မိုးနဲ့လေကို ဆင့်ခေါ်နိုင်သူ
Vol. 32 Ch. 602
ထိုအခိုက်အတန့်၌ လီချင်းယွီမှာ အရှက်ရမိပြီး သူ့ရဲ့အကြောက်တရားများကိုလည်း မဖုံးဖိနိုင်ခဲ့ချေ။ ဆရာမမော့အပေါ် သူ့ရဲ့ လေးစားသဘောကျမှုများမှာ အရှိန်အဟုန်နှင့် အဆုံးမရှိ စီးဆင်းနေသည့် မြစ်ရေပမာ။
တခြားသူများလည်း အဆင်ပြေနေကြသည်တော့မဟုတ်။
တကယ်တော့ မြေကြီးပေါ်၌ မြွေများ အင်းစက် ပိုးကောင်များ ကြွက်နှင့် ပုရွက်များ စတဲ့ အကောင်ပေါင်းများစွာ ရှိနေသည်။
သူတို့က ဖြည်းဖြည်းချင်း စုဝေးလာကြသည်။
“ဝမ်းဘဲ~~~ “ ရှဲ့ချောင် ခေါ်လာခဲ့တဲ့နွားက အသံရှည်ဆွဲအော်နေကာ မြေကြီးကို စိတ်ဆိုးမာန်ဆိုးနှင့် ခြေဆောင့်နေ၏။ ကြက်ဖသည်လည်း အင်းစက်ပိုးကောင်များနောက်ကို လိုက်ရင်း ရံဖန်ရံခါ တွန်သေးသည်။
အနက်ရောင် ခွေးနှင့် အခြား တိရစ္ဆာန်တချို့ရဲ့ ငိုကြွေးမြည်တမ်းမှုနှင့်အတူ အစီအရင်အတွင်းရှိ မကောင်းသည့်စွမ်းအားမှာ အနည်းငယ် အားလျော့သွားခဲ့၏။
အငြိုးကြီး ဝိဉာဉ်များ လွင့်မျောကာ ထွက်လာကြလေသည်။
ရှဲ့ချောင်ကို အံ့ဩသွားစေသည်က ဗုဒ္ဓဆင်းတုတော် ၁၈ ဆူမှ ထွက်လာတဲ့ အငြိုးကြီး ဝိ
ဉာဉ်များဟာ အင်အားကြီးမနေကြတာကြောင့်ပင်။ ကြောက်စရာ အသွင်နှင့် ချောက်ချားစရာ ကောင်းနေကြရုံသာ။
တကယ့် အင့်အားကြီး အကောင်များမှာ ပညာသင်ကျောင်းသား သုံးယောက်ရဲ့ အငြိုးကြီးဝိဉာဉ်များဖြစ်ကြလေသည်။
ဤ ဘုရားကျောင်းတွင် သေဆုံးခဲ့ပြီးနောက် သူတို့ ပြန်မဝင်စားခဲ့ကြ။ အဲဒီအစား သူတို့ ပိတ်မိနေခဲ့ကြသည် ။ ဗုဒ္ဓ ဆင်းတုတော် အတွင်းရှိ ဝိဉာဉ်များထက် သူတို့က အသစ်များဖြစ်ကြကာ ပိုပြီးလည်း ပြီးပြည့်စုံကြရာ မကောင်းဆိုးဝါး စွမ်းအင်ကို ရရှိသွားပြီး ဒီနေရာကို ထိန်းချုပ်နေသည့် အငြိုးကြီးဝိဉာဉ်များ ဖြစ်လာကြတာပင်။
သွေးနီရောင် လျှာ၊ ဖြူဖတ်ဖတ် မျက်လုံးများနှင့် ရှုံ့တွ ရှည်လျားသည့် လက်သည်းများ ရှိကြ
သည်။
သူတို့ရဲ့ ပုပ်ပွနေတဲ့ ခေါင်းများက လေထဲမှာ ဝဲနေကာ ခန္ဓာကိုယ်ဆီကနေ ထွက်နေသည့် ဆိုးရွားလွန်းတဲ့ ပုပ်သိုးသိုးအနံ့တွေက လူတစ်ယောက်ကို အော့အန်ချင်စိတ် ဖြစ်စေလောက်သည်အထိ။
လီချင်းယွီတစ်ယောက် အံ့ဩလွန်း၍ စကားပင်မပြောနိုင် ဖြစ်သွားရသည်။
ဆရာမမော့… လိမ်တယ်!
တကယ့် အငြိုးကြီး ဝိဉာဥ် အစစ်တွေက ဆရာမမော့ ဆွဲပြတဲ့ ပုံထဲကထက်ကို ကြောက်စရာကောင်းတာကို!
သူ့ရဲ့ ခြေထောက်များ တုန်ယင်နေသည်။ သူ့လက်မောင်းမှ သွေးများပင် ခဲသွားပုံရကာ ခန္ဒာကိုယ်တစ်ခုလုံး အေးစက်နေလေသည်။
အငြိုးကြီးဝိဉာဉ်တစ်ကောင်က သူ့ဆီ တဟုန်ထိုး ပြေးလာ၏။
လူတစ်ယောက်လုံးကို မြိုချပစ်ချင်နေသည့် အလား။
ရှဲ့ချောင်သည် မက်မွန်သစ်သားဓားကို လက်ထဲတွင် ကိုင်လျက် မန္တန်တစ်ခု ရွတ်လိုက်သည်။ ရုတ်တရက် မိုးကြိုးပစ်သံတစ်ခု ပေါ်လာကာ လီချင်းယွီဆီ ချဉ်းကပ်သွားတဲ့ အငြိုးကြီးဝိဉာဉ်ရဲ့ ခေါင်းကို ပစ်ချလိုက်လေသည်။
ရုတ်ချည်းဆိုသလို အကျည်းတန် ဝိဉာဉ်မှာ အမှုန့်
များ အဖြစ်ကို လောင်မြိုက်သွားတော့သည်။
လီချင်းယွီကတော့ … ကြောင်အမ်းအမ်းဖြစ်နေလျက်။
ဆ-ဆရာမမော့က မိုးနဲ့လေကိုလည်း ဆင့်ခေါ်နိုင်တာလား ?
ဒါပေမဲ့ တခြားသူတွေက ဘာလို့ မတုံ့ပြန်ကြတာလဲ ?
သူတစ်ယောက်တည်း မြင်နေရတာလား..?
သူ ဘာလုပ်သင့်လဲ ?
ယခု အချိန်၌ သူ မြင်ရတာက အစစ်လားဆိုတာနှင့် ဘယ်အရာက သူနဲ့ ဆရာမမော့ပဲ မြင်နေရတဲ့ မြင်ကွင်းလဲ ဆိုတာကို ခွဲခြားနိုင်စွမ်း မရှိတော့။
ကောင်းကင်၌ မိုးချိန်းသံတစ်ခု တကယ် ဖြစ်သွားပေမဲ့ ၎င်းဟာ ရှဲ့ချောင်ဆင့်ခေါ်လိုက်တာကြောင့်တော့ မဟုတ်ချေ။
လွန်ခဲ့တဲ့ရက်ကတည်းက မိုးရွာနေတာကြောင့် ရံဖန်ရံခါ မိုးခြိန်းသံ ပေါ်လာတတ်တာက ပုံမှန်ပင်။
“ဝူးး~~” အငြိုးကြီး ဝိဉာဉ် သုံးကောင်က နားဝင်ဆိုးလှသည့် အသံတစ်ခု အော်ဟစ်နေပြီး သူတို့နောက်မှာ ရှိနေသည့် တခြားသော ဝိဉာဉ်များကလည်း အစွယ်တပြပြ၊ လက်သည်းတရမ်းရမ်းနှင့် လီချင်းယွီ ရှိရာကို ရစ်သီရစ်သီ လုပ်နေကြသည်။
လီချင်းယွီမှာ မေ့လဲလုနီးနီး။ ကံကောင်းစွာဖြင့် သူ့လက်မောင်းပေါ်က ဒဏ်ရာက အတော်လေး နာကျင်နေတာကြောင့် ဆရာမပြောသွားသည့်စကားများအား နားထောင်ရန် ထပ်တလဲလဲ သတိပေးနေခဲ့သည်။
“အလုပ် ခုနစ်ခုနဲ့ ဝိဉာဉ်ရှစ်ကောင်၊ နတ်ဆိုးစွမ်းအင်ကို မောင်းထုတ်တဲ့ အကြီးအကဲ၊ ရှည်လျားတဲ့ ခေါင်းနဲ့ ဧရာမ သားရဲ။ ထောင်ပေါင်းများစွာသော ဝိဉာဉ် ပြန်လာပြီ။ ငါ့အမိန့်ကို ကြားစေ၊ သွားကြစမ်း!” ရှဲ့ချောင် ထပ်အော်လိုက်သည်နှင့် ချက်ချင်းဆိုသလို ကျောက်ရွှမ်ကျင်းနောက်လိုက်သည့် မကောင်းဆိုးဝါးဝိဉာဉ်များသည့် အငြိုးကြီးဝိဉာဉ်များဆီ ပြေးသွားကြလေသည်။
“ဘာ-ဘာလို့ ငါတို့ကို သေသွားပြီတာတောင် အလွတ်မပေးရတာလဲ”
“ ဒီနေရာမှာ တသက်လုံး အပိတ်ခံသွားရတာကြီးက မှောင်မည်းလွန်းတယ်.. ငါနဲ့လိုက်ခဲ့.. ငါနင့်ကို စားလိုက်မယ်..! ဟား! ”
“ကလေး မင်းကို သင်ပေးမယ်.. ငါနဲအတူ လိုက်ဆိုစမ်း”
အသံဟာ တဖြေးဖြေးချင်း ဝေးကွာသွား၏။
လီချင်းယွီနားမှာ တဝဲလည်လည် လုပ်နေသည့် ဝိဉာဉ်တစ်ကောင်က မျက်နှာရှုံ့မဲ့ပြီး “ဂန္တဝင်ဇာတ်ကောင်သုံးခု[စန်းဇီကျင်း]” ကဗျာကိုပင် စတင် ရွတ်ဆိုနေ၏။
လီချင်းယွီခမျာ သူဘဝမှာ ဘယ်တော့မှ စာသင်ချင်မှာ မဟုတ်တော့ဟုတောင် တွေးမိသွားခဲ့
သည်။
အငြိုးကြီးဝိဉာဉ်ဆီကနေ စာသင်တာ ခံနေရတာက တကယ်ကို ဆိုးရွားလှသည့် ခံစားချက်ကြီးပင် !
ရှဲ့ချောင်ဟာ မန္တာန်များကို အဆက်မပြတ်ရွတ်နေသလို သူမရဲ့ လက်သေးသေးလေးတွေဟာလည်း မရပ်တန့်သွားခဲ့။
အစီအရင် အတွင်း၌ လျှပ်စီး ငါးခုလက်သွားခဲ့သည်။
အိမ်ရှေ့စံမင်းသား၏ သွေးဖြင့်ရေးဆွဲထားသည့် မန္တာန်ကို ရွတ်နေစဉ်၌ ရှဲ့ချောင်မှာ နာကျင်မှုများဖြင့် ပြည့်နေလေသည်။
“ဧကရာဇ် ငါးပါးနှင့် နဂါးငါးကောင်၊ အလင်းရောင်ကို စေလွှတ်ပြီး လေကို ရွေ့လျားစေ။ မြေပြင်တစ်ခွင် ဖြန့်ကြက်ကာ မိုးကြိုးနတ်ဘုရားကို ကူညီ၊ ကန်ငါးကန်နှင့် ပင်လယ်လေးသွယ် ရေများအားလုံး နန်းတွင်းရုံးတော်မှာ စုဝေးစေ၊ အထက်ကောင်းကင်နတ်ဘုရား အဆောင်ရဲ့ အမိန့်ကို နာခံကြ။ အမိန့်ကို ဆန်ကျင့်ရဲတဲ့သူတွေ လျှပ်စီးကနေ လွတ်မှာမဟုတ်ဘူး၊ ငါ့ အမိန့်ကို ကြားစေ”
မန္တန်ရွတ်ပြီးသွားသည်နှင့် အစီအရင်အတွင်းမှ မြင်ကွင်းဟာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။
ထိုအချိန်၌ လီချင်းယွီရဲ့ မျက်လုံးများ ဝေဝါးသွားရသည်။
သူ ဘာမြင်လိုက်တာလဲ ? နဂါးတစ်ကောင်လား ?
“ဆရာမ ! ကြည့်ကြည့်လိုက်” လီချင်းယွီ နောက်ဆုံးတော့ စိတ်လှုပ်ရှားလေသည်။
ရှဲ့ချောင် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။
“ဣနြေရစမ်းပါ၊ အကုန်လုံးက အတုအယောင်တွေချည်းပဲ”
သူမ ထိုသို့ လုပ်ခဲ့တာက အိမ်ရှေ့စံမင်းသား၏ သွေးက နဂါးငါးကောင် မန္တန်ကို ပြည့်စုံစေတယ်ဟု ထင်ခဲ့တာကြောင့်ပင်။
ပုံမှန်ဆိုလျှင်တော့ ဒီလို အားပြင်းတဲ့ မန္တာန်မျိုး သုံးဖို့ကို ဝန်လေးတတ်စမြဲ !
•••••