ရွှေရောင်ကျီးကန်း၏ မွေးဖွားမူ ၊ နတ်ဆိုးသူတော်စင်အား စုပ်ယူခြင်း
Vol. 15 Ch. 225
"အမှန်ပဲ..လူတွေအများကြီးက မြင်ကြရတယ်..။ဒါက အတုအယောင် မဖြစ်နိုင်ဘူး..။သူကိုင်ထားတဲ့ ပင်လယ်က ကောင်ကင်တွေ နေတွေကိုတောင် ဖုန်းကွယ်ထားတယ်လို့ ပြောကြတယ်..။ဒါက တိုက်ကြီးတစ်တိုက်လောက်တောင်ကြီးတယ်တဲ့..။အခုချိန်မှာ ကမ္ဘာကြီးက တာအ်ိိုဘိုးဘေးကို အင်မော်တယ်လို့ ခေါ်နေကြပြီ.."
မျက်နှာဖုံးနှင်လူဟာ လေးစားသည့်အသံနှင့်ပြောလိုက်သည်..။
အဖြူရောင် ဝတ်စုံနှင့်လူဟာ သူ့ကိုကြည့်လိုက်ပြီး..
"ဒီလိုလူမျိုးက လူသားမျိုးနွယ်မှာ မွေးဖွားလာတာလား.."
မျက်နှာဖုံးနှင့်လူ ," သူက ရည်မှန်းချက်မရှိတာကြောင့် သိုင်းအင်ပါယာတော့ မဖြစ်နိုင်ပါဘူး..။သူက တာအိုကျောင်းတော် မှာပဲ နေပြီး တရားလေ့ကျင့်နေတာပါ.."
အဖြူရောင် ဝတ်စုံနှင့်လူ ," သူ့ကို ထောက်လှမ်းဖို့တစ်ယောက်ယောက်ကို ပို့လိုက်..။ငါ သူ့အကြောင်းအကုန်လုံး ကို သိချင်တယ်.."
“
"သိပါပြီ.."
မျက်နှာဖုံးနှင့်လူဟာ ဖြေပြီး ပြန်ထွက်သွားခဲ့၏..။
အဖြူရောင်ဝတ်စုံနှင့်လူသည့် လှည့်လာပြီး ကြည့်လိုက်သည်..။
"အရှင်..အင်မော်တယ်တစ်ယောက် ရောက်လာမယ်လို့ တွကိချက်ထားသေးလား..."
နွေရာသီနေ့ရက်တွင်..။
ကျန်းချီသည် သူ့သား ကျန်းချန်ကို ခေါ်လာပြီး နှစ်သစ်ကူးလာရောက် ဂါဝရပြု၏..။ကျန်းချင် သည် အင်ပါယာ ရွှန်းထျန်း၏ လူသားဘုရင် အမွေအနှစ်ကို ရရှိထားသည့် ကလေးဖြစ်သည်..။သူက သန်မာသော်လည်း ပျင်းရိသူဖြစ်၏..။သူက အချိန်အများစုကို မလေ့ကျင့်ပဲ ပျော်ရွှင်အောင်သာ နေတတ်သည်..။
သူက ကျန်းချန်ရှန်း ရှေ့မှာတော့ ကောင်းမွန်စွာနေထိုင်နေသော်လည်း..သူ့ပုံစံကို ဖောက်ထွင်းမြင်နေရသည်..။
ကျန်းချီ မေးလိုက်သည်..။
"တာအ်ိိုဘိုးဘေး..ဒီကလေးကို သိုင်းပညာသင်ကြားပေးလို့ ရနိုင်ပါ့မလား.."
ကျန်းချန်ရှန်း ," သူက လုံလောက်အောင် သန်မာနေပြီ..။သူ့ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူက ကျန်းတိုင်ဇောင်လို မဟုတ်ပဲ အမြဲတမ်းရှေ့မှာနေလိမ့်မယ်.."
ကျန်းချီဟာ အခုထိ ကျန်းချင်ကို အိမ်ရှေ့ရာထူးမပေးရသေးပေမယ့်..သူ ဒီကလေးကို သဘောကျနေတယ် ဆိုတာ လူတိုင်သိထား၏..။
တကျန်းမှာတော့..အကြီးဆုံး မင်းသား နှင့် အိမ်ရှေ့မင်းသားမှာ မတူညီသည့် ..ရာထူးနှစ်ခုဖြစ်သည်..။အကြီးဆုံးမင်းသားမှာ..မိဖုရားခေါင်ကြီး၏ သားတော်ကြီးဖြစ်ပြီး အိမ်ရှေ့မင်းသား မဟုတ်ပေ..။
ကျန်းချီဟာ သူ၏ သားတော်များကို ယှဥ်ပြိုင်ကြစေချင်၏..။ဒါက အခုထိ သူ၏ မျှော်မှန်းချက်နှင့် ကိုက်ညီသည့် မင်းသားကို မတွေ့သေးသောကြောင့်ဖြစ်သည်..။ကျန်းချင်တောင်မှ လိုအပ်နေသေး၏..။
ကျန်းချန်ရှန်း၏ စကားတွေကို ကြားပြီး ကျန်းချီ ခါးသက်စွာ ခေါင်းခါယမ်းလိုက်သည်..။
သူ သိပ်တော့မစိုးရိမ်ပေ..။သူ ထီးနန်းကို ..ရယူပြီးကတည်းက စီရင်စုသုံးခုမှ ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်တွေကို မြင့်တင်ပေးထား၏..။အကယ်၍ အနာဂတ်မှာ ရည်မှန်းချက်မရှိသည့် ဘုရင် တက်လာလျင်ပင် သူတို့က တိုက်ခိုက်ရန် တွန်းအားပေးန်ုင်မည်ဖြစ်သည်..။
ရီယွမ် စနောက်လိုက်၏..။
"ဒီကလေးက လှည့်စားမူတွေတော့ အများကြီးလုပ်တတ်တယ်နော်..ဒါပေမဲ့ သူက အနည်းဆုံးတော့ လူတွေကိုတော့ အကဲခတ်တတ်တယ် ..။မဆိုးပါဘူး.."
တစ်ခြားသူများ၏ အတွေးကလည်း အတူတူပင်ဖြစ်သာ်..။သူတို့အမြင်မှာတော့ တကျန်းမှာ ဥာဏ်ကောင်းသည့် အုပ်ချုပ်သူ မရှိလျငိတောင် ..ရက်စက်သည့် အုပ်ချုပ်သူ မဖြစ်ရင် အဆင်ပြေပြီဖြစ်သည်..။အခုတကျန်းက အင်အားကြီးနေပြီဖြစ်တာကြောင့် အင်ပါယာ ၏ ခွင့်ပြုချက်ပဲလိုအပ်သည့်အရာတွေ အများကြီး ဖြစ်နေပြီဖြစ်သည်..။အင်ပါယာက ဂရုတစိုက်လိုက်ပြီး တွေးခေါ်နေဖို့ မလိုအပ်ပေ..။
ကျန်းချန်ရှန်း လူတိုင်း ရယ်ရယ်မောမော ပြောနေကြတာကို မြင်ပြီးစိတ်ကြည်နေခဲ့သည်..။သူ အမှတ်တွေကို စစ်ဆေးကြည့်လိုက်၏..။
ဒါက သန်း ၈၀၀ ကိုကျော်လွန်နေပြီဖြစ်သည်..။
မြင့်တက်လာသည့် နှုန်းကလည်း ကျဆင်းမသွားခဲ့ပေ..။အဲဒီအစား ဖြည်းဖြည်းချင်းသာ တက်နေခဲ့၏..။
ပင်လယ်ကို မသည့် ဒဏ္ဍာရီ ပေါ်လာပြီးကတည်းက တကျန်းကို သိုင်းပညာရှင် တွေအများကြီး ရောက်ရောက်လာကြသည်..။သို့ပေမယ့် တာအိိုဘိုးဘေးကို စိန်ခေါ်ရဲသည့်သူ မရှိသည်မှာအတော်ကြာပြီဖြစ်၏..။
တကျန်း၏ သိုင်းပညာကမ္ဘာကလည်း တစ်နှစ်ထက် တစ်နှစ်ပိိုပိုပြီး သန်မာလာခဲ့၏..။စီရင်စု များမှာလည်း သိုင်းပညာ အခမ်းအနားများ နှစ်စဥ် ကျင်းပလေ့ရှိကြသည်..။သိုင်းပညာ ဆိုတာ လူတိုင်းက လေးစားကြရသည့် နာမည်တစ်ခုဖြစ်သည်..။
ပျောိရွှင်စရာ ညကုန်ဆုံးပြီးနောက်တွင် လုံချီဘုရားကျောင်းသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်..။
တစ်လကြာပြီးနောက်..။
ကျန်းချန်ရှန်း တာအိုကမ္ဘာထဲကို သွားလိုက်သည်..။
ခြေသုံးချောင်း ရွှေရောင်ကျီးကန်း၏ သွေးကို နှစိတွေ အများကြီး စုပ်ယူပြီးသည့် နောက်တွင်..ပျံလွှားငှက်လေးဟာ နောက်ဆုံးမှာ အသွင်ပြောင်းနေပြီဖြစ်သည်..။
သွေးဥ အတွင်းမှာတော့ သူ၏ ခန္တာကိုယ်များ ပြောင်းလဲနေ၏..။တိုင်ဝါး ၊ တိုင်ရှီ နဲ့ နဂါးဖြူလေးတို့နှင့်ယှဥ်ရင် သူက ပိုပြီး သွေးဆာ ရက်စက်သည့် အော်ရာ ရှိနေခဲ့သည်..။
အဲ့အချိန်မှာပဲ ဥပေါ်မှာ အက်ကွဲရာတွေပေါ်လာခဲ့၏..။ခြေသုံးချောင်း ရွှေရောင်ကျီးကန်းက မွေးဖွားတော့မည်ဖြစ်သည်..။
ကျန်းချန်ရှန်းသူ၏ အော်ရာကို ခံစားမိ၏..။ဒါက အစစ်အမှန် နတ်ဘုရားနှင့်ပင် နှိုင်းယှဥ်နိုင်သည်..။
နေ့တစ်ဝက်ခန့်ကုန်သွားခဲ့သည်..။
သွေးဥဟာ ဖန်ကွက်တစ်ခွက်လို ကွဲကြေသွားပြီး အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားခဲ၏..။တောင်ပံတွင် မီးတောက်များ ရှိနေသည့် ခြေသုံးချောင်းငှက်သည် ပေါ်လာခဲ့သည်..။
သူ၏ ခန္တာကိုယ်က ခြေသုံးချောင်း ကျီးကန်းနှင့်တူပြီး တောင်ပံတွေက အတော်လေးကို ကြီးမား၏..။
သူ အော်ဟစ်လိုက်သည့် အချိန်တွင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်.။
ပျံလွှားငှက်ကလေးသည့် သူ့ကို မြင်သည့်အချိန်တွင် ချက်ချင်းပျံသန်းလာခဲ့သည်..။
"မာစတာ ကျွန်တော် အောင်မြင်သွားပြီ..။အရမ်းသန်မာတာပဲ..။ကျေးဇူးပါ မာစတာ..။ကျွန်တော် ရွှန်းငှက်ဖြစ်သွားပြီလား.."
ကျန်းချန်ရှန်းပြုံးလိုက်ပြီး..
"မဟုတ်ဘူး..မင်းက ခြေသုံချောင်း ရွှေရောင်ကျီးကန်းဖြစ်သွားတာ..။ကိုယ့်ကိုကိုသာ နာမည်ပေးပေတော့.."
"ကျီးကန်းလား..ဒါက နာမည်ကောင်းပဲ..။ဒါဆိုလည်း ရွှေရောင်ကျီးကန်းလို့ပဲ ခေါ်တော့မယ်..။ဒီကမ္ဘာမှာ ရွှေရောင်ကျီးကန်းက ကျွန်တော်တစ်ကောင်တည်း ရှိတာမလား.."
“
"အင်း.."
ကျန်းချန်ရှန်း တုန့်ပြန်လိုက်သည်..။ယင်းနောက် သူ ရွှေရောင်ကျီးကန်း၏ စိတ်ဝိဥာဥ်တစ်ဝက်ကို ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်ထဲ စုပ်ယူလိုက်၏..။
"မင်းအခုကစပြီး ဒီမှာနေပြီး လေ့ကျင့်ရမယ်.."
ကျန်းချန်ရှန်း ဒါကိုပြောပြီးထွက်ခွာသွားခဲ့သည်..။
ရွှေရောင်ကျီးကန်းသည် သူ၏ ခန္တာကိုယ်အသစ်ကြောင့် ပျော်ရွှင်နေခဲ့သည်..။သူ၏ အော်ရာက တာအိုကမ္ဘာထဲမှ သစ်ရှိများကို ဖမ်းစားနိုင်၏..။
ပထမဆုံးရောက်လာတာက ကောင်းကင်ကျီးကန်းဖြစ်၏..။
ကြီးမားသည့် ကောင်းကင်ကျီးကန်းသည် ရွှေရောင်ကျီးကန်းကိုမြင်ပြီး တွေဝေစွာ ရပ်လိုက်သည်..။သို့ပေမယ့် သူက မကြောက်ပေ..။ဒါက သူ့မာစတာ၏ နယ်မြေဖြစ်၏..။
"မင်းက ဘယ်သူလဲ.."
"ရွှေရောက်ကျီးကန်းပဲ.."
"ရွှေးရောင်ကျီးကန်းလား..။ဒါဆို ငါတို့ ကောင်းကင်ကျီးကန်းကလန် နဲ့ ဘယ်လို ဆက်ဆံရေးရှိတာလဲ.."
"ငါက မင်းရဲ့ ဘိုးဘေးပဲ.."
ကောင်းကင်ကျီးကန်းသည် ဒါကိုကြားကာ ကြောင်အသွားပြီး ဒေါသထွက်သွားခဲ့သည်..။
ခနအကြာမှာတော့ သူ အသံတစ်ခုကြားပြီး ချက်ချင်းလှည့်ပြေးသွားခဲ့၏..။
ရွှေရောင်ကျီးကန်း အံ့ဩသွားခဲ့သည်..။
"ငါက အဲလောက်တောင်သန်မာတာလား.."
ခနအကြာမှာတော့ သူ၏ ယုံကြည်မူများမြင့်တက်ခာခဲ့သည်..။
ကျန်းချန်ရှန်းပြုံးလိုက်သည်..။ရွှေရောင်ကျီးကန်း၏ ကြီးပြင်းမူနှင့်စာရင် သူ၏ ခွန်အားများ တိုးတက်လာရန်က ပို၍ အရေးကြီး၏..။ဘာပဲဖြစ်ဖြစ် သူက ရန်သူများကို မမှီနိုင်သေးပေ..။
ရက်များကုန်လွန်သွားသည်..။
ကျန်းချန်ရှန်း လေ့ကျင့်နေရင်းနှင့် မိတ်ဆွေဟောင်းများကို ကြည့်နေခဲ့သည်..။သူ့ မ်တ်တွေများက ကောင်းမွန်စွာလုပ်နေကြ၏..။ပြန်လည်မွေးဖွားလာသည့် ပင်လယ်လေးခု သူတော်စင်၊ ကျန်းလောင် တို့ဟာ ဂိုဏ်းတစ်ခုတွင် ကျင့်ကြံနေကြပြီဖြစ်သည်..။
သူ့အကြည့်ကလင်းဟောက်ထျန်း ဆီရောင်သွား၏ .။
လင်းဟောက်ထျန်းသည် အရမ်းကိုကြီးမားသည့် နတ်ဆိုးအလောင်းကြီးပေါ်တွင်လေ့ကျင့်နေခဲ့သည်..။သေချာကြည့်မည်ဆိုလျင် နတ်ဆိုးခန္တာကိုယ်မှ သွေးချီများ သူ၏ ခန္တာကိုယ်ထဲ စီးဆင်းနေတာကို မြင်နေရ၏..။
နောက်ထပ် နတ်ဆိုးသူတော်စင်လား..
ကျန်းချန်ရှန်း ချက်ချင်းမှတ်မိလိုက်၏..။ဒါက ကြီးမြတ်သော သူတော်စင် ခုနှစ်ပါး ထဲမှ တစ်ပါးဖြစ်သည်..။
ဒီကလေး..
ကျန်းချန် ရှန်းသည် လင်းဟောက်ထျန်း၏ ပါရမီက ထူးခြားသည်ကို သိသော်လည်း နတ်ဆိုးသူတောိစင်၏ သွေးအဆီအနှစ်ကိုပါ စုပ်ယူနေလိမ့်မယ့်လို့ မထင်ထားခဲ့ပေ..။
ဒီနှုန်းနှင့်ဆိုလျင် လင်းဟောက်ထျန်းက စကြာဝဠာအဆင့်ကို နှစ်အနည်းငယ်အတွင်းရောက်တော့မည် ဖြစ်၏..။
သူ၏ တိုးတက်လာမူက ကျိန်းသေ ပါရမီရှင်တစ်ယောက်ဟု ဆိုထိုက်ပေသည်..။
ကျန်းချန်ရှန်း အကူညီမဲ့စွာပဲ မူလင်လောင်ကို လှမ်းကြည့်လိုက်၏..။မူလင်လောင်က အမှတ် ၅ သိန်းနှင့်မွေးဖွားလာသည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်..။သို့ပေမယ့် လင်းဟောက်ထျန်းနှင့်ယှဥ်ရင် ကွာဟမူက ပေါ်ထွက်လာခဲ့ပြီဖြစ်၏..။
အရင်တုန်းက မူလင်လောင်ဟာ လင်းဟောက်ထျန်းကို ကျော်လွန်နိုင်ခဲ့တာကြောင့် သူမ၏ ပါရမီက မဆိုးဟု ပြောနိုင်၏..။သို့ပေမယ့် သူမ၏ ကံကောင်းမူ အခွင့်အရေးများက လင်းဟောက်ထျန်းကို မမှီခဲ့ပေ..။
ကျန်းချန်ရှန်း ရုတ်တရက် အကြံတစ်ခု ရလာခဲ့သည်..။