သူ့ရောဂါကို ကုသရန် နည်း
Vol. 32 Ch. 603
နဂါးငါးကောင်မန္တာန်အောက်၌ လျှပ်စီးများက ပြိုးပြိုးပျက်ပျက်လက်ကာ မိုးချိန်းသံများက တဂျိမ်းဂျိမ်း။ ခုနစ်စင်ကြယ်ပါးကွ အစီအရင်ကြောင့် အငြိုးကြီး ဝိဉာဉ်များ တရှူးရှုး အော်ဟစ် ငိုကြွေးကုန်ရသည်။
ထိုအချိန် အကူအညီပေးဖို့ ရောက်လာကြသည့် ဝိဉာဉ်များတောင်မှ ကြောက်လန့်ပြီး တုန်ယင်နေကြသည်။
သူတို့မှာ မကောင်းတဲ့စွမ်းအင်မရှိသဖြင့် ပစ်မှတ်ထားခြင်းတော့ မခံခဲ့ရ။ သို့သော် အရှိန်အဝါက ကြောက်စရာ ကောင်းလွန်းနေသည့်အတွက် သူတို့ မလှုပ်ရဲကြချေ။
မကောင်းဆိုးဝါးဝိဉာဉ်များ မလှုပ်ရှားရဲကြသလို လီချင်းယွီလည်း အတူတူပင်။
ဆရာမမော့ မန္တာန်မရွတ်ခင်က မကောင်းဆိုးဝါးဝိဉာဉ်များ သူ့မျက်နှာကိုထိလိုက် လည်ပင်းကိုကုပ်လိုက်, သူ့ကို စာဆိုလာအောင် စိုက်ကြည့်လိုက် လုပ်နေတာတွေကို ခံစားမိခဲ့သည်။
မန္တန်ရွတ်လိုက်သည်နှင့်… သူ့ကို ယုတ်မာစွာစိုက်ကြည့်နေကြတာကို မြင်လိုက်ရလေသည်။
သူ တံတွေးမျိုချမိ၏။
အိမ်ရှေ့စံမင်းသားနှင့် ရှဲ့ဖင်းကန်းတို့ရှိရာကို သူာအကြည့်ရောက်သွားသည်။
သူတို့က တကယ်ကို မတူညီတဲ့ကမ္ဘာနှစ်ခုမှာ နေနေကြသည့်အတိုင်း။ သူရှိနေတဲ့နေရာက သွေးတွေမိုးရေတွေနဲ့ ပြည့်နေသည့်တိုင် အစီအရင်ရဲ့အပြင်ဘက်မှာတော့ ငြိမ်းချမ်းနေသည်။ သူတို့အနေနဲ့ မြွေ၊ အင်းစက်ပိုးကောင်၊ ကြွက်၊ ပုရွက်ဆိတ် စတဲ့အကောင်တချို့ကို ဖြေရှင်းရုံသာ။ လုံးဝကို အခက်အခဲမရှိချေ !
ဘုရားကျောင်း လာတာချင်း အတူတူကို ဘာလို့ အဲ့လောက်တောင် ကွာခြားနေရတာလဲ!
ဘာလို့ သူတစ်ယောက်တည်း ကြောက်လန့်နေရတာလဲ !
လီချင်းယွီရဲ့ မျက်လုံးများမှာ နီရဲလို့နေလျက်။ သူ ကြိုးစားပြီး အနာကို ဆွဲအုပ်ကာ သူ စိတ်က
ချက်ချင်းဆိုသလို ကြည်လင်သွား၏။
သို့သော် အနည်းငယ် ယောင်ချာချာ ဖြစ်သွားပြန်သည်။
အခုလေးတင် သူ့စိတ်က ရှုပ်ထွေးနေခဲ့တာကို။
သူ ဘာတွေ တွေးနေတာလဲ ?
ရှဲ့ချောင်ဘက်မှာတော့ အခြေနေက တည်ငြိမ်လုနီးနီး ဖြစ်နေလေပြီ။
“ပြန်ဆုတ်စေ!” ရှဲ့ချောင်ရဲ့ အမူအရာမှာ တည်ငြိမ်နေလျက်ပင်။
သူမ ဝိဉာဉ်ဆင့်ခေါ်အလံကို ထုတ်ယူ၍ အငြိုးကြီးဝိဉာဉ်အားလုံးကို အထဲကို ဖမ်းထည့်လိုက်
သည်။
ရှဲ့ချောင်ဟာ အလွန်ကို ပြတ်သားသည်။
ဘာတစ်ခုမှ ကျန်နေခြင်းမရှိ။ မြင်ကွင်းက တိတ်ဆိတ်နေသည်။
လီချင်းယွီကတော့ ပြောစရာပျောက်ဆုံးနေပြီး မျက်နှာမှာ ဖြူဖျော့လို့နေလျက်။
အခြားသူများမြင်သည့်အခါ သူတို့အနားက လေက ကွယ်ပျောက်သွားပြီဖြစ်သလို ခုနကလောက်လည်း မအေးတော့။
“ခုနက ဘာဖြစ်သွားတာလဲ” ကျောက်ရွှမ်ကျင်း အလွန်သိချင်နေသည်။ လီချင်းယွီရဲ့ မျက်နှာထားက စိတ်ဝင်စားစရာ ကောင်းနေ၏။
“ဆရာမ၊ နဂါး မရှိတော့ဘူး…”လီချင်းယွီ ဇဝေဇဝါ ဖြစ်သွားသည်။
ရှဲ့ချောင် ခပ်ဖွဖွ ပြုံးလိုက်၍ “အဲဒါက နဂါးငါးကောင်မန္တာန်လေ။ အိမ်ရှေ့စံမင်းသားရဲ့ သွေးနဲ့ ရေးဆွဲထားတဲ့ အဆောင်စာရွက်။ ဒီကမ္ဘာပေါ်မှာ အဲ့လို အဆောင်မျိုး ရေးဆွဲနိုင်သူ သိပ်ပြီးမရှိဘူး.. ငါက အရည်အချင်း ရှိတော့ သိသင့်သလောက်တော့ သိတာပေါ့”
ကျောက်ရွှမ်ကျင်း ရှဲ့ချောင်ကို အမြဲတမ်းမေးချင်နေခဲ့တဲ့အရာ တစ်ခု ရှိသည်။
“ကျွန်တော် ယွီရွှီဘုရားကျောင်းကို သွားဖူးတယ်, အဲ့တုန်းကလည်း တာအိုဆရာတော်တစ်ပါးက ကိုယ်တော့်သွေးက ကောင်းတယ်ဆိုပြီး ပြောသေး
တယ်”
ကျောက်ရွှမ်ကျင်း ခဏလောက်စဉ်းစားပြီး ပြောလိုက်၏။ ရှဲ့ချောင် မျက်လုံးပြူးသွားတာကို မြင်ပြီး သူ အမြန်မေးလိုက်သည်။
“ဘာလို့လဲ”
သူ ထပ်မေးပြန်သည်။
“ ဆောင်းရာသီ အဝတ်အစားပွဲတော်တုန်းက၊ ဆရာတူအစ်မရဲ့ အဆောင်စာရွက်ကို ကျွန်တော့်သွေး စွန်းသွားသေးတယ်လေ.. အဲဒါကျတော့.. ဘာလို့ အသုံးမဝင်ရတာလဲ”
“ ဘာလို့ ယွီရွှီဘုရားကျောင်းကို သွားရတာလဲ၊ ငါ့ကို ပြောပြလိုက်လို့ မရဘူးလား”
ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။
သူက ဘာသဘောလဲ ? သူမက လုံလောက်အောင် မတော်ဘူးလို့ ထင်နေတာလား ?
ကျောက်ရွှမ်ကျင်းမှာ အပြစ်ရှိသလို ခံစားလိုက်ရ၏။
ရှဲ့ချောင် လှောင်ပြုံးပြုံးလိုက်သည်။ “ ဒီသွေး အသုံးဝင်မဝင် ဆိုတာက သုံးတဲ့သူ အပေါ်မှာ မူတည်တာ.. နောက်ပြီး လွန်ခဲ့တဲ့ လတွေတုန်းက ငါ ကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီးတော့ လူတွေကိုလည်း ကယ်ခဲ့တယ်။ ငါရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီး တည်ငြိမ်လာတာမလို့ ဒီသွေးက သူ့အလိုလို အရင်ကထက် ပိုပြီး သန့်စင်လာတာပဲ”
လူတိုင်းသာ သွေးနဲ့ အဆောင်စာရွက် ရေးဆွဲနေနိုင်မယ်ဆိုရင် သူမကို ဘာလို့ လိုနေဦးမှာလဲ ?
တကယ်တော့ အိမ်ရှေ့စံရဲ့ သွေးက အရမ်းကြီး အသုံးဝင်နေတာတော့ မဟုတ်။ အရင်ကထက် ပိုပြီး အနည်းငယ် အားကောင်းလာရုံသာ။
သို့သော် သူမရဲ့ နဂါးငါးကောင် မန္တာန်နှင့် ဆိုလျှင် ထိုသွေးထဲက နဂါးစွမ်းအင်က အမြင့်ဆုံးကို ရောက်ရှိနိုင်သည်။
“ကျွန်တော်လည်း အရင်က ကောင်းမှုတွေ အများကြီး လုပ်ခဲ့တာပဲကို” ကျောက်ရွှမ်ကျင်း ဇဝေဇဝါ ဖြစ်ပြီး မျက်မှောင် ကြုတ်သွား၏။
လွန်ခဲ့တဲ့ နှစ်များအတွင်း အမှုပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့ကာ ၎င်းကြောင့် အကျိုးအမြတ်ရရှိသွားသူများမှာ မရေမတွက်နိုင်အောင်ပင်။
“ဖြစ်နိုင်တာက..” ရှဲ့ချောင် ခဏ စဉ်းစားကြည့်လိုက်၏။
“ အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့ လူတွေ အသက်ရှင်ဖို့နဲ့ ကောင်းကောင်းနေထိုင်နိုင်ဖို့ကို ဆုံးဖြတ်ပေးရမှာက မင်းရဲ့တာဝန်ပဲ၊ အဲဒါကြောင့်မလို့ မင်း အများကြီး လုပ်ရင်တောင်မှ ပြန်ရရင် နည်းနည်းလေး။ ဒါပေမဲ့ သေသွားတဲ့ လူတွေရဲ့ ဝိဉာဉ် အတွက် လုပ်ပေးတာဆိုရင်တော့ မတူတော့ဘူး.. ကုသိုလ်ကံတွေအများကြီး ရနိုင်တယ်.. ဒါဆို မင်း ဘယ်နေရာမှာ လိုသွားလဲသိပြီလား”
ရှဲ့ချောင်လည်း သေချာနေတာတော့မဟုတ်။ နောက်ပြီး ဒီလို အခြေနေမျိုးကိုလည်း သူမ တစ်ခါမှ မကြုံခဲ့ဖူးချေ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေနေ အိမ်ရှေ့စံမင်းသားရဲ့ ရောဂါကို ကုသဖို့ နည်းလမ်းက ရှိနေမှာပဲ !
•••••