ကြောက်စရာ ကောင်းနေလို့လား
Vol. 32 Ch. 601
လီချင်းယွီရဲ့ ပုံမှာ သနားစရာကောင်းနေ၏။ရှဲ့ချောင် သူ့ကို ပြုံးပြကာ “ မင်းက တခြားသူတွေနဲ့မတူဘူး၊ ငါ ခဏနေ ဒီ အစီအရင်ကို အသက်သွင်းရင် မင်း နွားမျက်ရည်ကို လိုမှာတောင် မဟုတ်ဘူး.. မကောင်းဆိုးဝါးတွေကို ကျိန်းသေပေါက် မြင်နိုင်မှာ..မင်း အသားတော့ကျသွားမှာပါ..”
“ကျ-ကျွန်တော် သူတို့ကို မြင်ရမယ် ?” လီချင်းယွီမှာမေ့လဲလုနီးနီး။
၎င်းဟာ သူ ဖန်းရှီယွမ်ရဲ့ အုတ်ဂူမှာတုန်းက ဖြစ်သလိုမျိုး ဖြစ်လိမ့်မည်ဟု ထင်နေမိခဲ့တာပင်။ သူ့ ဘေးနားမှာ တစ်ခုခုရှိနေသလိုမျိုး ခံစားနေမိပေမဲ့ မကောင်းဆိုးဝါးတွေကိုတော့ မမြင်ရခဲ့ချေ။
“ မင်းက လီမိသားစုရဲ့မျိုးဆက်တစ်ယောက်၊ သူတို့ ဒါကို မင်း အတွက် စီစဉ်ပေးထားတာ၊ ငါရဲ့ အစီအရင်နဲ့ မင်းရဲ့သွေးနဲ့ဆိုရင် အဲဒါတွေကို မြင်ရတာက ပုံမှန်ပဲ၊ ကြောက်စရာ မလိုဘူး”
ရှဲ့ချောင် ခဏ စဉ်းစားလိုက်၏။ သူ သည်းမခံနိုင်တော့မှာကို စိတ်ပူ၍ ရုတ်တရက် သူမ ခြင်းထဲကနေ စာရွက်တစ်ရွက်နှင့် စုတ်တံကို ယူထုတ်လိုက်၏။
မိုးစက်မိုးပေါက်များမှာ ထီးပေါ် ရိုက်ခက် ကျဆင်းလို့နေသည်။
ရှဲ့ချောင်က ရှဲ့ဖင်းကန်းကို ထီးကိုင်ခိုင်းထားခဲ့သည်။ အပြင်ဘက်မှာ လင်းနေသေးတာကြောင့် သူမ ပုံစဆွဲလိုက်သည်။
“ဒီမှာကြည့်၊ မကောင်းဆိုးဝါးဝိဉာဉ်တွေက ဒီလိုပုံစံတွေကြီးပဲ” ရှဲ့ချောင်က ပန်းချီကို အမြန် လက်စသက်ပြီး လီချင်းယွီ၏ လက်ထဲထည့်ပေးသည်။
လီချင်းယွီ ကြည့်ကြည့်လိုက်သည်….
ဟုတ်ရောဟုတ်ရဲ့လား ?....
သူတို့မျက်နှာနဲ့ ဗိုက်တွေက ပုပ်ပွနေပြီးတော့ ခြေတွေလက်တွေလည်း မရှိဘူး၊ အဲ့လိုမျိုး မဟုတ်ဘူးလား..
ပန်းချီဆွဲထားတဲ့ပုံက တော်တော်လေး ကောင်းနေတယ်…
“မင်းသိထားရမှာက သတိလစ်သွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် သေသွားလိမ့်မယ်၊ အဲ့အချိန်ကျရင် နတ်ဘုရားတောင် မင်းကို ကယ်နိုင်မှမဟုတ်ဘူး၊ မင်း ဘာကိုပဲမြင်မြင် အံကြိတ်ပြီးသာ သည်းခံ၊ ကောင်လေး မင်းကိုယ်မင်း ယုံကြည်လိုက်၊ မင်းလုပ်နိုင်မှာပါ” ရှဲ့ချောင် စကားလုံးတစ်လုံးချင်းစီတိုင်းကို လေးလေးနက်နက် ပြတ်ပြတ်သားသား ပြောခဲ့သည်။
တကယ်တော့.. သူ သတိလစ်သွားမယ်ဆိုလျှင်တောင် ကိစ္စမရှိ။ မကောင်းဆိုးဝါးဝိဉာဉ်ကို ဖမ်းလို့မရရင်တောင် လီချင်းယွီကိုတော့ ကယ်လို့ရသေးသည်။
သို့သော်.. လီချင်းယွီ အလေးမထားမှာကို သူမ စိတ်ပူသည်။
နောက်ပြီး လီချင်းယွီသာ သတိလစ်သွားမယ်ဆိုလျှင် တကယ်ကို ပြဿနာတချို့ ရှိလာမှာပင်။ သူမ အနေနဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ကိုင်တွယ်ရမည့်အပြင် လီချင်းယွီကိုလည်း ကယ်ရဦးမည်။ သူမ တစ်ချိန်တည်းမှာ နှစ်ခုစလုံး မလုပ်နိုင်ချေ။
လီချင်းယွီ တံတွေးမျိုချပြီး ခေါင်းညိတ်ပြသည်။
သူ လုပ်နိုင်တယ် !
“ကောင်းပြီ အခု ကျွန်မ အခမ်းအနားကို စပြီးတော့ အစီအရင်ကို အသက်သွင်းတော့မယ်.. ရှင်တို့တွေ ကျွန်မ ခုနက ချပေးထားတဲ့နေရာတွေမှာပဲ ရပ်နေကြပါ”
သူတို့က ခုနစ်စင်ကြယ်သဏ္ဍန် အတိုင်း ရပ်နေကြ
ခြင်းဖြစ်ကာ လီချင်းယွီကတော့ မတူ။
သူက မကောင်းဆိုးဝါးဝိဉာဉ်ကို မျှားခေါ်ဖို့ အတွက် ငါးစာပင်။
လီချင်းယွီ ရပ်နေတဲ့ နေရာ၌ ရှဲ့ချောင် ဓားတစ်ချောင်းကို အသာလေး ကောက်ယူကာ သူရဲ့ လက်မောင်းကို လှီးဖြတ်လိုက်၏။ တစ်ခဏ အကြာ သွေးများ ပန်းထွက်လာလေသည်။
ထို့နောက် ရှဲ့ချောင် အစီအရင်ကို စတင် အသက်သွင်းလိုက်သည်။ သူမ ခုနစ်စင်ကြယ် အစီအရင်အင်းကွက် အတွင်းသို့ လျှောက်လှမ်းသွား၏။ မက်မွန် သစ်သားဓားကို လက်ထဲမှာ ကိုင်ထားရင်း ကြယ်နှင့် လ ရှိရာသို့ ဦးတည်ကာ နှုတ်ကလည်း ရေရွတ်နေသည်။
လီချင်းယွီ ဒီလို မြင်ကွင်းမျိုးကို တစ်ခါမီ မမြင်ဖူးချေ။
လမ်းမပေါ်က ထူးထူးဆန်းဆန်း လူလိမ်တွေလို မဟုတ်ဘဲ အနှီ ဆရာမမော့က အမတအရှင်တစ်ပါးနဲ့တူသည်။သူမရဲ့ ခြေလှမ်းတိုင်းကလည်း အင်မတန်ကို ထူးခြားလှကာ ကြည့်နေသူများကို နစ်မြောသွားစေလေသည်။
ကျောက်ရွှမ်ကျင်း ဝိုးတဝါး မြင်ယောင်မိသွားသည်မှာ…
ကျောင်းတော်မှာ ရှဲ့ချောင် ဓားသိုင်းကခဲ့စဉ်က မြင်ကွင်း။
သို့သော် ထိုအချိန်က ပိုပြီး ရှင်းလင်းပြတ်သားကာ သဘာဝကျသလို အရှိန်အဟုန်ကလည်း ပြင်းထန်ပေသည်။
ရှဲ့ချောင်ဟာ ဆက်စပ်မှုမရှိသည့် အရာနှစ်ခုကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို သိကာ ချောချောမွေ့မွေ့ လုပ်ဆောင်သွားနိုင်သူဖြစ်သည်။
အစီအရင် အသက်အဝင်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှာ လေထုမှာ ပြောင်းလဲသွားခဲ့၏။
လီချင်းယွီ ရင်တုန်သွားရသည်။
သူရဲ့ ခြေထောက်အောက်က တချွတ်ချွတ် အသံများအား ဆက်တိုက် ခံစားမိနေပြီး သူရဲ့ ဦးခေါင်းမှာ ရုတ်တရက် ထုံထိုင်းသွားသည်။ သူ သတ္ထိမွေးပြီး ငုံ့ကြည့်ကြည့်လိုက်ရာ .. အောက်ကနေ ထွက်လာသည့် လက်တစ်ဖက်ကို မြင်လိုက်ရလေသည်!
“ဒီအတိုင်း ခြေတွေလက်တွေပဲ၊ ခြေတွေလက်တွေပဲ” လီချင်းယွီမှာ ရင်ဘတ်ကို ဖိလျက် ရေရွတ်ပြောဆိုနေ၏။
ဘာတွေဖြစ်နေလဲဆိုတာကို မသိတဲ့သူကတော့ သူဂါထာဘယ်လို ရွတ်ရမလဲ သင်နေတယ်ဟုသာ ထင်မှာပင်။
“ခွက်!”
နောက်ထပ် အသံတစ်ခု။
ဗုဒ္ဓ ဆင်းတုတော် ၁၈ဆူ ထဲကနေ ထွက်လာနေသည့် အရာကို လီချင်းယွီ မျက်လုံးနှင့် တပ်အပ် မြင်လိုက်ရသည်။
ဘုရားရေ…
လီချင်းယွီ တစ်ယောက် သူ့ဦးခေါင်း ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ထိုအခိုက်အတန့်မှာ သူ့ဘေးနားက လှုပ်ရှားမှုသေးသေးလေးကတောင် သူ့ကို ကြောက်လန့်စေ၏။
“ဆ-ဆရာမ !” လီချင်းယွီ ရှဲ့ချောင်ရှိသည့်ဘက်ကို လှည့်ကာ အကူအညီတောင်းလိုက်၏။
သို့သော် သူမြင်လိုက်ရသည်က ရှဲ့ချောင်၏ တည်ငြိမ်နေသည့်ဟန်ကိုသာ။ ရှဲ့ချောင် သူ့ကို အထင်သေးသည့်ပုံဖြင့် ကြည့်ကာ “မင်းက တကယ်ကို ငယ်ရွယ်ပြီး မရင့်ကျက်တာပဲ၊ ဒါက မင်းအတွက် ကြောက်စရာ ကောင်းနေလို့လား”
•••••