ငါ့မှာလည်း တစ်စုံတစ်ယောက် ရှိတယ်
Vol. 70 Ch. 1085
လဝတ်ပြုဒေသကြီးထဲမှ အနီရောင်လကျွန်းပေါ်တွင်…
လောကသည် ကျယ်လောင်စွာ မြည်ဟိန်းနေပြီး လေသည် ကြမ်းတမ်းစွာ တိုက်ခတ်နေသည်။ အရာအားလုံး၏ ဇစ်မြစ်သည် အလွန်အမင်းကြီးမားသော အုပ်ချုပ်သူ၏ ရုပ်တုထံမှ ဖြစ်သည်။
ဒူးထောက်နေသော ပုံသဏ္ဍာန်ဖြင့် ထိုရုပ်တုသည် ယခု အကြမ်းပတမ်း လှုပ်ခါနေသည်။
ကျောက်တုံးကြီးများနှင့် ဖုန်မှုန့်များသည် ရုပ်တုထံမှ ကျဆင်းလာသည်။ အက်ကွဲကြောင်းများသည် ရုပ်တု၏ ကိုယ်ထည်ပေါ်မှာ မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ၎င်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ကျယ်ပြန့်လာသည်။
သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားမှ ဖြစ်ပေါ်လာသော အလင်းအစက်အပြောက်များသည် အုပ်ချုပ်သူ၏ ရုပ်တုထဲသို့ ဆက်လက် တိုးဝင်သွားနေပြီး ၎င်း၏ အသွေးအသားများကို ပြန်လည်ရှင်သန်လာစေသည်။ ယင်းက ရုပ်တုကို ပိုပြီးကြမ်းတမ်းစွာ တုန်လှုပ်သွားစေသည်။
ရုပ်တု၏ ဘေးပတ်ဝန်းကျင်မှ လေထဲတွင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် တင်ပျဉ်ခွေထိုင်နေကြသည်။ သွေးစက်များသည် သူတို့၏ နဖူးပေါ်ရှိ အက်ကွဲကြောင်းထဲမှ ပျံသန်းထွက်လာသည်။
ထိုသွေးစက်များထဲမှာ တူညီသော ဇစ်မြစ်စွမ်းအားရှိပြီး ယင်းတို့က ရုပ်တုပေါ်သို့ ကျဆင်းသွားသည့်အခါ သူတို့ခမည်းတော်၏ ဝိညာဉ်ကို ဖြည်းဖြည်းချင်း ပြန်ရှင်သန်လာစေသည်။
သို့သော်လည်း အုပ်ချုပ်သူကို ပြန်ရှင်သန်အောင် ပြုလုပ်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။
ဤအခိုက်အတန့်မှာ နင်ယန်သည် ရွှီချင်းနှင့် ခေါင်းဆောင်၏ စကားကို ကြားသောအခါ မျက်နှာချိုသွေးသော အမူအရာကို ထုတ်ဖော်လိုက်ပြီး သူ့ခမည်းတော်ကို အခစားဝင်ရသော မိန်းမစိုးများ၏ စကားပြောပုံဆိုပုံကို ချက်ချင်း ပြန်တွေးတောလိုက်သည်။ သူက ထိုမိန်းမစိုးများ၏ ကိုယ်ဟန်အမူအရာကို တူညီစွာ လိုက်လံတုပလိုက်သည်။
သို့သော်လည်း သူ၏ နှလုံးသားထဲမှာတော့ ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်နေသည်။
‘ ငါက မင်းသားတစ်ပါးပါ… မင်းတို့တွေ အရမ်းလွန်နေပြီ ’
‘ ဆရာရွှီကမှ နည်းနည်း တော်သေးတယ်… ဘာပဲပြောပြော အတိတ်မှာ သူက ငါ့သရုပ်မှန်ကို မသိထားတာတောင် ငါ့အသက်ကို ကယ်တင်ပေးခဲ့တယ်… သူက ငါ့အပေါ် အရမ်းကောင်းတာပဲ… ဒါပေမဲ့ ချန်းအားညိုဆိုတဲ့ကောင်ကတော့… ’
‘ သူက ငါ့သရုပ်မှန်ကို ဟိုးအရင်ကတည်းက သိထားပြီးသား… ဒါတောင် သူက ငါ့ကို ဒီလိုမျိုးဆက်ဆံရဲတယ် ’
‘ မင်းစောင့်ကြည့်လိုက်စမ်းပါ… မဟာနန်းမြို့တော်ဒေသကြီးဆီ ငါပြန်တဲ့အခါကျရင် မင်းသားတစ်ပါးအနေနဲ့ ငါဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်လဲဆိုတာ ဒင်းသိစေရမယ် ’
နင်ယန်၏ နှလုံးသားက လှုပ်ရှားသွားနေစဉ် ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက မူမမှန်စွာ ပြုံးလိုက်ပြီး အေးတိအေးစက် ပြောသည်။
“ ဘာဖြစ်တာလဲ နင်နင်လေး… မင်းငါ့ကို စိတ်ထဲမှာ ပြန်ပြောနေတယ်လို့ ဘာလို့ ငါခံစားမိတာလဲ ”
နင်ယန်သည် တုန်ယင်သွားပြီး အမြန်ခေါင်းခါလိုက်သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ငါ့အပေါ် စီနီယာအကိုအားညိုရဲ့ ကြင်နာမှုက
တောင်ကြီးတစ်တောင်လောက် ကြီးမားတဲ့ဟာကို… ဒူးထောက်ဖို့ကိုမဆိုထားနဲ့ မင်းက ငါ့ဦးခေါင်းကို တောင်းဆိုမယ်ဆိုရင်တောင် ငါဘာတစ်ခွန်းမှပြောမှာ မဟုတ်ဘူး… ငါ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်က စီနီယာအကိုအားညိုရဲ့ ဘေးမှာ ရှိနေရတဲ့အချိန်ပါပဲ… ပျံသန်းရတဲ့ ခံစားချက်က အရမ်းကောင်းတယ် ”
အစက နင်ယန်သည် မြှောက်ပင့်ပြောဆိုခြင်း၊ မျက်နှာချိုသွေးခြင်းနှင့် ဖော်လံဖားခြင်းကို မကျွမ်းကျင်ပေ။ သို့သော်လည်း လဝတ်ပြုဒေသကြီးဆီသို့ ရောက်ရှိလာပြီးနောက် သူနှင့်ပတ်သက်သော အရာအားလုံးသည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ရွှီချင်းသည် နင်ယန်ကို ကြည့်လိုက်ပြီးနောက် အတိတ်တုန်းက တစ်ဖက်လူကို လီယုံကျောက်တိုင်မှာ ပထမဆုံး သူမြင်လိုက်ရသည့်အချိန်ကို ပြန်မစဉ်းစားမိဘဲ မနေနိုင်ပေ။
ထိုအချိန်တုန်းက သူ၏ ခေါင်းမာမှုသည် ယခု ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တစ်ဖက်လူ၏ သရုပ်သည်တော့ ရွှီချင်းသည် ယခင်က အသေးစိတ် မသိထားသော်လည်း နင်ယန်၏ သွေးမျိုးစက်ထူးခြားမှုနှင့် တစ်ဖက်လူအပေါ် စီနီယာအကိုကြီး၏ အကြိမ်ကြိမ် ချည်နှောင်ပုံကို ကြည့်ခြင်းအားဖြင့် အခြေအနေသည် ရှင်းလင်းပြီးသား ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းထံမှာ ထိုအကြောင်းနှင့်ပတ်သက်ပြီး ခန့်မှန်းမှုတချို့ ရှိသည်။ ယခု စီနီယာအကိုကြီးက ထိုအကြောင်းကို ထုတ်ဖော်ပြောလိုက်သည့်အခါ သူက အလွန်အံ့ဩသွားခြင်း မရှိပေ။
နင်ယန်သည် နောက်ထပ် တုံ့ဆိုင်းမနေဝံ့ပေ။ သူက အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုရှေ့သို့ အမြန်လျှောက်သွားလိုက်ပြီး ဘုတ်ဟူသော မြည်သံနှင့်အတူ ဒူးထောက်ချလိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ စီနီယာ… ကျုပ်က ရှေးဘုရင်ရွှမ်ယုံရဲ့ (၃၉၁၅)ကြိမ်မြောက် နောင်သားမျိုးဆက် ကူယွဲ့နင်ယန်ပါ… စီနီယာရဲ့ ကောင်းချီးပေးမှုကို ဒီနေရာမှာ ကျုပ်လာတောင်းခံတာပါ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း နင်ယန်၏ မျက်နှာပေါ်မှ ဖော်လံဖားသော အမူအရာသည် ပျောက်ကွယ်သွားသည်။ သူ၏ အသံသည်လည်း ပြောင်းလဲသွားပြီး ယခင်ကနှင့် လုံးဝခြားနားလာသည်။ ယင်းက တဖြည်းဖြည်း ပိုလေးနက်လာပြီး ကြီးကျယ်မြင့်မြတ်လာသည်။
သူက ဒူးထောက်နေသော်လည်း ကျောကို မတ်မတ် ဆန့်တန်းထားသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် နဂါးဟိန်းသံသဲ့သဲ့ကို ထုတ်လွှတ်လာသည်။
သူက အလုပ်ကြမ်းသမား အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်မှ တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်လာသည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အကြည့် ထွက်ပေါ်လာသည်။ အထူးသဖြင့် သူက လက်ကို မြှောက်လိုက်ပြီး နဖူးပေါ်သို့ ဖိချလိုက်သည့်အခါ ဖြစ်သည်။ သူက ညင်သာစွာ ပွတ်သပ်လိုက်သည့်အခါ သွေးတစ်စက် ပေါ်လျှိုးလာသည်။ ထိုသွေးစက် ထွက်ပေါ်လာသည့်အခိုက် သူ့အနောက်မှ ဟင်းလင်းပြင်သည် ရုတ်တရက် လှုပ်ရှားထကြွလာသည်။
မသဲကွဲသော ဝေဝေဝါးဝါး ပုံရိပ်များသည် သူ၏ အနောက်မှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။ ပုံရိပ်တစ်ခုစီသည် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားကြပြီး ဦးခေါင်းပေါ်မှာ သရဖူဆောင်းထားကြသည်။ သူတို့တစ်ယောက်စီသည် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ထိုမြင်ကွင်းသည် ရွှီချင်း၏ အာရုံကို ဖမ်းစားသွားသည်။ သူက အကြိမ်ရေအနည်းငယ် ထပ်ကြည့်လိုက်လေသည်။ ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။
နင်ယန်သည် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါနှင့်အတူ လီဇီဟွား၏ ရုပ်တုကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ ကျုပ်က လူသားဧကရာဇ်ရဲ့ အမိန့်တော်နဲ့အတူ အုပ်ချုပ်သူကို ပြန်ရှင်သန်လာအောင် ကူညီပေးဖို့ လဝတ်ပြုဒေသကြီးဆီ ရောက်လာတာပါ ”
“ အုပ်ချုပ်သူ ကျုပ်တို့ဆီ ပြန်ရောက်လာပေးဖို့ တောင်းဆိုပါတယ် ”
နင်ယန်၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး အရိုအသေပေးလိုက်သည်။ သွေးစက်သည် သူ၏ နဖူးထဲမှ ပျံသန်းထွက်လာသည်။ သူ၏ အနောက်မှ ဧကရာဇ်ပုံရိပ်အများအပြားသည် ထိုသွေးစက်ထဲသို့ တိုးဝင်သွားကြသည်။ ထို့နောက် သွေးစက်သည် အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုထံသို့ ပျံသန်းသွားသည်။
နောက်ဆုံးမှာတော့ ထိုသွေးစက်သည် ရုပ်တု၏ နဖူးပေါ်သို့ ကျဆင်းသွားပြီး ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ လီဇီဟွား၏ ရုပ်တုသည် တုန်ယင်လာသည်။ ဤအခိုက်အတန့်မှာ ရုပ်တု၏ နိုးထလာနေသည့် လက္ခဏာများသည် အလွန်အမင်း ပြင်းထန်သည်။
ထိုသွေးစက်ထဲမှာ လူသားဧကရာဇ်၏ သွေးမျိုးစက်ပါဝင်သည်။ ယင်းက လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းသော သရုပ်အဆင့်အတန်းဖြစ်သည်။
ထိုမျှဖြင့် မပြီးသေးပေ။ အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုက ပိုပြီးတုန်ခါလာနေစဉ် ဝူကျန်းဝူသည် နောက်ကျကျန်မနေပေ။ သူက လက်နှစ်ဖက်ကို ဘေးဘက်သို့ ဖြန့်ကားလိုက်ပြီး အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။
“ အသင်္ချေတာအိုရဲ့ သားစဉ်မျိုးဆက်တွေ… မင်းတို့ ခမည်းတော်ရဲ့ ကုန်းမြေဆီ ပြန်ရောက်လာကြစမ်း ”
သူ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် အလွန်သိပ်သည်းသော သွေးမျိုးစက်အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည့် သားရိုင်းကောင်အများအပြားသည် ဝူကျန်းဝူ၏ ဘေးသို့ အမြန်ဆင်းသက်လာကြသည်။ ၎င်းတို့ထဲတွင် ဝက်ဝံ၊ ကျား၊ လိပ်၊ ခွေးနှင့် တခြားကြုံရာကျပန်း သားကောင်များလည်း ပါရှိသည်။
ကြက်တူရွေးလေးသည် ၎င်းတို့ထဲမှာ ရှိသည်။
၎င်းတို့သည် ဒါဇင်ပေါင်းများစွာ ရှိကြသည်။ ၎င်းတို့ထွက်ပေါ်လာပြီးနောက် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် တုန်ယင်သွားပြီး အားလှိုင်းအတတ်အကျများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။ ထိုသားရိုင်းကောင်များသည် ဝူကျန်းဝူကို တစ်ညီတစ်ညာတည်း ကြည့်လိုက်ကြသည်။
“ ကောင်းကင်ဘုံကို ငါ့ဘဝနဲ့ အံတုမယ်… ကလေးတွေ အရှေ့မှာ ဒူးထောက်ကြစမ်း ”
ဝူကျန်းဝူသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သို့သော်လည်း သူ၏ သားရိုင်းကောင်အများစုသည် ဇဝေဇဝါဖြစ်သွားကြသည်။ ရှင်းလင်းစွာပင် ၎င်းတို့သည် ဝူကျန်းဝူနောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့သော်လည်း ၎င်းတို့သည် သူ၏ စကားကို ကောင်းမွန်စွာ နားမလည်ကြသေးပေ။
ဤသည်ကိုမြင်သောအခါ ဝူကျန်းဝူသည် စိတ်အားငယ်သွားသည်။ သူက ကြက်တူရွေးလေးကို ကြည့်လိုက်သည်။
ကြက်တူရွေးလေးသည် ခေါင်းမော့လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် တုတ်ချောင်းတစ်ချောင်းပမာ ထောင်မတ်သွားပြီး စူးရှရှ အော်သံကို ထုတ်ဖော်လိုက်သည်။
“ ဒူးထောက်ပြီး အော်ကြစမ်း ”
ချက်ချင်းပင် သားရိုင်းကောင်အားလုံးသည် တစ်ပြိုင်နက် ဒူးထောက်လိုက်ကြပြီး ဟိန်းဟောက်လိုက်ကြသည်။
သားရိုင်းကောင်များသည် ၎င်းတို့၏ အသံနှင့် သွေးမျိုးစက်၏ အရင်းအမြစ်နှင့်အတူ အုပ်ချုပ်သူလီဇီဟွားကို အော်ခေါ်လိုက်ကြသည်။
အုပ်ချုပ်သူ၏ ရုပ်တုသည် ထပ်မံတုန်ယင်လာပြီး ပိုပြီးများပြားသော အက်ကွဲကြောင်းများက ထွက်ပေါ်လာကြသည်။ အရေအတွက်များပြားသော ကျောက်တုံးကြီးများသည် ရုပ်တုထံမှ ပြုတ်ကျလာကြပြီး နိုးထလာသည့် လက္ခဏာများသည် ပိုပြီးထင်ရှားလာသည်။
ကောင်းကင်နှင့်မြေပြင်၏ အရောင်သည် ပြောင်းလဲသွားသည်။ အဝေးမှ အနီရောင်လဂြိုလ်သည်ပင် တုန်လှုပ်သွားဟန် ရသည်။
သို့သော်လည်း ထိုနိုးထလာမှုသည် အနည်းငယ် လိုအပ်ချက်ရှိသေးပုံပေါ်သည်။ ယင်းက မတည်မငြိမ်ဖြစ်နေသည်။ တစ်ခါတစ်ရံ အားကောင်းလာပြီး တစ်ခါတစ်ရံ အားနည်းသွားသည်။
ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လျှိုးလာသည်။
“ လပုန်ကန်ခန်းမက လူတွေအားလုံး… မင်းတို့ရဲ့ တာဝန်က ရောက်ရှိလာပြီ ”
“ အုပ်ချုပ်သူလီဇီဟွားက သူမသေဆုံးခင် အသိစိတ်အမျှင်တန်းတစ်ခုကို လပုန်ကန်ကြေးမုံထဲမှာ ထည့်သွင်းခဲ့တယ်… အဲ့ဒီနတ်ဘုရားစိတ်အာရုံက လပုန်ကန်ခန်းမထဲမှာ ဘုရားကျောင်းတစ်သိန်းအဖြစ် ပြောင်းလဲသွားတယ်… အခု ရုပ်တုအားလုံး… ကိုယ့်နေရာကို ပြန်လာကြမယ် ”
“ ချင်းလေး ငါ့ကို ကူညီပေးပါ ”
ခေါင်းဆောင်သည် ဟိန်းအော်လိုက်ပြီး လပုန်ကန်ခန်းမကို ထိန်းချုပ်လိုက်သည်။ ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။ သူတို့နှစ်ယောက်က အတူပူးပေါင်းမှသာလျှင် လပုန်ကန်ကြေးမုံကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မည်။
ယခု သူတို့နှစ်ယောက်က အတူတကွ ဆောင်ရွက်လိုက်သည့်အခါ လပုန်ကန်ကြေးမုံသည် တုန်ယင်လာပြီး အုပ်ချုပ်သူ၏ ရုပ်တုကို မျက်နှာချင်းဆိုင်သွားသည်။
ကြေးမုံ၏ အလင်းပြန်မှုအောက်မှာ အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုသည် ချက်ချင်း ပြောင်းလဲသွားသည်။ ဤသည်မှာ ၎င်းက တောင်တန်းတစ်ခုသို့ ပြောင်းလဲသွားသည့်အလားပင် မရေမတွက်နိုင်သော ဝဲကတော့များသည် ၎င်း၏ ကိုယ်ထည်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ဝဲကတော့တစ်ခုစီတွင် ဘုရားကျောင်းတစ်ခု၏ ပုံရိပ်က ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
လပုန်ကန်ခန်းမမှ ကျင့်ကြံသူများသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် အုပ်ချုပ်သူ ပြန်ရှင်သန်လာရန် သူတို့၏ နှလုံးသားထဲမှ လိုလိုလျားလျား ဆန္ဒရှိကြသည်။ ထို့ကြောင့် သူတို့သည် နေရာမှ ချက်ချင်း ပျံသန်းထွက်သွားကြပြီး ဘုရားကျောင်းများထဲသို့ စတင်ဝင်ရောက်သွားကြသည်။
ဤတစ်ကြိမ်တွင် သူတို့က လပုန်ကန်ခန်းမထဲမှ ဘုရားကျောင်းများဆီသို့ မပြန်သွားကြတော့ပေ။ ယင်းအစား ရုပ်တုပေါ်မှ ဝဲကတော့များဆီသို့ ပြန်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လပုန်ကန်ကျင့်ကြံသူတစ်သိန်းသည် ပျောက်ကွယ်သွားကြသည်။ သူတို့က ပြန်ပေါ်လာသည့်အခါ ရုပ်တု၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားကြသည်။ သူတို့အားလုံးသည် ရုပ်တုများသို့ ပြောင်းလဲသွားကြပြီး တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံသည် လှည့်ပတ်သွားပြီး အုပ်ချုပ်သူ၏ ရုပ်တုဖြင့် ပေါင်းစပ်သွားသည်။
သူတို့သည် အုပ်ချုပ်သူလီဇီဟွား ပြန်ရှင်သန်လာရေးအတွက် အရင်းအမြစ်စွမ်းအား ဖြစ်လာကြသည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံက ရုပ်တုဖြင့် ပေါင်းစပ်သွားသည့်အခါ အုပ်ချုပ်သူ၏ အရှိန်အဝါသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။ ယင်းက ဆက်လက် တည်မြဲသွားပြီး ပိုပြီးအားကောင်းလာသည်။
ပြန်လည်နိုးထလာသည့် အရှိန်အဟုန်သည် စက်ဝန်းတစ်ခုပမာ ဖြစ်ပေါ်လာသည်။ ယင်းက မီးတောက်များသဖွယ် လောင်မြိုက်လာသည်။ ထိုအတိုင်း ဆက်လက် လောင်မြိုက်သွားမည်ဆိုလျှင် ယင်းက လောကကြီးကို လောင်ကျွမ်းသွားလိမ့်မည်။
ဤသည်ကို မြင်လိုက်ရသောအခါ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် စိတ်လှုပ်ရှားသွားကြသည်။
“ အခု နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ် ”
ခေါင်းဆောင်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ခေါင်းမော့လိုက်ပြီး မိုးကုပ်စက်ဝိုင်းမှ အနီရောင်လကို ကြည့်လိုက်သည်။
“ နောက်နှစ်ရက်ကြာရင် အနီရောင်လဂြိုလ်က ဒီနေရာပေါ်ကို တိုက်ရိုက် ဆင်းသက်လာလိမ့်မယ်… အဲ့ဒီအခါကျရင် အနီရောင်လစွမ်းအားက အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ်”
“ အနီရောင်လရဲ့ အထွတ်အထိပ်စွမ်းအားနဲ့ နီလာနတ်သမီးရဲ့ အရှိန်အဝါက အုပ်ချုပ်သူအတွက် အကြီးမားဆုံး လှုံ့ဆော်မှုပဲ… အဲ့ဒီအချိန်ကျရင် သူ့ရဲ့ နိုးထမှုက အပြည့်အဝ လှုံ့ဆော်ခံလိုက်ရပြီး… သူက ပြန်ရောက်လာလိမ့်မယ် ”
“ ငါတို့လုပ်ရမှာက ဆက်လက် အော်ခေါ်နေပြီး ပြန်ရှင်သန်လာနေတဲ့ အုပ်ချုပ်သူရဲ့ စိတ်ဆန္ဒကို ထိန်းသိမ်းပေးရမယ်… အဲ့ဒီမီးတောက် မငြိမ်းသတ်သွားအောင် ငါတို့က စောင့်ကြည့်ပေးရမယ် ”
ခေါင်းဆောင်၏ စကားသံ ဆုံးသွားသည့်အခါ ကောင်းကင်ပေါ်မှ အိမ်ရှေ့စံမင်းသားသည် ခေါင်းညိတ်လိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲမှာ ခမည်းတော်ကို အော်ခေါ်လိုက်သည်။
မင်းသမီးမင်မိန်၊ တခြားညီအကိုမောင်နှမများနှင့် ထောင်သောင်းချီသော လပုန်ကန်ကျင့်ကြံသူများသည် တူညီစွာ လုပ်ဆောင်လိုက်ကြသည်။ သူတို့အားလုံးသည် စိတ်ထဲမှာ အော်ခေါ်လိုက်ကြသည်။ ထိုမျှတင်မကသေးပေ။ ဤနေရာမှ မြင်ကွင်းသည် လပုန်ကန်ကြေးမုံမှတဆင့် လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသည်။
ပြန့်ကျဲသွားကြသော အနီရောင်လကျင့်ကြံသူများသည် ချွင်းချက်အနေဖြင့် ဤအခိုက်အတန့်မှာ အလွန်ချောက်ချားသွားကြသည်။
သို့သော်လည်း အသက်ရှင်နေသေးသော သနားစရာကောင်းသည့် သက်ရှိများအတွက်တော့ ယင်းက တစ်ခါမှမဖြစ်ပေါ်ဖူးသော မျှော်လင့်ချက် ဖြစ်သည်။
ထို့ကြောင့် အုပ်ချုပ်သူအပေါ် အော်ခေါ်သံသည် လဝတ်ပြုဒေသကြီးထဲမှာ ပြည့်နှက်သွားသည်။
“ အုပ်ချုပ်သူ ကျေးဇူးပြုပြီး ပြန်လာပေးပါ ”
“ အုပ်ချုပ်သူ ကျေးဇူးပြုပြီး ပြန်လာပေးပါ ”
“ အုပ်ချုပ်သူ ကျေးဇူးပြုပြီး ပြန်လာပေးပါ ”
ထိုအသံများသည် ဆက်လက် တည်တံ့နေပြီး တဖြည်းဖြည်း ပိုအားကောင်းလာသည်။ ယင်းတို့က လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ပြည့်နှက်သွားသည့်အခါ ရွှီချင်း၏ နှလုံးသည် လှုပ်ခတ်လာသည်။ သူ၏ အကြည့်သည် မိုးကုပ်စက်ဝိုင်းပေါ်မှ အနီရောင်လဂြိုလ်ထံသို့ ရောက်ရှိသွားသည်။ ထို့နောက် သူ၏ အကြည့်သည် အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုဆီသို့ ရွှေ့ပြောင်းသွားသည်။ သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး ခေါင်းဆောင်ဆီသို့ လျှောက်သွားသည်။
“ စီနီယာအကိုကြီး… နီလာနတ်သမီးရောက်လာတဲ့အခါကျရင် ငါတို့ရဲ့ စစ်ကူတွေက လုံလောက်ပါ့မလား… ငါ့မှာ အကူအညီပေးနိုင်တဲ့လူတစ်ယောက် ရှိသေးတယ်… ”
“ မင်းက ဟိုပျံတံတံမြေခွေးမကို ပြောတာလား ”
ခေါင်းဆောင်သည် သူ၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေသည်။ သူက ထိုစကားကို ကြားသောအခါ ရွှီချင်းကို ကြည့်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
ရွှီချင်းက ခေါင်းခါလိုက်သည်။
“ တခြားတစ်ယောက်ပါ ”
ခေါင်းဆောင်သည် အနည်းငယ် အံ့ဩသွားသည်။ သူက ရွှီချင်းကို အနီးကပ် သေချာကြည့်လိုက်ပြီး ပြန်မပြောမီ တစ်ခဏကြာ စဉ်းစားလိုက်သည်။
“ ဂျူနီယာညီလေး… တကယ်တော့ ငါတို့ရဲ့ လက်ရှိအင်အားက လုံလောက်လား မလုံလောက်ဘူးလားဆိုတာ ငါလည်း သိပ်မသေချာဘူး… တကယ်လို့ မင်းက အကူအညီခေါ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ… ငါစိုးရိမ်တာက တကယ်လို့ ကူညီမယ့်လူတွေ အရမ်းများလာမယ်ဆိုရင် နောက်ဆုံးမှာ ငါတို့ရမယ့်ဝေစုက နည်းသွားမှာကိုပဲ ”
ရွှီချင်းသည် တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။
“ ဝေစုက အရေးကြီးတယ်ဆိုပေမဲ့ နီလာနတ်သမီးကို သတ်ပစ်ဖို့က ပိုပြီးအရေးကြီးတယ် ”
“ ဒါ့အပြင် ငါတို့နားမှာ ဒီလောက်လူအများကြီးရှိနေတာ… အဲ့ဒီကူညီမယ့်လူက အများကြီး တောင်းဆိုရဲလိမ့်မယ်လို့ ငါမထင်ဘူး… အဲ့လိုမှမဟုတ်ရင်… ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး ချက်ချင်း ပြောသည်။
“ ဂျူနီယာညီလေး… မင်းက ဘာကို စောင့်နေသေးတာလဲ… မြန်မြန် သူ့ကို သွားဖိတ်ခေါ်လိုက်ပါ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်ကာ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းတုံကင်တစ်ခုကို ထုတ်လိုက်သည်။ ထိုကျောက်စိမ်းတုံကင်သည် သက်ရှိတစ်ကောင်နှင့် ဆင်တူသည်။ သူက ထိုအရာကို ဆုပ်ကိုင်လိုက်လေရာ ချွဲကျိကျိ ခံစားမိလာသည်။ ယင်းက အသွေးအသားတစ်ခုနှင့် ဆင်တူသည်။
ထိုကျောက်စိမ်းတုံကင်သည် နတ်ဘုရားတစ်ပါး၏ တည်ရှိမှု ကိန်းအောင်းနေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ယင်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း လွှမ်းမိုးဖိနှိပ်သော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဤနေရာမှ စွမ်းအင်အတတ်အကျများကို ဖရိုဖရဲဖြစ်သွားစေသည်။
ခေါင်းဆောင်၏ အကြည့်က ကျောက်စိမ်းတုံကင်ပေါ်သို့ ကျရောက်သွားသည့်အခါ သူက မျက်ခုံးပင့်တင်လိုက်ပြီး ရယ်မောလိုက်သည်။
ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက ကျောက်စိမ်းတုံကင်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။
အဖြူရောင်အလင်းသည် ကျောက်စိမ်းတုံကင်ထံမှ ချက်ချင်း ထွက်ပေါ်လာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။
ရွှီချင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။