← Chapters

မင်း ငါ့အတိတ်ကို စိတ်ကူးကြည့်နိုင်မှာမဟုတ်ဘူး(ခ)

Vol. 70 Ch. 1095

မင်း ငါ့အတိတ်ကို စိတ်ကူးကြည့်နိုင်မှာမဟုတ်ဘူး(ခ)

Vol. 70 Ch. 1095

အနီရောင်နှင်းပန်းပွင့်က ဖျက်ဆီးခံလိုက်ရသော်လည်း ယင်းက ဓား၏ အစွမ်းတချို့ကို ပျက်ပြယ်သွားစေခဲ့သည်။ ဤအခိုက်အတန့်မှာ နှင်းပန်းပွင့်က ပြန့်ကျဲသွားပြီးနောက် ဓားစွမ်းအင်သည် ကျန်းစီယွမ်၏ အရှေ့သို့ ကျရောက်လာသည်။ ကျန်းစီယွမ်သည် သူ၏ ဘယ်လက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးသည် တုန်ယင်လာပြီး အဝတ်အစားသည် ပေါက်ကွဲသွားသည်။ သူ၏ ဆံပင်ရှည်သည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားသည်။ သူ၏ အနောက်မှ ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး သူက အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ အက်ကွဲရာများသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာပြီး ရွှေရောင်သွေးစက်များ စီးကျလာသည်။

အနောက်သို့ ခြေလှမ်းငါးလှမ်း ဆုတ်သွားပြီးနောက် ကျန်းစီယွမ်၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားပြီး ခေါင်းမော့လိုက်သည်။

“ ဒီဓားချက်ရဲ့ အစွမ်းက တကယ်အံ့ဖွယ်ကောင်းတယ် ”

သူက နူးညံ့စွာ စကားပြောလိုက်သည့်အခါ သူ၏ လက်ဝါးအရှေ့မှ ဓားအလင်းသည် မှေးမှိန်သွားပြီး လူတိုင်း၏ မျက်စိရှေ့မှာ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

လူတိုင်းသည် နှုတ်ဆိတ်သွားကြသည်။ ဓားအလင်းနှင့်အတူ သူတို့၏ အကြည့်သည် အရောင်မှေးမှိန်သွားသည်။

နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်းက ဟာသတစ်ခုဖြစ်ဟန် ရသည်။

ကျန်းစီယွမ်သည် စကားဆုံးအောင် ပြောပြီးနောက် သူ၏ ညာလက်ကို လည်ပင်းထဲမှ ဖြည်းညင်းစွာ ပြန်ဆွဲထုတ်လိုက်သည်။ ချည်မျှင်သည် သူ၏ လက်ချောင်းနှစ်ချောင်းကြားထဲမှာ ညှပ်ပါလာသည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံးချည်မျှင်ဖြစ်သည်။ သူက ချည်မျှင်ကို ဆွဲထုတ်ပြီးနောက် လက်နှစ်ချောင်းဖြင့် ခြေမွပစ်လိုက်သည်။ ချက်ချင်းဆိုသလို ထိုချည်မျှင်သည် ပျက်စီးသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျန်းစီယွမ်၏ အမူအရာသည် ပြန်လည်တည်ငြိမ်လာသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲသွားသော အနီရောင်နှင်းပန်းပွင့်၏ ပွင့်ချပ်များသည် သူဆီသို့ ပြန်ရောက်လာပြီး သူ၏ အဝတ်အစားပေါ်သို့ ကျဆင်းသွားကာ ဇာပန်းပွင့်များ ဖြစ်လာကြသည်။

ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

မည်သူမှ သူ့ကို မရှောင်တိမ်းနိုင်ပေ။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မြန်ဆန်စွာ အနောက်ဆုတ်သွားကြသော်လည်း မလွတ်မြောက်နိုင်ခဲ့ကြပေ။ လျှပ်တစ်ပြက်အတွင်း ကျန်းစီယွမ်သည် ပဉ္စမသမီးတော်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

လက်ချောင်းက ဆင်းသက်လာသည်။

ပဉ္စမသမီးတော်သည် အကူအညီမဲ့နေပုံပေါ်သည်။ ထိုအခိုက်အတန့်မှာ ဒဏ်ရာအပြင်းအထန် ရရှိထားသော အဌမသားတော်သည် ခါးသီးစွာ ရယ်မောလိုက်ပြီး သူ၏ စိတ်ခံစားချက်များက ပြိုကွဲသွားသည်။ စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုး၏ အစွမ်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ငါးရောင်ခြယ်အလင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ကျန်းစီယွမ်၏ လက်ချောင်းက ဆင်းသက်လာတော့မည့်အခိုက် သူက ပဉ္စမသမီးတော်နှင့် နေရာချင်းလဲလှယ်လိုက်သည်။

ချက်ချင်းဆိုသလို ပဉ္စမသမီးတော်သည် နေရာမှာ ပျောက်ကွယ်သွားပြီး အဌမသားတော်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူက ကျန်းစီယွမ်ကို စိုက်ကြည့်လိုက်သည့်အခိုက် တစ်ဖက်လူ၏ လက်ချောင်းသည် အဌမသားတော်၏ နဖူးပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်။

ယင်းက ညင်သာသော ထိတွေ့မှုဖြစ်သည်။

အဌမသားတော်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ထို့နောက် ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သူက သွေးမြူခိုးသို့ ပြောင်းလဲသွားသည်။

အဌမသားတော်၏ သေဆုံးမှုက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ဝမ်းနည်းပူဆွေးခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်သွားစေသည်။ သူတို့သည် တစ်ဖက်လူကို ရပ်တန့်ချင်သည်။ သို့သော်လည်း ကျန်းစီယွမ်ကို သူတို့ဘာမှမလုပ်နိုင်ပေ။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်ပြီး အရာအားလုံးကို လျစ်လျူရှုထားလျက် ပဉ္စမသမီးတော်၏ အရှေ့မှာ ထပ်မံထွက်ပေါ်လာသည်။

“ အနာဂတ်မှာ နတ်ဘုရားတစ်ပါးကို မင်းရဲ့ကိုယ်ထဲမှာ ချိပ်ပိတ်ထားမှာဖြစ်လို့ မင်းက သေဆုံးမှာမဟုတ်ဘူး… ဒါပေမဲ့… ငါလည်းပဲ နတ်ဘုရားတစ်ပါးပါ ”

ကျန်းစီယွမ်က နူးညံ့စွာ ပြောသည်။ သူ၏ လက်ချောင်းသည် ထပ်မံကျဆင်းလာသည်။

အိမ်ရှေ့စံမင်းသားသည် ဝမ်းနည်းကြေကွဲစွာ အော်ဟိန်းလိုက်သည်။ မင်းသမီးမင်မိန်၏ မျက်နှာပေါ်မှာ နှလုံးကွဲကြေသော နာကျင်မှုဖြင့် ပြည့်နှက်သွားသည်။ နဝမသားတော်သည် ညာလက်ကို မြှောက်၍ သူ၏ နဖူးပေါ်သို့ ဖိချလိုက်ကာ သူ၏ နောက်ဆုံးသက်စောင့်ဓားကို ဆွဲထုတ်လိုက်သည်။ သူတို့သုံးယောက်သည် အမြန်ရွေ့လျားလာကြပြီး ကျန်းစီယွမ်ဆီသို့ ချဉ်းကပ်သွားကြသည်။

ကျန်းစီယွမ်သည် မထူးမခြားနား အမူအရာဖြင့် ဆက်လက်ရှိနေဆဲပင်။ သူက ရုတ်တရက် ခေါင်းလှည့်လိုက်လေရာ သူ၏ လည်ပင်းသည် စက်ဝိုင်းသဖွယ် လှည့်ပတ်သွားပြီး တစ်ဝက်မှာ ရပ်တန့်သွားသည်။ သူက အမြန်ပြေးလာနေကြသော ပုံရိပ်သုံးခုကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ တစ် နှစ် သုံး ”

သူ၏ စကားဆုံးသွားသည်နှင့် ကြီးမားသော အချုပ်အနှောင်စွမ်းအားသည် အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမများပေါ်သို့ သက်ဆင်းလာသည်။

အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။ သူတို့သည် အရှေ့သို့ ဆက်ပြီး မရွေ့လျားနိုင်ကြတော့ပေ။

နဝမသားတော်သည်သာ သူ၏ ဒွရခုနစ်ပေါက်မှ သွေးယိုစီးကျနေသော်လည်း အရှေ့သို့ ဆက်ပြီးပြေးသွားသည်။ သို့သော်လည်း ကျန်းစီယွမ်၏ လက်ချောင်းသည် အောက်သို့ ဆင်းသက်လာပြီး ပဉ္စမသမီးတော်၏ မျက်ခုံးနှစ်ခုကြားမှနေရာကို ထိမှန်သွားသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျန်းစီယွမ်သည် မျက်မှောင်ကြုတ်သွားသည်။ သူက ချက်ချင်း ညာလက်ကို ပြန်ရုပ်လိုက်ပြီး အနောက်သို့ ဆုတ်ခွာသွားသည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း ပဉ္စမသမီးတော်၏ ပုံရိပ်သည် ဝေဝါးလာပြီး အနက်ရောင်ဝတ်ရုံသို့ ပြောင်းလဲသွားသည်။

ဤသည်မှာ ပုန်းအောင်းနေသော ရှေးဟောင်းဝိညာဉ်အင်ပါယာဖြစ်သည်။

သို့သော်လည်း ယခု သူက လှုပ်ရှားမှု ပြုလုပ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ပဉ္စမသမီးတော်၏ အရေးပါမှုကို သူမြင်တွေ့ခဲ့ပြီး ကျန်းစီယွမ်က ပဉ္စမသမီးတော်ကို သတ်ချင်နေရသည့် အကြောင်းအရင်းကို သူနားလည်သောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ သူ့ကို ဆက်လက် သတ်ဖြတ်စေရန် သူခွင့်မပြုနိုင်ပေ။

ဤသည်မှာ သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကူညီချင်သောကြောင့်မဟုတ်ပေ။ ယင်းအစား နီလာနတ်သမီးကို သူဝါးမျိုချင်သောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ အနက်ရောင်ဝတ်ရုံ ထွက်ပေါ်လာပြီးနောက် ကြီးမားသော ပါးစပ်တစ်ခုသည် မျက်လုံးထဲမှ ထွက်ပေါ်လာပြီး အနောက်ဆုတ်သွားနေသည့် ကျန်းစီယွမ်ကို လှမ်းကိုက်လိုက်သည်။

အက်ကွဲသံနှင့်အတူ ကြီးမားသော ကိုက်ဝါးမှုသည် လွဲချော်သွားသည်။

သို့သော်လည်း ယင်းက အဆုံးသတ်မဟုတ်ပေ။ ဝတ်ရုံနက်သည် ချက်ချင်း ပြေးထွက်လာပြီး ကျန်းစီယွမ်၏ နတ်ဘုရားစွမ်းအားနှင့် ဘဝအဆင့်အတန်းကို လျစ်လျူရှုထားလိုက်သည်။ ၎င်းက အပေါ်သို့ ရုတ်တရက် မြှောက်တတ်သွားပြီး သူ့ကို တိုက်ရိုက် လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ကျန်းစီယွမ်၏ အကြည့်မှ သက်ရောက်မခံရကြတော့ပေ။ သူတို့သည်လည်း အချုပ်အနှောင်မှ လွတ်မြောက်လာကြပြီး ကျန်းစီယွမ်ကို နဝမသားတော်နှင့်အတူ တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း မကြာမီ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သွေးက လေထဲမှာ ပြည့်နှက်သွားသည့်အခါ အက်ကွဲရာများသည် နဝမသားတော်၏ ဓားပေါ်မှာ ထွက်ပေါ်လာသည်။ သူသည်လည်း အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ ကျန်းစီယွမ်သည်တော့…

သူက ဝတ်ရုံနက်ဖြင့် လွှမ်းခြုံခံထားရပြီး သွေးနီရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကိုးကြိမ်ဆက်တိုက် လင်းလက်သွားသည်။ နှလုံးကွဲကြေသော အော်သံသည် ဝတ်ရုံနက်ထဲမှ မြည်ဟိန်းထွက်လာသည်။ သွေးနီရောင်အလင်းသည် ဝတ်ရုံပေါ်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ပျံ့နှံ့သွားသည်။

အထဲမှ မျက်လုံးသည် အမြန်မြှောက်တတ်လာပြီး ထွက်သွားချင်သည်။ သို့သော်လည်း ဝါးမျိုသံများ ပျံ့လွင့်လာသည့်အခါ ကျန်းစီယွမ်၏ လေသံသည် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

“ မင်းရဲ့ အနံ့ကို အခုမှ ငါရတယ်… မင်းက ဒီအချိန်ထိ တောင့်ခံထားနိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

ရှေးဟောင်းဝိညာဉ်အင်ပါယာသည် မျက်လုံးမှေးကျဉ်းသွားသည်။ နောက်အခိုက်အတန့်မှာ ဆူးချွန်ရောင်ခြည်စက်ဝန်းသည် ကျန်းစီယွမ်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ရောင်ခြည်စက်ဝန်းထဲမှ မျက်နှာအားလုံးသည် တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြသည်။ နာကျင်မှုရောယှက်နေသော မျှော်လင့်ချက်အရိပ်အယောင်က ၎င်းတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးသည် ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးကို စိုက်ကြည့်လိုက်ကြသည်။

၎င်းတို့သည် သူ့အပေါ်သို့ ချက်ချင်း ခုန်အုပ်လိုက်ကြသည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည် ချက်ချင်း လှည့်ပတ်လာပြီး ဝေဝါးလာသည်။ မည်သို့ဖြစ်ပါစေ သူသည် တစ်ခေတ်တစ်ခါက ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေခဲ့သော တည်ရှိမှုဖြစ်သည်။ ယခုကဲ့သို့ အန္တရာယ်နှင့်ရင်ဆိုင်ရသောအခါ သူက လုံးဝမကြောက်သွားပေ။ သူက ကျန်းစီယွမ်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် သူ့ဘာသာ ပြိုကွဲသွားစေပြီး အသားတုံးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

မျက်လုံးပြိုကွဲသွားသည့်အခိုက် ကျန်းစီယွမ်၏ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲသွားသည်။

အစောနက သူ၏ လည်ပင်းကို လှီးဖြတ်ခဲ့သော ဒဏ်ရာသည် ပြန်လည်ပွင့်ဟသွားပြီး ခန္ဓာကိုယ်တစ်ဝက်ထိ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ နဝမသားတော်၏ ဓားချက်ကို တားဆီးခဲ့ရာမှ ရရှိလာခဲ့သော သူ၏ ညာလက်ပေါ်မှ ဒဏ်ရာသည် ပိုပြီးပြင်းထန်လာပြီး ခန္ဓာကိုယ်၏ အခြားတစ်ဖက်ထိ ပျံ့နှံ့သွားသည်။

ဤအခိုက်အတန့်မှာ ကျန်းစီယွမ်၏ တစ်ကိုယ်လုံးသည် သွေးဖြင့် ရွှဲစိုနေသည်။ သူ၏ ဒဏ်ရာများသည် အလွန်ပြင်းထန်ပြီး သူ၏ အကြည့်သည် အက်ကွဲနေသော ဖန်သားပြင်နှင့် တူညီသည်။

All Chapters