← Chapters

အဆင့်မြင့်ခြင်း ၊ ကမ္ဘာကြီးအား အံ့ဩစေမူ

Vol. 15 Ch. 224

အဆင့်မြင့်ခြင်း ၊ ကမ္ဘာကြီးအား အံ့ဩစေမူ

Vol. 15 Ch. 224

ခေါင်းကိုးလုံး ရေနဂါးသူတော်စင် ပျောက်ဆုံးနေ၏..။သူတို့က ကမ္ဘာကြီးအတွက် စိုးရိမ်နေကြပေမယ့် ကြိုးစားပြီး လေ့ကျင့်နေကြသည်..။သူတို့ ပိုပြီး သန်မာလာတာနဲ့အမျှ ကပ်ဆိုးကို တောင့်ခံနိုင်မည်ဖြစ်၏..။

နောက်တစ်လမှာတော့ တာအိုဘိုးဘေး ပင်လယ်ကြီးကို သယ်သွားသည့် သတင်းက ပျံ့နှံ့သွားခဲ့သည်..။

ထင်ထားသလိုပဲ ကျန်းချန်ရှန်း၏ တန်ဖိုးက ထိုးတက်သွားခဲ့၏..။

ဒီတစ်ကြိမ်မှာတော့ နဂါးသွေးကြောတိုက်ကြီး၏ ၇၀ ရာခိုင်နှုန်းလောက်က တာအိုဘိုးဘေး ဆောက်ရွက်ခဲ့သည်များကို မြင်ကြရသည်..။အခုတော့ သူတို့က ဒဏ္ဍာရီ တွေကို ထပ်ပြီး သံသယမဖြစ်တော့ပေ..။

အချိန်တွေ ကုန်သွားခဲ့၏.။

တိုင်ဟီ ခေတ် ၄ နှစ်မြောက်..။

ဖေဖော်ဝါရီ လလယ်..။

[ လက်ရှိ အမှတမ : 698094998 ]

ဒါက သန်း ၇၀၀ နီးပါးတောင် ရှိနေပြီဖြစ်၏..။

ဒီနှုန်းနှင့်ဆိုလျင် သူ၏ အမှတ်က ငါးနှစ်အတွင်း တစ် ဘီလီယံကို ကျော်သွားနိုင်သည်..။

ကစားသမားတစ်ယောက်က အမှတ်တစ်ဘီလီယံကို ကျော်သွား ခဲ့လျင် အခန်းအသစ် ပေါ်လာမည်ဖြစ်၏..။

ဒီလိုဆိုရင်တော့ ကောင်းမွန်သည့် အရာများကို မျှောိလင့်နိုင်ပေမယ့်..။

ဖန်ထျန်းရဲ့ အင်ပါယာ ရောက်လာပါတယ်..။

ဧကရာဇ် အစစ်က သူ့ရဲ့ နာမည်အမှန်ကို ပြောရဲတယ်လား..။တကယ်ကို သတ္တိရှိတာပဲ..။

ကျန်းချန်ရှန်း တွေ့ဖို့ သဘောတူလိုက်သည်..။

တကျန်းနှင့် ဖန်ထျန်းက အမြဲတမ်း ရန်သူများ ဖြစ်ကြ၏..။သိုပေမယ့် ဒီနှစိတွေမှာ မတိုက်ခိုကိခြင်းက အတော်ဝေးကွာလွန်းလို့ ဖြစ်သည်..။

ရီယွမ် ၊ ဓားနတ်ဘုရား နဲ့ ကျန်းဂျီယန် တို့ဟာ ဘာအတွက်လာတာလဲ ဆိုတာ ဆွေးနွေးနေကြ၏..။

သူ အထဲကို ရောက်တာနဲ့ ကျန်းချန်ရှန်းကို ဂါဝရ ပြုလိုက်ပြီး..ကျွန်တော်က ဖန်ထျန်းအင်ပါယာ ရဲ့ လီယာပါ..။ကျွန်တော်က တာအိိုဘိုးဘေးဆီကို အလည်လာခဲ့တာပါ..။တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်.."

ကျန်းချန်ရှန်း ဘာမှ မပြောပဲ သူ့ကိုသာ ကြည့်နေခဲ့သည်..။

ကံကောင်းချင်တော့ ကျန်းဂျီယန်က ဝင်ပြောပေးခဲ့၏..။

"မင်းက အင်ပါယာ အသစ်လေးလား..။တကျန်း နဲ့ ဖန်ထျန်းရဲ့ ရန်ငြိုးကို မေ့နေတာတော့ မဟုတ်ပါဘူးနော်.."

လီယာ ပြုံးလိုက်ပြီး.

"အင်ပါဟာတွေ တိုက်ခိုက်ကြတာက ကံတရားအတွက် တိုက်ပွဲပဲလေ..။ဘယ်လိုလုပ် ရန်ငြိုးလို့ ပြောလို့ ရမှာလဲ..။ကျွန်တော် အခုလာခဲ့တာက အင်ပါယာတွေနဲ့ မဆိုင်ပါဘူး..။ကျွန်တော်က သိုင်းပညာလမ်းကြောင်းအသစ်ကို ဖန်တီးချင်လို့ တာအိုဘိုးဘေး လမ်းညွှန်ပေးမယ်လို့ မျှော်လင့်ပါတယ်..။တကယ်လို့ တာအ်ိိုဘိူးဘေး ဆန္ဒရှိမယ် ဆိုရင် ကျွန်တော်အောင်မြင်တဲ့ အခါ ကျင့်ကြံမူ လမ်းစဥ်ကိုတကျန်းအတွက် ချန်ထားပေးခဲ့ပါ့မယ်.."

ကျန်းချန်ရှန်း ," ခန္တာကိုယ်ရဲ့ အကန့်အသတ်တွေကို ကျော်လွန်အောင် လေ့ကျင့်တာကို သိုင်းပညာလို့ ခေါ်တာပဲ.."

လီယာ ကျန်းချန်ရှန်းကို ကြည့်လိုက်ပြီး..

"တာအိိုဘိုးဘေးပြောတာ မှန်ပါတယ် ။ဒါပေမဲ့ ခက်ခက်ခဲခဲ ကြိုးစားတာနဲ့တင် မလုံလောက်ဘူးလေ..။စွမ်းရည်တွေက ကံတရားလိုပဲ..။ကိုယ်ခံပညာရှငိတွေ အများကြီး ရဲ့ အနာဂတ်ကို ကန့်သတ်ထားတာ မဟုတ်ဘူးလား..။ကျွန်တော် ရဲ့လမ်းကြောင်းက ကိုယ်ခန္တာကြံ့ခိုင်မူ မကောင်းတဲ့လူတွေ အတွက် အင်ပါယာရဲ့ ကံတရားကို ငှားယူလ်ို့ ရနိုင်ကြလိမ့်မယ်..။ဘာပဲ ဖြစ်ဖြစ် အင်ပါယာရဲ့ ကံတရားက လူတိုင်းနဲ့ သက်ဆိုင်တာကြောင့် သူတို့ယူသုံးလို့ရတယ်လေ.."

ဒီစကားက လူတိုင်းကို အလင်းပွင့်သွားစေ၏..။

ဂျီဝူဂျန် ပြောလိုက်သည်..။

"အရင်တုန်းကလည်း မြင့်မြတ်သော အင်ပါယာရဲ့ ဝန်ကြီး တစ်ပါးက ဒီလို အကြံကို ​ပြောဖူးတယ်..။ဒီလမ်းကြောင်းက သန်မာတဲ့ သိုင်းပညာရှင်တွေကို သွားပြီး သက်ရောက်လိမ့်မယ်..။ဘာပဲဖြစ်ဖြစ် ဒီလမ်းကြောင်းက ကံတရား အပေါ်ပဲ မှီခိုထားတာလေ..။ဒီအရာကို လေ့ကျင့်ရင် ကံတရားကို အများကြီး ဆုပ်ကိုင်ထားတဲ့ သိုင်းပညာရှင် တွေက မကျေမနပ်ဖြစ်လိမ့်မယ်.."

လီယာ ပြောလိုက်သည် .။

"ပုံမှန်ဆိုရင်တော့ ဒီလမ်းကြောင်းက ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအတွက် မသင့်တော်ဘူးလေ..။ဒါပေမဲ့ နတ်ဆိုးကပ်ဘေးက ရောက်လာတော့မှာ..။အစေခံကနေ စပြီးတော့ ဗိုလ်ချုပ်တွေ..အမိန့်ပေးသူ တွေ အကုန်လုံး စစ်ပွဲမှာပါဝင်ကြရလိမ့်မယ်.။သူတို့မှာ တိုက်ခိုက်ဖို့ ခွန်အားရှိကြမယ်လို့ မျှော်လင့်တာပဲ..။ကျွန်တော်ရဲ့ လမ်းကြောင်းက သန်မာတာကို ပိုပြီးသန်မာလာစေတယ်လေ..။တကယ်လို့ ကျွန်တော်တို့ အနိုင်မယူနိုင်တဲ့ နတ်ဆိုးနဲ့တွေ့ခဲ့ရင် အရေအတွက်က အလကားပဲ..။တကယ်လို့ ဒီလမ်းကြောင်းကို ဖန်တီးလိုက်မယ် ဆိုရင် နောက်မျိုးဆက်အတွက် မျှော်လင့်ချက် ဖြစ်လာမှာ မဟုတ်ဘူးလား.။

ဂျီဝူဂျန် ရဲ့ မျက်လုံးထဲမှာ သဘောတူမူတစ်ချို့ပေါ်လာခဲ့သည်..။

ကျန်းချန်ရှန်းလည်း လီယာ၏ စကားထဲတွင် မှန်ကန်မူ တစ်ချို့ကိုမြင်နေရ၏..။

ဖြစ်နိုင်တာက သူက တစ်ကိုယ်ကောင်းဆန်ပေမယ့် လူသားမျိုးနွယ်အတွက်ပါ တွေးပေးနေသေးသည်..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"တန်ဂန် စီရင်စုကို သွားပြီး တာအိုဘိုးဘေး ဂိုဏ်းရဲ့ မာစတာ သူတော်စင် ချီကို သွားတွေ့ချည်..။သူ့ကို တွေ့တဲ့ အခါကျရင် လမ်းညွှန်မူတွေ ရလိမ့်မယ်.."

ဒါကို ကြားပြီး လီယာ အကူညီမဲ့စွာပြောလိုက်သည်..။

"ကျွန်တော် နောက်ခံပေါ်သွားမှာပေါ့.."

"မင်းရောက်လာတာကို လုံချီကျောင်းတော်ရဲ့ ဘုန်းတော်ကြီးကို ဖုံးကွယ်ခိုင်းထားမယ်.."

"ကျေးဇူးပါ တာအိုဘိုးဘေး..။ကျွန်တော် အောင်မြင်သွားရင် ကျင့်စဥ်ကို ထားထားခဲ့ပါ့မယ်.."

လီယာ စိတ်လှုပိရှားစွာ ပြောလိုက်၏..။သူတော်စင်ချီဆိုသည့် နာမည်က တကယ်ကို ပညာရှင်တစ်ယောက်နှင့် တူပေသည်..။

သူ ဂါဝရပြုပြီး အမြန်ထွက်သွား၏..။

ရီယွမ် ," သူက ယုံကြည်ရရဲ့လား..။သူ အောင်မြင်သွားရင် ဖန်ထျန်းက တကျန်းရဲ့ပြိုင်ဖက်ပြန်ဖြစ်လာမှာနော်.."

ကျန်းချန်ရှန်း ," အင်ပါယာတွေကြားထဲက ပြသနာထက် ကျော်ပြီးတွေးရမယ့်ဟာတွေ ဆိုတာရှိတယ်..။မဟုတ်ရင် လူသားမျိုးနွယ်တစ်ခုလုံး တိုးတက်ဖို့ဆိုတာ ခက်ခဲသွားလိမ့်မယ်.."

ကျန်းချန်ရှန်း ထပ်မပြောတော့ပဲ..ဆက်ပြီးသာ ကျင့်ကြံနေလိုက်သည်..။

တိမ်တိုက်တွေ ပြည့်နေသည့် အပြာရောင်ကောင်းကင်အောက်တွင်..။

အနက်ရောက် ဝတ်စုံကို ဝတ်ထားသည့် လင်းဟောက်ထျန်းသည် ကောင်းကင်မိုးကြိုးသိမ်းငှက်ပေါ်တွင် ထိုင်နေခဲ့သည်..။နှစ်တွေ အများကြီးကြာပြီးသည့် အချိန်တွင် သူ အတော်ရင့်ကျတ်လာခဲ့၏..။

"တကျန်းက ဘယ်လောက်ဝေးလဲ သိချင်မိတယ်..။ဒါပေမဲ့ အစောက တွေ့ခဲ့တဲ့လူတွေက ထျန်ဟိုင်ကို ကြားဖူးတယ်ဆိုတော့ အတော်နီးနေလောက်ပြီ.."

လင်းဟောက်ထျန်း မျှော်လင့်ချက်တွေနဲ့ ရေရွတ်နေခဲ့၏..။

သို့ပေမယ့် သူ ကြောက်လည်းကြောက်နေခဲ့သည်..။

တကျန်းတွင် သူ၏ စီနီယာက ဘယ်လိုအဆင့်အတန်းရှိနေလဲ သူမသိပေ..။

အဲ့အချိန်မှာပဲ ကောင်းကင်မိုးကြိုးသိမ်းငှက်ဟာ တစ်ခုခုကို အာရုံခံမိပြီး ရပ်တန့်လိုက်၏..။

လင်းဟောက်ထျန်း ချက်ချင်းထရပ်လိုက်သည်..။သူ ဓားကို ထုတ်ပြီး တိုက်ခိုက်ဖို့ အတွက် အသင့်ပြင်လိုက်၏..။

သူ တစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ပင်လယ်ပြင်ထဲကနေ ကြီးမားတဲ့ သားရဲကြီးထွက်ပေါ်လာခဲ့၏..။

“

"ဒါက.."

လင်းဟောက်ထျန်း ပါးစပ်အဟောင်းသားနဲ့ကြည့်နေခဲ့သည်..။

သူ့ရဲ့ ခန္တာကိုယ်တွေက တောင်တစ်တောင် လောက်အထိကို ကြီးမားနေခဲ့သည်..။

လမ်းတစ်လျောက်လုံး သူ သားရဲတွေ အများကြီးတွေ့ခဲ့ပေမယ့် ဒီလောက်တော့ မကြီးကြပေ..။

လင်းဟောက်ထျန်း နောက်ကို ပြန်ဆုတ်ခိုင်းလိုက်၏..။ဒီသားရဲကြီးက အသက်မဲ့နေတာကို သူ ခံစားမိသည်..။ဒါက သူ သေနေသည်ဟု ဆိုလိုခြင်းဖြစ်၏..။

ဒီလို သားရဲကြီးက သေသွားတာလား..

နောက်ထပ် ဘယ်သားရဲမှာ ပေါ်မလာကြသလို ဘယ်သားရဲမှလည်း ဒီအနားကို မကပ်ကြပေ...M။

လင်းဟောက်ထျန်း အံကိုကြိတ်လိုက်ပြီး..

"သွားကြည့်ကြရအောင်..။ဒါက အခွင့်အရေး ကြီးကြီး မားမားဖြစ်နေရင် ဘယ်လိုလုပ်မလဲ.."

သူက နတ်ဆိုးသွေး ရှိတာကြောင့် အင်အားကြီးသည့် နတ်ဆိုးတွေရဲ့အသွေးအသားတွေက သူ့က်ို သန်မာစေ၏..။ဒီအကောင်ကြီးက သေနေပြီဆိုပေမယ့် ပုပ်သိုးသည့်ပုံမပေါက်ပေ..။

ချောက်တစ်ခုတွင်..။အဖြူရောင် ဝတ်စုံနှင့်လူဟာ ငြိမ်သက်စွာ တရားထိုင်နေခဲ့၏..။

မျက်နှာဖုံးနှင်လူဟာ သူ့နောက်မှာ ပေါ်လာခဲ့သည်..။

"ဧရာမနတ်ဆိုး သူတော်စင် ခုနှစ်ယောက်က ချိတ်ပိတ်မူကနေ လွတ်မြောက်ပြီး ပင်လယ်ထဲမှာ အိပ်ပျော်နေကြပါပြီ..။ဒါပေမဲ့...."

“

"ဘာဖြစ်လဲ..."

"ဒီနောက်လိုက် ထူးဆန်းတာ တစ်ခုခုကြားခဲ့ရပါတယ်.."

“

"ပြော..!

အဖြူရောင် ဝတ်စုံတဲ့လူဟာ သိပ်ပြီးဂရုမစိုက်တာကြောင့် မျက်လုံးတောင် မဖွင့်ပေ..။

မျက်နှာဖုံးနှင့်လူဟာ ပြောလိုက်သည်..။

"နဂါးသွေးကြောရှိနေတဲ့ တိုက်ကြီးတွေအားလုံး ပျက်ဆီးပြီး ကပ်ဘေးတွေ ဆိုဒ်ကုန်ကြပါတယ်..။တစ်ချို့ တိုက်ကြီးတွေဆ်ို တစ်ခါတည်း နှစ်ပိုင်းပြတ်ကုန်ကြတာပါ.။ဒါပေမယ့် တစ်ခုတည်းသော တိုက်ကြီးကတော့ ကောင်းမွန်နေခဲ့ပါတယ်..။ဒါက တာအိုဘ်ိုးဘေး ဆိုတဲ့ အင်အားကြီး တစ်စုံတစ်ယောက်က ပေါ်ထွက်လာခဲ့လို့ပါ..။သူက နတ်ဆိုးစွမ်းအင်ကနေ ဖြစ်လာတဲ့ နတ်ဆိုး ပင်လယ်ကြီးကို လက်နဲ့ မ ထားခဲ့ပါတယ်..။ရလာဒ်အနေနဲ့ နဂါးသွေးကြောတိုက်ကြီး တစ်ခုလုံးက နတ်ဆိုးသူတော်စင်ရဲ့ ချိတ်ပိတ်မူ မာပျက်ပြယ်တာတောင် ဘာသက်ရောက်မူမှ မခံရပါဘူး.."

အဖြူရောင် ဝတ်စုံနဲ့လူဟာ မျက်မှောင်ကျုတ်လိုက်သည်..။

"ထျန်ဟိုင်ကလူတွေနဲ့ ကျွန်းတွေက လူတွေဟာ တာအိုဘိုးဘေး ပင်လယ်ရေတွေကို မပြီး တောင်ဘက် ပင်လယ်ကို သွားတာကို တွေ့ကြရပါတယ်..။သူပြန်လာတော့ တောင်ဘက်ပင်လယ်မှာ နတ်ဆိုးအလောင်းတွေ ပေါ်လာခဲ့တယ်..။အခုဆိုရင် တာအိုဘိုးဘေးရဲ့ နာမည်က သမုဒ္ဒရာတစ်ခွင်လုံး ပျံ့နှံ့နေပါပြီ..."

မျက်နှာဖုံးနဲ့လူဟာ ဒါကိုပြောပြီး တုန်ရီနေခဲ့သည်..။သူ့၏ စိတ်တွေ မတည်ငြိမ်နိုင်တော့တာထင်ရှား၏..။

အဖြူရောင် ဝတ်ရုံနှင့်လူဟာ မတ်တတ်ထရပ်လိုက်ပြီး..

"ပင်လယ်ကို မတာလား..။သူက တကယ်ပဲ နတ်ဆိုးပင်လယ်ကို မ နိုင်တာလား.."

All Chapters