← Chapters

အနီရောင်လကုန်းမြေ

Vol. 70 Ch. 1087

အနီရောင်လကုန်းမြေ

Vol. 70 Ch. 1087

ရာသီဥတုသည် ပြောင်းလဲသွားသည်။

အရာအားလုံးသည် တုန်ဟီးသွားသည်။

သက်ရှိအားလုံး၏ နှလုံးသားသည် ဆူပွက်လာသည်။

ရှေးခေတ်မှစ၍ နောင်ခေတ်အဆက်ဆက်တိုင်အောင် နောင်တလွင်ပြင်ပေါ်တွင် ဒူးထောက်နေရသော အုပ်ချုပ်သူ၏ ရုပ်တုသည် နောက်ဆုံးမှာတော့ လှုပ်ရှားလာသည်။

သူ၏ လက်နှစ်ဖက်သည် ကောင်းကင်နှင့်မြေပြင်၏ ထောက်တိုင်များအလား အောက်မေ့ရပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အဟောင်းကို ဖျက်ဆီးပြီး အသစ်ကို ဆောင်ကြဉ်းမည့် အင်အားနှင့်အတူ ကြောက်စရာကောင်းသော လေပြင်းသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

လေပြင်းသည် စူးရှရှ အော်မြည်လာပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သူ၏ လက်ဖဝါးရှေ့မှ ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး နိယာမများနှင့် ဥပဒေသများသည် သူ၏ လက်ဖဝါးကြောင့် ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ ကျင့်ကြံသူတစ်ဦး၏ လက်များမဟုတ်ပေ။ ယင်းက နတ်ဘုရားတစ်ပါးဖြစ်လုနီးပါး ပုဂ္ဂိုလ်ထံမှ လက်များဖြစ်သည်။

ထိုဧရာမလက်နှစ်ဖက်သည် ရှေးခေတ်ကာလနှင့် မျက်မှောက်ခေတ်ကာလကို ပဲ့တင်ထပ်သွားစေမည့် မြည်ဟိန်းသံနှင့်အတူ အနီရောင်လဂြိုလ်ကို ရိုက်ချလိုက်သည်။

သူက အနီရောင်လဂြိုလ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

သူ၏ လက်ထဲမှာ ကောင်းကင်ပေါ်မှ အနီရောင်လဂြိုလ်သည် ငြိမ်သက်သွားသည်။

အနီရောင်လဂြိုလ်သည် နှစ်ပေါင်းမြောက်များစွာအတွင်း ၎င်းအား တားဆီးနိုင်သော တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ရင်ဆိုင်လိုက်ရသည်။ ကျယ်လောင်သော မိုးထစ်ချုန်းသံသည် လဝတ်ပြုဒေသကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ၎င်းက အရှေ့သို့ ဆက်သွားရန် ကြိုးစားသည်။ သို့သော်လည်း ၎င်းက အုပ်ချုပ်သူလီဇီဟွား၏ လက်ထဲမှာ ကျောက်တုံးတစ်တုံးပမာ ငြိမ်သက်သွားသည်။

ချက်ချင်းဆိုသလို ပြင်းထန်သော ရုန်းကန်မှုသည် နှစ်ဖက်စလုံးထံမှ ထွက်ပေါ်လာကြသည်။

ထိုသို့လှုပ်ခါခြင်းသည် အနီရောင်လဂြိုလ်ကို ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာစေသည်။ လဂြိုလ်ပေါ်မှ သွေးနီအလင်းရောင်သည် ပိုပြီးထွန်းလင်းတောက်ပလာပြီး ကျောက်တုံးအပိုင်းအစများသည် အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုပေါ်မှ ကွာကျလာကြသည်။

တဖြည်းဖြည်း မိုးခြိမ်းသံကဲ့သို့ နှလုံးခုန်သံသည် ရုပ်တုထဲမှ ပဲ့တင်ထပ်လာသည်။

ဒုန်း… ဒုန်း… ဒုန်း…

နှလုံးခုန်သံက ပိုပြီးကျယ်လောင်လာသည့်အခါ အဖြူရောင်မီးတောက်များသည် အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုပေါ်မှာ ပိုပြီးအားကောင်းစွာ လောင်ကျွမ်းလာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

အဝေးမှကြည့်လျှင် အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုသည် လူသားပုံသဏ္ဍာန် ဧရာမမီးမျှော်စင်နှင့် ဆင်တူသည်။

ထိုမီးတောက်များမှ ထုတ်လွှတ်နေသော အလင်းရောင်သည် အနီရောင်လမှ ထုတ်လွှတ်နေသော အလင်းရောင်ထက်ပင် သာလွန်သွားသည်။

ယင်း၏ အရှိန်အဟုန်သည် ကြမ်းကြုတ်ပြီး နေရာအနှံ့သို့ ကျူးကျော်ဝင်ရောက်သွားသည်။

ရုပ်တု၏ ဘေးပတ်ပတ်လည်မှ ဧရိယာအားလုံးသည် ထိုမီးတောက်များ၏ ဖုံးလွှမ်းခံလိုက်ရသည်။ ကောင်းကင်တစ်ခုတည်းသာ…

အနီရောင်လဂြိုလ်ဖြင့် အစားထိုးခံထားရသော ကောင်းကင်သည်တော့ ထိုအဖြူရောင်မီးတောက်များအတွက် တားမြစ်ဧရိယာတစ်ခု ဖြစ်လာဟန် တူသည်။

အနီရောင်အလင်းနှင့် အဖြူရောင်မီးတောက်သည် ဆန့်ကျင်ဘက် တွေ့ဆုံမှုကို ဖြစ်ပေါ်စေသည်။

လီဇီဟွားသည် ပြန်ရှင်သန်လာသည်။

သို့သော်လည်း သူက အပြည့်အဝ မနိုးထသေးပေ။

ထိုနိုးထမှုသည် နှလုံးခုန်သံနှင့် သူ၏ အရှိန်အဝါမျှသာ ဖြစ်သည်။ သူ၏ မျက်လုံးသည် အပြည့်အဝ မပွင့်သေးချေ။

သို့သော်လည်း ထိုမျှဖြင့် လဝတ်ပြုဒေသကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။ ယင်းက အနီရောင်လဂြိုလ်၏ ရောက်ရှိလာမှုမှ ထွက်ပေါ်လာသော နတ်ဘုရား၏ ဖိအားကို လွင့်ပြယ်သွားစေသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် တစ်ယောက်ပြီးတစ်ယောက် ပြန်ကောင်းမွန်လာကြသည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ရွှေရောင်နေလုံးကိုးလုံးက ဝိုင်းရံထားကြသည်။ လေထဲမှာ မတ်တတ်ရပ်နေစဉ် ရူးသွပ်မှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အနီရောင်လဂြိုလ်ကို စိုက်ကြည့်နေစဉ် ပါးစပ်ထဲမှ သွားရည်စီးကျလာသည်။

ရွှီချင်းသည်တော့ သူ့ထက် ပိုပြီးအခြေအနေကောင်းသည်။ ရှေးဟောင်းဝိညာဉ်အင်ပါယာသည် သူတို့နှင့် အတူပူးပေါင်းရန် ဆန္ဒရှိသေးပုံပေါ်သည်။ ထို့ကြောင့် သူက အသွင်ပြောင်းထားသော ဝတ်ရုံနက်သည် ရွှီချင်းအတွက် ဖိအားအများစုကို တားဆီးပေးလိုက်သည်။

“ သွားကြစို့ ”

လူတိုင်းက ပြန်လည်လှုပ်ရှားလာနိုင်သည့်အခါ အိမ်ရှေ့စံမင်းသားက ပြောသည်။ သူက အမြန်ပြေးသွားပြီး သူ့ခမည်းတော်၏ ရုပ်တုလက်မောင်းပေါ်သို့ တတ်သွားသည်။ သူက ရုပ်တု၏ လက်မှတဆင့် အနီရောင်လဂြိုလ်ဆီသို့ ဦးတည်ပြေးသွားသည်။

မင်းသမီးမင်မိန်သည် သူ၏ ဘေးမှ လိုက်သွားသည်။ ပဉ္စမသမီးတော်နှင့် အဌမသားတော်သည် သူတို့အနောက်မှ လိုက်သွားကြသည်။

နဝမသားတော်သည်တော့ သူတို့အထဲမှာ အမြန်ဆုံးဖြစ်သည်။ သူက ခြေလှမ်းအနည်းငယ် လျှောက်လိုက်လေရာ အိမ်ရှေ့စံမင်းသားကို ကျော်သွားသည်။ သူက ဓားထိပ်ဖျားအသွင်သို့ ပြောင်းလဲသွားသည့်အလား အနီရောင်လဂြိုလ်ဆီသို့ ဦးတည်သွားသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့အနောက်မှ လိုက်သွားကြသည်။ သူတို့သည် ဤတိုက်ပွဲ၏ အစပြုသူများဖြစ်သောကြောင့် မဖြစ်မနေ ကိုယ်တိုင်ပါဝင်ရလိမ့်မည်။

“ အုပ်ချုပ်သူရဲ့ ပြန်ရှင်သန်မှုက အချိန်သိပ်ကြာလို့ မရဘူး… ပြီးတော့ အခုချိန်က သူ့ကို နှိုးရမယ့်အချိန် မဟုတ်သေးဘူး… ငါတို့က အနီရောင်လဂြိုလ်ပေါ်ကို ခြေချပြီး လနန်းတော်ထဲကို အရင်ဝင်ရောက်ရမယ် ”

“ နီလာနတ်သမီးကို ငါတို့မြင်တဲ့အချိန်က အုပ်ချုပ်သူ ပြန်နိုးထလာမယ့်အချိန်ပဲ ”

ခေါင်းဆောင်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက နတ်ဘုရားအာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။ ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်စလုံးက အလျင်ကုန် ထုတ်သုံးလိုက်လေရာ အနီရောင်လဂြိုလ်ဆီသို့ တဖြည်းဖြည်း နီးကပ်သွားကြသည်။

နတ်ဘုရားအဆင့် တိုက်ပွဲသည်လည်း မကြာခင် စတင်လာတော့မည် ဖြစ်သည်။

သို့သော်လည်း အနီရောင်လဂြိုလ်ပေါ်သို့ ခြေချခြင်းသည် လွယ်ကူသောအရာ မဟုတ်ပေ။

အနီရောင်လဂြိုလ်က အုပ်ချုပ်သူ၏ လက်ဖဝါးထဲမှာ ငြိမ်သက်နေပြီး ထွက်ခွာရန် မဖြစ်နိုင်သော်လည်း အနီရောင်လထံမှ ထုတ်လွှတ်နေသော ဖိအားသည် အလွန်ကြောက်စရာကောင်းနေဆဲပင်။ သူတို့က အနီရောင်လဂြိုလ်ဆီသို့ တဖြည်းဖြည်း နီးကပ်လာလေ ထိုဖိအားက ပိုပြီအားကောင်းလာလေ ဖြစ်သည်။

လဂြိုလ်ထံမှ ထုတ်လွှတ်နေသော ဒီရေအတတ်အကျစွမ်းအားသည် အရာအားလုံးကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်သည်။

၎င်း၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး အက်ကွဲကြောင်းများသည် ဆက်လက် ပေါ်ထွက်လာကြသည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်ပင် အနီရောင်လဂြိုလ်နားသို့ ချဉ်းကပ်ရောက်ရှိသွားသည့်အခါ ရှေ့ဆက်ခြေလှမ်း လှမ်းရန် အခက်တွေ့လာကြသည်။

ခေါင်းဆောင်သည်လည်း ထို့အတူပင်။ နဝမသားတော်၏ အမူအရာနှင့် ခြေလှမ်းသည်သာ ယခင်အတိုင်း ဆက်လက် မြဲမြံနေသည်။ သူက အနီရောင်လဂြိုလ်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ချဉ်းကပ်သွားနေသည်။

ရွှီချင်း၏ ခြေလှမ်းသည်လည်း သက်ရောက်မခံရပေ။ အကြောင်းအရင်းတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံကြောင့်ဖြစ်သည်။ သို့သော်လည်း အဓိက အကြောင်းအရင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင်လအခွင့်အာဏာကြောင့် ဖြစ်သည်။

တခြားလူများအတွက် အတားအဆီးဖြစ်သော ထိုဖိအားသည် သူအတွက်တော့ ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို ဖြစ်ပေါ်စေသည်။ သူက အရှေ့သို့ ဆက်လျှောက်သွားလေ ထိုရင်းနှီးကျွမ်းဝင်သော ခံစားမှုက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။

ဤသည်မှာ သူက နွေးထွေးသော ရင်ခွင်ထဲမှာ လမ်းလျှောက်နေရသည့်အလားပင်။

ထိုအချက်ကို အာရုံခံမိသွားသောအခါ ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင်လအခွင့်အာဏာကို ချက်ချင်း လှည့်ပတ်လိုက်သည်။ ယင်းက အပြင်သို့ ပျံ့နှံ့လာပြီး သူ့အရှေ့မှ အနီရောင်လဂြိုလ်ကို ထွန်းလင်းသွားစေသည်။ ချက်ချင်းပင် သူ၏ ဘေးပတ်ပတ်လည်မှ အနီရောင်အလင်းသည် ပိုပြီးထွန်းလင်းတောက်ပလာသည်။

“ ငါ့ရဲ့ အနီရောင်လအခွင့်အာဏာက အစွမ်းတိုးမြှင့်သွားတယ် ”

ရွှီချင်း၏ မျက်လုံးထဲမှာ အနီရောင်အလင်း ရောင်ပြန်လာသည်။ သွေးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ပြည့်နှက်သွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကာ ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေသည်။ သူက ပိုပြီးမြန်ဆန်စွာ ရွေ့လျားလာပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ဘေးသို့ ရောက်ရှိသွားသည်။

အနောက်တွင်တော့ ချန်းအားညိုတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

ဤသည်ကို ရှေးဟောင်းဝိညာဉ်အင်ပါယာ မြင်သွားသောအခါ မျက်လုံးမှေးကျဉ်းလိုက်သည်။

“ ဒီကောင်လေးနဲ့ နီလာနတ်သမီးကြားမှာ ကြီးမားတဲ့ ကမ္မရှိတယ်… ”

ထိုမြင်ကွင်းကို အနောက်မှာ တစ်ယောက်တည်း ကျန်နေခဲ့သည့် ခေါင်းဆောင်က မြင်လိုက်ရသည့်အခါ အနည်းငယ် စိုးရိမ်ပူပန်လာသည်။

“ အဲ့လိုမဖြစ်ရဘူး… ငါက လဝတ်ပြုဒေသကြီးမှာ စီနီယာအကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခက်ခက်ခဲခဲ ပြန်တည်ဆောက်ထားပြီး ချင်းလေးကို လမ်းတစ်လျှောက် ငါ့အမိန့်ကို နားထောင်အောင် မနည်းလုပ်ထားရတာ… အခု အနီရောင်လဂြိုလ်က ငါတို့အရှေ့မှာ ရှိနေပြီး ငါက အနောက်မှာ ကျန်နေခဲ့မယ်ဆိုရင်… အရမ်းရှက်ဖို့ကောင်းလိမ့်မယ် ”

ခေါင်းဆောင်က စိုးရိမ်ပူပန်လာစဉ် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူတို့တစ်ယောက်ချင်းစီသည် လျှို့ဝှက်အတတ်ကို ထုတ်သုံးလိုက်ကြသည်။ သူတို့က ပါးစပ်ဟလိုက်ကြပြီး သူတို့၏ အရှေ့မှ အနီရောင်လဂြိုလ်ထံသို့ လေမှုတ်ထုတ်လိုက်ကြသည်။

သူတို့၏ လုပ်ဆောင်မှုနှင့်အတူ အောက်ဘက်မှ လီဇီဟွား၏ ရုပ်တုသည် ပြင်းထန်စွာ တုန်ယင်လာသည်။ သူ၏ တင်းကျပ်စွာ ပိတ်ထားသော ပါးစပ်က သူ၏ သားသမီးများကဲ့သို့ ဖြည်းညင်းစွာ ပွင့်သွားပြီး အနီရောင်လဂြိုလ်ထံသို့ လေမှုတ်ထုတ်လိုက်သည်။

ထိုလေသည် အဖြူရောင်မြူခိုးသို့ ပြောင်းလဲသွားပြီး အနီရောင်လဂြိုလ်ထံသို့ တိုက်ခတ်သွားသည်။ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ကျယ်လောင်သော မိုးခြိမ်းသံသည် ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် အနီရောင်လဂြိုလ်ထံမှ ဖိအားသည် ကြီးကြီးမားမား လျော့ကျသွားသည်။ သို့သော်လည်း ယင်းက ယာယီမျှသာဖြစ်ပြီး ထိုဖိအားသည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လူတိုင်းသည် တဒင်္ဂ အနားယူပြီးနောက် မြန်ဆန်စွာ အရှိန်မြှင့်တင်လိုက်ကြသည်။ နောက်ဆုံးမှာတော့ သူတို့အားလုံးသည် အုပ်ချုပ်သူ၏ ဘယ်လက်မှတဆင့် အနီရောင်လဂြိုလ်ပေါ်သို့ ရောက်ရှိသွားကြသည်။

သို့သော်လည်း အနီရောင်လဂြိုလ်သည် အတိုင်းအဆမဲ့သော ရှေးဟောင်းလစန္ဒာတစ်ခုဖြစ်သည်။ ထို့ပြင် အနီရောင်လဂြိုလ်သည် နီလာနတ်သမီး၏ နန်းတော်တည်ရှိရာနေရာ ဖြစ်သည်။ အနီရောင်လထံမှ ဖိအားသည် အုပ်ချုပ်သူလီဇီဟွား၏ လေမှုတ်ထုတ်မှုကြောင့် ယာယီလွင့်ပြယ်သွားခဲ့သော်လည်း ဤနေရာမှ နီလာနတ်သမီး၏ အရှိန်အဝါသည် တိမ်တိုက်များနှင့် မြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်ပကျူးကျော်မှုများကို တားဆီးမည့် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။

အုပ်ချုပ်သူလီဇီဟွား၏ လက်ဖဝါးသည်ပင် အကာအကွယ်ပေါ်သို့သာ ဖိနှိပ်နိုင်သည်။ အကွာအဝေးက အလွန်ကြီးမားသောကြောင့် သူက အကာအကွယ်ကို မဖျက်ဆီးနိုင်ပေ။

ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားသည်။ သူက အာရုဏ်ဦးနေမင်းများကို ထုတ်လွှတ်တော့မည့်အချိန် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် သူတို့၏ ဘယ်လက်ညှိုးကို မြှောက်လိုက်ကြပြီး အနီရောင်လဂြိုလ်ထံသို့ ညွှန်လိုက်ကြသည်။

အလွန်သိပ်သည်းသော သွေးမျိုးစက်အားလှိုင်းအတတ်အကျများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်လာကြသည်။

နောက်အခိုက်အတန့်မှာ အုပ်ချုပ်သူ၏ ရုပ်တုသည် ထပ်မံ တုန်ခါလာသည်။ အံ့ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ သူက ဘယ်လက်ကို မြှောက်ရန် အနီရောင်လဂြိုလ်ထံမှ အနည်းငယ် ဆုတ်ခွာသွားသည်။

သူက လက်မြှောက်လိုက်သည့်အခါ အနီရောင်လဂြိုလ်သည် တုန်ယင်လာပြီး ဖြည်းညင်းစွာ ရွေ့လျားလာသည်။ ဤသည်မှာ ၎င်းက အဝေးသို့ ဆက်လက် ပျံသန်းသွားချင်နေဟန် ရသည်။

အုပ်ချုပ်သူ၏ ဘယ်လက်ပေါ်မှာ ရပ်နေကြသော ရွှီချင်း၊ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ဤအခိုက်အတန့်မှာ ခန္ဓာကိုယ်လှုပ်ယမ်းသွားကြသည်။ သူတို့က ခန္ဓာကိုယ်ဟန်ချက်ညီအောင် ပြန်ထိန်းနိုင်သွားသည်နှင့်တစ်ပြိုင်နက် အုပ်ချုပ်သူ၏ ဘယ်လက်သည် ပေတစ်ထောင်အကွာသို့ ဆုတ်ခွာသွားပြီး ရပ်တန့်သွားသည်။

သူက လက်ညှိုးကို ရှေ့ထုတ်လိုက်ပြီး အနီရောင်လဂြိုလ်ပေါ်သို့ ထိုးစိုက်လိုက်သည်။

လက်ချောင်း၏ အလျင်သည် အလွန်မြန်ဆန်ပြီး ယင်းပေါ်မှာ ကမ္ဘာဖျက်ဆီးနိုင်သော အရှိန်အဝါပါရှိသည်။ ထိုလက်ချောင်းပေါ်မှာ အဖြူရောင်မီးတောက်များပင် လောင်ကျွမ်းနေပြီး အားလုံးကို ကာကွယ်ပေးလိုက်သည်။

မြည်ဟိန်းသံနှင့်အတူ လက်ချောင်းသည် အနီရောင်လဂြိုလ်ပေါ်သို့ ထပ်မံ ကျရောက်လာပြီး ၎င်းအပေါ်မှ တိမ်မြူခိုးအကာအကွယ်ဖြင့် တွေ့ဆုံသွားသည်။

ကျယ်လောင်သော မိုးထစ်ချုန်းသံသည် လဝတ်ပြုဒေသကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ပေါက်ကွဲသံနှင့်အတူ တိမ်မြူခိုးအကာအကွယ်သည် တိုက်ရိုက် ပြိုကွဲထွက်သွားသည်။ တစ်ချိန်တည်းမှာ လက်ချောင်းသည် အထဲသို့ ဆက်လက် တိုးဝင်သွားကာ အနီရောင်လဂြိုလ်ပေါ်မှ မြေကြီးပေါ်သို့ တိုက်ရိုက် ဆင်းသက်သွားသည်။

အနီရောင်လဂြိုလ်တစ်ခုလုံး တုန်ယင်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုလဂြိုလ်၏ မျက်နှာပြင်ကို အပေါ်စီးမှ ကြည့်မည်ဆိုလျှင် သွေးနီရောင်မြေကြီး၏ ကောင်းကင်ပေါ်ရှိ တိမ်တိုက်များက လွင့်ပြယ်သွားနေပြီး အလွန်ကြီးမားသော အပေါက်တစ်ခု ထွက်ပေါ်လာနေကြောင်း မြင်နိုင်လိမ့်မည်။ ကြီးမားသော လက်ချောင်းသည် တိမ်မြူခိုးအကာအကွယ်ကို ထိုးဖောက်သွားပြီး ယင်း၏ လက်ချောင်းထိပ်သည် မြေကြီးဖြင့် ထိတွေ့သွားသည်။

အက်ကွဲကြောင်းများသည် မြေပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိတ်လန့်ဖွယ်ကောင်းသော ထိုမြင်ကွင်းထဲတွင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကလက်ချောင်းပေါ်မှ အဖြူရောင်မီးတောက်များကြားထဲမှာ ရှိနေကြောင်း မြင်နိုင်လိမ့်မည်။

သူတို့သည် အနီရောင်လဂြိုလ်ပေါ်သို့ ဆင်းသက်သွားကြသည်။

အဖြူရောင်မီးတောက်သည် မြန်ဆန်စွာ ငြိမ်းသတ်သွားပြီး အနီရောင်လဂြိုလ်မှ ထုတ်လွှတ်လာသော အနီရောင်အလင်းဖြင့် အစားထိုးခံလိုက်ရသည်။

ရွှီချင်း၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်လာသည်။ သူက အုပ်ချုပ်သူ၏ လက်ချောင်းပေါ်တွင် ရပ်နေလျက် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို စစ်ဆေးကြည့်ရှုလိုက်သည်။

အတိတ်တွင် အနီရောင်လဂြိုလ်ကို အဝေးမှသာ မြင်နိုင်ပြီး အာရုံခံနိုင်ပေသည်။ သူက လဂြိုလ်ပေါ်သို့ ခြေမချနိုင်ခဲ့ပေ။ သို့သော်လည်း ယခု သူက လပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြေပြင်သည် အနီရောင်ဖြစ်ပြီး ကောင်းကင်ပေါ်မှ တိမ်တိုက်များသည် အနီရောင်ဖြစ်သည်။ ဤနေရာတွင် အနီရောင်က တစ်ခုတည်းသောအရောင်ဖြစ်ဟန် ရ၏။

မြေပြင်သည် တောင်တန်းများသဖွယ် နိမ့်ချည်မြင့်ချည် တည်ရှိနေပြီး မြေကြီးပေါ်တွင် မရေမတွက်နိုင်သော ချိုင့်ခွက်များဖြင့် ပြည့်နှက်နေသည်။ သွေးမြစ်သည် နေရာတိုင်းမှာ စီးဆင်းနေသည်။ ဤအနီရောင်လဂြိုလ်သည် အမှန်တကယ်ပင် လောကတစ်ခု ဖြစ်သည်။

ဤလောကကြီးထဲတွင် အလွန်သိပ်သည်းသော ဒြပ်နှောများသည် အရှိန်အဝါအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ ဒြပ်နှောများက နေရာတိုင်းမှာ ဖုံးလွှမ်းနေသောကြောင့် အဝေးသို့ မြင်နိုင်ရန် အလွန်ခက်ခဲပေသည်။ မြင်ကွင်းထဲမှ အရာအားလုံးသည် ပုံပျက်တွန့်လိမ်နေသည်။

ထိုသို့ပုံပျက်တွန့်လိမ်နေသည့်ကြားမှ မရေမတွက်နိုင်သော ပုံရိပ်များသည် အနီရောင်လဂြိုလ်ပေါ်မှာ တဖျပ်ဖျပ် ထွက်ပေါ်လာကြသည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုပုံရိပ်များထဲမှာ လူသားများနှင့် မျိုးနွယ်ခြားများရှိကြောင်း မြင်နိုင်လိမ့်မည်။ အခြေခံအားဖြင့် သူတို့သည် မျိုးနွယ်စုအားလုံးမှ ပုံရိပ်များဖြစ်ကြသည်။ သူတို့၏ အခြေအနေကို ထုတ်ဖော်ပြောရန် ခက်ခဲပေသည်။ သူတို့က အသက်ရှင်နေပုံမပေါ်သလို သေဆုံးနေပုံလည်း မပေါ်ချေ။

သူတို့အားလုံးသည် အသိဉာဏ်မရှိဟန် ရသည်။ သူတို့က ပုံရိပ်ယောင်များနှင့် ဆင်တူပြီး မျက်လုံးကို ဖုံးကွယ်ထားလျက် ဒူးထောက်နေကြသည်။

ပိုပြီးထူးဆန်းသည့်အချက်မှာ သူက မျက်တောင်ခတ်လိုက်သည့်အခါတိုင်း ထိုပုံရိပ်များ၏ တည်နေရာက ပြောင်းရွှေ့သွားကြောင်း ရွှီချင်း သတိထားမိသည်။ သို့သော်လည်း အကယ်၍ သူက မျက်တောင်မခတ်လျှင် သူတို့က မူလနေရာမှာသာ ဆက်လက်ရှိနေကြလိမ့်မည်။

လက်ချောင်း၏ ထွက်ပေါ်လာမှုဖြစ်စေ လူတိုင်း၏ ရောက်ရှိလာမှုဖြစ်စေ ထိုပုံရိပ်များသည် လုံးဝဂရုမစိုက်ကြပေ။ သူတို့က တဖျပ်ဖျပ် နေရာပြောင်းရွှေ့သွားကြပြီး ဆက်လက် အရိုအသေပေးနေကြသည်။ ထို့ပြင် သူတို့၏ ဓမ္မကျမ်းစာ ရွတ်ဆိုသံများသည် ဤနတ်ဘုရားကုန်းမြေပေါ်မှာ ပဲ့တင်ထင်နေသည်။

“ အနီရောင်လ… ကျုပ်တို့ရဲ့ အရှင်သခင်… ဝမ်ကူးကုန်းမြေကို လမ်းပြပေးတော်မူပါ… သက်ရှိအားလုံးအတွက် ဝမ်းနည်းပူဆွေးပြီး နိဗ္ဗာန်ကို စံစားတော်မူပါ ”

“ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အရှင်သခင်အတွက် စတေးပါတယ်… ဒီဘဝမှာ နာကျင်မှုမရှိပါဘူး… အာရုဏ်ဦးနဲ့ နေဝင်ချိန်က နိဂုံးချုပ်သွားတာနဲ့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်က ဘယ်တော့မှ မပျက်စီးနိုင်တော့ပါဘူး ”

“ နီလာနတ်သမီး… ကျုပ်တို့ရဲ့ အရှင်သခင်… ဟွမ်ကောင်းကင်ဘုံရဲ့ အလင်းဆောင်သူ… ကောင်းကင်ဘုံတာအိုကို ဝပ်တွားစေပြီး ရှေးဟောင်းလမ်းစဉ်ကို ပြန်ဖော်ဆောင်မယ့်သူ ”

“ အရှင်သခင်အတွက် ကျုပ်တို့ရဲ့ ဝိညာဉ်ကို စတေးပါတယ်… အခြားတစ်ဖက်မှာ မွန်မြတ်ခြင်း၊ ထာဝရပျော်ရွှင်မှုရဲ့ သံစဉ်နဲ့ နောင်ဘဝက စောင့်ဆိုင်းနေတယ် ”

ထိုကျမ်းစာရွတ်ဆိုသံများသည် အနီရောင်လဗိမာန်မှ ဝတ်ပြုဆုတောင်းသူများထက် ပိုပြီးပြည့်စုံသည်။ ထို့ပြင် ယင်းက သူတို့၏ ပါးစပ်မှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ သူတို့၏ ဝိညာဉ်ထဲမှ ပဲ့တင်ထွက်လာခြင်း ဖြစ်သည်။ ယင်းက ဤအခိုက်အတန့်မှာ အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားပြီး အကန့်အသတ်မဲ့စွာ ပျံ့လွင့်သွားသည်။

All Chapters