ငါ့ရဲ့အတိတ်… မင်းရဲ့ အနာဂတ်
Vol. 70 Ch. 1083
ရွှီချင်း၏ မှတ်ဉာဏ်ထဲတွင် နီလာနတ်သမီး၏ ရုပ်တုသည် သူ၏ လက်နှစ်ဖက်ဖြင့် မျက်လုံးကို ဖုံးအုပ်ထားပြီး သွေးသည် မြစ်ကြီးတစ်စင်းနှယ် စီးဆင်းနေသည်။
အင်မော်တယ်တားမြစ်နယ်မြေထဲတွင် ထွက်ပေါ်လာခဲ့သော နီလာနတ်သမီး၏ မူလခန္ဓာကိုယ်မှာပင် မျက်လုံးမရှိပေ။
ယနေ့ စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်ထဲတွင် ရွှီချင်းသည် ဧရာမမျက်လုံးထံမှ အလွန်သိပ်သည်းသော နီလာနတ်သမီး၏ အရှိန်အဝါကို အာရုံခံမိသွားသည်။ ကြီးမားသော လှိုင်းတံပိုးသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
အမှတ်လေးအရုပ်က လမ်းပျောက်သွားသည်ဟု ဆိုထားသော ကလေးကဗျာတေးနှင့် အိမ်ရှေ့စံမင်းသားပြောဖူးသော သူ၏ စတုတ္ထညီတော်က နီလာနတ်သမီး၏ နတ်ဘုရားသားတော်ဖြစ်လာသည့်အကြောင်းကို ရွှီချင်း ပြန်စဉ်းစားလိုက်သည်။ နတ်ဘုရားကွပ်မျက်စင်ပေါ်မှ မြင်ကွင်းများထဲတွင် လီဇီဟွားက နီလာနတ်သမီးအား ပထမဆုံး ပြောလိုက်သော စကားကိုပင် သူပြန်အမှတ်ရသွားသည်။
“ နင့်ရဲ့ သီချင်းသံက အရမ်းနားဝင်ဆိုးပြီး ငါ့စတုတ္ထသားတော်ရဲ့ အိမ်မက်ကို နှောင့်ယှက်ခဲ့တယ် ”
အရာအားလုံးကို သမိုင်းက အတည်ပြုပေးနေဟန် ရ၏။
ဖြစ်နိုင်သည်မှာ အတိတ်တွင် နီလာနတ်သမီး၏ သီချင်းသံက စတုတ္ထသားတော်၏ အိမ်မက်ကို နှောင့်ယှက်ခဲ့ရုံသာမက ထိုအိမ်မက်ထဲတွင် မျက်လုံးတစ်လုံးကိုလည်း မြှုပ်နှံထားခဲ့ဟန် ရသည်။
ဖြစ်နိုင်သည်မှာ ထိုမျက်လုံးကြောင့် နတ်ဘုရားမဖြစ်သေးသော နီလာနတ်သမီးသည် လီဇီဟွား၏ အသတ်ခံရပြီးနောက် ပြန်ရှင်သန်ရန် အခွင့်အရေးတစ်ခု ရရှိလာခဲ့ဟန် ရသည်။
လီဇီဟွားသည် ဤအကြောင်းကို သိထားလောက်ပေသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူက ထိုအကြောင်းကို မည်သူ့ကိုမှ မပြောပြခဲ့သလို နီလာနတ်သမီးကိုလည်း မတားဆီးခဲ့ပေ။
လီဇီဟွားနတ်ဘုရားဖြစ်လာပြီးနောက် သူ၏ နတ်ဘုရားမီးတောက်ကို မငြိမ်းသတ်ပစ်ခင် မွေးဖွားလာခဲ့သော စတုတ္ထသားတော်သည် ဤအကြောင်းအရင်းကြောင့် နီလာနတ်သမီး၏ နတ်ဘုရားသားတော်ဖြစ်လာရခြင်း ဖြစ်နိုင်ပေသည်။
လဝတ်ပြုဒေသကြီးသည် နီလာနတ်သမီး၏ အစာအတွက် ပျိုးထောင်ခံထားရပြီး သူ၏ ဝိညာဉ်ခြံဝန်းဖြစ်သည်။
ထို့အတူပင် စတုတ္ထသားတော်သည် သူ၏ မျက်လုံးတစ်လုံးကို ပျိုးထောင်ပေးရပြီး နီလာနတ်သမီးအတွက် ဝိညာဉ်ခြံဝန်းတစ်ခု ဖြစ်သည်။
သူ၏ ခန့်မှန်းမှုက မှားသလား မှန်သလား သူမသိပေ။ သို့သော်လည်း ထိုအကြောင်းအရာအားလုံးသည် ယုတ္တိရှိသည်ဟု သူခံစားမိသည်။ ထိုသို့နားလည်သွားခြင်းက ရွှီချင်းကို ပိုပြီးထိတ်လန့်သွားစေသည်။
သို့သော်လည်း သူ၏ ထိတ်လန့်မှုသည် သိပ်မကြာမြင့်ခဲ့ပေ။ နောက်အခိုက်အတန့်မှာ ထိုလျှို့ဝှက်ရတနာသိုက်ထဲမှ လောကသည် ဝေဝါးလာပြီး နောက်ဆုံးမှာ သူ၏ စိတ်အာရုံထဲတွင် ပျောက်ကွယ်သွားသည်။
သူ၏ လျှို့ဝှက်ရတနာသိုက်သည် စတုတ္ထသားတော်၏ လျှို့ဝှက်ရတနာသိုက်ကို လွှမ်းမိုးထားသော ကောင်းကင်ဘုံကို လုံးဝဖိနှိပ်လိုက်ပြီး အထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အရာအားလုံးသည် အပြင်လောကတွင် စီးဆင်းနေသော အချိန်မြစ်ထဲမှာ နစ်မြုပ်သွားသည်။
အဆုံးမှာတော့ နီလာနတ်သမီး၏ မျက်လုံးသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ ရွှီချင်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး မအံ့ဩပေ။ အဘယ့်ကြောင့်ဆိုသော် သူရောက်ရှိနေသော လက်ရှိအချိန်ကာလတွင် နီလာနတ်သမီးက နတ်ဘုရားမဖြစ်လာသေးကြောင်း နားလည်ထားသောကြောင့် ဖြစ်သည်။
ထိုအရာက ပုံရိပ်ယောင်တစ်ခုနှင့် ပိုပြီးဆင်တူပြီး မရင့်ကျက်သေးသော အကြောင်းနှင့်အကျိုးတရားတစ်ခုသာ ဖြစ်သည်။
“ အပြင်လောကက နတ်ဘုရားသားတော်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲ့ဒီမျက်လုံးရှိလိမ့်မယ်လို့ ငါယုံကြည်တယ်… ပြီးတော့ အဲ့ဒါက ရင့်ကျက်နေလောက်ပြီ… တခြားလူတွေလည်း အဲ့ဒါကို အာရုံခံနိုင်လိမ့်မယ် ”
အချိန်မြစ်ထဲတွင် ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် လှိုင်းလုံးများကြားထဲမှာ နစ်မြုပ်သွားပြီး အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားသည်။ ထိုမြစ်ကြီး၏ ဦးဆောင်မှုအောက်မှာ သူက ဤနေရာမှ တဖြည်းဖြည်း ထွက်ခွာသွားသည်။
ယင်းက ဤအချိန်ကာလထဲမှ သူထွက်ခွာသွားပြီး အပြင်လောကမှ သူ၏ ခေတ်ဆီသို့ ပြန်မရောက်သွားခင်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာ သူက ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။
သူ၏ ပုံရိပ်က ကျွန်းပေါ်မှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မိုးခြိမ်းသံသည် ကောင်းကင်ပေါ်မှာ မြည်ဟိန်းသွားသည်။ တစ်ချိန်တည်းမှာ ရင်းနှီးကျွမ်းဝင်သော ကျီစယ်သံသည် သူ့အနောက်မှ ပျံ့လွင့်လာသည်။
“ ချင်းလေး… မင်း နည်းနည်း နောက်ကျတယ် ”
ရွှီချင်းသည် ခေါင်းလှည့်လိုက်လေရာ အချိန်မြစ်၏ လှိုင်းလုံးများပေါ်တွင် ထိုင်နေသော ခေါင်းဆောင်ကို မြင်သွားသည်။ ခေါင်းဆောင်သည် ပုလဲလုံးအရွယ်ခန့် ချုံ့ထားသော အတုယောင်နေလုံးကိုးလုံးဖြင့် ဆော့ကစားနေသည်။ သူ၏ မျက်နှာပေါ်မှာ မူမမှန်သော အပြုံးရှိသည်။
“ အဲ့ဒီအဖိုးကြီး အဖွားကြီးတွေက ငါ့ကို တော်တော် အထင်သေးတာပဲ… သူတို့က ငါ့ကို စတုတ္ထသားတော် ရွှေအမြူတေအဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်နတ်သူငယ်အဆင့်ကို တတ်လှမ်းသွားတဲ့အချိန်ကို ပို့လိုက်တယ် ”
“ အဲ့ဒီကောင်ကို သတ်ပစ်ဖို့ ငါက လက်ချောင်းလေးတစ်ချောင်းပဲ မြှောက်လိုက်ရတယ်… ချိပ်တံဆိပ်တစ်ခုကိုတောင် မဖြေလျော့လိုက်ရဘူး ”
ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ အားကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ အနက်ရောင်လျှို့ဝှက်ရတနာသိုက်တစ်ခုသည် သူ၏ အနောက်တွင် ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
ခေါင်းဆောင်၏ အဆင့်ချိုးဖြတ်မှုနှင့်ပတ်သက်ပြီး ရွှီချင်းသည် မအံ့ဩပေ။ အမှန်မှာ လပုန်ကန်ခန်းမ၏ အားဖြည့်ပေးမှုကို သူတို့နှစ်ယောက် လက်ခံရရှိချိန် ခေါင်းဆောင်သည် တမင်တကာ အဆင့်မတတ်ခဲ့ကြောင်း ရွှီချင်း ပြောနိုင်သည်။
“ စီနီယာအကိုကြီး… မင်းက စတုတ္ထသားတော် ဝိညာဉ်နတ်သူငယ်အဆင့်ကို တတ်လှမ်းတဲ့အချိန်ကိုသွားဖို့ အစကတည်းက ရည်ရွယ်ထားတာ မဟုတ်လား ”
ရွှီချင်းက ရုတ်တရက် ပြောသည်။
ခေါင်းဆောင်သည် ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ လှိုင်းလုံးများသည် သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး နတ်ငှက်သည် လှိုင်းလုံးများကြားထဲမှ ထွက်လျှောက်လာသည်။ သူက အပြင်လောကသို့ ရောက်ရှိလာသည့်အခိုက် သူ၏ ခန္ဓာကိုယ်သည် စတင်ခြောက်သွေ့သွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ လွင့်ပြယ်သွားနေသည်။
“ ငါရောက်သွားခဲ့တဲ့ ခေတ်က စတုတ္ထသားတော်ကို သတ်ပစ်ပြီးပြီ… ဒါဆို ငါ့တာဝန်က ပြီးမြောက်သွားပြီ… ဒီကိုယ်ပွားက… ဆက်ပြီး မတည်ရှိနိုင်တော့ဘူး ”
“ ကျန်တာကို မင်းတို့ဆီ ငါလွှဲခဲ့မယ် ”
အစမှအဆုံးအထိ နတ်ငှက်၏ ကိုယ်ပွားသည် မည်သည့်စိတ်ခံစားချက်မှ မဖော်ပြခဲ့ပေ။ ယခု သူ၏ ခန္ဓာကိုယ်က လွင့်ပြယ်သွားနေသည့်အချိန်မှာပင် အတူတူဖြစ်သည်။
ဤသည်မှာ ထိုကိုယ်ပွားကို ဆက်လက် ထိန်းသိမ်းရန် သူပေးဆပ်ထားရသည့် တန်ဖိုးဖြစ်သည်။ ယင်းက သူ၏ လိုအင်ဆန္ဒဖြစ်ပြီး တာဝန်လည်း ဖြစ်သည်။
သူက ယခင်လပုန်ကန်ခန်းမသခင်ဖြစ်သည်။ သို့သော်လည်း အဆုံးမှာ သူသည် လွတ်လပ်မှုရရန် ထိုခေတ်မှ လူများကို မဦးဆောင်နိုင်ခဲ့ပေ။ နတ်ငှက်သည် ထိုအချိန်တုန်းက သူ၏ ဆန္ဒမရှိမှုနှင့် နောင်တကြောင့် ဤကိုယ်ပွားကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ယနေ့ သူ၏ နောင်တက ဤနေရာမှာ ကျန်ရှိနေဦးမည်ဖြစ်သော်လည်း သူသည် အကောင်းဆုံး ကြိုးစားပေးခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် သူက တည်ငြိမ်စွာ စကားပြောနိုင်ခြင်းဖြစ်သည်။ နောက်ဆုံးမှာတော့ သူက ဤလောကကို ကြည့်လိုက်ပြီး မျက်လုံးမမှိတ်ခင် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
လေတဟူးဟူး တိုက်ခတ်လာသည့်အခါ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝေဝါးလာသည်။ နောက်ဆုံးမှာတော့ သူက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ဤလောကထဲမှ ပျောက်ကွယ်သွားသည်။ သက်ပြင်းချသံသည်သာ ဆက်လက် ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် တိတ်တဆိတ် အရိုအသေပေးလိုက်သည်။
ခေါင်းဆောင်သည် ထိုမြင်ကွင်းကို စိုက်ကြည့်လိုက်ပြီးနောက် မည်သည့်စကားမှ မပြောဘဲ အရိုအသေပေးလိုက်သည်။
မကြာမီ လှိုင်းလုံးများသည် တဖန်ထွက်ပေါ်လာသည်။ အဖွားငါး၏ ပုံရိပ်သည် အပြင်သို့ ထွက်လျှောက်လာသည်။ သူက ဒယိမ်းဒယိုင် လမ်းလျှောက်လာပြီး ပါးစပ်အပြည့်သွေးကို အန်လိုက်ရသည်။ သူ၏ အသွင်ပုံစံသည် ယခင်ကထက် ပိုပြီးအရွယ်အိုမင်းလာသည်။
ရွှီချင်းနှင့် ခေါင်းဆောင်ကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲတွင် စိတ်သက်သာရာရသော အကြည့် ထွက်ပေါ်လာသည်။ သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။ အဖြူရောင်အလင်းတန်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး မြစ်ကြီးထဲသို့ ပေါင်းစပ်သွားသည်။
ပဉ္စမသမီးတော်သည် သူ၏ အကိုတော်နှင့် အမတော်များကို ကူညီပေးရန် အသက်ဓာတ်ကို စတေးနေခြင်း ဖြစ်သည်။
အဖြူရောင်အလင်းတန်းက မြစ်ကြီးထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း မြစ်ကြီးသည် ပိုပြီးကြမ်းတမ်းစွာ လှုပ်ယမ်းလာသည်။ လှိုင်းလုံးများက နိမ့်ချည်မြင့်ချည် ပေါ်လျှိုးလာသည့်အခါ အဖိုးရှစ်သည် ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် မရှိတော့ပေ။ အရေအတွက်များပြားသော အလင်းစက်များသည် ထိုနေရာမှာ စုဝေးသွားကြသည်။ ဤသည်မှာ ထိုအလင်းစက်များက သူ့ကို ကုသပေးနေဟန် ရသည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် မြစ်ထဲမှ တွားသွားထွက်လာသည်။ သူက သွေးအခဲများကို အန်ထုတ်လိုက်ပြီး ရယ်မောလိုက်သည်။
“ ငါဘယ်တုန်းကမှ စတုတ္ထအကိုတော်ကို ကြည့်မရခဲ့ဘူး… တစ်ခါလောက် သူ့ကို ရိုက်ပစ်ချင်ခဲ့တယ်… ဒီတစ်ကြိမ်တော့ ငါ့ဆန္ဒက ပြည့်မြောက်သွားပြီ ”
သူက စကားပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ အလင်းစက်များကို တိုက်ရိုက် ပြန့်ကျဲသွားစေသည်။ ထို့နောက် အလင်းစက်များသည် ပဉ္စမသမီးတော်ထံသို့ ပြန်လည်ဦးတည်သွားသည်။
“ မင်းမှာ သက်တမ်းနည်းနည်းပဲ ကျန်တော့တယ်… ငါ့အတွက် အဲ့ဒါကို မဖြန်းတီးပစ်ပါနဲ့… ငါ့ဘာသာ ကုသနိုင်ပါတယ် ”
ပဉ္စမသမီးတော်သည် အဌမသားတော်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူက မငြင်းပေ။
“ အားညို… မင်းရဲ့ အဖိုးရှစ်က ဒီလိုအခြေအနေဖြစ်နေတာ မမြင်ဘူးလား… ဘာလို့ လာမကူညီတာလဲ ”
အဌမသားတော်၏ အကြည့်သည် ခေါင်းဆောင်အပေါ်သို့ ကျရောက်သွားသည်။
ခေါင်းဆောင်သည် ပြုံးဖြီးဖြီးလုပ်လိုက်ပြီး အမြန်ပြေးသွားသည်။ သူက အဖိုးရှစ်ကို တွဲကူပေးလိုက်ပြီး ချီးမွမ်းစကား ပြောသည်။
“ အဖိုးရှစ်က တကယ်ပဲ ရဲရင့်ပါတယ်… အစက ကမ္ဘာပေါ်မှာ ဒီလိုရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ပြတ်သားမှုကို ပိုင်ဆိုင်တဲ့လူက ငါတစ်ယောက်တည်းပဲရှိမယ်လို့ ထင်ထားခဲ့တာ… အဖိုးရှစ်လို သူရဲကောင်းမျိုး ဒီကမ္ဘာပေါ်မှာ ရှိနေလိမ့်မယ်လို့ ငါလုံးဝထင်မထားဘူး ”
အဖိုးရှစ်သည် ဘဝင်မြင့်သွားသည်။ သူက စကားပြောရန် ပြင်လိုက်စဉ် အချိန်မြစ်သည် ထပ်မံတုန်လှုပ်သွားသည်။ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ ပုံရိပ်များသည် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။ နောက်ဆုံးမှာ နဝမသားတော်၏ ပုံရိပ်က ထွက်ပေါ်လာသည်။
နဝမသားတော်၏ ထွက်ပေါ်လာပုံသည် အံ့ဖွယ်ကောင်းသည်။ ထက်ရှသော ဓားတစ်လက်သည် အချိန်မြစ်ထဲမှ ပျံသန်းထွက်လာပြီး ရွှေရောင်သွေးသည် ဓားပေါ်မှ တတောက်တောက် စီးကျနေသည်။
နဝမသားတော် ဝင်ရောက်သွားခဲ့သော ခေတ်သည် အတိတ်ကာလအမှတ်(၉)ခုထဲတွင် စတုတ္ထသားတော်၏ အသန်မာဆုံးအချိန်ကာလ ဖြစ်သည်။
“ ဓားနဲ့ ခုတ်ပိုင်းခဲ့တယ် ”
နဝမသားတော်က တည်ငြိမ်စွာ ပြောသည်။
ဤသည်ကို ကြားသောအခါ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့သည်လည်း အောင်မြင်ခဲ့ကြသည်။
ယခု လူတိုင်းနီးပါးက ပြန်ရောက်လာကြသည်။ သို့သော်လည်း ယခုထိ ပြန်ရောက်မလာသေးသော လူတစ်ယောက် ရှိသည်။
ထိုသူက လီရှောင်ရှန်းဖြစ်သည်။
“ သူသေဆုံးသွားပြီ… ဒါပေမဲ့ သူအောင်မြင်ခဲ့တယ် ”
မင်းသမီးမင်မိန်သည် အချိန်မြစ်ကို စိုက်ကြည့်လိုက်သည်။ သူက နူးညံ့စွာ စကားပြောပြီးနောက် ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဤဒေသကြီးကို လွှမ်းမိုးထားသော အချိန်မြစ်သည် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
အချိန်မြစ်ထဲမှ အုပ်ချုပ်သူ၏ ရုပ်တုသည်လည်း ဖြည်းဖြည်းချင်း ပြန်ပေါ်လာသည်။
ပုံရိပ်တစ်ခုသည် ရုပ်တု၏ ဦးခေါင်းပေါ်မှာ ဒူးထောက်နေသည်။
အချိန်မြစ်က ဆက်လက် ပျောက်ကွယ်သွားသည့်အခါ အချိန်မြစ်ထဲမှာ နစ်မြုပ်သွားကြသော မြေပြင်ပေါ်ရှိ အနီရောင်လကျင့်ကြံသူများနှင့် လပုန်ကန်ကျင့်ကြံသူများသည် တဖြည်းဖြည်း မျက်လုံးပြန်ဖွင့်လာကြသည်။ သူတို့သည် အစတွင် မိန်းမောတွေဝေနေကြသော်လည်း မကြာမီ ထိတ်လန့်သွားကြသည်။ သူတို့သည် ကောင်းကင်ပေါ်မှ ရွှီချင်းနှင့် တခြားလူများကို ရုတ်တရက် မော့ကြည့်လိုက်ကြသည်။ ထို့ပြင် အုပ်ချုပ်သူ၏ ရုပ်တုပေါ်မှ ပုံရိပ်ကိုလည်း ကြည့်လိုက်ကြသည်။
ထိုလူသည် နတ်ဘုရားသားတော်၏ မူလခန္ဓာကိုယ်ဖြစ်သည်။
ယခု သူ၏ ရက်စက်ကြမ်းကြုတ်သော အသွင်ပုံစံနှင့် ကြောက်စရာကောင်းသော ခန္ဓာကိုယ်သည် ယခင်ကနှင့် မတူညီတော့ပေ။ သူ၏ အရှိန်အဝါသည်သာ မတည်မငြိမ်ဖြစ်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး မျက်လုံးဖွင့်လိုက်သည်။
သူက ကောင်းကင်ကို စိုက်ကြည့်လိုက်သည့်အခါ ရွှေရောင်မီးတောက်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် သူ့ကို ပြန်ကြည့်လိုက်ကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားသားတော်နှင့် သူတို့ကြားမှ တိုက်ပွဲသည် အဆုံးသတ်သွားပြီ ဖြစ်သည်။ အကယ်၍ စောစောက သူတို့လုပ်ဆောင်ခဲ့သော အရာက နတ်ဘုရားသားတော်ကို နတ်ဘုရားဖြစ်လာခြင်းမှ မတားဆီးနိုင်သေးဘူးဆိုလျှင် နောင်ဖြစ်လာမည့်အရာများသည် အဓိပ္ပာယ်မဲ့သွားလိမ့်မည်။
အချိန်အတော်ကြာပြီးနောက် နတ်ဘုရားသားတော်သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ အက်ရှရှအသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ တခြားလူတွေရဲ့ အမြင်မှာတော့ ငါတို့ခမည်းတော်က အုပ်ချုပ်သူဖြစ်တယ်… ဒေသကြီးကို ကာကွယ်ပေးနေတဲ့ ကောင်းကင်ကြီးဖြစ်တယ်… သူက ရှေးဘုရင်ရွှမ်ယုံအပေါ် သစ္စာရှိပြီး သက်ရှိအားလုံးအပေါ် သနားငဲ့ညှာတယ် ”
“ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူက ဆန့်ကျင်ဘက်ပဲ… သူက သွေးအေးတဲ့လူ ”
ကောင်းကင်ပေါ်မှ အိမ်ရှေ့စံမင်းသားသည် ခေါင်းခါလိုက်သည်။
“ အဲ့ဒါ ခမည်းတော်ကို မင်းနားမလည်သေးလို့ပဲ ”
နတ်ဘုရားသားတော်သည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အကိုကြီး… မင်းရဲ့ မျက်လုံးထဲက ခမည်းတော်က ငါမြင်ရတဲ့ ခမည်းတော်နဲ့ မတူဘူး… မင်းမွေးလာတဲ့အချိန်မှာ ခမည်းတော်အပေါ် ပထမဆုံး မင်းမြင်လိုက်တာက သူက အုပ်ချုပ်သူတစ်ပါးပဲ… ဒါပေမဲ့ ငါမွေးလာတဲ့အချိန် ခမည်းတော်အပေါ် ပထမဆုံး ငါမြင်လိုက်တာက… သူက နတ်ဘုရားတစ်ပါးပဲ ”
အိမ်ရှေ့စံမင်းသားသည် တစ်စုံတစ်ခုပြောချင်သည်။ သို့သော်လည်း အဆုံးမှာ သူက နှုတ်ဆိတ်သွားသည်။ မင်းသမီးမင်မိန်၏ မျက်လုံးထဲမှာ အေးတိအေးစက်အလင်း ဖြတ်ပြေးသွားပြီး သူက ပြောသည်။
“ အဲ့ဒါက နင်သစ္စာဖောက်ပြီး ကိုယ့်ညီအကိုမောင်နှမတွေအပေါ် အဆိပ်ခတ်ရတဲ့ အကြောင်းအရင်းမဟုတ်ဘူး ”
နတ်ဘုရားသားတော်သည် မင်သမီးမင်မိန်ထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။ ထို့နောက် သူက ပဉ္စမညီမတော်နှင့် အဌမညီတော်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က နဝမညီတော်ဆီသို့ ရွှေပြောင်းသွားပြီး နူးညံ့စွာ ပြောသည်။
“ တတိယအမတော်… ပဉ္စမညီမတော်… အဌမညီတော်… နဝမညီတော်… ”
“ မင်းတို့ကို ငါမေးခွန်းတစ်ခု မေးချင်တယ် ”
“ လူတိုင်းက အဆိပ်မိနေပြီး မင်းတစ်ယောက်တည်း နိုးနေတာ ဒါမှမဟုတ် လူတိုင်းက နိုးနေပြီး မင်းတစ်ယောက်တည်း အဆိပ်မိနေတာ… ဘယ်တစ်ခုက ပိုပြီးသနားစရာကောင်းလဲ ”
ထိုမေးခွန်းအတွက် အဖြေမရှိပေ။
နတ်ဘုရားသားတော်သည် ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်ပြီး ရယ်မောလိုက်သည်။ ရွှေရောင်မီးတောက်သည် သူ၏ မျက်လုံးထဲမှ ပျံ့နှံ့ထွက်လာပြီး သူ၏ မျက်နှာကို လောင်ကျွမ်းသွားသည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးဆီသို့ ကူးပြောင်းသွားသည်။ မီးတောက်သည် အပြင်းအထန် လောင်ကျွမ်းလာပြီး လောကသည် တဖြည်းဖြည်း လှုပ်ခါလာသည်။
မီးတောက်သည် မြေပြင်ကို လောင်ကျွမ်းသွားပြီး ကောင်းကင်ကို ထွန်းလင်းသွားစေသည်။
မွန်မြတ်သန့်စင်သော ခံစားမှုသည် ဤအခိုက်အတန့်မှာ အလွန်အားကောင်းလာသည်။
ဤသည်မှာ နတ်ဘုရားမီးတောက်ဖြစ်သည်။
သို့သော်လည်း ထိုနတ်ဘုရားမီးတောက်သည် နတ်ဘုရားသားတော်အား ရိုးရာဓလေ့ကို မပြီးမြောက်စေခဲ့ပေ။ ယင်းအစား ရိုးရာဓလေ့ကျရှုံးသွားခြင်း၏ တန်ပြန်ဆိုးကျိုးသာ ဖြစ်သည်။
မီးလောင်ကျွမ်းနေသည့်ကြားတွင် သူ၏ အကြည့်သည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများထံမှ ရွှေပြောင်းသွားသည်။ သူက ခေါင်းဆောင်ကို လေးနက်သော အဓိပ္ပာယ်ဖြင့် ကြည့်လိုက်သည်။
ခေါင်းဆောင်သည်လည်း စတုတ္ထသားတော်ကို ရူးသွပ်သော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် သူ၏ လက်ထဲမှ အတုယောင်နေလုံးကိုးလုံးသည် ရုတ်တရက် ပျံသန်းထွက်သွားကြပြီး နတ်ဘုရားသားတော်ကို ဝိုင်းရံလိုက်ကြသည်။
ရွှေရောင်နတ်ဘုရားမီးတောက်၏ အမျှင်တန်းများသည် နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြပြီး အတုယောင်နေလုံးကိုးလုံးထံသို့ ဝင်ရောက်သွားကြသည်။
ထိုမြင်ကွင်းသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာကို အေးခဲသွားစေသည်။ အတုယောင်နေလုံးကိုးလုံးသည်တော့ နတ်ဘုရားမီးတောက်၏ လောင်ကျွမ်းမှုအောက်မှာ ကမ္ဘာတုန်ဟီးစေမည့် အပြောင်းအလဲများ ဖြစ်ပေါ်လာကြသည်။
“ ချင်းလေး… လဝတ်ပြုဒေသကြီးဆီ ငါရောက်လာပြီးနောက် ဘာဖြစ်လို့ ဒီနေလုံးတွေကို ချက်ချင်း လိုက်စုဆောင်းတာလဲ မင်းသိလား… နတ်ဘုရားမီးတောက်ကို စုပ်ယူပြီးသွားရင် ဒီနေလုံးကိုးလုံးက အာရုဏ်ဦးနေမင်းနဲ့ တူလာမယ်လို့ မင်းမထင်ဘူးလား ”
“ အာရုဏ်ဦးနေမင်းရဲ့ အသေးစားပုံစံဖြစ်တဲ့ ဒီနေလုံးကိုးလုံးက နီလာနတ်သမီးအတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်ကြီးတစ်ခုပဲ… အချိန်ကျလာရင် အဲ့အဖွားကြီးရှေ့မှာ ငါဖောက်ခွဲပစ်မယ် ”
အဆုံးမဲ့သော ရူးသွပ်မှုတို့ ကိန်းဝပ်နေသော ခေါင်းဆောင်၏ အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ရွှီချင်းသည် မအံ့ဩပေ။ ဤအခိုက်အတန့်မှာ သူ၏ စိတ်အာရုံသည် နေလုံးကိုးလုံးပေါ်မှာ မရှိပေ။ ယင်းအစား သူ၏ စိတ်အာရုံသည် နတ်ဘုရားသားတော်ပေါ်သို့ ကျရောက်နေသည်။
အဘယ့်ကြောင့်ဆိုသော် မီးလောင်ကျွမ်းပြီး တဖြည်းဖြည်း ပျောက်ကွယ်နေသော နတ်ဘုရားသားတော်က ရွှီချင်းကို စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။
“ အရာအားလုံး အခုလိုဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းက မင်းထွက်ပေါ်လာလို့ပဲ ”
“ ငါတို့ကြားမှာ တူညီတာတွေ အများကြီး ရှိတယ်… ဒါဟာ တကယ်ပဲ တိုက်ဆိုင်မှုလား ”
“ ငါ့ရဲ့ အတိတ်က မင်းရဲ့ အနာဂတ်ဖြစ်နေမလား… ”
နတ်ဘုရားသားတော်သည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်မီးတောက်၏ လွှမ်းခြုံခံလိုက်ရပြီး သူ့ခမည်းတော်၏ ရုပ်တုပေါ်မှာတင် ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။
လောကသည် တုန်ယင်သွားသည်။ လေပြင်းမုန်တိုင်းသည် ကြမ်းတမ်းစွာ တိုက်ခတ်လာပြီး တိမ်တိုက်များသည် ရွေ့လျားသွားကြသည်။
အဝေးမှ မိုးကုပ်စက်ဝိုင်းရှိ အနီရောင်လဂြိုလ်သည် ပိုပြီးကြီးမားသထက် ကြီးမားလာသည်။ အနီရောင်အလင်းသည် ဘေးပတ်ဝန်းကျင်မှ ပျံ့နှံ့ထွက်လာပြီး သွေးနီရောင်အလင်းကို ဖြစ်ပေါ်စေသည်။ ထို့နောက် သွေးနီရောင်အလင်းသည် မျက်လုံးမှိတ်ထားသော နီလာနတ်သမီး၏ မျက်နှာပုံရိပ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို လွှမ်းခြုံသွားသည်။
ဤသည်မှာ မကြာခင် အနီရောင်လဂြိုလ် ရောက်ရှိလာတော့မည့် လက္ခဏာဖြစ်သည်။