကနေ လွတ်ပြီး ပြန်ရှင်သန်လာဖို့ ဘယ်လောက်ကြာမှာလဲ..."
ဒါကိုကြားပြီးသူမရဲ့ အမူအရာပြောင်းလဲသွားခဲသြည်..။
"ဒါက နတ်ဆိုးသူတော်စင် ဖြစ်နေနိုင်တယ်..။လွန်ခဲ့တဲ့ နှစ် ၅၀၀၀ တုန်းက နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးသူတော်စင်တွေက အတော်လေးကို အင်အားကြီးကြတယ်လေ..။တကယ်လို့ သူတို့ပြန်ရှင်သန်ချင်တယ် ဆိုရင် သူတို့ရဲ့ သိစိတ်ကို ဖန်တီးဖို့ အနည်းဆုံး ဆယ်နှစ်လောက်တော့ ကြာမှာပဲ..။ဒီအတော်အတွင်းမှာ သူက လုံခြုံအောင် ပုန်းအောင်းပြီး ခန္တာကိုယ်ထဲမှာ သိစိတ်ကို ဖန်တီးမှာ..။ဒါပြီးသွားတာနဲ့ သူက ပြန်ရှင်သန်လာနိုင်ပြီ.."
"ဆယ်နှစ်လား.."
ကံကောင်းချင်တော့ အခုချက်ချင်းမဟုတ်ပေ..။
ရီယွမ် ပြောလိုက်သည်..။
"လူသားတွေ နတ်ဆိုးတွေက သိုင်းပညာကို ကြိုးစားပြီးလေ့ကျင့်ကြတယ်..။သူတို့သေပြီးသွားရင် သူတို့ခန္တာကိုယ်မှာ အသိစိတ် အသစ်တွေ ဖြစ်ပေါ်လာတယ်လေ..။ဒီလို ပြန်ရှင်သန်မူတွေ များလာရင် သူတို့တွေက မျိုးနွယ်တစ်ခုဖြစ်လာပြီး ကမ္ဘာကြီးကို မခြယ်လှယ်နိုင်ဘူးလား.."
သူစကားက လူတိုင်းကို အတွေးနက်သွားစေ၏..။
ကျန်းချန်ရှန်း ," ဒါက ခန့်မှန်းမူပဲ..။နတ်ဆိုးသူတော်စဥ်နဲ့ လူသား သိုင်းအင်ပါယာ တွေက ကွာခြားတယ်လေ..။သူတို့က အတူတကွပေါင်းစည်းဖို့ဆိုတာ ခက်ခဲတယ်..။သူတို့မှာ ဦးနှောက်ရှိလာတာနဲ့ ကတောက်ကဆတွေ ဖြစ်လာမှာပဲ..။မျိုးနွယ် ဆိုတဲ့ စကားလုံးက အားနည်းတဲ့လူတွေ နွေးထွေးမူအတွက် စုစည်းထားကြတာ..။သန်မာတဲ့လူတွေက ဒီလို မလုပ်ကြဘူး.."
ဂျီဝူဂျန် ," အမှန်ပဲ...နတ်ဆိုးသူတော်စဥ်တွေကို နဂါးသွေးကြောနဲ့ ချ်တ်ပိတ်ထားတာ..။တကယ်လို့ ရေနဂါး သူတော်စင် က ပြန်ရှင်သန်နိုင်ရင် တစ်ခြား နတ်ဆိုး သူတော်စဥ်တွေလည်း ကျိန်းသေ ပြန်ရှင်သန်နိုင်ကြမှာပါ..။
ပိုင်ချီ တုန်ရီသွားခဲ့၏..။
ဟောင်ထျန်ဟာ ရုတ်တရက် ထအော်လိုက်သည်..။
"ကိစ္စမရှိဘူး..ငါက နတ်ဆိုးတွေကို စုစည်းပေးမယ်.."
ဘယ်သူမှ ဂရုမစိုက်ကြပေ..။ဒီငနဲက ပါရမီ ရှိပေမယ့် နတ်ဆိုး အင်ပါယာဖြစ်လာဖို့ဆိုတာ မလွယ်ပေ..။နတ်ဆိုးတွေဟာ..ကံကောင်းမူတွေရှိပေမယ့် နတ်ဆိုးအင်ပါယာဆိုပြီး ဘယ်တော့မှ မတည်ထောင်နိုင်ကြပေ..။နတ်ဆိုးမျိုးနွယ်၏ အသန်မာဆုံး နတ်ဆိုးတောင် နတ်ဆိုးတစ်ကောင်းခြင်းစီကို လိုက်ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူသည့် အရာဖြစ်၏..။
ဘယ်လိုလုပ် နတ်ဆိုးအင်ပါယာ တည်ထောင်ပြီး နတ်ဆိုးမျ်ိုးနွယ် အားလုံးကို ထိန်းချုပ်ဖို့ လွယ်ကူမှာလဲ..