← Chapters

မင်း ငါ့အတိတ်ကို စိတ်ကူးကြည့်နိုင်မှာမဟုတ်ဘူး(က)

Vol. 70 Ch. 1094

မင်း ငါ့အတိတ်ကို စိတ်ကူးကြည့်နိုင်မှာမဟုတ်ဘူး(က)

Vol. 70 Ch. 1094

ရွှီချင်း၏ စိတ်ထဲမှာ ထိုအတွေး ထွက်ပေါ်လာသည်နှင့်ချက်ချင်း လရောင်ခြည်ပင်လယ်ပေါ်တွင် ဧရာမသွေးနီရောင်လက်ဝါးသည် လူတိုင်းကို ရိုက်ချရန် ဆက်လက် ပျံသန်းလာသည်။

ယင်းက မျက်စိတစ်မှိတ်အတွင်း အရာအားလုံးကို ဖြတ်ကျော်သွားပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများဆီသို့ ချဉ်းကပ်လာသည်။

ခေါင်းဆောင်၏ ယခင်ဘဝမှ မိန်းမသည်တော့ ယခုထိ ပေါ်မလာသေးပေ။

ဤသည်ကို ဂိတ်တံခါးအပြင်ဘက်မှ ရွှီချင်း မြင်လိုက်ရသောအခါ ဆုံးဖြတ်ချက်ပြတ်သားမှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ခရမ်းသလင်းကျောက်ထဲမှ မြင်ကွင်းများ ထွက်ပေါ်လာလျှင် မည်သို့ဖြစ်လာလိမ့်မည်ကို သူမသိပေ။ သို့သော်လည်း ယခုအချိန်မှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ဧရာမသွေးနီရောင်လက်ဝါးကို ခုခံရန် အကူအညီမဲ့နေကြသည်။ သို့ဖြစ်၍ သူက အကူအညီပေးရန် အကောင်းဆုံး ကြိုးစားရမည်။

သို့သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်က တောက်ပလာသည်နှင့်တစ်ပြိုင်နက် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် သူတို့၏ ဝှက်ဖဲကတ်များကို ထုတ်သုံးလိုက်ကြသည်။ ရှေးဟောင်းအရှိန်အဝါများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကြသည်။

“ ခမည်းတော် ”

အိမ်ရှေ့စံမင်းသားသည် နက်ရှိုင်းစွာ ဟိန်းအော်လိုက်သည်။ တူညီသော အသံသည် မင်းသမီးမင်မိန်နှင့် တခြားလူများထံမှ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို အနီရောင်လဂြိုလ်အောက်မှ အုပ်ချုပ်သူလီဇီဟွား၏ ရုပ်တုသည် တုန်ယင်လာသည်။

ရုပ်တု၏ နိုးထနေသော စိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာသည်။ အမှန်မှာ ရုပ်တု၏ မျက်ခွံသည် ဤအခိုက်အတန့်မှာ တုန်ယင်သွားသည်။ ဤသည်မှာ ၎င်း၏ မျက်လုံးများက ပွင့်လာတော့မည့်အလားပင်။

အသက်ရှူငွေ့သည် ၎င်း၏ ပါးစပ်ထဲမှ ပျံ့နှံ့ထွက်လာပြီး အနီရောင်လဂြိုလ်တစ်ခုလုံးကို မြန်ဆန်စွာ လွှမ်းခြုံသွားသည်။ ယင်းက လနန်းတော်ထဲသို့ တိုးဝင်သွားကာ ၎င်း၏ သားသမီးများကို အစွမ်းတိုးမြှင့်ပေးလိုက်သည်။

လနန်းတော်ထဲတွင် အချိန်သည် ကမောက်ကမာဖြစ်လာပြီး ဥပဒေသများက သက်ဆင်းလာသည်။ ဓားအလင်းသည် ကောင်းကင်ကို လှုပ်ခါသွားသည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မဟာလောကပုံရိပ်ခြောက်ခုကို အတူတကွ ဖွဲ့စည်းလိုက်ကြပြီး သွေးနီရောင်လက်ဝါးဖြင့် ထိတွေ့သွားစေသည်။

ကမ္ဘာမြေတုန်ဟီးစေမည့် အသံသည် ကြောက်စရာကောင်းသော ကမ္ဘာဖျက်အရှိန်အဝါနှင့်အတူ ပေါက်ကွဲထွက်လာသည်။

မဟာလောကပုံရိပ်ခြောက်ခုသည် ခြောက်သွေ့သွားသည်။

အိမ်ရှေ့စံမင်းသားသည် သွေးတစ်ပွက်အန်လိုက်ရပြီး မင်းသမီးမင်မိန်၏ ခန္ဓာကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည် ပျက်စီးသွားသည်။ အဌမသားတော်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆိုးဝါးစွာ ဒဏ်ရာရရှိသွားသည်။ နဝမသားတော်၏ ဓားသည် ထပ်မံအက်ကွဲသွားသည်။ သွေးသည် သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။

သို့သော်လည်း သူတို့၏ သွေးသည် အရပ်မျက်နှာအဘက်ဘက်သို့ မပျံ့လွင့်သွားပေ။ ယင်းအစား အတူတကွ စုဝေးသွားပြီး ဤနေရာသို့ တိုးဝင်လာနေသော အုပ်ချုပ်သူ၏ အသက်ရှူငွေ့ဖြင့် ပေါင်းစပ်သွားကာ ဧရာမလက်ချောင်းပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုလက်ချောင်းသည် ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လျက် သူတို့အရှေ့မှ လက်ဖဝါးပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

အနီရောင်လသည် တုန်ယင်သွားပြီး လနန်းတော်သည် လှုပ်ခါသွားသည်။ သွေးနီရောင်လက်ဝါးသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်မှာ လပုန်ကန်ကြေးမုံသည် အက်ကွဲသံများကို ထုတ်လွှတ်လိုက်သည်။ အက်ကွဲသံများက ပဲ့တင်ထပ်လာသည့်အခါ လပုန်ကန်ကြေးမုံသည် တိုက်ရိုက် ပြိုကွဲသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ အရေအတွက်များပြားသော ကြေးမုံအပိုင်းအစများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

ကြေးမုံ၏ ပြိုကွဲသွားမှုသည် အနီရောင်လ၏ လက်ဝါးအပေါ် သက်ရောက်မှုရှိသည်။

ဧရာမလက်ဝါးသည်လည်း အက်ကွဲသွားသည်။ လက်ချောင်းငါးချောင်းသည် ကြေးမုံအပိုင်းအစများ၏ လှီးဖြတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျသွားကြသည်။ ထို့နောက် ယင်းတို့က သွေးပင်လယ်အဖြစ်သို့ ပြန်ပြောင်းလဲသွားပြီး ဟိန်းသံများကို ထုတ်လွှတ်လာသည်။

လက်ဝါးသည်လည်း ထို့အတူပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ကွဲထွက်သွားသည်။ ယင်းက အောက်သို့ ပြုတ်ကျလာသည့်အခိုက် လနန်းတော်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ကြေးမုံအပိုင်းအစများဖြင့် အစားထိုးခံလိုက်ရသည်။

ယင်းတို့က နေရာတိုင်းမှာ လွင့်မျောသွားကြသည်။

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်တော့ မောပန်းသွားကြပြီး မျက်နှာဖြူဖျော့သွားကြသည်။ ထိုစဉ် ကျန်းစီယွမ်သည် နောက်ဆုံးချည်မျှင်ကို ဖမ်းဆုပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်နေသည်။

ဤသည်ကိုမြင်သောအခါ နဝမသားတော်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင် ချက်ချင်း ထွက်ပေါ်လာပြီး အေးစက်စက် လေသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူ၏ တစ်ကိုယ်လုံးသည် ဓားအိမ်မှ မထုတ်ရသေးသော ထက်ရှရှဓားတစ်လက်အသွင် ဖြောင့်မတ်လာသည်။

သူက ကျန်းစီယွမ်ကို ပစ်မှတ်ထားလိုက်ပြီး ညာလက်ကို ဖြည်းညင်းစွာ မြှောက်တင်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲနေသော လပုန်ကန်ကြေးမုံ၏ အပိုင်းအစများသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။ ယင်းတို့က ဤလောထဲမှာ လှည့်ပတ်လာကြပြီး နဝမသားတော်၏ ပုံရိပ်ကို မတူညီသော ထောင့်များဆီမှာ အလင်းပြန်သွားစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နဝမသားတော်၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ကြေးမုံအပိုင်းအစများပေါ်မှာ ဒြပ်ထည်ဖြစ်ပေါ်လာကြသည်။

မရေမတွက်နိုင်သော နဝမသားတော်၏ ပုံရိပ်များသည် ညာလက်ကို တစ်ပြိုင်နက် မြှောက်တင်လိုက်ကြသည်။ ထိုအခါ နေ၊ လနှင့် ကြယ်များအပြင် ဥပဒေသချည်မျှင်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ သူ၏ ပခုံးနှစ်ဖက်သည် လင်းထိန်လာပြီး မဟာလောကနှစ်ခု ဖြစ်ပေါ်လာကြသည်။

မဟာလောကနှစ်ခုက သူ၏ ပခုံးပေါ်မှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းတို့က စတင်လောင်ကျွမ်းလာသည်။

အဆုံးမရှိသော မီးတောက်များက ပျံ့နှံ့ထွက်လာသည့်အခါ ထိုမဟာလောကနှစ်ခုထဲမှ သက်ရှိအားလုံးသည် သူတို့၏ ညာလက်ကို မြှောက်တင်လိုက်ကြသည်။ ဓားတစ်လက်သည် သူတို့အားလုံး၏ လက်ထဲမှာ ထွက်ပေါ်လာကြသည်။

သူတို့၏ ဓားချီသည် အတူတကွ စုဝေးသွားပြီး လောကတစ်ခွင်နှင့် နဝမသားတော်၏ ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်သွားသည်။ နောက်ဆုံးမှာတော့ ယင်းတို့က သူ၏ ညာလက်ထဲမှာ စုဝေးသွားပြီး ဓားတစ်လက်ဖြစ်ပေါ်လာသည်။

ထိုဓား ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားသည်။

ဤနေရာတွင် နဝမသားတော်သည် တစ်ယောက်ထက်ပိုရှိသည်။ လပုန်ကန်ကြေးမုံ၏ မရေမတွက်နိုင်သော ကြေးမုံအပိုင်းအစများထဲမှ နဝမသားတော်၏ ပုံရိပ်များသည် ဓားတစ်လက်စီကို ဆုပ်ကိုင်ထားကြသည်။ ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် တစ်ပြိုင်နက် ခေါင်းမော့လိုက်ကြပြီး ကျန်းစီယွမ်ကို စိုက်ကြည့်လိုက်ကြသည်။

သူ၏ ပခုံးပေါ်မှ သက်ရှိအားလုံး၏ ဓားက အပေါ်သို့ မြှောက်တင်သွားသည့်အခါ လပုန်ကန်ကြေးမုံထဲမှ ပုံရိပ်အားလုံးသည်လည်း တစ်ပြိုင်နက် ဓားမြှောက်လိုက်ကြသည်။

သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် ကျန်းစီယွမ်သည် ဘယ်လက်ကို မြှောက်လိုက်သည်။ လရောင်ခြည်ပင်လယ်သည် ထပ်မံ ပရမ်းပတာလှုပ်ခတ်လာပြီး သွေးနီရောင်လက်ဝါးတစ်ခုကို ဖွဲ့စည်းသွားသည်။ လက်ဝါးသည် နဝမသားတော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ထိုအခိုက်အတန့်မှာ နဝမသားတော်သည် တိုးညင်းစွာ ပြောသည်။

“ အမြစ်ဖြတ်သုတ်သင်ပစ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း သူ၏ လက်ထဲမှ ဓားသည် အောက်သို့ ဆင်းသက်လာသည်။ တစ်ချိန်တည်းမှာ သူ၏ ပခုံးပေါ်ရှိ မဟာလောကများထဲမှ သက်ရှိအားလုံး၏ ဓားများသည် ဆင်းသက်လာကြသည်။ လပုန်ကန်ကြေးမုံထဲမှ ပုံရိပ်အားလုံးသည်လည်း တစ်ပြိုင်နက် ဓားချက်ထုတ်ဖော်လိုက်ကြသည်။

ဓားချက်တစ်ချက်သည် ကောင်းကင်ဘုံကို လှုပ်ခါစေနိုင်ပြီး ဓားချက်တစ်သောင်းသည် ဝိညာဉ်ကို လှုပ်ခါစေနိုင်သည်။

လပုန်ကန်ကြေးမုံအပိုင်းအစများထဲမှ ပုံရိပ်တစ်ခုစီသည် ဓားအလင်းတစ်ခုကို ထုတ်ဖော်လိုက်ကြသည်။ ယင်းတို့က အတူတကွ စုဝေးသွားသည့်အခါ လောကတစ်ခွင် လှုပ်ခါစေမည့် ဧရာမဓားတစ်လက်ဖြစ်ပေါ်လာပြီး ကျန်းစီယွမ်ဆီသို့ ပိုင်းဖြတ်သွားသည်။

ထိုဓားသည် တောက်ပသော အလင်းဖြင့် ထွန်းလင်းလာပြီး အထွတ်အမြတ်စွမ်းအား ကိန်းအောင်းနေသည်။

လေနှင့် တိမ်တိုက်များသည် ရွေ့လျားသွားပြီး လောကကြီးသည် တုန်ယင်သွားသည်။ ဟင်းလင်းပြင်သည် ပြိုကွဲသွားသည်။

ဤသည်မှာ နဝမသားတော်၏ အစွမ်းထက်ဆုံး ဓားချက်ဖြစ်သည်။ လပုန်ကန်ကြေးမုံအပိုင်းအစများ၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ ဓားချက်၏ အစွမ်းသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ဤအခိုက်အတန့်မှာ ဓားချက်သည် လေခွင်းသံနှင့်အတူ ပျံသန်းထွက်သွားပြီး သွေးနီရောင်လက်ဝါးဖြင့် တွေ့ဆုံသွားသည်။

လက်ဝါးသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အပြင်းအထန် တုန်ခါလာသည်။ ယင်း၏ လက်ငါးချောင်းက ကွေးသွားလေရာ ဧရာမဓားကို ဖမ်းဆုပ်ချင်နေဟန် ရ၏။

သို့သော်လည်း နောက်အခိုက်အတန့်မှာ လက်ဝါးသည် ပေါက်ကွဲသွားပြီး သွေးမိုးရွာသွန်းလာသည်။ လက်ချောင်းငါးချောင်းသည်လည်း ဓားချက်၏ သက်ရောက်ခံလိုက်ရပြီး မိုးခြိမ်းသံနှင့်အတူ အက်ကွဲသွားသည်။ ယင်းက သွေးမြူခိုးသို့ ပြောင်းလဲသွားပြိး အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားသည်။

ထိုဓားချက်၏ အစွမ်းသည် မပျောက်ကွယ်သွားသေးပေ။ ဓားသည် လက်ဝါးကို ဖျက်ဆီးပြီးနောက် ကြောက်စရာကောင်းသော အဖျက်စွမ်းအားနှင့်အတူ ကျန်းစီယွမ်ဆီသို့ သက်တံ့တစ်စင်းပမာ ချည်းကပ်သွားသည်။ ယင်းက ဆင်းသက်လာတော့မည့်အချိန် ကျန်းစီယွမ်သည် အနောက်ဆုတ်သွားသည်။ သူ၏ ခြေဖဝါးအောက်မှာ အနီရောင်နှင်းပန်းပွင့်သည် မြန်ဆန်စွာ ပွင့်လာပြီး သူ့အရှေ့မှာ တားဆီးပေးလိုက်သည်။

ဓားနှင့် အနီရောင်နှင်းပန်းပွင့်တို့ တွေ့ဆုံသွားသည့်အခါ မိုးထစ်ချုန်းသံများသည် လနန်းတော်မှစတင်၍ အနီရောင်လဂြိုလ်တစ်လျှောက် ပျံ့လွင့်သွားသည်။

ထူးဆန်းသော အနီရောင်နှင်းပန်းပွင့်သည် ဓားချက်၏ အစွမ်းကို မရပ်တန့်နိုင်ပေ။ သူတို့နှစ်ခုတွေ့ဆုံသွားပြီးနောက် နှင်းပန်းပွင့်သည် ဓားအလင်းရောင်အောက်မှာ အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရသည်။

All Chapters